A person's journey who visited to the Panandin Village at high school Education of northern Myanmar(part-33)

in #myanmar6 years ago

IMG_9367.JPG
မှတ်မိသေးတယ်..ဂတ်ထုရွာလေးအရောက်မှာ ညနေခင်းမှောင်ရီပျိုးစချိန်လည်းဖြစ်နေတော့..၇/၈တန်းအရွယ် ကလေးတွေပဲ ငါးပိုက်လေးတွေထမ်းပီး တစ်ချိုက ငါးတွဲကလေးကိုင်ပီး ချောင်းစကနေ တက်လာနေပုံမှာလည်း မျက်လုံးထဲကကို မထွက်ပါဘူးလေ...။ဒါနဲ့..ကျနော်နဲ့အတုူပါလာတဲ့ စာရေးကြီးဆရာရင်က ‘ဆရာရှိန်း.. တို့ဒီမှာ ညအိပ်မယ်နော..ငါးလည်း ပေါတယ်လေ...' ဆိုပီးကျနော့ကို လှမ်းပြောလိုက်တယ်...။ကျနော်တို့လည်း ကောင်လေးတွေမြင်ကွင်းကနေ ပျောက်ကွယ်မသွားခင်မှာပဲ ပါလာတဲ့အထုပ်လေးတွေ..ကိုယ်စီချလိုက်တော့တယ်.။ဒီလိုနဲ့ ဈေးဆိုင်လေးထဲ ဆရာရင်ကနဦးဝင်သွားတော့တယ်..။ကျနော်တို့ကတော့ ..ဆိုင်ရဲ့အပြင်ဘက်ကဘဲ ရပ်စောင့်နေလိုက်တယ်..။
IMG_1568.JPG

တခဏလောက်ကြာတော့...ဆရာရင်ပြန်ထွက်လာပီး ‘ကဲ..တို့အထုပ်တွေ အိမ်ထဲသွင်းရအောင်နော...ဆိုင်ကယ်တွေကတော့ ဆိုင်နောက်ကျောမှာ ထားလို့ရတယ်'ဆိုပီးပြောလိုက်တော့ ကျနော်တို့အားလုံးနိုင်ရာအထုပ်လေးတွေကောက်ပီး ..အိမ်ထဲလိုက်ဝင်သွားတော့တယ်..။အမှတ်တမဲ့နဲ့ဆိုရင် ဒီဈေးဆိုင်အိမ်လေးကိုကြည့်မိရင်တော့...အရမ်းသေးမယ်လို့ထင်ရပေမယ့် အထဲရောက်သွားတော့မှ အကျယ်ကြီးပ...ဈေးဆိုင်ဆိုတော့ နောက်ခန်းသိုလှောင်ရုံတွေကအစပ့ ..အရမ်းမိုးများတဲ့ ဒေသဆိုတော့လည်း...ရာသီမရွေး ကုန်ပစည်းတွေအတွက်က သိုလှောင်ရုံရှိမှ အဆင်ပြေမှာပေါ့လေ....အောက်အခင်းကတော့ ကြမ်းပြင်အသားခင်းလေးတွေနဲ့ပေါ့...။ဒီလိုနဲ့..နောက်ဘက်ခန်းလေးတစ်ချိ့ ကျော်ဖြတ်ပီးလာတော့မှ အိမ်တွင်းမီးဖိုလေးနဲ့တူပါတယ်...။မီးဖိုးဘေးနားရောက်တော့..ဆရာရင်က .‘ဆရာတို့..မီးလှူံကြအုန်းနော်..အပြင်မှာက မိုးလည်းအရမ်းရွာထားတာဆိုတော့...'ဆိုပြောပီး ဖျက်ခဲထသွားလိုက်ပြန်တယ်...။ကျန်တဲ့ ကျနော်ရယ် တစ်ခြားဌာနက လူ(၃)ယောက်နဲ့ပဲ မီးဖိုနဘေးရှိတော့တာပေါ့...။
ဖြစ်ချင်တော့...သူတို့ကလည်း ပန်နန်းဒင်ကို တာဝန်ကျတဲ့ ဆေးဆရာလေး မောင်သိန်းထိုက်နဲ့ ကျန်တဲ့(၂)ယောက်က ဆေးအကူနဲ့ရွာခံလေးတစ်ယောက်ပေါ့...။
IMG_1147.JPG

