U Aungzaya's historysteemCreated with Sketch.

in #myanmar7 years ago

သိထားသ့င့်​ပါတယ်​ဗျ,မဲဇာ​တောင်​​ခြေ ရတု image

အလောင်းဘုရား ဦးအောင်ဇေယျ စတင်ခဲ့တဲ့ ကုန်းဘောင်နန်းဆက်ဟာ ၁၇၅၂ ခုမှ
၁၈၈၅ ခုနှစ်များအထိ ကြာမြင့်ခဲ့ပါတယ်။အလောင်းဘုရား နတ်ရွာစံပြီး သားတော်ကြိး
နောင်တော်ကြိးမင်း နန်းတက်ပါတယ်။ ၃ နှစ်အကြာ နောင်တော်ကြီး နတ်ရွာစံတဲ့အခါ
ဒုတိယသားတော် သတိုးမင်းစော(ခေါ်)မြေထူးစား (နောင်တွင် ဆင်ဖြူရှင်ဘွဲ့ခံ)နန်းစံ
ပါတယ်။
လက်ဝဲသုန္ဒရ ၊ငယ်မည် ဦးမြတ်စံ က ရွှေဘိုတောင်လက် ၀က်လက်နယ် မန်ကျည်းတုံ
ရွာသားပါ။အင်းဝ မဟာဓမ္မရာဇာဘုရင့်ထံ အမှုထမ်းခဲ့ပါတယ်။အင်းဝပျက်ချိန် ရွှေဘို
အလောင်းဘုရားဆီ ရောက်လာပြီး အမှာတော်ရေးအဖြစ် အမှုထမ်းရပါတယ်။
ဆင်ဖြူရှင်မင်းလက်ထက် နန်းတွင်းအပျိုတော် ခင်မြိတ်နဲ့ အမြင့်မင်းသားရဲ့ လူပျိုတော်
အောင်တင် အမှုမှာ (အမြင့်မင်းသား၏ အကြိးတော်အဖြစ် အမှုထမ်းနေသူ) လက်ဝဲ
သုန္ဒရ တာဝန်ရှိသည် ဆိုကာ ရာဇ၀တ်သင့်ပြိး မဲဇာတောကို အပို့ ခံရပါတယ်။
မဲဇာတောက ထိုအချိန်က ရာသီဥတု ဆိုးဝါးလှတဲ့ တောကြိးမျက်မဲ အရပ်ပါ။ဒါ့ကြောင့်
ဘုရင်ထံကို အသနားခံ မျက်ဖြေလင်္ကာအဖြစ် မဲဇာတောင်ခြေရတ ဆက်သွင်းခြင်းဖြင့်
လွတ်ငြမ်းချမ်းသာခွင့် ရရှိခဲ့ကြောင်းပါ ခင်ဗျား။ ။

မဲဇာတောင်ခြေ-ရတု


၁။ မဲဇာတောင်ခြေ၊ စီးတွေတွေတည်း၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊
ရွှေပြည်ကိုသာ၊ တ-ရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကြက်သရေ၊ တက်ဖြိုးဝေသား၊
အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊
ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊
စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊
ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊
သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်က ရည်သည်။ ။
ရွှေပြည်ဌာန ဝေးသောကြောင့်။

၂။ သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောက်ခွင်ဝယ်၊
ရေယဉ်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီ့းဆိတ်ညံ၊
ဆည်းကျံကျံဝယ်။ ဓူဝံ မပေါ်၊ မမျှော်ပါရ၊ နေကိုတ-လည်း၊ ဘယ်ကရှေ့နောက်၊
ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊
ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊
လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။
လေပြည်လာက အေးသောကြောင့်။

၃။ ပွဲခါညောင်ရေ၊ သွန်းမြဲပေတည်း၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊
တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊
တတောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းရှက်၍၊ ၀န်းကာ ဝှေ့လည်း၊
တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုဃ်းမပါဘဲ၊
သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးဃ်းလောက်ပြင်းထန်၊ သွန်းချ ပြန်သော်၊
ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊
ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ် စေဟု၊ စေ့ရေလှည့်လည်၊
တ, လျက်မြည်သည်။ ။
နေခြည်ဖြာမှ နွေးသောကြောင့်။

Sort:  

Congratulations @shinegray! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Congratulations @shinegray! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

This is pretty brilliant really you did very well job.

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 57983.67
ETH 2465.71
USDT 1.00
SBD 2.41