ဗီဇ

in #myanmar7 years ago (edited)

image
လူတိုင်းဟာ​မွေးဖွားလာစကတည်းက အကျင့်​စရိုက်​​မွေးရာပါ​ဗီဇပါလာကြပြီးသားပါပဲ။အဲ့ဒီပင်​ကိုယ်​စရိုက်​​တွေမတူညီကြလို့လူတစ်​ကိုယ်​စိတ်​တစ်​မျိုး​တွေဝါသနာ​တွေ​နောက်​ဆုံးရည်​မှန်းချက်​​တွေအထိပါကွဲပြားသွားကြတယ်​။အခု​ဆွေး​နွေးချင်​တာက ဗီဇအ​ကြောင်းပါပဲ။ဆိုးသွမ်းတဲ့ဗီဇ ပါလာတယ်​ပဲဆို​စေဦး​တော့ မိမိကိုယ်​တိုင်​မ​ကောင်းဘူးပဲလက်​ခံသည့်​တိုင်​​အောင်​​တော့ သူ့ ဗီဇအရလုပ်​​နေဦးမှာပဲ။မွေးကင်းစကတည်းကပါလာတက်​တဲ့သ​န္ဓေတည်​ကတည်းကဖြစ်​​ပေါ်​လာတဲ့ဗီဇဟာ​သေတဲ့အထိ ရှင်​သန်​​နေတက်​လို့ ​ဖျောက်​ရခက်​ပါတယ်​။ဖျောက်​လို့မလွယ်​ဘူး​ပေါ့။ မခိုးရမ​နေနိုင်​တဲ့ အကျင့်​တစ်​ခုဗီဇ ရှိတယ်​ဆိုရင်​ ထိုသူဟာဘယ်​​လောက်​ပဲချမ်းသာလာလာသူ့အကျင့်​အရခိုး​နေရမှကိုဖြစ်​မှာပါ။ကြားဖူးတာက သူ​ဌေးတစ်​​ယောက်​ကသူချမ်းသာ​နေ​ပေမဲ့ super marketလို storeလို​နေရာမျိုးက​နေတစ်​​နေ့ကို​ချောကလက်​တစ်​ခုသွားခိုး​နေပါတယ်​တဲ့။ဒါဘာလို့လဲ သူ့ဗီဇအရ​ပေါ့။အာ့လိုမျိုးဗီဇကို​ဖျောက်​ချင်​မှာပါပဲ ဘယ်​သူဖြစ်​ဖြစ်​​ပေါ့။ဟုတ်​ပြီ အာ့လို​ဖျောက်​ချင်​တယ်​ဆိုတဲ့​နေရာမှာ​ပြောစရာကသူ​ဖျောက်​ဖို့သူ့အတွက်​ဘယ်​လိုအရာနဲ့အစားထိုးမလဲ။အစားထိုးဖို့အရာကိုလည်းအလွယ်​တကူမ​တွေ့ နိုင်​ပါဘူး။ဒါ​ပေမဲ့ ​​ဖျောက်​ချင်​တဲ့စိတ်​ပဲခိုင်​မာ​နေပြီဆိုရင်​ မ​ကောင်းတဲ့ဗီဇမှန်းသိ​နေပြီဆို​ရင်​ တစ်​ဝက်​​လောက်​​​သေချာ​နေပါပြီ။ ကျွန်မတို့တွေဘယ်လိုဖျောက်ကြမလဲ၊ ဘာသာရေးအရလုပ်ကြမလား။ စိတ်ပိုင်းဆိုင်၇ာနည်းအရလုပ်ကြမလား။ ကျွန်မယူဆထားတာကတာ့.ဒီလိုလုပ်ရင်ကောင်းမယ်လို့ ထင်မိပါတယ်။
ပထမဆုံးစာအုပ်​မှာချ​ရေးပြီးမှတ်​ထားပါ။ ဒိုင်ယာယီလိုစာအုပ်မျိုးပေါ့။ ဘယ်​​နေ့ ဘယ်​ရက်​ဘယ်​အချိန်​မှာ လုပ်​တယ်​။နောက်​ထပ်​ဘယ်​နှရက်​​လောက်​အထိမလုပ်​ပဲ​နေနိုင်​လဲစမ်းကျိပါ။ ဗီဇအရ​တော့ထပ်​ပြီးပြု လုပ်​ချင်​လာရင်​ စိတ်​ကိုပြန်​မာန်​တင်းပါ။မရရင်​ ​တော့ထပ်​ပြု မိလိမ့်​မယ်​။အဲ့အချိန်​ လုပ်​လိုက်​ပါ။ဒါ​ပေမဲ့ ထပ်​လုပ်​ရင်​စာအုပ်​မှာထပ်​​ရေးပါအချိန်​အတိအကျ ရက်​အတိအကျနဲ့ ​ရေးမှတ်​လိုက်​ပါ။ပြီးရင်​ထပ်​ခါထပ်​ခါဖတ်​ပါ။ထပ်​ခါထပ်​ခါရှက်​လာပါလိမ့်​မယ်​။နောက်​တစ်​ခါထပ်​ပြု လုပ်​ချင်​မိသည်​ရှိခဲ့​သော်​ မှတ်​ထားတာကိုဖတ်​ကျိပါ။အနည်းဆုံး​တော့ လက်​တွန့်​နေပါလိမ့်​မယ်​။ဘယ်​သူ့ ကိုမှ​ပြောပြ​နေစရာမလိုပါဘူး။သူများကို​တော့လိမ်​လို့ရ​ပေမဲ့မရတာကိုယ့်​ကိုယ်​ကိုမို့လို့ပါ။
အရှက်​တရားနဲ့သာ အကာကွယ်​လုပ်​ကျိလိုက်​ပါ အကျင့်​ဆိုးကိုတာ့တာပြနိုင်​မှာပါ။အဓိကကျတာက အရှက်​တရားရှိဖို့နဲ့ ကိုယ့်​စိတ်​ကိုယ်​နိုင်​နင်းဖို့ပါ။စိတ်​နဲ့ကိုယ်​နှစ်​ခုရှိတယ်​​ပေါ့။ဘယ်​ဟာကအဓိကကျတယ်​ထင်​လဲ။တကယ်​အဓိကဖြစ်​လာတာက ကိုယ်​ပါ။ဘာလို့လဲလို့​မေးခွန်းထုတ်​လာရင်း​ လူတိုင်းကစိတ်​လို့​ပြောကြမှာပါ။ဟုတ်​ပြီ။ကိုယ်​ခန္ဓာကြီးဖြစ်​လာလို့​မွေးလာလို့သာစိတ်​ဆိုတာဖြစ်​တည်​လာတာပါ။ဒီကိုယ်​ခန္ဓာကြီးမရှိရင်​စိတ်​လည်းဖြစ်​လာစရာအ​ကြောင်းမရှိဘူး။လူတစ်​​ယောက်​ကမိမိရဲ့စိတ်​လို့ညွှန်းရင်​​တောင်​ ကိုယ့်​ရဲ့စိတ်​လို့​ပြောကြတာပါ။ကိုယ်​ကပိုင်​တဲ့စိတ်​ပါ။ ဒါ​ကြောင့်​စိတ်​ကိုအလိုမလိုက်​ပါနဲ့ အနိုင်​မ​ပေးပါနဲ့။ စိတ်​ကို​အောင်​နိုင်​ရင်​ရန်​သူတစ်​​ထောင်​ကို​အောင်​နိုင်​ခြင်းထက်​ဝမ်း​မြောက်​ဖို့​ကောင်းပါလိမ့်​မယ်​ဆိုတာ ရဲရဲကြီးအာမခံလိုပါတယ်​​နော်။ စိတ်ကိုအလိုလိုက်ရင်ပျက်စီးတာကပိုများပါတယ်..အထိန်းရအခက်ဆုံးကလည်းစိတ်တခုပါဘဲ့..ဒါပေမယ့်ကျွန်မတို့တွေ. လုပ်ကိုလုပ်နိုင်ရမယ်.မရရအောင်လုပ်မယ်လို့ဆုံးဖြတ်ရင် ကျွန်မတို့တွေ..ကြိုးစားရင်..ဘာမဆိုဖြစ်နိုင်ပါတယ်လို့.. နိဂုံးချုပ်ရင်း အဖွဲ့သားအားလုံးချမ်းသာကျန်းမာကြပါစေရှင်
image
@shoonlay
Msc220
Author Shoon Lai Win Shwe
From Myanmar
Photo google

Sort:  

ကြိုးစာပါဗျာ

ဟုတ်ကဲ့ပါ

စာပိုဒ်တွေ ခွဲရေးပါ ညီမ proတင်တဲ့ပိုလ့်က စာလုံးရေ ကန့်သတ်ချက်ရှိပါတယ်

ဟုတ်အမ ပြင်လိုက်ပီရှင့်

ဟိုတခါက PROမရတာစာလုံးပိုသွားလို့ထင်မယ်အမ

good post လေးပါမမ အားပေးလျှက်ပါနော်

ဟုတ်ကဲ့ပါရှင့်

ကျေးဇူးတင်ပါတယ်ရှင့်

အရမ်းကောင်းတယ်။ဆက်၍ကြိုးစားပါ။အားမငယ်ပါနဲ့

ကျေးဇူးတင်ပါတယ်ရှင့် ကြိုးစားပါ့မယ်

Authorလို့ပြင်ပေးပါ။

ပြင်ပီးပီရှင့်

Replyပြန်ပေးပါညီမ

ဟုတ်ကဲ့ညဘက်မှအားလို့ပါ @kokonaing သတိပေးလို့ကျေးဇူးတင်ပါတယ်ရှင့်

pro postဖြစ်တဲ့အတွက် comများများရေးပေးပါ

ဟုတ်ကဲ့ပါရှင့်

စာသားအရမ်းနည်းပါတယ်။နောက်တစ်ခါ များများရေးပေးစေချင်ပါတယ်

ဟုတ်ကဲ့ပြင်ထားပါတယ်ရှင်

စာလေးနည်းနည်းထပ်ဖြည့်စေချင်တယ်ဗျာ

ဖြည့်ပီးပီ..ရှင်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 67831.26
ETH 3460.55
USDT 1.00
SBD 2.72