လော်ရာ

in #myanmar7 years ago

အိမ်မက်စီးချင်းဟာ........ လော်ရာ

ကိုယ့်အစီအရင်နဲ့ ကိုယ်သေတာပဲ လော်ရာ
နာကျင်တယ်ဆိုတာ ဒဏ်ရာတွေနဲ့လားတဲ့
မေးရက်ပါပေ့လော်ရာရယ်
ကိုယ့်ညနေတွေ ရီဝေနေခဲ့တာ လော်ရာအသိပဲ။Question markတွေရဲ့ အဆုံး ကိုယ့်အဖြေမှာ မင်းပဲရှိတယ် လော်ရာ
အယ်လ်ကိုဟောနဲနဲနဲ့ ငာ့စိတ်ကိုရဲဆေးတင်ထားတယ်။
မင်းပါးပေါ်က ပါးချိုင့်လေးထဲ နစ်ဝင်မယ်လို့ စိတ်ကူးတိုင်းငါ့ကမ္ဘာက ပိုခမ်းနားလွန်းတယ်။
ဘာရီအက်ရှင်မှမလိုဘူး မင်းငြိမ်ငြိမ်လေးပြုမူနေရုံနဲ့ ပြည့်စုံသွားပြီ လော်ရာရဲ့.....Gamerမရှိတဲ့ ကစားပွဲတစ်ခုမှာ ငါ့နယ်ရုပ်လေးကို အသာချထားတယ်။
ဘယ်အချိန်လဲမသိတဲ့ နာရီစင်ကို မျက်တောင်မခတ်တမ်းကြည့်မယ်။
အချိန်ကြာလာရင် စက္ကန့်တံကိုဖြုတ်ပြစ်မယ်။
ပြီးရင်မိနစ်တံ နောက်ဆုံး နာရီလက်တံတစ်ခုပဲ ငါချန်ခဲ့မယ်။
ငါ့စိတ်ကူးက မင်းနဲ့ထပ်တူကြရဲ့လား လော်ရာ....

အများကြီးချစ်ရင် အများကြီးပင်ပန်းရတယ် လော်ရာ ငါပြောတာမင်းကြားရဲ့လား။
ငါကငါ့အတ္တ္တနဲ့ငါ ရုန်းရင်းနစ်ဝင်နေကြပဲလေ။
မင်းအိပ်ချိန်တွေ ငါခိုးယူစားသုံးနေလိုက်တာ မင်းကမ္ဘာဘက်ခြမ်းက အမှောင်ဆိုတာ ဘာလဲမေးရမလို။
ငါ့နှုတ်ခမ်းသားတွေ ချိုမြိန်ပါရဲ့လား လော်ရာ
ရမ္မက်တွေအပြည့် ငါဖြည့်စွက်ခဲ့တာက မင်းကိုချစ်လို့ပါ လော်ရာ.......အချစ်က လန်းတယ် မင်းကပိုပြီးဆန်းတယ် လော်ရာ
ပထမဆုံး ငါ့ကိုနမ်းခဲ့တဲ့အချိန်က ငါမူးနေခဲ့သလားမမှတ်မိဘူး
မင်းနှုတ်ခမ်းတွေ သိပ်ချိုမြိန်တာပဲ ငါပြောတော့ မင်းပါးချိုင့်လေးရဲ့ ဆွဲဆောင်မှုကို စတပ်မက်ခဲ့တာပဲ
အဖန်တလဲလဲပြိုတဲ့ လှိုင်းဟာ ငါ့ရင်ခွင်မှာရိုက်ခက်တယ် လော်ရာ
ချစ်ပါ နမ်းပါ တစာစာ ငါအော်မြည်နေခဲ့တာ
ညဥ့်နက်ချိန်တွေမှာ ငါ့ကိုမခေါ်ပါနဲ့လော်ရာ
ငါ့ဆီကအသံလှိုင်းတွေ မင်းကြားရမယ်မထင်ဘူး
ငါက တစ္ဆေတစ်ဝက် လူတစ်ဝက်နဲ့ မင်းအရိပ်ကိုနင်းနေရတာ သိပ်ခက်လွန်းတယ်
ဘာပဲဖြစ်ဖြစ် ပြုံးပါ
နည်းနည်းလေးဖြစ်ဖြစ် မင်းစိတ်ကျေနပ်မှဖြစ်မယ် လော်ရာ
ငါဖက်ထားသလောက် မင်းချမ်းနေခဲ့လားလို့မမေးတော့ဘူး
အရမ်းစိုတဲ့နှင်းတွေ မင်းကိုမထိတွေ့ပါစေနဲ့လော်ရာရယ်
သိပ်အဝေးကြီးမကြည့်နဲ့ လော်ရာ
အစိမ်းရောင်ပါတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားသုံးပါ
ငါ့အတွက်အသားများများချန်ထားပါ
မင်းချက်တဲ့ဟင်းတစ်ခွက်တော့ ငါ့လက်ကျန်အချိန်ထဲက ဖဲ့ထုတ်ထားရမယ်
မင်းနောက်ကျောကပခုံးထက် ငါမှီနွဲ့အိပ်ချင်တယ်လော်ရာ
မင်းခါးလေးကို သိုင်းဖက်ရင်းနဲ့လေ
သိပ်ကြည်နူးဖို့ကောင်းတဲ့ညဟာ မင်းကိုယ်သင်းရနံ့လေးက စတယ် လော်ရာရယ်........
မင်းပြောပြတဲ့ အတွေ့အကြုံလေးတွေနဲ့ ငါ့မှာခနခနပြုံးရတယ်.....
ချစ်သူ့ဆီကပို့တဲ့စီးကူးမှုဟာ အဲ့လောက်ထိဗို့အားပြင်းရလား လော်ရာ
တစ်ခုလေးတော့မင်းသတိထားပေးပါလော်ရာ
အရမ်းကြီးချစ်လာအောင်တော့ မင်းမလုပ်သင့်ဘူး
ငါ့ရူးသွပ်ခြင်းတွေက မင်းပယောဂမကင်းဘူးလို့ သတ်မှတ်ထားတယ် လော်ရာ
ငာ့လည်တိုင်ထက်က မင်းအနမ်းတစ်ချို့မှာ အဆိပ်တွေပါနေသလားပဲ လော်ရာ........

