နောက်ဆုံးမှာဝေးခဲ့ကြတာပဲ

in #myanmar7 years ago

ငါတို့တကယ်ပဲဝေးခဲ့ကြပြီနော်
ရင်ဘတ်ချင်းထပ်တူမကျရင်တောင်
အဆုံးသတ်လှမယ်လို့
ခုထိငါအိပ်မက်မက်တုန်းပဲ
အော်..နှစ်ယောက်လုံးမှားခဲ့တယ်တဲ့လား
အဲ့လိုမတွေးပါနဲ့
ငါတို့ဖြစ်စေချင်တဲ့အတိုင်းမဟုတ်ရင်တောင်
အကုန်လုံးဟာနေသားတကျဖြစ်နေခဲ့ပြီပဲ
ညီမျှခြင်းချနေတော့ရော
ဒဏ်ရာတွေမြန်မြန်ကျက်မယ်လို့ ထင်သလား
တကယ်လို့မင်းနိုင်ရမှဖြစ်မယ်ဆိုလည်း
မှားခဲ့တာငါပါပဲ
လမ်းချင်းမှမတူတာ အနာဂတ်တွေလည်းပိုဝေးသွားတာပေါ့
အိပ်မက်တွေအကြောင်းခပ်တိုးတိုးညည်းကျတဲ့အခါ မင်းရည်ရွယ်ရာတွေငါပျော်တယ်
ငါ့တစ်ဘဝစာအိပ်မက်တွေကိုတော့ မင်းလှောင်ပြုံးနေပေါ့
အနီးဆုံးရပ်ပြီးကျောချင်းကပ်နေမိတဲ့ငါတို့ရဲ့ဆုံမှတ်မဝေးလောက်ဘူးလို့
ငါမရဲတရဲဆုတောင်းခဲ့ဘူးတယ် ကံခေတယ်လို့မပြောတော့ပါဘူးကွယ်
ဒါဟာလည်း ဖြစ်တည်ခြင်းလမ်းစဉ်တစ်ခုပါပဲ
အခုတော့ မင်းကိုသတိရစိတ်နဲ့
လှောင်ပြုံးပြုံးတတ်တဲ့လူတွေကို ငါလိုက်အားပေးနေတုန်းးး။
ŜŘ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 56739.93
ETH 2400.98
USDT 1.00
SBD 2.30