အားရှိတာပေါ့ဗျာ..ကိုယ်တွေပန်နန်းဒင်သွားနေတုန်း ဆေးဆရာလေးတို့လည်းပါလာတော့ ။ဒီလိုနဲ..ကျနော်တို့ဆေးဆရာလေးနဲ့ စကားတွေလည်းအတော်ပြောဖြစ်ခဲ့ပါတယ်..။တစ်ခုကျနော်ကံကောင်းတာက ပန်နန်းဒင်ကို ဒီနှစ်မှစပီးဆေးဆရာလေးတွေကို အလှည့်ကျတာဝန်ချပေးတာတဲ့ ...အရင်နှစ်တွေတုန်ကဆို တောလမ်းခရီးကလည်း အရမ်းကြမ်းတော့ ဆေးဆရာတွေဆို တစ်နှစ်မှာ တလ လောက်ပဲ နေနေပီးတော့ ပြန်ကြပီး နောက်လတွေဆို ပြန်မတက်ဖြစ်ကြဘူးတဲ့ ..။ခုတော့..ဒီနှစ်ကစပီး (၁၂)လလုံး တစ်ယောက်(၃)လနူန်းနဲ့ တစ်လှည့်စီကို နောင်မွန်မြို့နယ် ကျန်းမာရေးဌာနက တာဝန်ခွဲပေးထားတယ်ဆိုတာ လည်းပါတော့..ပိုအားရှိတာပေါ့လေ..။ကျနော်လည်းဆေးဆရာလေးနဲ့ အတော်လေးခင်သွားပါတယ်..။
စကားတွေလည်း ပြောကောင်းနေလိုက်တာ တအောင့်လေးကြာတော့..ဆရာရင်ရောက်လာပီး..‘ဆရာတို့..ထမင်းစားရအောင်နော..ဟင်းက သိပ်တော့မကောင်းဘူးရယ်...'ဆိုပီးအားနာနေတဲ့ ဆရာရင်ရဲ့လေသံတိုးသွားလိုက်တာလေးက ကျနော့စိတ်ထဲ ဘလိုတွေတောင်ခံစားရလည်းနော်..ဒါနဲ့ ကျနော်တို့လည်းထမင်းပွဲဆီကို လိုက်သွားခဲ့ပါတယ်..။ အင်း..ကိုယ်တွေကတော့..ဆရာရင် ဘယ်လိုများချက်လိုက်တာလည်း မြန်လိုက်တာပေါ့..။ထမင်းပွဲရောက်သွားတော့..သူ့ကို ကူညီချက်ပေးနေကျတဲ့..ဈေးဆိုင်က ဆိုင်ရှင်သမီးလေးတွေနဲ့တူပါတယ်..တကယ်ကို အရမ်းလည်းကျေးဇူးတင်စရာကောင်းပါတယ်..။ဒီလိုနဲ့..ကိနော်တို့စားဖို့ ထမင်းဝိုင်းပြင်ပီးကျတော့..ကိုယ်တွေလည်းတစ်နေကုန် တစ်ခါမှမစားရသေးတော့..ဒီတစ်ခါတော့ အားပါးတရဆိုပီး.လွေးမယ်အလုပ်မှာပဲ...ဆရာရင်နဲ့ ရွာခံလေးနှစ်ယောက်က ထမင်းပန်းကန်ပြားတည့်တည့်မှာ သူတို့ခေါင်းလေးတွေ မသိမသာညွတ်သွားပီး အသံတိတ်သွားတာပေါ့..။အဲ့ကြမှ ကိုယ်တွေက သတိထားမိလိုက်တော့တယ်..ဒီလို့နဲ့ ကျနော်တို့ စောင့်နေရင်း စကန့်(၃၀)လောက်တော့ကြာမယ်ထင်တယ်..နောက်ဆုံးကျနော်ကြားလိုက်တဲ့ အသံလေးက..'အာမင်...'ဆိုပီး သူတို့ခေါင်းလေးတွေပြန်ထောင်လာကြတော့တယ်..။ကျနော်ရယ်ဆေးဆရာလေးကတော့....ဗုဒ္ဓဘာသာဆိုတော့..ဒီအတိုင်းပဲ သူတို့ဆုတောင်းနေချိန်မှာ အချင်းချင်း အရိုအသေပေးတဲ့အနေနဲ့ ငြိမ်ငြိမ်လေးနေကျရပြန်တာပေါ..။
ပြောလို့သာ..ပြောရပါတယ် ကျနော်တို့ ဗုဒ္ဓဘာသာတွေမှာလည်း အဲ့လိုချိန် ထမင်းမစားခင်မှာ ဘုရားဂုဏ်တော်လေးပွားပီး အမျှဝေပီးမှ စားရင်လည်း အိမ်ထောင်တစ်ခုမှာဘယ်လောက် လုပ်ငန်းတွေ ရူပ်လို့...ဘုရားရှိခိုးဖို့အချိန်မရဘူးဆိုရင်ကို အနည်းဆုံတော့တစ်နေ့(၂)
ကြိမ်လောက်တော့..ဘုရားပေါ်အာရုံရောက်ပီး သတ္တဝါတွေပေါ်မှာလည်မေတာမျှဝေပီးသားဖြစ်နေမယ်...ဆိုတဲ့အတွေးလေးတွေဝင်လာတာပေါ့....။
IMG_1558.JPG

