အိပ်​မက်

in #myanmar6 years ago

သက္ကရာဇ်​ဟာ ရထားတစ်​စင်းဆိုရင်
ငါတို့ချစ်​ခြင်းဟာ ဘူတာရုံ​လေး​ပေါ့
ရထား​တွေဖြတ်​သန်းချိန်​တိုင်း
ငါ့ပခုံးရိုင်း​လေးကို မင်းမှီထားပါ
လ​မင်းပြာပြာကို အတူ​ငေးရင်း
ငါက ကဗျာ​တွေ​ရေးမယ်
မင်းနဖူး​လေးဟာ ည​မွှေးပန်းရနံ့သင်းပျံ့​နေမလား....။
ငါသိတယ်​...ငါသိတယ်
မင်းနှုတ်​ဖျားက ငါ့ကဗျာ​တွေပျံသန်းတဲ့အချိန်
နှင်းဆီပန်း​တွေ ညကြီးမင်းကြီးပွင့်​ရ
လိပ်​ပြာ​တွေ စိတ်​ဆိုးကြလိမ့်​မယ်
ဒါ​ပေမယ့်​ကွယ်​....
ရထားသံ​တွေဆူညံလွန်းတယ်
ပျော်​​အောင်အိပ်​တတ်​ဖို့​တော့လိုလိမ့်​မယ်​။
images (1).jpeg
#MSU-025
Photo crd-google

Sort:  

👍👍👍👍👍

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.028
BTC 65200.45
ETH 3535.76
USDT 1.00
SBD 2.45