Digital Marketing အခြေခံနိယာမများ - အပိုင်း(၁)

in #myanmar7 years ago (edited)

FB_IMG_1501712948251.jpg

၁။ Internet Marketing အခြေခံ အဆင့်

(က) မိတ်ဆက်

ကမ္ဘ္ဘာပေါ်မှ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတိုင်းသည် စားသုံးသူများ၏ အာရုံစိုက်မှု ဝေစု ကို ရရှိနိုင်ရန်အတွက် ယှဉ်ပြိုင်နေကြရပြီး Company ၏ ဖောက်သည်အရေအတွက်နှင့် ၎င်းဖောက်သည်တို့၏ စိတ်ဝင်စားမှုများကို မြင့်တင်ရာ တွင် Marketing သည် အဓိက ဇာတ်ကောင် အဖြစ် ပါဝင်လျက် ရှိနေပါသည်။ရင်းနှီးမြုပ်နှံမှု လုပ်ငန်းငယ်များ နှင့် လုပ်ငန်းကြီးများ တဖြည်းဖြည်း မြင့်တက်လာမှုနှင့်အတူ ၎င်းတို့သည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခု အတွင်း ကြီးထွားလာခဲ့ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များတွင် ငွေရင်း စိုက်ထုတ်သူများများ ကုန်ထုတ်လုပ်သူ များ ကြားခံဆောင်ရွက်ပေးသူများနှင့် အလျှံပယ် ဖြစ်နေခဲ့ကာ အားလုံးသည် ၎င်းတို့၏ လုပ်ငန်း လည်ပတ်မှု အခြေအနေ ကို အကောင်းဆုံးအနေအထားရှိနေစေရန် ကြံစည်အားထုတ်လျက်ရှိကြပါ၏။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တိုင်အောင်ပင် marketing နဲ့ ပတ်ပက်၍ အဆိုးမြင်သဘောထား ရှိခဲ့ကြ သည်။၎င်းကို အရင်းအမြစ်များ အကျိုးမဲ့ ဖြုန်းတီးခြင်း ထက်ဘာမျှ မပိုဟူ၍ ယူဆခဲ့ကြပြီး ပိုမိုကောင်းမွန်သော ရင်းနှီးမြုပ်နှံမှုအဖြစ် ကုန်ပစ္စည်းထုတ်လုပ်ခြင်း နှင့် ရောင်းအားတည်ဆောက်ခြင်းတို့တွင် ငွေကြေးသုံးစွဲခဲ့ ကြ သည်။၎င်းရောင်းအားဦးတည်သည့် ချဉ်းကပ်မှုပုံစံသည် လုပ်ငန်းအတွက် စားသုံးသူများ ငြင်းဆန်ရန် မစွမ်းသာ သည့် ဆွဲဆောင် မှုတစ်ခု ဖန်တီးခြင်းထက် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းသို့ အတင်း ကာရော တွန်းပို့ နေသကဲ့သို့ ဖြစ်နေပါ၏။

images (17).jpg

Marketing သည် ၎င်းဆွဲဆောင်မှု အတွက် လုပ်ဆောင်ရန်များကို စီမံခန့်ခွဲပါသည်။ဆန်းသစ် တီထွင် မှုများရှိသော မဟာဗျူဟာများ နှင့် သဘောထားအမြင်များဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ကြေငြာ လှုံ့ဆော်မှုများသည် လိုအပ်နေသော သိမြင်နားလည်လာစေမှုများကို ဖန်တီးလုပ်ဆောင်ခြင်းဖြင့် အရောင်း သတ်မှတ်ချက်များကို ပြည့်မှီစေကာ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ၏ ရည်မှန်ချက်များ အားလုံးအတွက် အရေးပါ သော ဇာတ်ကောင်တစ်ခုအဖြစ် တဖြည်းဖြည်း ပါဝင်လာလျက် ရှိနေပါသည်။သို့ဖြင့် Marketing ၏ အခန်းကဏ္ဍသည် ပိုမိုရှင်းလင်း၍ ပီပြင်လာခဲ့ပါ၏။ယနေ့တွင် အောင်မြင်သော ရင်းနှီးမြုပ်နှံမှု လုပ်ငန်းအတွက် ပထမဦးစွာလိုအပ်သော စစ်မှန်သော Marketing မဟာဗျူဟာ မရှိခင် အချိန်တွင် ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ရန်အတွက် စဉ်းစားတွေးခေါ်ခြင်းကို မပြုနိုင်ကြတော့ပေ။

ထို့ကြောင့် စူးစမ်းလိုကြသော | ဇီဇာကြောင် စေ့စပ်သေချာလှသော | ရှင်းရှင်းလင်းလင်း အပ်ကျမတ် ကျ သိလိုကြသော စားသုံးသူများ ဖြင့် ပြည့်နှက်နေသည့် ဈေးကွက်အတွက် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတစ်ခု၏ လက်နက်သည် Marketing ပင် ဖြစ်လေ၏။၎င်းသည် မေးခွန်များ အဖြေရရှိရန် | ပြဿနာများ ဖြေရှင်း ရန် | အဖြေများ တင်ပြရန် နှင့် စားသုံးသူများနှင့် ရေရှည် ဆက်ဆံရေး တည်ဆောက်ရန် စသည့် အချင်းအရာ များ ဖြင့် လုပ်ငန်းကို အကူအညီ ပေးပါသည်။၂၁ ရာစုမှာတော့ အခြား အလားသဏ္ဍန် တူ အမြင် တစ်ခု ထွက်ပေါ် လာခဲ့ပြီး ၎င်းကတော့ Online Marketing ပင် ဖြစ်၏။

