အတိတ်​ဒဏ်​ရာ

in myanmar •  10 months ago

images.jpeg
ပယ်လယ်ကိုမေးတင်ထားတဲ့ မြို့ပြ
စက်တင်ဘာလရဲ့ မိုးရေစက်တွေအကြောင်းကို
ကျောင်းကြီးလမ်းက တိတိပပသိမယ် …
ရှေ့တစ်ခုံကျော်က ကောင်မလေးကို
ငေးကြည့်နေရခြင်းဟာ
ချိုမြိန်ခြင်းအစစ်အမှန်ဖြစ်ခဲ့တာပေါ့ ။
ရင်ခွင်ထဲ ဥသြသံတွေညံရင်း
ရှန်ပူနံ့သင်းသင်းလေးနဲ့ အာရုံတွေမီးစွဲလောင်ခဲ့တယ် ။

သမင်ပျိုရေသောက်ဆင်းချိန်ကို စောင့်ပြီး
လေးကြိုးကိုငင်တဲ့ မုဆိုးကြီးနဲ့
ကျွန်တော့်ကိုမနှိုင်းပါနဲ့။
ပြောမဝံ့တဲ့ စကားတစ်ခွန်းအတွက်
ကျောင်းကြီးလမ်းကို ထမ်းထားရတဲ့ရင်ခုန်သံတွေကို
နားလည်ပါ ။
ဘာလိုလိုနဲ့ မိုးတောင်ကုန်လုပြီ ရွှေရုပ်သွင် ။

လူမစွမ်းတော့လည်း
နတ်ခမျာ အနေအထိုင်ခက်ပြီထင်ပါရဲ့…
စက်တင်ဘာရဲ့ နောက်ဆုံးမိုးမှာ
ကျွန်တော့်မှာ ထီးမပါဘူး။
စာသင်ဝိုင်းမှာ လူစဲသွားချိန်
" ထီးမပါရင် အတူလိုက်ခဲ့လေ " တဲ့ …
ပန်းနုရောင်မိုးကြိုးဟာ ကျွန်တော့်တည့်တည့်ကိုပစ်တယ် ။
သူ့ရဲ့ ဂျပန်ဖဲထီးသေးသေးလေးအောက်မှာ
သူရယ်…
ကျွန်တော်ရယ် …
ကျောင်းကြီးလမ်းရယ်…
မိုးစက်တွေရယ် …
အို… စိန်မှုံတွေများလား
တဖွဲဖွဲ တဖွဲဖွဲ ။

ဘွဲ့နှင်းသဘင်အဆောင်နောက် ရေတမာပင်တန်းမှာ
ကျွန်တော်ကဗျာရေးတော့
သူ ဖတ်တတ်လာတယ် ။
ကန်တင်းမှာ သူမုန့်စားတော့
တစ်ရှုးလေးတွေ ကျွန်တော်ဖြဲတတ်လာတယ်။
ကျွန်တော်ဆွဲတဲ့ပန်းချီပုံလေးတွေ
သူငေးတတ်တော့
သူ့စားမယ့်နေကြာစေ့လေး ကျွန်တော်အခွံခွါတယ်။
မိန်းလမ်းထက် အတူလျှောက်တော့
ဖဲထီးလေးဟာ …
သူပိုင်သလား ကျွန်တော်ပိုင်လေသလား ။
အတူထိုင်ခဲ့တဲ့ ထိုင်ခုံ​​လေးဟာ
ရယ်သံတွေကို မှတ်ထားလို့ ။

ငါးရာတန်လေးကို
လက်မှာကျစ်ကျစ်ပါအောင် ဆုပ်လို့
လမ်းဘေးဖုန်းလေးနဲ့
"အိပ်မက်တွေလှပါစေ" ပြောရတဲ့အချိန်ဟာ
ဘယ်လောက် ချိုရီဖွယ်ကောင်းလိုက်ပါသလဲကွယ် ။

ပင်လယ်ဘေးမှာ ရွှေရုပ်သွင်ဟာ
သိပ်လှနေတယ် ။
လျှံကျလုလုမေတ္တာတရားကို
ကျွန်တော်သိတယ်
သူမ သိတယ် ။

မမျှော်လင့်ဘဲရောက်လာတဲ့ စေတန်ဟာ
အနက်ရောင်လေးကိုင်းကြီးကို
မကိုင်ထားပါဘူး ။
ဒါပေမယ့် သူမကိုနှုတ်ဆက်တယ်
စကားပြောကြတယ် ။
ဝုန်းကနဲ တိုက်သွားတဲ့မုန်တိုင်း
ရင်ဘတ်ထဲမှာ အနီရောင်
စည်းအပြင်ရောက်သွားတဲ့ ဒီကောင်ဟာ
အာဒံမဟုတ်နိုင်တော့
ဗိန်းဗောင်းသံတွေကြားက ကြိတ်မျက်ရည်တွေ
ဘောင်မဝင်ခဲ့လေဘူး ။
အဲဒီနေ့က
မီးပျက်ခဲ့တာ မှတ်မှတ်ရရ ။

သူမနှုတ်ခမ်းနီလေး စွန်းပျက်တဲ့နေ့က
ဝ်ီနှစ်ပက်နဲ့ ကျွန်တော်မူးခဲ့တာ
ဒီကျောင်းကြီးလမ်းမှာပါပဲ ။

ပင်လယ်ရေတွေဟာ
ခုထိ ခါးသက်တုန်း ။
ကစ္ဆပနဒီမှာ ရွှေမိုးတွေညိုရင်
သူအဆင်ပြေပါစေ ဆုတောင်းနေမိတယ် ။

ထပ်မဆုံကြတော့ဘူး
ရွှေရုပ်သွင် ။

#MSU-025
Photo crd - google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here
·

thank bro

·
·

မိမိုးဝေပါမိန်းကလေးပါ

short story လေး ကို မျက်လုံးထဲ ပုံပေါ်လာ၏ fighting

Nice post 5tim

·

thank bro

ခံစားချက်​​လေးပါ​တော့ goodတယ်​ဗျ

·

thank bro