ဒီလိုနဲ့ ထမင်းစားကြတာပေါ့...တောထဲတောင်ထဲသာပြောတယ် အဆင့်လည်းရှိတယ်လို့ပြောမလား မရှိဘူးလို့ပဲပြောမလား...ကိုယ်စီဟင်းခွက်တွေတော့ချထားပေးပေမယ့်..ဇွန်းကပါမလာတာပါပဲ ဒါမှမဟုတ် မေ့များမေ့နေမလားပါ့..ဒါနဲ့ အတော်လေးကြာအောင် စောင့်နေပေမယ်ဇွန်းကပေါ်မလာတော့..ကျနော်တို့ နှစ်ယောက်က အခက်တွေ့ပီလေ...။ဒါမယ့်..ဇွန်းမရှိတာ ဟင်းခွက်နိုတ်တာက သိပ်အခက်ခဲမရှိပေ့မယ်။ အဲ့အဆင့်ထိလောက်တော့ကျော်ဖြတ်နိုင်တယ်လေ..ခက်တာက ဟင်းရေခွက်ပဲ....ဒါနဲ့ကျနော်လည်း ထမင်းလေးခပ်သုတ်သုတ်လေးစားပီး သူတို့ဟင်းရေခွက်ကိုဘယ်လိုသောက်လည်းစောင့်ကြည့်လိုက်တော့....ဆရာရင်လေ ဟင်းရေခွက်ထဲက အဖက်တွေသဲ့..ပီးကျန်တဲ့အရည်တွေကိုမှ အားပါးတရ မော့ချနေလေရဲ့..ပီးပါလေရောဗျာ..ဒါမယ့်...နောက်ဆုံးတော့လည်း သူတို့ကြည့်ပီး ကိုယ်တွေလည်း အဲ့လိုလိုက်ရလုပ်တော့မှ..ဘာနဲ့တူလည်းဆိုရင်..ငယ်စဉ်ကလေးဘဝကအချိန်လေးတွေသွားသတိရမိသေးဗျာ...။ဒါပေ့မယ့်သူတို့နဲ့..အတူတူထမင်းစားလာကြတာ့လည်းသူတို့ဆီကဓလေ့လေးကို လေးစားတဲ့အနေနