စီးပွားပျက်​လျှင်​စိတ်​ပြင်​ဆင်​(၂)

in #myanmar7 years ago (edited)

HFS - 10
@shwebote
fb name - [email protected]
GP A

ဒုတိယပိုင်းအဆက်. . .

စီးပွားပျက်လျှင် စိတ်ပြင်ဆင် (၂)

image

    လုံ့လဝီရိယရှိသူတွေထံကို  လာတတ်တာကတော့  စည်းစိမ်ဥစ္စာနဲ့  ချမ်းသာခြင်းပါ ။
    ဒါပေမဲ့  လုံလဝီရိယရှိသူတွေထံကတောင်  ကံကြမ္မာ  အလှည့်အပြောင်းဝင်လာခဲ့ရင်  စည်းစိမ်ဥစ္စာဆိုတာ  ထွက်ပြေးတတ်ပြန်တယ် ။ မျက်လှည့်ပြသလို  ပျောက်တာမဟုတ်ဘဲ  လုံးဝကြီး  ပျောက်သွားတတ်ပြန်တယ် ။
    အဲ့ဒါကြောင့်လည်း  သူဌေးဆိုပြီး  မာန်တက်စရာ  မရှိသင့်ပါဘူး ၊ နိမ့်တုံ ၊ မြင့်တုံ ၊ ဖြစ်ပျက်ပုံ  သဘာဝက  ပျက်စီးတဲ့အခါ  ပြန်ဆင်းရဲတတ်ပြန်တယ်  ။
     စီးပွားပျက်ပြီဆိုတာနဲ့  စိတ်ကို  ပိုပြီး  သတိထားရပြန်တယ် ။ အရင်ကထက်ကို  ပိုသတိထားရမယ် ။ ပျက်တာကိုသတိထား  နေရမှာထက်  ဘာ့ကြောင့်  ပျက်တယ်ဆိုတာကို  သတိထားပြီး  ပြန်တက်ဖို့  လုပ်ငန်းပြင်သလို  စိတ်ကိုပြင်ရမှာပါ ။
    စီးပွားပျက်ပြီး  စိတ်မပျက်တဲ့လူ  နည်းတယ် ။ နည်းနည်းတော့  အားငယ်စိတ်  ရှုပ်ထွေးသွားတာပဲ ။ ဒဏ်ခံရတာပဲ ။
   စီးပွားပျက်တာနဲ့အမျှ အခက်အခဲ ၊ အကျပ်အတည်းတွေ  များလာသလို  ထွက်ပေါက်ကျဉ်းတဲ့အခါ  စိတ်က  ကျဉ်းကျပ်လာပါတော့တယ် ။
    စိတ်ကျဉ်းကျပ်ခြင်းမှာ  အမြင်ကျဉ်းခြင်းတွေပါ  ရောလာပါတော့တယ် ။အမြင်မကျယ်တာနဲ့အမျှ  စီးပွားကလည်း  မကျယ်ပြန့်တော့ပါဘူး ။
     စီးပွားပျက်သူဟာ  နဂို  စီးပွားတက်စဉ်က  စိတ်ကို  သတိပြန်ထားပြီး  ပြန်ယူရတယ် ။ စီးပွားတက်စဉ်က  လုပ်ကိုင်  ပြောဆို  နေထိုင်သလို  လုံ့လ ၊ ဝီရိယတွေ  ထုပ်ရပါတယ် ။
     စီးပွားမိတ်ဆွေကောင်းတွေကို  အားကိုးရပါတယ် ။ ဘုရား ၊ တရား ၊ သံဃာကို အမြဲမပြတ်  ဆည်းကပ်ပြီး  ခြိုးခြံခြင်းနဲ့  စိတ်ကို  ပြင်ဆင်ရပါတယ် ။
      ပြန်စလှမ်းမဲ့နေရာမှာ  ခြေရာကို  ငြိမ်အောင်ထားပေတော့ ။ 
      စီးပွားပျက်လျှင်  စိတ်ကို  ချိုးနှိမ်လိုက်ပါ ။ သူများ  အထင်သေး  သွားလည်း  သေးပါစေ ။ ကိုယ့်စိတ်ထဲမှာ  ကိုယ်လက်တွေ့လုပ်စရာ  ဘာလဲဆိုတာသာ  တွေးပြီး  ရှိသမျှအင်အားနဲ့  လုံ့လစိုက်ထုပ်  လုပ်ပါ ။
      စိတ်ဆန္ဒ  တန်ခိုးတွေ  ကြိတ်ပြီး  တွန်း  မ , တင်ပါ ။
      စိတ်ဆန္ဒတန်ခိုးဟာ  စီးပွားရေးမှာ  အောင်မြင်ရေး  လက်နက်  တစ်မျိုးပါပဲ  ။ ငွေရှိရုံနဲ့  စီးပွားမဖြစ်ဘူး ။  စိတ်ဆန္ဒတန်ခိုးရှိမှ  စီးပွားဖြစ်တယ် ။
      အဲ့သည့်တန်ခိုးကြီးလေ ၊ အကြံဥာဏ်များလေ ၊လုပ်ငန်းကျယ်ပြန့်လာတာနဲ့အမျှ  ပြန်လည်အောင်မြင်  ပေါက်ရောက်လာရော ။
      စီးပွားပျက်တာဟာ  ကံကြမ္မာအကြောင်း  အားလျှော်စွာလို့ပဲ  သဘောထားလိုက်ပါ ။
      ကိုယ့်အစွမ်းသတ္တိကိုတော့  ကိုယ်ယုံကြည်ထားရမယ် ။ စီးပွားပျက်တာ  ငါ့အစွမ်းနည်းလို့ချည်း  မဟုတ်ဘူးလို့  စိတ်ကိုနားလည်ထားရမယ်  ။
       ကာလ ၊ ဒေသ ၊ ပယော

