မိန်းမကောင့းမိန်းမယုတ့်မဟုတ်ခေတ်စနစ့်သားကောင်းများ

in #myanmar7 years ago

မိနိးမကောင်းနဲ့မိန်းမယုတ်

ရှေးခေတ်ကတော့.. မိန်းမတို့အိနြေ္ဒရွှေပေးလို့မရဆိုတဲ့ဆိုရိုးစကားရှိပါတယ်။ နောက်တဘောင်တခုက နောင်အခါ.သားရှင်အမိတွေ သားကိုထမ်းကာ တောင်ကြိုတောင်ကြားတွင် ဆန်တပြည်နှင့်ပုန်း၍နေလတ္တံဆိုတဲ့ တဘောင်စကားပါ။ အာ့စကားတွေကတခုနဲ့တခုဆန့်ကျင့်နေပေမယ့် အခုလက်ရှိနဲ့ရှေးခေတ်အခြေအနေကိုလေ့လာသုံးသပ်ကြည့်ရအောင်။
image
ကျွန်မတို့တွေ.ရှေးခေတ်ရဲ့ဝတ်စားဆင်ယင်မှု လျှပ်ပေါ်လျှပ်လီမဟုတ်ပါဘူး၊ ခြေသလုံးကိုမြင်ရင်တောင် ရင်ဖိုရလောက်တဲ့အထိ လုံခြုံကြပါတယ်၊ ဘာသာရေးအသိတွေနဲ့ ဓလေ့ရိုးရာက လိင်ကိစ္စကိုရှက်ရွံစရာအနေနဲ့ ဖုံးလွှမ်းထားခဲ့ပါတယ်။ ဓလေ့ရိုးရာတိုင်းမှာ ကောင်းကျိုးဆိုးကျိုးဆိုတာရှိပါတယ်။ ဘာတွေကောင်းမွန်ပါသလဲ။ မိန်းကလေးတွေကို ဘာသာရေးအသိထည့်သွင်းနိုင်ခဲ့ပါတယ်။ ပူပြင်းစိုစွတ်သောဥတုရာသီဖြစ်ပြီး ထိုနေရာဒေသမှာရှိတဲ့သူတွေက အသားအရေနူးညံ့ကြပါတယ်။ ဒါကြောင့် ကာမတဏှာဟာထကြွလွယ်ပါတယ်..။ဒါကိုတားဆီးပြီးသားဖြစ်ပါတယ်။ ရှေးယခင်က မုဒိမ်းမှုဟာခပ်ရှားရှားပါ။ ဒါဟာဘာသာရေးအသိစိတ်ဓာတ်အလွန်အားကောင်းမှု ကြောင့်ဖြစ်ပါတယ်။ ထိုခေတ်က ငါးပါးသီလ(ဝါ)ကမ္ဘာဦးတရားငါးပါးကို လုံကြလို့ဖြစ်တယ်ဆိုရင်မမှားပါဘူး။ ဆိုးကျိုးအနေနဲ့ကတော့ ကာမစိတ်ကိုအတငိးအဓမ္မဖိနှိပ်မှုကြောင့် နောက်မျိုးဆက်တွေမှာ ပုန်ကန်ထကြွချင်စိတ်တွေ. လက်ဆင့်ကမ်းလာပါတယ်။ မဟာဖိုဝါဒ အယူအဆလည်းတပြိုင်ထဲလိုလိုအားကောင်းခဲ့ပါတယ်။ ဒါတွေကအာ့ခေတ်ကဆိုးကျိုးတွေပေါ့။
အခုခေတ်ကိုကြည့်ပါ၊ အခုခေတ်မှာတော့ ယဉ်ကျေးမှုတိုက်ပွဲလို့ခေါ်ပါတယ်။ အာ့တိုက်ပွဲမှာအရင်ကဖိနိပ်ထားတဲ့ခံစားချက်တွေပေါက်ကွဲလာပြီး တခြားလွတ်လပ်မယ်ထင်တဲ့ယဉ်ကျေးမှုကို ကူးပြောင်းသွားတာပါဘဲ့။ အထူးသဖြင့်အနောကိနိုင်ငံယဉ်ကျေးမှုကို အလွယ်တကူကူးပြောင်းတာဖြစ်ပါတယ်။ တံခါးပိတ်ဝါဒကြောင့် အပြင်ကလေတွေမလာတော့မွန်းကျပ်တယ်။ တံခါးဖွင့်ပြန်တော့လည်း အပြင်ကလေတွေနဲ့အတူ ဖုံတွေသဲတွေပါလာတော့ မျက်စိစပ်ထိခိုကိကြပြန်တယ်။ ဒီလိုပါဘဲ့ တခြားယဉ်ကျေးမှုကိုအရမ်းအားကျပြီး မိမိယဉ်ကျေးမှုကအမှား သူတို့ယဉ်ကျေးမှုကအမှန်ဆိုပြီးမျက်ကန်းဖြစ်သွားတတ်ပါတယ်။ တကယ်တမ်းကျ ကောင်းတဲ့ယဉ်ကျေးမှုတွေကိုမယူကြဘဲ့ဆိုးတဲ့ယဉ်ကျေးမှုကျ လက်ခံလွယ်တာဘဲ့ဖြစ်ပါတယ်။ အနောက်နိုင်ငံရဲ့လူတွေရဲ့အသားအရေ ကြမ်းတမ်းပြီးတော့ လိင်ကိစ္စကိုအလွယ်တကူလက်ခံနိုင်ပြီး.