အိပ်မရတဲ့အဆိပ်တွေကို ငါသိပ်မုန်းတယ်လော်ရာ
ဘယ်ဆေးမှမတိုးတော့တဲ့ ငါ့ကိုယ်ငါလည်း တစထက်တစ ပိုမုန်းလို့လာတယ်
အိမ်အပြင်ဘက်မှာ nightmares တွေရဲ့ခြေသံတွေငါစတင်ကြားနာနေရပြီ
တစ်ညလုံး အိပ်မရတဲ့အခါတိုင်း ငါ့ကစားဖော်လေးတွေက ငါ့အနားမှာကခုန်နေကြတယ် လော်ရာ
သိပ်လှတဲ့ဝဋ်ဟာ ငါ့ညတွေကိုဖမ်းစားကြတယ် လော်ရာ
အရှင်လတ်လတ်ကျတဲ့ငရဲဟာ အဲ့လိုဘဝတွေပဲ လော်ရာရဲ့.....

မြက်ခင်းပြင်စိမ်းစိမ်းလေးတွေက သိပ်လှနေတာပဲလော်ရာ
မင့်ရဲ့စိတ်ကလေး စိမ်းနေတာတော့မကြိုက်ချင်ဘူးကွယ်
မင်းပြောသလို ငါကသိပ်အတ္တကြီးတာပဲဆိုတော့ ငါပြုံးရတယ်
အရောင်တွေကိုပဲသဘောကျတာပါကွယ်
မင်းကိုတော့ ခြွင်းချက်ပေါ့
အဲ့ဒီအစိမ်းကို မင်းအပေါ်မလွှမ်းခြုံစေချင်ဘူး
မပလီတတ်ဘူးလို့ ဆိုတဲ့ မင်းက ငါ့ကိုချွဲနွဲ့ရင် သိပ်ချစ်ဖို့တော့ကောင်းသား
ငါပြုမူလိုက်တဲ့အပြုအမူကျ အရမ်းချစ်တာပဲဆိုသတဲ့
ပြောတတ်လိုက်တာ လော်ရာရယ် အနမ်းဆုတွေချွေမိတာပေါ့
ချစ်ရတယ် လော်ရာ........