image

ကာလ ၊ ဒေသ ၊ ပယောဂ ၊ အခြေအနေ ၊ အချိန်အခါအရလည်း စီးပွားရေးဆိုတာ လျော့ရဲတတ်ပြန်တယ် မဟုတ်လား ။
စီးပွားပြန်ဖြစ်ဖို့ကို နှစ်နှစ်ကာကာ တကယ်​လုပ်ကိုင်ပြီး တစ်နှစ်နဲ့မဖြစ်ရင် နောက်တစ်နှစ်ပေါ့ ။ အဆင့် တစ်ဆင့်ပြီးတစ်ဆင့် ပြန်တက်လာမှာပါ ။
စီးပွားဖြစ်ဖို့ကလွဲလို့ အခြား အပျော်အပါးတွေ စိတ်မှာမကူးနဲ့တော့ ၊ အာရုံအရောက်မခံနဲ့ ။ စီးပွားရေးတစ်ခုတည်းကိုသာ စိတ်မှာထားပါ ။ စီးပွားရေးစိတ်ပြင်ပါ ။
စီးပွားပျက်စိတ်ကို မေ့ပြီး စီးပွားတက်စိတ် မွေးပါ ။ ယခင်က သောင်းချီမြတ်နေတဲ့ အမြတ်တွေ ပြန်မြင်လာလိမ့်မယ် ။ အချို့ဆိုပြန်ပြီး စိတ်ဓါတ်မကျပဲ ကြိုးစားရာက ယခင်ကထက်တောင် အမှားနည်းပြီး စိတ်မလေဘဲနဲ့ သန်းကြွယ်​သူဌေး ကြီးတွေဖြစ်ကုန်တာ ရှိပါတယ် ။
လူတွေပြောကြတာရှိတယ် ။ '' ကျန်းမာရေးပျက်တာအကြောင်းလား ၊ နှာစေးရင် ဘာမီတွန်သောက် ပျောက်ပေါ့ ၊ ခန္ဓာကိုယ်မပျက်ပဲ လက်နှစ်​ဖက် ၊ ခြေနှစ်ဖက်နဲ့ မျက်လုံးမြင်ရင် ၊ နားကြားရင် ရှာစားနိုင်ပါတယ် ၊ စိတ်မပျက်ရင် ဘာမှ ပူစရာမလိုပါဘူး '' ဆိုတဲ့စကားပါ ။
အဲ့သည့်မှာ စိတ်မပျက်ရင် ဘာကိုမှမလိုဘူးဆိုပေမဲ့ စိတ်ကို ပြင်ဖို့လိုပါတယ် ။ စီးပွားပျက်ရင် စိတ်ကိုပြင်ရတော့မယ် ။