တော်ရုံတန်ရုံနဲ့လိင်စိတ်မဖြစ်ပါဘူး။ ဒါဟာသူတို့ယဉ်ကျေးမှု သူတို့နိုင်ငံရာသီဥတုနဲ့ကိုက်ညီပါတယ်။ သူတို့နိုင်ငံမှာလူပေါင်းစုံတတ်တဲ့ နိုက်ကလပ်ဆိုတာရှိပါတယိ။ ဒီမှာတော့နိုက်ကလပ်ကို တတ်တာဟာ ဂုဏ်ရှိတယ်လို့ထင်မှတ်တဲ့သူ နိုက်ကလပ်တတ်မှ ခေတ်မှီတယ်ထင်တဲ့သူတွေဒုနဲ့ဒေးပါဘဲ။ အနောက်နိုင်ငံရဲ့အကက လိင်စိတ်မကြွကြွအောင်ကရတာဖြစ်ပေမယ့်..ဒီမှာတော့ တချက်ထိမိတာနဲ့တချက်လိငိစိတ်ကြွလာတာဖြစ်ပါတယ်။ ဒါဟာကိုယ်ခန္ဓာကြောင့်ဖြစ်ပါတယ်။ ဒီလိုဖြစ်ပြီးမှားယွင်းခဲ့တယ်ဆိုပါတော့.။ အနောကိနိုငိငံမှာ single momဆိုပြီးရှိပါတယ်။ ဒီဘက်နိုင်ငံပြန်စဉ်းစားကြည့်ပါ။ အဖေမပေါ်တဲ့သား.။လင်ကောင်မဖော်နိုင်တဲ့မိန်းမဆိုပြီးဝိုင်းရှုံ့ချကြပါတယ်။ ဒါဟာတရားမျှတမှုရှိပါသလား။ ယဉ်ကျေးမှုကိုလက်ခံရင်နောက်ဆက်တွဲကောင်းကျိုးဆိုးကျိုးကိုလက်ခံရမှာဖြစ်ပါတယ်။အရေးကြီးတာကတော့ခေတ်စနစ်ရဲ့သားကောင်မဖြစ်ဖို့ပါဘဲ့။
image
မိန်းမကောင်းဆိုတာဘာလဲ။ ရှေးခေတ်ရဲ့စံစနစ်နဲ့မိန်းမကောင်းလို့သတ်မှတ်မလား။ မိန်းမယုတိဆိုတာဘာလဲ။ ပြည်တန်ဆာတိုင်းမိန်းမယုတ်မဟုတ်သလို..အရမ်းချမ်းသာတဲ့ ထက်မြက်တဲ့မိနိးမတိုငိးဟာလညိးမိန်းမကောင်းမဟုတိပါဘူး။ ဘာသာရေးအရ.ယောက်ျားမိန်းမ မှားယွင်းခဲ့ရင် ကာမေသုကိုယောက်ျားကသာထိုက်ပါတယ်။ မိန်းမထိုက်တာက မယားရှိယောက်ျားတမျိုးပါဘဲ့။ မိန်းမတွေကျ.အပျိုစင်ဘဝထိန်းသိမ်းသင့်တယ်ဆိုရင်..ယောက်ျားတွေကရောဘာကြောင့်လူပျိုစင်ဘဝကိုထိနိးသိမ်းသင့်တယ်လို့မဝေဖန်ကြတာလဲ။
မိန်းမကောင်းဆိုရင် သားသမီးမွေး.အိမ်မှာနေ..အိမ်မှုကိစ္စထိနိးသိမ်းတတ်ရင်ရပီဆိုတာကမှန်သင့်သလောက်မှန်ပေမယ့် ယနေ့ခေတ်မှာတော့ဘယောက်ျားရောမိန်းမပါနစ်ယောက်ရှာရင်တောင်မလောက်ပါဘူး။ ယောက်ျားကောင်းရှိသလိုယောက်ျားယုတ်ဆိုတာရှိပါတယ်။ ရှေးခေတ်အယူအဆအတိုင်းအပျိုဘဝကိုထိနိးသိမ်းတဲ့ကြားကမုဒိမ်းကျင့်ခံရတယ်ဆိုပါတော့၊ ကျင့်ခံရတဲ့မိန်းကလေးကိုဘဲ့ပတ်ဝန်းကျင်ကအနေအထိုင်မတတ်လို့၊ မြူစွယ်နေတာကိုး.ဆိုပြီးအထင်အမြင်သေးကြတာကရော..ဘာကြောင့်ပါသလဲ။ ဒါဟာတရားမျှတမှူရှိပါသလား။ မုဒိမ်းကျင့်တဲ့ယောက်ျားကတော့ အချိန်တန်လွတ်ပြီး သာသာယာယာဖြစ်တာပါဘဲ့။ မိန်းမယုတ်ဆိုတာ အပျိုစင်ဘဝထိန်းသိမ်းတာမထိန်းသိမ်းတာနဲ့မဆိုင်ပါဘူး.သူတပါးမိသားစုဖြိုကွဲအောင်၊ စနိုက်ကြော်တာ..၊မြူစွယ်တာ၊ ပြည်တန်ဆာအလုပ်ကိုနစ်သက်တာတွေကမှမိန်းမယုတ်ပါဘဲ့။ ပြည်တန်ဆာက်ုသနားလို့ဆိုပြီးအပ်ချုပိပညာသင်ပေးခဲ့ပေမယ့်.တိတ်တခိုးပြည်တန်ဆာလုပ်နေတယပတ်ဝန်းကျင်မှာအများကြီးပါ။ ဒါဟာဘာကြောင့်ပါသလဲ။ သက်သာတဲ့အလုပ်ငွေရလွယ်တဲ့အလုပ်ကိုလုပ်တဲ့အပျင်းကြီးယုတ်ညံ့တဲ့မိနိးမမို့လို့ပါဘဲ့။

မိန်းမကောင်းကတော့ဒါတွေနဲ့ဆန့်ကျင်ဘက်ပါ။လူတိုငိးလိုလိုမှားတတ်ကြပါတယ်။ တခါတလေခွင့်လွှတိပေးသင့်ပါတယ်။ ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ပါ။ သူရဲ့ကိုယ်ကျင့်သိက္ခာအပေါ်မူတည်ပါတယ်။
တကယ်တန်းဆိုရရင်ယောက်ျားတွေမကောင်းလို့ မိန်းမတွေပျက်စီးရတာဖြစ်ပါတယ်။ ယောက်ျားတွေသာဇိမ်ခံမှုမရှိရင် ပြည်တန်ဆာမယားငယ် ပိုငိးလုံးဆိုတာရှိလာမှာမဟုတ်ပါဘူး။ ရှေးဘုရားရှင်လက်ထက်ကတည်းရှိခဲ့တာပါ။ ယောကျားတွေကမြူစွယ်လို့မိန်းမတွေကလက်ခံခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် မိန်းမကိုဘဲ့အညှာလွယ်တဲ့မိန်းမဆိုပြီးဝေဖန်ကြတာပါဘဲ့။ဒါတွေမဟာဖိုဝါဒနဲ့ဆက်နွယ်နေတာဘဲ့ဖြစ်ပါတယ်။
မိန်းမကောင်းမိန်းမယုတ်ဆိုတာပတ်ဝန်းကျင်ကသတ်မှတ်ချက်တခုဖြစ်ပြီး. အဓိကက သူရဲ့ကိုယ်ကျင့်တရားနဲ့သာအပြည့်အဝသက်ဆိုင်တာဘဲ့ဖြစ်ပါတယ်။ ပြောချင်တာက တကြိမ်တခါဖြစ်ဖြစ်မှားယွင်းခဲ့တိုင်းမိန်းမယုတ်မဟူတ်ပါဘူး။ ကို့တာဝန်ကိုမယူနိုင်တဲ့ယောက်ျားယုတ်တွေကြောင့်မိန်းမယုတ်လို့သမုတ်ခံရတာဖြစ်ပါတယ်။ လောကဓံကရဲရဲဝင့်ဝင့်ရင်ဆိုင်ရဲကြပါ။
image
Msc 220
@shoonlay
Authur Shoon Lai Win Shwe
Photo google credit
From Myanmar

Sort:  

Good post ​လေးပါsis

ကောင်းတယ် ဆက်ရေး

ဟုတ်ကဲ့ပါရှင့်

အားပေးနေမယ်ညီမ အခုထက်ပိုပြီး ရည်ရွယ်ချက်ပိုမို ပေါ်လွင်အောင်ရေးနိုင်ရင် ပိုဖတ်ကောင်းမယ်

ဟုတ်ကဲ့၇ှင့်ေ၇းပါ့မယ်

good post လေးပါ

Good Writing Sis.အားပေးနေမယ် ကြိုးစားပါ

ကျေးဇူးတင်ပါတယ်ရှင့်

thoughtful blog thank you.

ကျေးဇူးတင်ပါတယ်ရှင့ါ

Welcome Bar

ဟုတ်ကဲ့ပါရှင့်

ကောင်းတယ်​အမ​ရေးထားတာ​လေး

ကျေးဇူးတင်ပါတယ်ရှင့်.ြုးစာပြီးရေးပါ့မယ်

ကောင်းပါတယ်ဗျ ဆက်ရေးပါအုံးဗျ

ဟုတ်ကဲ့ရှင့် .

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.032
BTC 63889.31
ETH 2757.24
USDT 1.00
SBD 2.66