ဆန့်ကျင်ဖက် အနေအထားသို့ ရှုမြင်ခြင်း

in #myanmar7 years ago (edited)

download.png

ဖခင် တစ်ဦး သည် မဂ္ဂဇင်း တစ်အုပ် ဖတ်ရှုနေခိုက် တွင် သူ၏ သမီးငယ်သည် အနားတွင်ရှိနေခဲ့ပြီး စကား တွတ်တီးတွတ်တာ ပြောဆိုနေခဲ့ကာ ဖခင်ဖြစ် သူသည် စာဖတ်မရနိုင်ပဲ စိတ်အနှောက် အယှက် ဖြစ် နေခဲ့ လေသည်။

ထို့အတွက် ဖခင်ဖြစ်သူသည် သူမ ကို အလုပ်ရှုပ်နေ စေရန် အလို့ငှာ ပုံနှိပ်ရိုက်နှိပ်ထားသော ကမ္ဘ္ဘာ့ မြေပုံ တစ်ခု ပါသည့် စာရွက်တစ်ရွက်ကို ဖြဲယူလိုက်လေ ၏။ ထို့နောက် ၎င်းကို အပိုင်းပိုင်း ဆုတ်ဖြဲလိုက်ကာ သူမကို အခန်းအ တွင်းသို့ သွားစေ၍ မြေပုံကို မူလအကောင်းအတိုင်း ပြန်ဆက်ခဲ့ရန် ပြောလိုက် လေ သည်။

ဖခင်သည် သမီးဖြစ်သူ ထိုအရာပြီးစီးရန်အတွက် တစ် နေ့လုံး ကုန်ဆုံးကြာမြင့်လိမ့်မည်ဟု တထစ်ချ တွက်ဆထားခဲ့လေ၏။သို့ သော် သမီးငယ်သည် မိ နစ်ပိုင်းအတွင်း ပြည့်စုံကောင်းမွန်သော မြေ ပုံ နှင့် အတူ ပြန် ရောက်ရှိလာခဲ့လေ၏။

ဖခင်ဖြစ်သူက သူမကို မည် သို့ လျင် မြန်စွာ အပြီး လုပ်ဆောင်ခဲ့ သလဲ ဟူ၍ မေး မြန်းသောအခါ သူမက " အိုး အဖေ ဒီစာရွက်ရဲ့ အ ခြားတစ်ဖက်မှာ လူ ကြီး တစ်ဦး ရဲ့ မျက်နှာ တစ်ခု ရှိပါတယ်။သမီးဟာ ကောင်းမွန်ပြည့်စုံ တဲ့ မြေပုံ ကို ရရှိဖို့ရန် တစ်ဖက်မှ လူကြီးရဲ့မျက်နှာကို ပြည့်စုံအောင် ပြုပြင် လုပ် ဆောင်ခဲ့ပါတယ် ´´ ဟူ၍ ပြောပြလိုက် လေသည်။ ထို့နောက် သူမသည် အံ့သြ တစ်ကြီး ဖြစ်နေ သော ဖခင်ကို ချန်ထားခဲ့ကာ ကစားရန် အိမ်အပြင်သို့ ပြေးထွက်ခဲ့လေ၏။

၎င်းနှင့် အလားသဏ္ဍန် တူ ဖြစ်သော BAB ကြေငြာ ကို ရုပ်မြင်သံကြားတွင် မကြာခဏ ကြည့်ခဲ့ဖူးပါ သည်။ခန့်စည်သူ ၏ " သားဖက်က BAB ရှိနေမှ တော့ ဖေဖေ အရှုံးပေးလိုက်ပါပြီ " ဟူသော BAB ကြေ ငြာဖြစ်ပါ၏။၎င်းကြေငြာ နှင့် ပတ်သက်၍ အ တွေးစ တစ်ခုမှာ " မိမိ လိုအပ်လျက်ရှိသော အဖြေ သည် မိမိဖြေရှင်းရမည့် စာမျက်နှာ တစ်ဖက်တွင် သာ ရှိနေသည်မဟုတ်ပဲ ၎င်းနှင့် ဆက်စပ်လျက်ရှိသည့် အခြား စာမျက်နှာတွင်လည်း ရှိနေနိုင်သည် " ဟူ၍ပင် ဖြစ်ပါ၏။

ယခု ဤစာကိုမရေးသားခင် နှစ်ရက်ခန့်အကြာက ဦးလေး တစ်ယောက်နှင့် လက်ဖက်ရည် ဆိုင် ထိုင် ရန် ကမ္ဘာအေး ဘုရားဝန်း အတွင်းသို့ သွားခဲ့ပါ သည်။ ကိုယ်စီ လက်ဖက်ရည် မှာပြီးချိန်တွင် ဦးလေး ဖြစ်သူက အားကစား ဂျာနယ် ဖတ်လိုလျှင် ကားအ တွင်း၌ ယနေ့ထုတ် တစ်စောင် ပါကြောင်း ပြောပြ၍ ကျွန်တော်က ဖတ်ရှုလိုသည့်အတွက် သွားရောက် ယူရန် အလို့ငှာ ထွက်လာခဲ့ပါ၏။

