စစ်မှန်ရိုးသားမှုsteemCreated with Sketch.

in #myanmar7 years ago

IMG_20170815_085049.JPG

ကလေးလေး တစ်ယောက်နဲ့ကလေးမလေးတစ်ယောက်ဟာ အတူတကွ ဆော့ကစားနေကြပါ တယ်။ ကလေးလေးမှာ ဖန်ဂေါ်လီ လုံးလေးတွေ အထုပ်လိုက်ရှိပါတယ်။ကလေးမလေးမှာ သကြားလုံး အချို့ ရှိနေပါ တယ်။ကလေးလေးက သူရဲ့ ဖန်ဂေါ်လီများ အားလုံး နဲ့ ကလေးမလေးရဲ့ ချိုချဉ်များကို လဲလှယ်ရန် ပြောလိုက် ပါတယ်။

ကလေးမလေးက သဘောတူလိုက်ပါတယ်။ ကလေးလေးဟာ သူ့ရဲ့ အလှဆုံးဖန်ဂေါ်လီ များထဲမှ အကြီး ဆုံးတစ်ခုကို ကလေးမလေးကို မပေးဘဲ ထိမ် ချန်ခဲ့ပါတယ်။ ကလေးမလေးကတော့ သူမရဲ့ ကတိအတိုင်း သကြားလုံးများ အားလုံးကိုပေးခဲ့ပါတယ်။ အဲဒီ နေ့ညမှာကလေးမလေးက အေးချမ်း စွာအိပ် ပျော်ခဲ့ပါတယ်။

ကလေးလေးကတော့အကောင်းဆုံး ဖန်ဂေါ်လီလုံးကို သူဝှက်ထားခဲ့သလိုမျိုး ကလေးမလေးဟာ သူမရဲ့ ချိုချဉ် များကို ထိမ်ချန်ခဲ့လေမလား ဆိုပြီး သိချင်စိတ် နဲ့ အိပ်မပျော် ခဲ့ပါဘူး။ ပေါင်းသင်းဆက်ဆံရေး တစ်ခုမှာ သင့်ဖက်က ရာနှုန်းပြည့် မပေးခဲ့ဘူးဆိုရင်သင့်မိတ်ဆွေသူငယ်ချင်း ဘက်မှလည်း ရာနှုန်း ပြည့် ပေးပါ့မလားဆိုတဲ့ သံသယများကို အမြဲ သိမ်းဆည်းထားနေ မိတတ်ပါတယ်။

boy-girl-playing.jpg

မိမိပတ်ဝန်းကျင်ကို ရှုမြင် သုံးသပ် ရာမှာ မိမိရဲ့ ကိုယ်ပိုင်ပေတံနဲ့သာ တိုင်းတာ သုံးသပ်လေ့ ရှိကြပါတယ်။မိမိထံမှာ ရှိနေတဲ့ ပေတံက ဘယ် လောက် မှန်ကန်မှု ရှိနေလဲ ဆိုတာကတော့ မိမိနဲ့သာ သက်ဆိုင်ပါတယ်။မိမိထံမှာ ရှိနေတဲ့ အရာများနဲ့ ထိုက်တန်မှုရှိတဲ့ အရာများကသာ မိမိထံသို့ရောက်ရှိလာ မှာဖြစ်ပါတယ်။

ယနေ့အေးချမ်းစွာ အိပ်စက်လိုတယ်ဆိုရင် ယနေ့ပင် ရိုးသားလိုက်ပါ။မိမိ ရိုးသားမှုရှိနေကြောင်း ကိုယ် တိုင် သိရှိမိသည်နှင့် တပြိုင်နက် ထိုအသိက အေးချမ်းမှုရှိရာ ဆီသို့ ခေါ်ဆောင်သွားပါလိမ့်မယ်။အခြားသူတစ် ပါးအပေါ် ရိုးသားစွာ ပြုမူဆက်ဆံလိုက်ခြင်းက ထိုသူတို့ကို တန်ဖိုးကြီးလက်ဆောင် ပေးကမ်းလိုက်သကဲ့သို့ ဖြစ်ပါ တယ်။

မိမိတို့စိတ်သဏ္ဍန်အတွင်း ဝင်ရောက်လာနိုင်တဲ့ မလိုလားအပ်တဲ့ ပူလောင်မှု မလုံခြုံမှု များကို ကန့်သတ် ထားလိုက်ခြင်းလည်း ဖြစ်ပါတယ်။အခြားသူတစ်ပါးအပေါ် ရိုးသားစွာ ဖြင့် အပြည့်အဝ ပေးကမ်း လိုက်ခြင်းက မိမိကိုယ်မိမိ တန်ဖိုးထားခြင်း ဖြစ်ပြီး အခြားသူတစ်ပါးတို့အပေါ် မရိုးဖြောင့်ခြင်းက မိမိကိုယ်မိမိ တန်းဖိုးထားလေးစားမှု မရှိခြင်းသာ ဖြစ်ပါတယ်။

download (10).jpg

ကိုယ်အပေါ်ရိုးသားမှုနဲ့ ပြုမူဆက်ဆံလာသူများကို ရိုးသားမှုနဲ့ပဲ ပြန်လည် တုံ့ပြန်ကြပါတယ်။ရိုးသားမှု ကို အလိုရှိတယ်ဆိုရင် မိမိက အရင် ရိုးသားမှု ပေးလိုက်ရန်သာ လိုအပ်ပါတယ်။မိမိတစ်စုံတစ်ရာ ပြုမူဆောင် ရွက်ပြီးတိုင်း မိမိစေတနာ ဘယ်လောက်စစ်မှန်မှု ရှိလဲဆိုတာ ဆန်းစစ်ကြည့် ပါ။မိမိပေးလိုက်တဲ့ အရာဟာ မိမိပြန်ရရှိမဲ့ အရာဖြစ်ကြောင်း နားလည် သဘောပေါက်ထားပါ။

