STEEMIT တစ်လတာ အတွေ့အကြုံများsteemCreated with Sketch.

in #myanmar7 years ago

IMG_20170815_085049.JPG

Steemit ကို စတင် အသုံးပြုခဲ့ တာ ၁ လ ပြည့်ခဲ့ပါပြီ။ အခု တစ်လ အတွင်းက အတွေ့အကြုံများ ခံစားချက် အတွေးအမြင်များကို Smeemit မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ညီအကို မောင်နှမ များကို ပြန်လည် မျှဝေခွင့် ပြုပါလို့ တောင်းဆိုရင်း ဒီစာကို ရေးသားလိုက်ပါတယ်။

ကို ဟင်နရီ @kachinhenry ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ Tag ဟာ အရေးကြီးတဲ့ အကြောင်း ဖတ်လိုက်ရပြီး တော့ ကျွန်တော့် စိတ်ထဲမှာ အတွေးတစ်ခု ဝင်ရောက်ခဲ့ပါတယ်။ မိမိရေးသားတဲ့ ဆောင်းပါး အကြောင်းအရာ ဟာ Tag ထဲမှာ ဖော်ပြတဲ့ နယ်ပယ်တစ်ခု အတွင်းမှာ အကြုံးဝင်နေပါတယ်။

ဥပမာ Steemit ထဲမှာ ဝင်ရောက်ရေးသားသူတွေ အထဲမှာ Civil Engineer သုံးယောက် ပါရှိနေတယ် ဆိုပါစို့။ပထမ တစ်ယောက်က သူ့ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံ ကို Tag မှာ Civil လို့ရေးမယ်။ဒုတိယ တစ်ယောက်က Engineering လို့ ရေးမယ်။ တတိယ တစ်ယောက်က ဗဟုသုတ အဖြစ်လောက်သာ ရည်ရွယ် ပြီး Knowledge လို့ ပဲ ရေးမယ် ဆိုရင် သူတို့ သုံးယောက်ဟာ Tag နဲ့ ပတ်သက်ပြီး စုစည်းမှု ရှိနေမှာ မဟုတ်တော့ပါဘူး။

archetect-on-construction-site.jpg

အဲဒီအတွက် နယ်ပယ် တစ်ခုအတွင်းမှာ ဝင်ရောက်ရေးသားနေတဲ့ သူတွေဟာ အချင်းချင်း တိုင်ပင် နှီးနှော ဖို့ လိုအပ်လာပါတယ်။နယ်ပယ်တစ်ခုအတွင်းမှာ ဝင်ရောက်ရေးသားသူ ဆယ်ယောက်ဟာ Tag တစ်ခု အတွင်း မှာပဲ ဘဝတစ်လျှောက်လုံး နှစ်နှစ်ကာကာ ရေးသားခဲ့မယ် ဆိုရင်တော့ Tag တစ်ခုဟာ အဲဒီ သက်ဆိုင်ရာ နယ်ပယ်အတွင်းက နောက်ထပ်မျိုးဆက်များအတွက် ဗဟုသုတ ဘဏ်တိုက်ကြီး သဖွယ် ဖြစ်လာ နိုင်ပါတယ်။

ပြီးတော့ post တစ်ခုဟာ Tag ၂ ခုကို တွဲထားတယ်ဆိုပါစို့။အဲဒီ post ဟာ နယ်ပယ် နှစ်ခု အတွင်းမှာပဲ ဖော်ပြခြင်းခံရမှာပါ။ Tag ငါးခု တွဲပေးထားတာဆိုရင်တော့ နယ်ပယ် ငါးခု မှာ ဖော်ပြခြင်းခံရမှာ ဖြစ်တဲ့ အတွက် အဲဒီ Tag ငါးခုတွဲထားတဲ့ post ကို steem အသုံးပြုသူတွေ ပိုမို မြင်တွေ့ရမှာ ဖြစ်ပါတယ်။Tag ငါးခု တွဲပေး ထားတဲ့ post ဟာ quality post တစ်ခု လည်း ဖြစ်နေမယ် ဆိုရင် မိမိ ရေးသားနေတဲ့ နယ်ပယ် အတွင်းက လူ အများရဲ့ attention ကို လည်း ရရှိနိုင်မှာပါ။