ထို့နောက် ကားအရှေ့ပိုင်း တံခါးသို့ သော့ထိုး၍ လှည့်ဖွင့် လိုက်သော်လည်း တံခါးသည် ပွင့်မလာ ခဲ့ပေ။သို့ဖြစ်ပါ၍ သည်အတိုင်းလှည့်ပြန် သွားလျှင် သိက္ခာ လည်း ကျပေမည်။ရှေ့ တံခါး မရလျှင် နောက်တံခါး ရပေမည်ဟု တွေး၍ နောက်ကားတံခါးကို ဖွင့် ကြည့် လိုက်ပြန်သည်။

သို့သော် တံခါးသည်ကား ပွင့်မလာခဲ့ပေ။ကျွန် တော့် အနေဖြင့် မည်သို့ စဉ်းစားရမည်နည်း။ ကျွန် တော် ခပ်ရှက်ရှက် ဖြင့်ပင် တံခါးဖွင့်မရခဲ့ကြောင်း ဦးလေးကို ပြောပြခဲ့ပါ၏။ကျွန်တော် ရှေ့တံခါးမရ၍ ဆန့်ကျင်ဘက် နောက်တံခါးကို ဖွင့်ကြည့်ခဲ့ပြီး ဖြစ် လေသည်။

တစ်ကယ်၍ ကျွန်တော် သော့လှည့် ဖွင့်ရာတွင် ညာ ရစ် မရ ၍ ဘယ်ရစ် သို့ပြောင်း၍ ဖွင့်ကြည့်ခဲ့ပါလျှင် ……

တကယ်တမ်း အဖြေမှာ ကားသော့အိမ်မှာ ညာရစ်မဟုတ်ပဲ ဘယ်ရစ်သာ ဖြစ်လေပါတော့၏။

ကမ္ဘာပေါ်မှ သင်တွေ့ကြုံခဲ့ရသည့် မည်သည့်အရာ အရာပင် ဖြစ်စေ ထိုအရာတွင် အခြားမျက်နှာစာ တစ်ဖက် ရှိနေမြဲ ဖြစ်ပါ၏။ သင်သည် ရှုပ်ထွေးတဲ့ အခြေအနေ တစ်ခု (သို့မဟုတ်) စိန်ခေါ်မှု တစ်ခုကို ကျော် ဖြတ်ရန် ရှိနေသည့်အချိန်တွင် ၎င်းအနေအထား များရဲ့ အခြားမျက်နှာစာတစ်ဖက်ကို ကြည့်လိုက်ပါ။ထိုအခါ သင် ဟာ ၎င်းပြဿနာကို ကိုင်တွယ်ဖြေရှင်းမှု ပြု နိုင်ရန် လွယ်ကူသော နည်းလမ်း ရှိနေသည်ကို အံ့ သြဖွယ် မြင်တွေ့ရပါလိမ့်မည်။

PHOTO >> GOOGLE

FRIENDLY ,
@shweyaungmyanmar

Sort:  

တခါတလေ လွယ်ကူတာတွေကိုမျကိစိလျမ်းတကြပါတယ်ဗျာ

ဖတ်ရှုတာ ဝေဖန်ပေးတာ ဝမ်းသာပါတယ် ဗျ
ခုမှ ရောက်လာတာထင်တယ်
ကြိုဆိုလျက်ပါဗျ

ဖတ်ရှုတာ ကျေးဇူးပါ

@mrainp420 has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

ရေးထားတာ​ကောင်းပါတယ်

thank ကြီးအတာ

အျမင္သစ္တခုတိုးသြားပီ

ဖတ်ရှုတာကျေးဇူးပါ ကို သာအေးရ

လက်ဖမိုး ရှိနေသလို လက်ဖဝါးလည်းရှိနေတတ်တယ်

သဘောတရား တစ်ခုအနေ လောက်ပဲ သိတာပါ အစ်ကိုစိုး
ကိုယ်တိုင် လည်း ကျင့်သုံးဖို့ အားနေနေလျက်ပါပဲ

Thank you
I like it

ကျေးဇူးပါ bro

ဘယ်ညာ ရှေ့နောက် အစုံ လေ့လာမှဘာ

ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ ပေါ့ ညေး do

Coin Marketplace

STEEM 0.15
TRX 0.15
JST 0.028
BTC 54045.75
ETH 2247.37
USDT 1.00
SBD 2.30