မည်သို့အရာ များပဲ ဖြစ်ပေါ်စေသည်ဖြစ်စေ ထိုအရာဟာ မိမိစိုက်ပျိုးခဲ့သည်များက သီးပွင့်လာသောအရာများ ဖြစ်ကြောင်း နားလည်နေရပါမယ်။ထိုသို့ ဆန်း စစ်ကြည့်တတ်တဲ့ အလေ့အထ ရှိပြီး အကြောင်းအကျိုး နားလည်နေပြီ ဆိုလျှင်ပင် အလွန် တန်ဖိုးရှိတဲ့ အလေ့အထတစ်ခုကို ရရှိနေပါပြီ။

မိမိအပြုအမူ အပြောအဆိုများမှာ ရိုးသားစစ်မှန်မှု ဘယ်လောက်များ အားကောင်းနေပါပြီလဲ။စစ်မှန်မှု နဲ့ အတူ ရိုးသားမှုကို တန်ဖိုးထား အသုံးပြုတတ်နေပြီလား။သင့်အပေါ် ရိုးသားစစ်မှန်မှု ပေးတဲ့ သင့်ရဲ့ သူငယ် ချင်း မိတ်ဆွေများကိုရော သတိပြုပါရဲ့လား။သင့်ဟာ ရိုးသားစစ်မှန်စွာ အပြည့်အဝ ပေးကမ်းလိုက်မှု နဲ့အတူ ကောင်းမွန်စွာ အိပ်စက် အနားယူနိုင်သူ တစ်ယောက် ဖြစ်နေပြီလား။

images (48).jpg

သင်ဟာ ရိုးသားစစ်မှန်မှု မရှိခြင်းရဲ့ နောက် ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို သတိပြုမိပါရဲ့လား။ အေးချမ်းပျော်ရွှင်မှု အစစ်အမှန်ဟာ ရိုးသားဖြူစင် တဲ့စိတ်ဓါတ်မှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း သတိပြုမိပါရဲ့လား။

ကျွန်တော်တို့ထံမှ အမျိုးအမည် တစ်စုံတစ်ရာ မသတ်မှတ်နိုင်တဲ့ ကြိမ်နှုန်းမဲ့ လှိုင်းများဟာ အခြား ပတ် ဝန်းကျင် အစိတ်အပိုင်းများကို ရိုက်ခတ်နေလေ့ရှိကြပါတယ်။စိတ်မနှံ့တဲ့ အရူးတစ်ယောက်အနီးမှ ဖြတ် လျှောက်သွားခဲ့မယ်ဆိုရင် သရိုးသရီ စိတ်ခံစားချက်တွေ ဖြစ်လာပါတော့တယ်။သင်ဟာ ခန့်ခန့်ညားညား ထိုင်နေမယ်ဆိုရင်တော့ မည်သူတစ်ဦးတစ်ယောက်ပင် ဖြစ်စေ သင့်ရှေ့မှ နမော်နမဲ့ ဖြတ်လျှောက် သွားဖို့ရာ တွန့် ဆုတ်သွားနိုင်ပါတယ်။

မည်သို့အခြေအနေမှာပင် ဖြစ်စေ ကျွန်တော်တို့ထံမှ တစ်စုံတစ်ရာဟာ လွင့်ပျံ့ ရိုက်ခတ်မှုရှိနေမှာ ဖြစ်ပါတယ်။သင်ရဲ့ ဖြူစင်ရိုးသားမှု ကြိမ်နှုန်းများကို သင့်ပတ်ဝန်ကျင်က ခံစားသိရှိနိုင်ပါ တယ်။သင်ရဲ့ ဖြူစင်ရိုးသားမှု ကြိမ်နှုန်းများကို သင့်ပတ်ဝန်ကျင်သို့ ထုတ်လွှတ်နိုင်လေ လေ သင့်ပတ်ဝန်းကျင် မှ ချစ်ခင်မှု ယုံကြည်မှု များရရှိလာလေ ဖြစ်နေမှာဖြစ်ပြီး သင့်ဟာ အေးချမ်းပျော်ရွင်မှုကို မြင်တွေ့နိုင်တဲ့ လူ တစ်ယောက် အဖြစ်ကို ရရှိလာစေမှာဖြစ်ပါတယ်။

images (49).jpg

ရေးသားသူ >> @shweyaungmyanmar
photo >> google

Sort:  

ကျေးဇူးပါဗျ

သီချင်းထဲကလို အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို

ကလေး ဘဝဆိုတာက နှစ်သက်ဖွယ် ကောင်းလှပါတယ်

good sharing

ကျေးဇူးပါဗျ

Opinion thought မရှိပါ ထပ်​​ရွေး​စေချင်

bro ရွေးပေးစေချင်ပါတယ်

ဟုတ်ကဲ့ ကျွှန်တော်လူရိုးပါ ဟီးဘားဟုတ်ဖူးပြောကြည့်တာ

လူရိုးလေးပါ

အလွန်ကောင်းတယ်ဗျာ

ပျော်ဘီလေ

Congratulations @shweyaungmyanmar! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

လူလဲအရိုးပဲရှိတော့တယ်

goodတယ် idea

တကယ်လား ဗျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63022.98
ETH 2580.28
USDT 1.00
SBD 2.72