အခု တစ်လတာအတွင်းမှာ ရေးခဲ့တဲ့ post တွေ မှာ Tag အတွက် လေးလေးနက်နက် စဉ်းစားဖို့ ကိုပင် အချိန်မပေးခဲ့ပါ။စီနီယာ ညီအကိုတွေရဲ့ Tag နဲ့ ပတ်သက်တဲ့ post သုံး လေးခု လောက် ဖတ်ရှုပြီး ဖြစ်ပေမဲ့ သူတို့ ပေးလိုတဲ့ message သူတို့ပေးလိုတဲ့ ရသ သူတို့ ပေးလိုတဲ့ နည်းလမ်း များကို လက်ခံနိုင်စွမ်း အား နည်းနေဆဲပဲ ဖြစ်ပါတယ်။

teacher-child-globe-brain-blog.jpg

အဲဒီ အားနည်းချက် ဘာ့ကြောင့် ရှိနေတာလဲ တွေးမိတော့ အမြစ်တွယ်ပြီး ဖြစ်နေတဲ့ အလေ့အကျင့် ဆိုးတစ်ခုကို သွားတွေ့ပါတယ်။အဲဒါကတော့ အခြားသူတွေရဲ့ အသံကို ဂရုတစိုက် နားထောင်လေ့ မရှိတာပါ။ သူငယ်ချင်း တစ်ယောက် က သူ့ အကြောင်း ရင်လာဖွင့်တယ်။ ခေါင်းငြိမ့်လိုက် ခေါင်းခါလိုက်နဲ့ ပဲ ပြီးသွားပါ တယ်။ရလာဒ် ကောင်း တစ်ခု ရလာအောင် စဉ်းစားပေးလေ့ တော့ ရှိမနေပါဘူး။ပြောရရင်တော့ အခြားသူတွေ ရဲ့ စကားကို အလေးမထားဘူး။ နားထောင်တတ်တဲ့ အလေ့ အကျင့် မရှိဘူးပေါ့။

Steemit မှာ ရေးသားနေတဲ့ ဆောင်းပါးတွေဟာ သူတို့ ပြောလိုတဲ့ စကားတွေ အသံတွေပဲ ဖြစ်ပါတယ်။ လေးလေးနက်နက် မဖတ်ဖြစ်ခဲ့ပါဘူး။နဂိုထဲက လေးလေးနက်နက် နားထောင်တတ်တဲ့ အကျင့် မရှိတဲ့ အခါ မှာတော့ သူတို့ ပေးသလောက်ကို မရတော့ ပါဘူး။သူတို့ ပေးလိုတဲ့ အရာတွေ ကျွန်တော်တို့ ဆီကို စီးဆင်း လာဖို့တာ က ကျွန်တော်တို့ ကိုယ်တိုင်ကလည်း သွယ်တန်းဖောက်ယူ တတ်ဖို့ လိုအပ်မှာပါ။ဒါမှသာ ကျွန်တော်တို့ဟာ ပိုမို ပြည့်ဝလာမှာ ဖြစ်ပါတယ်။

အဲဒီအတွက် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။အဲဒါကတော့ ပတ်ဝန်းကျင်က အသံတွေကို နားထောင်ဖို့ အခြားသူတွေရဲ့ စကားကို အလေးထားဖို့ ပါပဲ။အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော် ဟာ post တွေ ကို လေးလေးစားစား ဖတ်တတ်လာပါတယ်။ Comment တွေကို လေးလေးစားစား ဖတ်တတ်လာပါတယ်။Tag ကို လည်း လေးလေးစားစား ရွေးချယ်လာတတ်ခဲ့ပါတယ်။

url-825x340.jpg

နောက်ထပ် ထူးခြားမှုတစ်ခု ခံစားရတာကတော့ steemit က ဆောင်းပါးတွေ ဖတ်ရူရတဲ့ အခါမှာ ပေါ့ပေါ့ ပါးပါး ခံစားရတာပဲ ဖြစ်ပါတယ်။ရေးသားတဲ့ လူတွေ က ပေါ့ပါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့ ရေးသားတင်ပြ ထားတာကြောင့် ဖြစ်မှာပါ။အခုလို လွတ်လပ်ပေါ့ပါးစွာ ရေးသားတင်ပြထားတာတွေကို print media က စာ တွေမှာ မတွေ့မြင်ခဲ့ဖူးပါဘူး။အဲဒါကတော့ ကျွန်တော့် ရဲ့ ခံစားချက် အမြင် သက်သက်ပဲ ဖြစ်ပါတယ်။

