စီးပွားပျက်​လျှင်​စိတ်​ပြင်​ဆင်​(၁)

in #myanmar7 years ago (edited)

HFS - 10
GP A
@shwebote

image

      ဖြစ်တာရှိလျှင် ပျက်တာရှိတာ ဓမ္မတာပါပဲ ။ ဖြစ် ၊ ပျက် ၊ ဖြစ် ၊ ပျက် သဘောသည် အမှန်တရားပင်  ဖြစ်ပါသည် ။ ဖြစ်တဲ့အကျိုးတရားကြောင့် ပျက်တဲ့အကြောင်းတရား ရှိနေပါတယ် ။
     အဲ့သည့်လို ဖြစ်တာနဲ့ ပျက်တာကို စေ့စေ့ထင်ထင် သိမြင်အောင်မြင်ထားပြီး စီးပွားပျက်လျှင် စိတ်မပျက်ဖို့ အရေးကြီးပါတယ် ။ စီးပွားပျက်လို့ စိတ်ပျက်ရင် တစ်သက်လုံးမှာ အပျက်တကာ့ အပျက်တွေ စုပုံ ပိုင်ဆိုင်သွားရပြီး ဘဝ နလံမထူတော့ပါဘူး ။ အချစ်ရေးပဲပျက်ပျက် ၊ စစ်ရေးပဲပျက်ပျက် ၊  ကျန်းမာရေးပဲပျက်ပျက် ၊ စိတ်ကိုတော့မပျက်ဖို့အရေးကြီးပါတယ် ။
      ''ပျက်ဖို့ရှိရင် ပျက်ချင်ချင်'' ဆိုသော သဘောတရားတော့ ရှိပါတယ် ။ ဒါပေမဲ့ ပျက်စရှိတိုင်း ပျက်နေတာမဟုတ်ပါဘူး ။ ပျက်အစဉ် ပြင်ခဏဆိုတဲ့ သဘောမျိုးလဲ ရှိတာမို့ မှန်တာကို ပြင်ဆင်ရင် ယခင်ကလို မဟုတ်နိုင်တော့ပါဘူး ။
      စီးပွားပျက်လို့ ကိုယ့်စိတ်ကို ပေါက်လွတ်ပဲစား ထားလိုက်မိရင် မကောင်းမှုမှကံနဲ့ ယခုကံအကျိုးပေးနေစဉ် ပြေလည်အဆင်ချောနေသလောက် အဲ့သည့်ကံတွေ အကျိုးမပေးပြန်တော့လည်း မပြေမလည် အဆင်မချော ဖြစ်သွားပြန်ရော ။
      ဘယ်သူမဆို ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ ၊ အကုသိုလ်ကံတွေဟာ ကိုယ့်အရိပ်သဖွယ် ကိုယ်နဲ့ အမြဲတမ်း ပါနေပါတယ် ။
       စီးပွားဖြစ်တာရော ၊ စီးပွားပျက်တာရော ၊ ကုသိုလ်ကံ အကုသိုလ်ကံနဲ့ ဆိုင်နေတယ်လို့ ဗုဒ္ဓဘာသာတရားအရ မြင်နိုင်ပါတယ် ။