images (20).jpg

ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများသည် စားသုံးသူများကို အပြိုင်အဆိုင် ဆွဲဆောင်လာကြခြင်းနှင့်အတူ Internet သည် လူထုအကြား ပျံ့နှံ့ ရောက်ရှိဖို့ရာ နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု များကို ကြားခံ ဆက်သွယ်ရေး အမျိုးမျိုး ရှုထောင့် အမျိုးမျိုး ဖြင့် Marketing လုပ်ဆောင်ရန် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်လာခဲ့၏။ယခုအချိန်တွင် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိ ကြေငြာ လုပ်ငန်းများ လည်ပတ် လျက် ရှိသော Online Marketing နယ်ပယ်သည် မကြာမီ အချိန်တွင် အလွန်ကြီးမားသော လုပ်ငန်းနယ်ပယ် တစ်ခု အဖြစ် မြင်တွေ့လာရဖွယ် ရှိနေပါသည်။

သို့သော်လည်း Marketing မဟာဗျူဟာများ၏ အရေးပါမှု နှင့် လိုအပ်မှုများကို နားလည်သဘောပေါက် ရန် လိုအပ်မှုရှိနေဆဲ ဖြစ်သောကြောင့် ရှေးရိုးစွဲ လုပ်ငန်းများအနေဖြင့် Online Marketing ကို အနေအထား တစ်ခု၌ စံနှုန်း တစ်ခု ထားရှိပေးဖို့ရာ မလွယ်ကူသေးပါ။၎င်းတို့ အနေဖြင့်`` brick and mortar business ´´ ဟူ၍ သုံးနှုန်းသော လက်တွေ့မျက်မြင် အရောင်းအဝယ် ဖြစ် နယ်ပယ်များ၌သာ လည်ပတ် လုပ်ကိုင် နေကြ သောကြောင့် Online Marketing ကို မလိုအပ်သောအရာဟူ၍ မြင်နေသေးပုံ ပေါ်ပါ၏။၎င်းအမြင်ကို မည်ကဲ့ သို့ ပြောင်းလဲရမည်နည်း။ရောင်ဝယ်ဖောက်ကားသူတစ်ဦးသည် Online Marketing နှင့်ပတ်သက်၍ သိမြင် နားလည်ခြင်းများမြင့်တင်ရန် နှင့် တီထွင်မှုများလုပ်ဆောင်နိုင်ရန် လိုအပ်သည့်အရာ က ဘာဖြစ်သနည်း။

images (19).jpg

အဖြေမှာ အလွန်ပဲ ရိုးရှင်းလှပါ၏။၎င်းတို့ တစ်ဦးချင်းစီကို Online Marketing နှင့် ပတ်သက်၍ မေးမြန်း ကြည့်ပါ။အဖြေတစ်ခု မပေးခင်အချိန်မှာပင် သူတို့အတွက် တွေးတောစရာများ ရှိသွားပါလိမ့်မည်။လူတို့ အတွက် Online Marketing နှင့် ပတ်သက်သော အမြင်မှာ ယခုအချိန်ထိ ရှင်းလင်းမှု မရှိသေးပေ။ကမ္ဘ္ဘာတစ် ဝန်း မှ သန်းပေါင်းများစွာသော လုပ်ငန်းများသည် ရေပန်းစားနေသော Online Marketing နှင့် ချိတ်ဆက်လုပ် ကိုင်နေကြချိန်တွင် အခြားသန်းဂဏန်းမျှသော လုပ်ငန်းများမှာ ၎င်းကဲ့သို့ ချိတ်ဆက်လုပ်ဆောင်ခြင်းသည် ထိုက်တန်မှု ရှိ မရှိ အလေးအနက် စဉ်းစားနေဆဲ ဖြစ်ပါ၏။

စစ်မှန်သော Online marketing အကြောင်းကို နားလည်ကာ မည်ကဲ့သို့ အသုံးချရမည်၍ လုပ်ငန်း တစ်ခုကို သာမန်အခြေအနေတစ်ခု မှ ထူးကဲသော အခြေအနေ တစ်ခု သို့ ရောက်ရှိလာစေရန် ခေတ်သစ် နည်းပညာများက မည်သို့ မြှင့်တင်ပေးနိုင်ကြောင်းကို ဆက်လက် ရေးသားပါဦးမည်။

images (18).jpg

source >> https://www.emarketinginstitute.org/

Translator >> @shweyaungmyanmar

Sort:  

ကျေးဇူးပါ အစ်မ

ကောင်းပါတယ်, ဆက်ပြီးတော့ ရေးပါဦး

ကြိုးစားပါ့မယ် အစ်ကို

အားပေးနေပါတယ်ဗျ!

ကျေးဇူးပါ brother

following you to read more.

ကောင်းတယ်ဗျာ ဗဟုသုတတွေရပါတယ်။

ဟုတ်ကဲ့ အစ်ကို့ရဲ့ စာတွေလည်း ကျွန်တော် ဖတ်ပါတယ်

Yes , Thank a lot

ဟုတ် ကြိုးစားကြတာပေါ့ဗျာ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67527.39
ETH 3259.14
USDT 1.00
SBD 2.64