ပြီးတော့ ပါဝင်ရေးသားသူ တစ်ဦးချင်းစီဟာ သူတို့ ပြောပြလိုတဲ့ အကြောင်းအရာများကို အကောင်းဆုံး တင်ပြထားကြတာပါ။အဲဒီအတွက် steemit မှာ တစ်ဦးချင်းစီရဲ့ အကောင်းဆုံးသော အရာတွေကို မြင်တွေ့ခွင့် ရနေတယ်လို့ ခံစားမိပါတယ်။ဘာဖြစ်လို့ အကောင်းဆုံးတွေကို ဖန်တီးနေကြတာလဲ ဆိုတာကတော့ ရှင်းပါ တယ်။

steemit ရဲ့ ဆောင်ပုဒ် တစ်ခု ဖြစ်တဲ့ `` your voice is worth something … သင့်ရဲ့ အသံဟာ ထိုက် တန်မှု တစ်စုံ တစ်ရာ ရှိတယ် ´´ ဆိုတဲ့ အတိုင်း တစ်စုံတစ်ရာ ထိုက်တန်မှု ရှိတာကတော့ သေချာနေပါပြီ။ဘယ် လောက်ထိုက်တန်မှု ရှိလဲ ဆိုတာကတော့ steemit မှာ လျှောက်လှမ်းနေတဲ့ လူတွေ ကပဲ ဆုံးဖြတ်ပေးသွား တာကြောင့် ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ပေးနိုင်ဖို့အတွက် steemit မှာ သင် နှစ်သစ်မှု ရှိတဲ့ အကြောင်းအရာ များကိုပဲ vote ပေးရ မယ် လို့ စည်းမျဉ်းထားရှိပေးထားတာ ဖြစ်ပါလိမ့်မယ်။အဲဒီအတွက် ကျွန်တော်တိုက ဟာ အကောင်းဆုံးတွေကို ဖန်တီး နေရခြင်းပဲ ဖြစ်ပါတယ်။

steemit-your-voice-is-worth-something.jpg

comment တွေ ကြည့်လိုက်ရင်လည်း အကောင်းမြင်သဘောထားနဲ့ ထောက်ပြ ထားတာတွေ အားပေးကူညီလိုတဲ့ သဘောထားတွေ ပဲ မြင်တွေ့ရပါတယ်။အဲဒီအရာတွေ က ကျွန်တော့် အတွက် စိတ်ချမ်းမြေ့ဖွယ်ရာတွေ ကို ယူဆောင်လာခဲ့ပါတယ်။Steemit ရဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခု ဖြစ်တဲ့ ကမ္ဘာ ကြီးရဲ့ stability မရှိတဲ့ နေရာ တွေကို stability ရရှိသွားစေဖို့ ရည်ရွယ်ထားတယ် ဆိုတဲ့ အရာ ဟာ အမှန်တကယ် ဖြစ်မြောက်လိမ့်မယ် လို့ လဲ ထင်မြင်မိပါတယ်။

steemit ဟာ မိမိ ကိုယ်မိမိ ရိုးသားတတ်ဖို့ သူတစ်ပါးကို လေးစားတတ်ဖို့ ပတ်ဝန်းကျင် က အသံ တွေကို ခံစားတတ်စေဖို့ နဲ့ ကျွန်တော်တို့ ကိုယ်တိုင် တည်ကြည်မှုရှိလာစေဖို့စတဲ့ ကောင်းမြတ်ခြင်းတရား တွေကို ယူဆောင်လာပေး တယ် ဆိုတာ ယုံကြည်နေမိ ပါတယ်။

နောက်တစ်ခုကတော့ steem ကို လုပ်ငန်း တစ်ခု အနေနဲ့ မြင်ကြည့် မိပါတယ်။အဲဒါကတော့ steem ဆိုတဲ့ digital currency ကို marketing လုပ်ဆောင်ရတာဖြစ်တယ် လို့မြင်မိတာပါ။steem ကနေ $ တွေ ရလာတဲ့ လူအသစ်တွေ ဝင်ရောက် ရေးသားလာကြပါတယ်။

maxresdefault (1).jpg

အဲဒီအတွက် လူအဟောင်းတွေက ဆွဲခေါ် လာခဲ့ ပြီး community ကြီးထွားလာတဲ့ အခါမှာ အချင်းချင်း voting ပေး တဲ့ စနစ်နဲ့ နှစ်ဖက် အပြန်အလှန် အကျိုး ရှိ စေခဲ့ပါတယ်။အဲဒီမှာ steem user တွေ ကျယ်ပြန့် လာတဲ့အတွက် steem ရဲ့ လုပ်ငန်း ကွန်ယက်ဟာ လည်း ကြီးမား ကျယ်ပြန့်လာတယ် လို့တွေး တောမိပါတယ်။ကျွန်တော့် ရဲ့ ထင်မြင် ယူဆချက်အတွင်းက လိုအပ်ချက် တွေကို စီနီယာညီ အစ်ကို တွေ ထောက်ပြ ဝေဖန်ပေးစေချင်ပါတယ်။