..............
မနက်ခင်းတိုင်း မင်းနဖူးကိုနမ်းပြီးနှိုးရတာ သိပ်ကြည်နူးရတယ် လော်ရာ
အချစ်နဲ့ဖျော်တဲ့ဆေးတစ်ခွက်ဟာ အဲ့လိုချိုမြိန်တယ်
အစိုးမရတဲ့ နေ့ရက်တွေတိုင်းတော့ ငါရပ်တည်ချင်မှရပ်တည်နိုင်မယ်
မင်းလည်းသိရဲ့မဟုတ်လား လော်ရာ
ငါမပိုင်တဲ့အောက်ဆီဂျင်တွေ သိပ်များများရှိနေပြီး
ငါလက်ခံနေရတဲ့ လေထုသေးသေးလေးရယ်
သိပ်ပေတေလွန်းတဲ့ ငါ့စိတ်ကြောင့် ငါကမ္ဘာလေး မပျက်စီးသေးဘူးဆိုတာ
လက်ကျန်အချိန်လေးတွေကိုတော့ မင်းကိုပဲပေးရတော့မယ် လော်ရာရဲ့.........
မြို့ကလေးရဲ့အဝေးမှာ ငါက အိမ်ဝေးသားတစ်ယောက်အဖြစ်နဲ့ ရပ်တည်နေရဆဲပါ လော်ရာ
မင်းရဲ့ ရင်ခွင်လေးထဲ အေးချမ်းခြင်းအတိနဲ့ နားခိုချင်တာပေါ့
သိပ်ချမ်းလွန်းရင် ငါ့ကိုဖက်ထားပါ
အရမ်းသတိရတဲ့အခါ နဖူးလေးကို ဖွဖွနမ်းပါ နှုတ်ခမ်းလေးတော့ လှုပ်မနိုးပါစေနဲ့လော်ရာ
ငါ့မျက်လုံးအိမ်တွေ မဖွင့်ချင်လောက်အောင် အိပ်မောကျမိလိမ့်မယ်ကွဲ့
မင်းပါဝင်တဲ့ ငါ့အိမ်မက်ထဲမှာ ပျော်ရွှင်စရာ ကမ္ဘာလေးအတိနဲ့
သိပ်ကိုကြည်နူးရပါတယ် လော်ရာ........
အနီးဆုံးရှိချိန်တွေတိုင်း ငါ့စိတ်လေးအေးချမ်းရတယ်
ဘယ်လိုဝဋ်ကြွေးများလဲဆိုပြီး လိုက်ဖမ်းနေရတာထက်ကိုယ့်ကိုယ်ကို ချနင်းရတာ တန်တယ် လော်ရာ
အရင်းနှီးဆုံး ဝန်ခံပါ
အလိုက်ဖက်ဆုံးပြုံးပြပါ
စိတ်ကိုတော့ ဘယ်တော့မှချည်မထားပါနဲ့
ငါဟာ ကိုယ့်ဝဋ်ကြွေးနဲ့ကိုယ် ပြန်ပြန်ခံရတတ်လွန်းလို့
လိုက်မမှီတဲ့ အတ္တအမှောင်မှာ သိပ်ပျော်နေတာပဲလို့ မှတ်ယူပါ
အချိန်ရရင် နားထောင်ပါ လော်ရာ
မင်းကိုချစ်တဲ့အကြောင်းတွေ ပို့ထားတယ်
ပန်ဒိုရာလေးထဲမှာလေ..........

လူတစ်ယောက်ကို အခြားသူတစ်ယောက်က မုန်းနေတယ်ဆိုတာသိပ်ကို ကံကောင်းလွန်းတယ် လော်ရာ
မင်း ငါ့ကိုမမုန်းသေးသ၍တော့ ငါက မင်းစိတ်ကိုမပိုင်ဆိုင်သေးဘူးလို့ မှတ်ယူထားတယ်
စီးကရက်တွေများများသောက်ပါ
အယ်လ်ကိုဟောကို စိတ်လိုလက်ရပြုမူပါ
သိပ်ဝမ်းနည်းနာကျင်လာရင် ခြုံးပွဲချငိုကြွေးလိုက်ပါ
မင်းရဲ့အတိုင်းအဆမရှိတဲ့ စကားလုံးတွေနဲ့ ငါ့ကိုပစ်ပေါက်ဆော့ကစားပေးပါ
ငါဆိုတာ မင်းစိတ်တိုင်းကျ လုပ်ဆောင်ပေးမယ့် မှန်တစ်ချပ်ဆိုတာ မမေ့ပါနဲ့လော်ရာ

