happy

in #myanmar6 years ago (edited)

ဒီနေ့တော့ ပုံပြင်လေးရေးတာခဏထားပြီး အတွေးတစ်မျိုးလေးဝင်လာလ်ု့ရေးကြည့်မယ်နော်။
လူတိုင်းက ပျော်ရွှင်မှုကိုလိုလားကြပါတယ်။အဲ့ပျော်ရွှင်မှုကိုရဖို့ ဆုံးရှုံးခဲ့ရတာတွေလဲများပါတယ်။ကျန်တော်ကိုယ်တိုင်က ပျော်ရွှင်မှုကိုနစ်သက်တဲ့သူပါ။ ကျန်တော့်ဘဝမှာတင်ဆုံးရှုံးခဲ့တာတွေများပါတယ်။ ထိုပျော်ရွှင်မှုကြောင့် အချိန်တွေ ငွေတွေဆုံးရှုံးခဲ့ပါတယ်။ ပြန်ရလိုက်တာကတော့ နောင်တနဲ့ သင်ခန်းစာပါ။ နောင်တနောင်တ နောင်မှရတာမှန်ပါတယ်။ အခုလက်တလောအချိန်ကာလထဲတွင် သေချာပြောရင် သင်္ကြန်ကာလထဲတွင် ကျွန်တော့်ပျော်ရွှင်မှုကြောင့် ဖုန်းပျက်သွားပါတယ်။ ပျက်သွားပင်မဲ့ နောင်တကတော့နောင်မှရတာပါ။
လူတိုင်းကဘဝကို ပျော်ရွှင်စွာဖြတ်သန်းချင်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ပျော်ရွှင်စွာဖြတ်သန်းချင်ပါတယ်။ သင်တို့ ကျွန်တော်တို့ သိထားဖို့ကတော့ ကိုယ်ပျော်ရွှင်မှုက ကိုယ်ဆုံးရှုံးရတာနဲ့ထိုက်တန်လားဆိုတာပဲ။ သင်ပျော်ရွှင်ဖို့ တခြားသူတွေ မျက်ရည်ကျနိုင်ပါတယ်။ သင့်မိသားစု ပျော်ရွှင်ချိန် တခြားမိသားစု ဝမ်းနည်းနေနိုင်တယ်။ လူတိုင်းကအကောင်းနဲ့အဆိုးဒွန်တွဲနေပါတယ်။ သင်တို့ပျော်ရွှင်မှုတွေရယူတဲ့အခါ နစ်ဘက်ကြည့်ပြီး ရတဲ့ပျော်ရွှင်မှုကိုမှ ပျော်ရွှင်ရတဲ့အကျိုးအမြတ်ရှိမှာပါ။
ဟိုးရှေးရှေးတုန်းက တောအုပ်လေးတစ်အုပ်ထဲမှာ လူရိုင်းများက မိသားစု တစ်စုအနေနဲ့နေထိုင်လာကြတယ်။ သူတို့က လူတွေနဲ့တခြားစီအဝေးအရပ်မှာနေထိုင်လာကြတယ်။ သူတို့တွေက အသားမစားပဲ အသီးအရွက်တွေပဲ စားသောကြောင့် တောထဲတွင်ရှိသော တိရစ္ဆာန်တွေနှင့်တောင်စကားပြောနိုင်ကြတယ်။ သူတို့တွေရဲ့ဘဝတွေဟာ တိမ်ဖြူ လေးတွေပမာ ဖြူစင်ကြတယ်။ တိရစ္ဆာန်တွေနဲ့ လူရိုင်းတွေက တစ်ယောက်နဲ့တစ်ယောက်ကူညီလာကြတယ်။ အဲ့လို တိမ်ဖြူလေးတွေရှိတဲ့အထဲသို့ မုန်တိုင်းလာရောက်သလိုပဲ လူတစ်ယောက်ရောက်ရှိလာခဲ့တယ်။ အဲ့လူက လူရိုင်းတွေနဲ့လဲတွေ့ကော အကူအညီမဲ့နေတဲ့ပုံစံပောက်နေသဖြင့် လူရိုင်းတွေက ကူညီကြတယ်။ ဒီလိုနဲ့ အဲ့လူက လူရိုင်းတွေက အသားစားတာ ဘယ်လောက်ထိအရသာရှိမှန်းပြောပြခဲ့သည်။ အဲ့လိုနဲ့ အဲ့လူရဲ့ပြောစကားအတိုင်း ငါးအသားကိုအရင်စားလာကြတယ်။ လူရိုင်းတွေလဲ စားသောအခါအရသာရှိမှန်သိလာကြတယ်။ လူရိုင်းတွေက ငါးကို ပျော်ရွှင်စွာ စားသောက်နေကြတယ်။ သူတို့မသိလိုက်တာက ငါးလေးတွေက လူရိုင်းတွေရဲ့အစာဖြစ်လာသောကြောင့် လူရိုင်းတွေအားကြောက်လာကြတယ်။ တစ်ဖန် ရောက်လာသောလူရဲ့ပြောစကားတွေကြောင့် ယုန်သားတွေ မြွေသားတွေ သမင်တွေ တောဝက် တွေ တောထဲရှိတိရစ္ဆာန်များကို စားစရာအဖြစ်စားလာကြတယ်။ ဒီအကြောင်းကို ကြားသိသော ခြင်္သေ့မင်းမှာ အမျက်ဒောသထွက်ပြီး အရင်ကပျော်ရွှင်စွာ ရန်မမှုပဲ နေထိုင်သောဒီမိသားစုက အဘယ်ကြောင့်ငါ့မ်သားစုကို ထိခိုက်လာရသလဲဟု ပြောဆိုကာ လူရိုင်းမိသားစုအား ပြန်လည် တိုက်ခိုက်လာကြသည်။ ခြင်္သေ့မင်းက တောထဲရှိ အင်အားကြီးမားသောတိရစ္ဆာန်များအားခေါ်ပြီးတိုက်ခိုက်ကြသည်။ တိရစ္ဆာန်အများအပြားတိုက်ခိုက်မှုကြောင့် လူရိုင်းမိသားစုဟာ သေဆုံးသွားပြီး တိရစ္ဆာန်များပင် သီးသန့် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။
သင်ခန်းစာ။ ။
၁။ နွားလိုတစ်ဘို့တည်းမရှိပဲ နစ်ဦးတစ်ဖက်ရှိသင့်ပါတယ်။
၂။ ကိုယ့်ပျော်ရွှင်မှုကြောင့် တခြားသူအသက်မဆုံးရှုံးပါစေနဲ့။
၃။ နစ်ဦးနစ်ဖက်ပျော်ရွှင်မှုကသာ အနစ်သာရပါ။