လွန်ခဲ့တဲ့ 2016 နှစ်ကုန်ခါနီမှာ Coin တစ်မျိုးဖြစ်တဲ့ S coin အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ကြားခဲ့ မိပါတယ်။Sedona Hotel မှာ ပွဲစီစဉ်ပြီး S Coin အကြောင်း ဖြန့်ဝေခဲ့ကြတာပါ။S Coin ရဲ့ ဆောင်ပုဒ်ကတော့ One World One Currency လို့ ဆိုထားပါတယ်။ကမ္ဘ္ဘာ တစ်ဝန်းလုံးမှာ သုံးတဲ့ Currency ဖြစ်ရမယ် ပေါ့ဗျာ။ အဲဒီ S Coin ကို လက်ဝယ် စုဆောင်း နိုင်ဖို့အတွက် $ 300 /400 တန် package တွေ ဝယ်ရမယ် လို့ ပြောပါတယ်။ 2017 နှစ်ဆန်းပိုင်းမှာ တရားဝင် ဈေးကွက်ဖွင့်လှစ်မယ် လို့ ပြောပါတယ်။

ခုအချိန်ထိ S Coin ဈေးကွက် တရားဝင်ဖွင့်လှစ်လိုက်ပြီ လို့ တော့ မကြားမိသေးပါဘူး။ကျွန်တော်သိတဲ့ S Coin အကြောင်းကတော့ အဲဒါ အကုန်ပဲ ဖြစ်ပါတယ်။တကယ်တော့ ကျွန်တော် ပြောချင်တာက One World One Currency ဆိုတဲ့ အကြောင်းပါ။ ကျွန်တော်ကတော့ One World One Currency ဆိုတဲ့ ဆောင်ပုဒ်ဟာ Steem Coin နဲ့ ပိုလိုက်ဖက်တယ်လို့ ထင်မြင်မိပါတယ်။ဘာလို့ဆိုတော့ သူ့ရဲ့ Social Media Platform က ထင်သာမြင်သာ ရှိလှပြီး အလားအလာအလွန်ကောင်းတယ် လို့ ထင်မြင်မိတာ ကြောင့်ပါ။

coins.jpg

နောက်တစ်ချက်တွေးမိတာကတော့ တစ်စုံတစ်ယောက်ဟာ Life ဆိုတဲ့ Tag တစ်ခုအောက်မှာ ဆောင်း ပါးတစ်ပုဒ်ကို နိုင်ငံတစ်ကာက လက်ခံအသုံးပြုတဲ့ English ဘာသာစကား နဲ့ ရေးသားနိုင်တယ် ဆိုပါစို့။သူ့ရဲ့ ဆောင်းပါးဟာ Steemit Platform ကို လျှောက်လှမ်းနေတဲ့ ကမ္ဘာ တစ်ဝန်းလုံး က နိုင်ငံများကို ပျံ့နှံ့ ရောက်ရှိ သွားနိုင်သလို Steem Coin ကိုလည်း ကမ္ဘ္ဘာတစ်ဝန်းလုံးအတွက် ရည်ရွယ် ပြီး Marketing လုပ်ဆောင်သကဲ့ သို့ ဖြစ်နေမှာပါ။အခုလိုမျိုး ကျွန်တော့ရဲ့ အတွေးတွေနဲ့ Steemit myanmar team ရဲ့ ဦးဆောင်မှု တွေ ကိုအားပြုပြီး ကျွန်တော်ဟာ Steemit မှာ ယုံယုံကြည်ကြည် လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ခင်ဗျာ။

steem သုံးရင်း ငယ်စဉ် ကြီးပြင်းခဲ့ရာ သရက်မြို့နယ်က ဆရာ နှစ်ဦးနဲ့လည်း သိကျွမ်းခွင့်ရခဲ့ပါတယ်။ တစ်ဦးက ဆရာ @patricksanlin ဖြစ်ပြီး သူက စိန်မေရီ ကျောင်းမှာ ပညာသင်ခဲ့တယ် လို့သိရပါတယ်။နေခဲ့ တာက ရေမှတ်တိုင် လမ်းထဲမှာ ဖြစ်တဲ့ အကြောင်း သူပြောပြခဲ့ပါတယ်။