  စီးပွားပျက်တဲ့  လူတိုင်းမှာ  စိတ်ယိုင်တတ်တဲ့  သဘောတရားရှိပါတယ် ။ လူသားတွေပဲလေ ။ တရားသမား  သူတော်စင်တွေမှ  မဟုတ်တာဘဲ ။ တရားရှိတဲ့  ကုန်သည်  စီးပွားရေးသမားတွေကတော့  အကြောင်းမဲ့  ကံကြမ္မာဆိုး  မဝင်တတ်ကြပါဘူး ။
           ရှုံးလိုက်မြတ်လိုက်နှင့်  သံသရာလည်ပြီး  စီးပွားရေးလောကမှာ  အသက်ရှင်နေကြပါတယ် ။
           သူတို့က  စိတ်ပြင်ဆင်ပြီးသား  လူတွေပါ ။ စီးပွားဖြစ်တဲ့  ကုန်သည်တွေကို  လေ့လာကြည့်ပါ ။ သူတို့ဟာ  စိတ်တက်လွယ်ကျလွယ်  မဖြစ်ကြပါဘူး ။  အဲ့ဒါရှိနေလို့ထက်  ပြန်စီးပွားလုပ်ရင်  ရနိုင်မယ်လို့  ယုံကြည်နေကြလို့ပါ ။
            "အကြင်သူသည်  လုံ့လ ၊ ဝီရိယ  နှင့်ပြည့်စုံ၏ ။ အလုပ်ကိစ္စ၌  လေးတွဲဖင်နွဲ့ခြင်းမရှိ ။ လုပ်ငန်းကိစ္စ၌  ကျွမ်းကျင်နားလည်၏ ။ ကြွေအန်လောင်းကစားခြင်း  စသော  ပျက်စီးကြောင်းကိုမပြုလုပ် ။  သူရသတ္တိနှင့်  ပြည့်စုံ၏ ။ သူ့ကျေးဇူးသိတတ်၏ ။ မြဲမြံခိုင်ခံ့သော  အဆွေခင်ပွန်းရှိ၏ ။ ထိုသူ၏ထံသို့  စည်းစိမ်စောင့်  သီရိနတ်သမီးသည်  အလိုအလျှောက်  မှီခိုကပ်ရောက်လာ၏ ။ ''  ဟု  ရှေးဟောင်းကျန်းဂန်တွင်  အဆိုရှိခဲ့ဖူးပါသည် ။
       စီးပွားပျက်လျှင်  စိတ်ပြင်ဆင်ဖို့သည်  အဓိက ဖြစ်နေပါတော့သည် ။

image

Photos credited by Google

HFS - 10
@shwebote
fb name - [email protected]
GP A

Sort:  

လိုက်နာနိုင်သူတွေအတွက် တန်ဖိုးအလွန်ရှိသောစာသားတွေပါအန်တီ
သားတို့လိုက်နာနေထိုင်ပါ့မယ် အန်တီလည်းဒီထက်မကတိုးတက်အောင်မြင်ပါစေလို့ hfs family များကိုယ်စား @evernew မှဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ

Same to you.
Thanks so much @evernew.
I try my best.
I am glad so much for hearing your encourage.
I will go ahead with steemit.

Good post....

Thanks a lot.

Good post....

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52