image

စီးပွားဆိုတာ. . .
ရှာဖွေစုဆောင်းစဉ်အခါ ဆင်းရဲဒုက္ခကို ဖြစ်စေသလို ၊ ပျက်စီးဆုံးရှုံးတဲ့အခါမှာလည်း ပူပန်သောကကို ဖြစ်စေတတ်ပါတယ် ။
ပြည့်စုံကြွယ်ဝတဲ့အခါကျတော့ သည်စီးပွားကပဲ လူကို မာန်မာနဖြစ်စေပြီးတော့ လောကုတ္တရာ ချမ်းသာကိုမကပဲ လောကီချမ်းသာကိုတောင် မပေးပြန်ပါဘူး ။
အဲ့ဒါကြောင့် မတရားသဖြင့် စီးပွားရှာဖွေ စုဆောင်းထားတဲ့သူနဲ့ မရှာပဲနေတဲ့လူကတောင် မြတ်တယ် လို့ပြောကြတယ် ။ သဘောကတော့ ရွှံ့ညွန်ကို ပေပြီးမှ ဆေးကြောရတာထက် အဝေးကနေ မထိမကိုင်ပဲနေတာက ပိုပြီး ကောင်းမြတ်တယ်မဟုတ်လား ။
မတရားရှာလို့ရတဲ့ စီးပွားပဲပျက်ပျက် ၊ တရားစွာရှာလို့ရတဲ့ စီးပွားပဲပျက်ပျက် ၊ စီးပွားပျက်ရင် စိတ်ပျက်ကြတာပဲ ။
ဆင်းရဲခြင်းများတဲ့ သည်လူ့ဘဝမှာ အလိုဆန္ဒဆိုတာ ပြည့်တယ်လို့ မရှိပဲ အသစ်အသစ်သာ တိုးတက်ပွားများလာပါတယ် ။ အဲ့သည့် အလိုဆန္ဒ မပြည့်ဝတာတွေက ဒုက္ဒဖြစ်နေတာပါ ။
ဥစ္စာစီးပွားရှာရတာက ခက်တယ် ၊ ပြီးတော့ ရပြီးဥစ္စာကို ပင်ပန်းဆင်းရဲစွာ စောင့်ရှောက်ရတာလည်းခက်ခဲပါတယ် ။ ရရှိပြီးပြန်တော့ ပျက်စီး ပျောက်ပျက်သွားတဲ့အခါ သေခြင်းကဲ့သို့ ကိုယ်ဆင်းရဲပင်ပန်းစေပါတယ် ။ ထို့ကြောင့် သူတော်စင်တွေဟာ ဥစ္စာမစုကြဘူး ။ ပညာရှိအချို့သည်လည်း ပစ္စည်းဥစ္စာကို လွန်လွန်မင်းမင်း မစုဆောင်းသင့်ဘူးဟု မိန့်ဆိုခဲ့ကြပါတယ် ။
လူ့ဘဝမှာ အချိန်အခါအလျှောက် ချမ်းသာဆင်းရဲတွေဟာ အမြဲမတည် ၊ လှည့်လည်ဖြစ်တတ်တယ်လို့ ဆိုတဲ့သဘောကို တွေးထင်သိမြင်ထားနိုင်ရတယ် ။သည့်တန်ခိုးကြီးလေ ၊ အကြံဥာဏ်များလေ ၊လုပ်ငန်းကျယ်ပြန့်လာတာနဲ့အမျှ ပြ
စီးပွားပျက်တာဟာ ကံကြမ္မာအကြောင်း အားလျှော်စွာလို့ပဲ သဘောထားလိုက်ပါ ။
ကိုယ့်အစွမ်းသတ္တိကိုတော့ ကိုယ်ယုံကြည်ထားရမယ် ။ စီးပွားပျက်တာ ငါ့အစွမ်းနည်းလို့ချည်း မဟုတ်ဘူးလို့ စိတ်ကိုနားလည်​ထားရမယ်​။
အရပ်ထဲမှာ လေ့လာကြည့်ရင်တောင် သည်သဘော မြင်နိုင်ပါတယ် ။ ဒါပေမဲ့ အဲ့သည့်လိုမြင်အောင် မကြည့်သူတွေကသာ များပါတယ် ။
လူဆိုတာ ဖန်တီးဆိုက်ရောက်လာတဲ့ ချမ်းသာသုခကို ခံစားရသလို တစ်လှည့်တစ်ပြောင်း ဆိုက်ရောက်လာတတ်တဲ့ ဆင်းရဲဒုက္ခကိုလည်း ခံစားရမှာပဲ ။ချမ်းသာဆင်းရဲဟာ လှည်းဘီးစက်လို လည်နေတယ် ။

image

ဒုတိယပိုင်းဆက်ရန်​•••

Photo credit by Google

HFS 10 @shwebote

Sort:  

@evernew Hfs-4 group A fb name painglinnthu
vote done

တန်ဖိုးရှိတဲ့စားသားတွေပါအန်တီ စိတ်ဓါတ်သည်သာအဓိကပဲနော်

ကျေးဇူးတင်​ပါတယ်​ ,တူက​လေး

Vote ​လေး​ပေးခဲ့တယ်

Thank you ပါ

Good.အောင်မြင်ပါစေ အမ
HFS..18

same to you.
Thanks so much.

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52