နောက်တစ်ဦးကတော့ ဆရာ @tinhlaingoo ပါ။သူကတော့ သရက်မြို့နယ် အင်းမငယ် ကျေးရွာက လို့ သိရပါတယ်။ကျွန်တော်က အင်းမငယ် ပေါက်ပင် ဆိုတဲ့ အမည်ကို ငယ်စဉ်ကတည်း က တွဲပြီး မှတ်မိနေခဲ့တာ ပါ။အင်းမငယ် နဲ့ ပေါက်ပင် ဟာ ရွာချင်းကပ်ရပ် ဖြစ်ပြီးတော့ မွေးရပ်မြေ သရက်မြို့ ရဲ့ အနောက်ဖက် မင်းတုန်း လမ်းရဲ့ ဘေးမှာ တည်ရှိနေတဲ့ ကျေးရွာ နှစ်ရွာ ဖြစ်ပါတယ်။

124223539637590027730_white,_green_rounded_rectangle.svg.med.png
download (13).jpg

Steem Network ဖြင့် ငွေရှာခြင်း ဆိုတဲ့ group တစ်ခုကို စတင် စိတ်ဝင်တစား ဖတ်ရှုမိရာကနေ steemit user တစ်ယောက်ဖြစ်လာခဲ့တာပါ။အဲဒီအတွက် messenger ကနေ စီနီယာ ညီအကိုတစ်ချို့ကို ဆက်သွယ်ပြီး အကူအညီ တောင်းခံခဲ့ပါတယ်။ အဲဒီသူတွေကတော့ @tinmyoaung @mgmgkse @minsoenaing @phyowaiaung @kyawsantun တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့် ရဲ့ စီနီယာ ညီအစ်ကိုတွေ ကို ကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျာ။

အဲဒီနောက်ပိုင်း ကို ဟင်နရီ @kachinhenry ရဲ့ promotion အစီအစဉ် အကြောင်းရေးသားခဲ့တဲ့ ဆောင်း ပါးကို ဖတ်ရှုမိခဲ့ပြီး promotion မှာ ပါဝင်နိုင်ရေး အတွက် ကြိုးပမ်းရေးသားခဲ့ပြီး ၃ ကြိမ်မြောက် promotion ကနေ စတင်ပြီး ပါဝင်လာခဲ့ပါတယ်။အဲဒီအတွက် ကိုဟင်နရီ နှင့် တကွ admin team မှ စီနီယာ ညီအကိုများ ကို ကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျာ။

steemit မှာ လျှောက်လှမ်းခဲ့တဲ့ တစ်လတာအတွင်း ကျွန်တော် သိကျွမ်းခဲ့ရတဲ့ အစ်ကို အစ်မ တွေ steem မှာ ဖတ်ခဲ့ရတဲ့ စာတွေ ခံစားချက် အတွေးအမြင်တွေ အားလုံးဟာ ကျွန်တော့် ရဲ့ တစ်လတာ အတွေ့ အကြုံများပဲ ဖြစ်ပါတော့တယ်။

images (60).jpg
download (14).jpg

steemit myanmar မှာ လျှောက်လှမ်းရင်း ဖတ်ဖူးတဲ့ အကြောင်း တစ်ချို့ကို သတိရမိပါတယ်။ အဲဒီအ ကြောင်းအရာလေးကို ရေးပါရစေဦးဗျာ။ ဆောင်း ခိုငှက်တွေဟာ ခရီးဝေး အုပ်စုဖွဲ့ပျံသန်းကြတဲ့အခါ အင်္ဂလိပ် အက္ခရာ V သဏ္ဍန် ပျံသန်းကြပါတယ်။အက္ခရာ V ရဲ့ အချွန်လေးကတော့ ရှေ့ဆုံးကပေါ့ဗျာ။ ရှေ့ဆုံးက ပျံသန်းတာကတော့ ခေါင်းဆောင်ငှက် ပေါ့ဗျာ။ခေါင်းဆောင်ငှက်ရဲ့ အတောင်ပံ နှစ်ဖက်က လေကိုခွင်းပြီး ခတ် လိုက်တိုင်းမှာ လေအဟုန် တစ်ခု ဖြစ်ပေါ်လာပါတယ်။