ဟိုးရှေးရှေးတုန်းက အစချီတဲ့ပုံပြင်တိုင်းမှာ ရွှေမင်းသားလေးနဲ့ ရွှေမင်းသမီးအကြောင်းနားထောင်ရတာများလို့ ငါ့မှာနေ့တိုင်း ဘယ်အချိန် မင်းသားလေးနှုတ်ခမ်းနမ်းရမလဲဆိုပြီး ရင်ခုန်နေရတယ်
စိတ်ကူးယဉ်ဇာတ်လမ်းတွေဟာ အဲ့ဒီသံသရာမှာပဲ တဝဲလည်လည်နဲ့ သေရတာပဲ လော်ရာ
မင်းသမီးလေးမသေစေချင်တာနဲ့ စုန်းမကို မေတ္တာပို့သရတာ အခါခါ
မင်းရော ငါပို့သတဲ့ချစ်မေတ္တာများ လက်ခံရရဲ့လား မသိဘူး
ငါ့စိတ်ကူးနဲငါတော့ မင်းပျော်နေတာပဲလို့တွေးတယ်
အသံလှိုင်းတွေက သိပ်နားဝင်ချိုတာပဲလော်ရာ
မင်းနဲ့စီးမျောမိတဲ့အခါတိုင်း ငါ့ရင်ခုန်သံတွေ ပိုပြင်းထန်လာသလို
မင်းအချစ်တွေက သိပ်ချိုတာပဲလို့ သတ်မှတ်တယ် လော်ရာ........
အိမ်မက်တွေထဲမှာ ငါသေတယ်လို့ ခနခနမက်တာပဲလော်ရာ
နောက်ထပ်မနိုးတော့သလို ငါ့အိမ်မက်တွေက ဖမ်းစားလိုက်ကြတာ
ငါအကြာကြီးအိပ်ပျော်သွားရင် မင်းမငိုဖို့ မမှာခဲ့ရဘူး
မင်းရဲ့မနက်ခင်းတွေမှာ ငါမရှိတော့ရင်ဆိုတဲ့အသိနဲ့ ငါမှာပင်ပမ်းလိုက်တာ လော်ရာရယ်
အိမ်မက်ထဲအထိ ငါ့မှာမင်းကိုစိတ်ပူလိုက်ရတာ
မင်းနဲ့အတူ စကားတွေအများကြီးပြောနေချင်သေးတယ် လော်ရာ
မင်းပါးပေါ်က ပါးချိုင့်ကလေးလဲ ထိတွေ့ချင်သေးတယ်
မင်းရဲ့အပြုံးချိုချိုလေးလည်း နမ်းချင်သေးတယ်
ယုတ်ဆွအဆုံး မင်းကို ငါ့ရင်ခွင်ထဲမှာ ထွေးပွေ့ထားချင်သေးတယ် လော်ရာ
ငါ့ဆန္ဒတွေ အတ္တတွေနောက်မှာ ငါ့ကိုအချိန်မရွေးထိုးသတ်နိုင်တဲ့ လက်နတ်တစ်ခုက ဖမ်းဆုပ်ထားကြတယ်
ငါသေလို့မဖြစ်သေးဘူးမဟုတ်လား လော်ရာ
ငါမင်းကိုချစ်လို့မဝသေးဘူး............

ငါသိပ်ကြိုက်တဲ့ ကော်ဖီခါးခါးလေးဖျော်ထားတယ်
မင်းမကြိုက်မှန်းသိပေမယ့် ငါ့စိတ်ကတားဆီးမရနိုင်သေးဘူး လော်ရာ
အိပ်မရတော့လောက်အောင် ငါအသိတွေ ကင်းမဲ့နေခဲ့တယ်
မင်းမျက်နှာလေးကို တစိမ့်စိမ့်ကြည့်တယ် မင်းဆံပင်စလေးတွေကို စိတ်ကူးနဲ့ တို့ထိကြည့်တယ်
မင်းလည်ပင်းလေးကို သိုင်းဖက်ရင်း မင်းပါးပြင်အနှံ့ ငါတရှိုက်မက်မက် နမ်းရှိုက်နေခဲ့တယ်
စိတ်ကူးနဲ့မင်းကို ချစ်ရတာလည်း ရူးတယ်ခေါ်မလား
အဆိပ်တက်အနမ်းတွေလည်း ခြွေရ
မူးယစ်မိန်းမောစေတဲ့ အချစ်တွေလည်း ခ ရ
ဘယ်လိုပဲ ရူးစေဦးတော့ ငါ့မှာ မင်းတစ်ယောက်ထဲနဲ့လည်း ပြည့်စုံတယ် လော်ရာ
ငါ့အိမ်မက်တွေက မင်းအပေါ်မှာမူထည်နေတယ် လော်ရာရဲ့.......