@smileking
MSC.255

Sort:  

ဟုတ်​တယ်​ဗျ .. ကိစ္စတိုင်းမှာ သူ့ဘက်​ ကိုယ့်​ဘက်​ မျှတပြီး ​ပျော်​ရွှင်​မှုရှိဖို့ အ​ရေးကြီးတာ​ပေါ့ဗျာ ..

ဟုပါတယ် bro

နှစ်ဦးနှစ်ဖက်လေ နှစ်ဦးတစ်ဖက်ထဲဆို ကောင်းဘူး။ဟေဟေး။

ကောင်းဘူးပေါ့

နှစ်ဦး နှစ်ဖက် သင့်အောင်နေတော့ အေးချမ်းပျော်ရွှင်ရတာပေါ့

ဒါပြေါ

လူရိုင်း​တွေနဲ့ တိရစ္ဆာန်​ တို့တိုက်​ပွဲ

ဟဲဟဲ

ဖုန်းပျပ်တာချင်းတူနာမို့
ရှိတ်လိုက်တော့ ဟ်ဟ်

shake ပြီ အမ

ဖတ်တော့ဖတ်လိုက်တာပဲ ပုံပြင်ကဘာကိုပြောချင်မှန်းနားမလည်လိုက်ဘူး 😁

နစ်ဦးနစ်ဖက်ပျော်ရွှင်စေဖို့ပါ

နှစ်ဦးနှစ်ဖက်
ကိုယ်စီ ဗုတ်ကြတာပေါ့ဗျာ

ဒါပေါ့ဗျာ

ဒါပေါ့ ကိုယ့်ဘို့  ပဲ ကြည့်တဲ့သူတွေ ကြီးပွားလည်း ခနပေါ့ တူသောအကျိုးပေးကတော့ ခံစားရမှာပဲ

ဟုပါတယ် ဘုန်းဘုန်း

သင်ခန်းစာမှာ မှားနေတာလေးတွေ ပြန်ပြင်အုံးနော်...bro..

ဟုအကို

ကိုယ်ချင်းစာတရားရှေ့ထားပြီးတော့ လူသားအချင်းချင်း စာနာစိတ်ထားတက်ရင် ကမ္ဘာကြီးအေးချမ်းမယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59841.39
ETH 2413.69
USDT 1.00
SBD 2.43