အဲဒီလေအဟုန်ရဲ့ အားကိုရယူပြီး နောက်ပါ ငှက် အစဉ်အတန်းလိုက်ဟာ တစ်ကောင်ချင်းစီရဲ့ လေအ ဟုန်ကို အစဉ်လိုက် ရရှိကြပြီး သက်တောင့် သက်သာ ခရီးဝေး ပျံသန်းကြပါသတဲ့။နောက်ပါ ငှက်အပေါင်းရဲ့ အော်မြည်တဲ့ အသံများကလည်း ထိပ်ဆုံးက ခေါင်းဆောင်ငှက်ကို အားပေးသကဲ့သို့ ဖြစ်ပြီး အားရှိစေတယ် လို့ မှတ်သား ထားမိပါတယ် ခင်ဗျာ။

အခု steemit မှာလည်း ကျွန်တော်တို့ဟာ ခရီးရှည် ပျံသန်းနေကြတာပဲ ဖြစ်ပါတယ်။steemit myanmar ဆိုတဲ့ ငှက်အဖွဲ့ကြီးပေါ့ဗျာ။ ထိပ်ဆုံးက ငှက်က တော့ ကိုဟင်နရီပေါ့။ကျွန်တော်တို့ Junior တွေ newbies တွေ ကိုယ်စား ထိပ်ဆုံးက ကိုဟင်နရီကို ကတိတစ်ခု ပေးချင်ပါတယ်ဗျာ။ကျွန်တော်တို့ဆီက ထွက်ပေါ်လာတဲ့ စကားသံတွေက ရှေ့ဆုံးက ဦးဆောင် အစ်ကိုကြီးကို အားတစ်စုံတစ်ရာ ဖြစ်စေရပါမယ် ဆိုတဲ့ ကတိပါ။အခု ဆောင်းပါးကတော့ တစ်လတာအတွင်း ကျွန်တော့ရဲ့ အတွေ့အကြုံ ခံစားချက်တွေကို တင်ပြထားတဲ့ ကျွန်တော် ပြောပြလိုတဲ့ ကျွန်တော့် ရဲ့ စကားသံတွေပဲ ဖြစ်ပါတယ်။

main-qimg-ad73388b464770330bdeb8deb0cdc2d3-c.jpg

တကယ်တော့ အပေါ်မှာ ရေးထားတဲ့ ငှက်အုပ်စု အကြောင်းအရာက မပြီးသေးပါဘူး။အနည်းငယ် ကျန်နေပါသေးတဲ့ အကြောင်းအရာတွေကို ဆက်ရေးပါရစေဦး ခင်ဗျာ။အဲဒီငှက်အုပ်စုကြီးဟာ ပျံသန်းရင်း ထိပ်ဆုံးက ခေါင်းဆောင်ငှက် ပင်ပန်း နွမ်းနယ်တဲ့ အချိန်မှာ အခြားငှက်တစ်ကောင်က အစားဝင် ပျံသန်းပါသ တဲ့။ အဲဒီလို ထိပ်ဆုံးနေရာ အတွက် အစားဝင် ကူညီ ဖေးမ ပြီး ပျံသန်းကြရာက ငှက်အုပ်စုကြီးဟာ ခရီး ပိုမို တွင် ကျယ်လာရတယ် လို့မှတ်သားဖူးပါတယ်။အဲဒီအတွက် ကို ဟင်နရီ လိုမျိုး လေကိုခွင်းပြီး ထိပ်ဆုံးက ပျံသန်းနိုင် ပြီး အစားဝင် စွမ်းဆောင်နိုင်တဲ့ စီနီယာ ညီအကို များစွာ ပေါ်ထွက်လာနိုင်ပါစေ လို့ လည်း ဆန္ဒပြုရင်း ဒီ ဆောင်းပါးကို နိဂုံး ချုပ်လိုက်ပါတယ် ခင်ဗျာ။

ရေးသားသူ >> @shweyaungmyanmar

Sort:  

အရန်းကောင်းပါတယ်ဗျာ myanmar steemit အတွက်အားဖြစ်စေပါတယ် ဗျာ

ညီလေး domelay ဆီက
သင်ယူချင်တာတွေ ရှိနေတယ်ဗျို့
ဟိုးအရင်တစ်ခါ post မှာ
ဖတ်ဖူးခဲ့တာ ရုပ်ဆိုးကြီးတို့ ဘာတို့
စကားဝှက်တွေ ထည့်ပြီးရေးတာလေ
မေးမယ် မေးမယ်နဲ့ မမေးဖြစ်သေးတာ