အထီးကျန်တယ်လို့ ငါခံစားမိတိုင်း ငါ့အနီးအနားကလူတွေကို လိုက်ပေါင်းစည်းပေးတတ်တဲ့အကျင့်လေး ကျင့်မိသွားတယ်
သူတို့လေးတွေ တစ်စုတစ်စည်းထဲ ပျော်နေကြတာတွေ့ရင် ငါအလိုလိုပြုံးမိလာတယ်
ငါအထီးကျန်သလို သူတို့မခံစားရအောင်လုပ်ဆောင်ပေးနိုင်လို့ပဲ လော်ရာ
ငါ့နာကျင်မှုတွေ ပိုတိုးလာတိုင်း ငါပိုပြုံးဖြစ်လာတယ်
ငါ့အတွင်းသားတွေ ကြေမွနေရင်တောင်မှလေ
အားလုံးရဲ့Ever smileလေးလို ငါပြုမူနေပြတာ သိပ်တော်တယ်မဟုတ်လား လော်ရာ
မင်းရယ်ရင် သိပ်သဘောကျတာပဲလို့ ငါ့ကိုမင်းပြောတာ မှတ်မှတ်ရရပါပဲလော်ရာ
မင်းဆီကအပျော်တွေပဲ စီးကူးစေချင်တာဆိုတဲ့လော်ရာ
ငါ့နှုတ်ခမ်းသားတွေမှ ပိုရင်ခုန်ပါတယ်ဆိုတဲ့လော်ရာ
မင်းဟာလေ တကယ့်ပလီပလာလေးပဲ လော်ရာ........
သိပ်ချစ်တာပဲ မင်းပြောတဲ့အခါ စည်းချက်မမှန်သလိုဖြစ်သွားတဲ့ ငါ့နှလုံးသားကို မင်းတာဝန်ယူပါ လော်ရာ
သိပ်သူစိမ်းဆန်တာပဲလို့ သတ်မှတ်ခံရလောက်တဲ့အထိ ငါ့အချစ်က ဖာဆန်တယ်
မနေ့ကငါက ယခုနေ့နဲ့ငါနဲ့ တူချင်မှတူမယ်မို့လား
မင်းကိုချစ်တဲ့ အချစ်တော့ ထပ်တူကျကောင်းပါရဲ့
စိတ်ကလေးနဲနဲလျော့ပါ
အစားအသောက်ကို မလျှော့ပါနဲ့
ငါ့ကိုချစ်တဲ့အချစ်ကို ထပ်တိုးကြေးနဲ့ ပိုယူမယ်
စိတ်မပျက်ဘူးမဟုတ်လား လော်ရာ
အနက်ရောင်ဆွယ်တာလေးကို ငါအမြဲဝတ်ထားတယ်လော်ရာ
မင်းသဘောတွေ့မယ်အထင်နဲ့ နှင်းဆီတစ်ခင်းလုံး ငါခိုးခဲ့တယ်.........မင်းအိမ်မက်ထဲမှာလေ

တော်တီလာဖလတ်တဲ့ သူပြောပြတဲ့ပုံပြင်လေးထဲ စိတ်ကူးစိတ်သန်းတွေ ထည့်ထည့်ပြီးဝါးမျိုနေလိုက်တာ
မမှီနိုင်တဲ့အရပ်ကအစပြုလို့ ခြေဖျားလေးတွေမှာ အကူတွေနဲ့ လည်ပင်းကိုသိုင်းဖက်မယ့် ငါ့လက်တွေ မင်းမြင်နိုင်ရဲ့လား လော်ရာ
ရယ်မောသံလွင်လွင်လေးတွေရယ် ရင်ဖွင့်နေကြ ရင်ခွင်တစ်စုံရယ် ဟိုးအဝေးဆီ တောင်တန်းတွေအနောက်က ငါ့ကို မင်းချွဲနွဲ့နိုင်စေကြောင်း ဆုတောင်းသံတွေ ကြားပါစေ
နှလုံးသားတစ်စုံရဲ့နှီးနှောဖလှယ်ပွဲမှာ လော်ရာလည်းပျော်မှဖြစ်မယ်မဟုတ်လား
ငါ့ကိုချစ်ပါ လော်ရာ
ထပ်ပြီးပြောပါရစေ ငါ့ကိုပဲချစ်ပေးပါ
လော်ရာ့ချစ်ခြင်းတိုင်းကို ငါလိုအပ်လို့ပဲ......

နမ်းမယ်ဆိုလည်း နမ်းမယ်ပေါ့
နားနားကပ်ပြီးတိုးတိုးလေး လေညှင်းခတ်သလို ထိတွေ့သွားတာတော့ လွန်တာပေါ့ လော်ရာ

ငါ့အိမ်မက်ထဲမှာ.........မင်းဟာတကယ့်ဂျစ်ပစီလေးပဲလော်ရာ

ငါချစ်ခြင်းတိုင်းမှာ မင်းရှင်သန်စေတယ်

NigelFB_IMG_1434633713164.jpg

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 69812.20
ETH 3376.99
USDT 1.00
SBD 2.78