အကိုပြောတာ အဲ့မျိုးလေးပြောတာလားမသိဘူး ဗျာ အဲ့ဒါက လွယ်ပါတယ် ဗျာ

လွယ်တာကို ပြောပြပါတော့ ညေး

အရင်က စာရေးပြီးရင် ဖတ်ပြီးဝေဖန်အကြံပေးမယ့်သူမရှိပါဘူး။ အခု steemit နဲ့တွေ့မှပဲ ကိုယ်ရေးတဲ့ စာတွေကို ဖတ်ပေးမယ့်သူငယ်ချင်းတွေရှိလာလို့ steemit ကို တကယ် ကျေးဇူးတင်မိပါတယ်။

ဟုတ်တယ် bro ရေ
steemit မှာ အစစ်အမှန်တွေ
အများကြီး မြင်တွေ့နေရပါတယ်

Bro ရဲ့ post က ပိုပြည့်စုံတယ်
Steemit နဲ့ လိုက်ဖက်တယ်
ကျွ န် တော်ပို့စ် မဖြစ်နိုင်ဘူးရယ်
ကျွ န် တော် မပြိုင်တော့ဘူးလို့  ဆုံးဖြတ်ထားတာ
CB မှာ link လာပို့ တာနဲ့
ment ဖြစ်သွားတာ
ကျေးဇူးတင်ပါတယ်

ကျေးဇူးပါ bro
အခွင့်အရေး အတူတူပါပဲ
bro လည်း ကံကောင်းပါစေဗျ

အရင်​က digital marketing အ​ကြောင်း​ရေး​နေတုန်းက bro စာ​တွေကို ကြည့်​ပြီး သိပ်​မယုံကြည်​ခဲ့ဖူး ဆိုတာ အရင်​ ဝန်​ခံပါရ​စေ။ အဲ့အတွက်​​တောင်းပန်​ပါရ​စေ။ အရမ်း​ကောင်းတဲ့ စာ​တွေ သူမ​ရေးနိုင်​​လောက်​ဘူးဟု ထင်​ထားမိခဲ့တာ အထင်​​သေးမိခဲ့တာ​တွေ ဒီ post နဲ့​တွေ့မှ ကျ​နော်​ လုံးလုံးမှားပီဆိုတာ သိလိုက်​ရပါသည်​။ ကျ​နော်​တို့ထက်​ အဆ​ပေါင်းများစွာ ​တော်​​သော ညီအကိုတစ်​​ယောက်​ကို အ ခု​တွေ့ရပြန်​တယ်​ဗျာ။ ပညာတတ်​တ​ယောက်​ဝင်​လာတိုင်း ကျ​နော်​ အရမ်း​ပျော်​မိတယ်​ဗျာ ။
Bro တို့ ဒီ​လောက်​အ​ရေး​ကောင်း အ​တွေး​ကောင်းရှိလျက်​နဲ့ အရင်​ steemit အ​ကြောင်း​တွေ ဖြစ်​သင့်​တာ​တွေ ​ဝေဖန်​​ရေးသားခြင်းမလုပ်​ပဲ တခြားဟာ​တွေ ဘာသာပြန်​ခြင်း သည်​ bro တို့ အတွက်​ နစ်​နာတယ်​ဆိုတဲ့ ကျ​နော်​​ပြော​နေကျ စကားသည်​လည်း ဒီအဖြစ်​အပျက်​​ကြောင့်​ မှန်​သွားပြန်​ပြီ။

digital marketing ကို လေ့လာချင်လို့ပါ bro
ထုက်ထုပ်ပိုးပိုး ဖြစ်သွားအောင်
pdf file လိုက် ဘာသာပြန်ဖြစ်တာပါ
newbies တွေကို ပုခုံးထမ်းတင်ပေးတဲ့
admin team နဲ့ ဝေဖန်ထောက်ပြပေးတဲ့
bro သက် တို့ကို ကျေးဇူးတင်တဲ့အကြောင်း
ထပ်ပြောပါရစေဗျ

လေးစားပါတယ်ဗျာတတော်လေးကိုလေးစားပါတယ်။
နောက်နောင်postတင်တဲ့အခါမျိုးမှာရသတခုရအောင်
ကြိုးးဖို့အသိရလိုက်ပါတယ်။တကယ်ကိုတနဖိုးရှိပါတယ်။

အားပေးပါတယ် bro
ကျွန်တော်လည်း ကြိုးစားပါ့မယ်
ဖတ်ရှုတာ ကျေးဇူးပါဗျ

ကဲဗျာ အစကနေအဆုံးထိ ဖတ်ပလိုက်ပီ
ငှက်အုပ်ကြီးအကြောင်းလည်းဆက်အုံးဗျိုး

ငှက်အုပ်ကြီးက ခရီးဝေးပျံသန်း ရမှာပါ အစ်ကို
ရေးစရာတွေ အများကြီး ရှိဦးမှာပါ
အခုလို ဖတ်ရှုပေးတာ ကျေးဇူးပါဗျ

ရေးရမှာတော့ ခပ်တွန့်တွန့်ပါဘဲ၊ ကိုယ့်ပုံကိုလဲပြူးနေအောင်ထည့်ထားတာဆိုတော့ အမြင်မှာ ကတိလေးပါး တစ်ပါးပါးဖေါက်လို့ ဆိုတဲ့အမြင်ရောက်မှာလဲစိုးရိမ်မိတယ်။ သို့သော်လည်း စာရေးသူက ရင်ထဲရှိတာကို အားပြည့်ခွန်ပြည့်ဖွင့်ပြထားတာတွေ့ရ ပါတယ်၊ သို့သော်လည်းသူ့ ရင်ထဲမှာ ကျန်နေသေးတယ်၊ ကုန်စင်အောင်အံမထုတ် နိုင်သေးတာကိုလဲမြင်နေရတယ်။ ရေးသားတင်ပြမှုအစီအစဉ်ကလည်းကောင်းမွန် နေပြန်တယ်။ စာလုံးပေါင်းသတ်ပုံတွေကလဲမှန်ကန်တယ်။ Steem မှာ အများစုက စာပိုဒ်ခွဲလေ့မရှိပါ၊ ယခုစာပိုဒ်ကိုစနစ်တကျခွဲထားတာလဲတွေ့ရပါတယ်၊ အရေးအသားပိုင်းမှာ စကားပြေမဆန်သေးတာက လသားအရွယ် မို့ခွင့်လွှတ်လို့ရပါတယ်။ နောက်ပိုင်း စကားပြေဆန်ဆန်ဆရးသားသွားဖို့ တိုက်တွန်းရန်မလိုသော စိတ်ထားကိုလည်းတွေ့မြင်နေရပါတယ်။ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ ဆိုတာ @shweyaungmyanmarလိုမျိုးကိုပြောဟန်ရှိပါတယ်။ ကိုယ်တိုင်လေ့လာရင်းနဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာမှာပါလို့သုံးသပ်ရကြောင်းပါဗျာ။ Steemit Myanmar အားကိုလုံးကိုချစ်တဲ့ (THO)

ကိုယ် လေးစားရတဲ့ ဆရာတွေက
post တစ်ခုချင်းစီကို စေတနာ အပြည့် နဲ့ အကောင်း
ဆုံးရေးသားနေတာ တွေ့နေရတော့
ကျွန်တော်တို့ အနေနဲ့က
တစ်လတစ်ခါ ရေးရတဲ့
တစ်လတာ အတွေ့အကြုံလေးကိုတော့
အားထည့်ရေးမှပါလို့ တွေးမိခဲ့ပါတယ်ဗျာ
ဆရာ့ရဲ့ သွန်သင်မှုတွေကိုလည်း အကောင်းဆုံး
လိုက်နာဖို့ ကြိုးပမ်းလျက်ပါ ခင်ဗျ

မြန်မာစကားပြေရေးသားနည်းကို ဆရာ့ Post များကို ဝင်ရောက်ဖတ်ရှု့ပြီးအတုယူကာဆရာ့ထက်သာလွန် ကောင်းမွန်အောင်ရေးသားနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါ တယ်။

ဟုတ်ကဲ့ပါ ဆရာ

you are good writer. yes, kachinhenry is pioneer and good person that he share with us about steemit. we need unity to grow as good community.

Yes , brother
Let try together

အရမ်းကောင်းတယ်ကိုကြီး

အခုလို support ပေးတာ ကျေးဇူးပါ ညေး

ကျွန်တော့်အမြင်လေးကတော့ လွတ်နေတဲ့ဟာကွတ်လေးတွေကို အမိအရထောက်ပြသွားပီး အရမ်းကောင်းတဲ့ စကားစပ်တွေနဲ့ အမိအရချိတ်စပ်ပေးသွားတဲ့ အရေးအသားတင်ပြမှု့တွေက်ုကောင်းကောင်းမြင်လိုက်ရပါတယ် အရမ်းကောင်းတာထက်ပိုတဲ့ ပိုစ်တစ်ခုလို့ ပြောပါရစေ

ကျေးဇူးပါ ကို သာအေး ရ
ခုလို support ပေးတဲ့ အတွက်

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.033
BTC 64071.08
ETH 2763.75
USDT 1.00
SBD 2.66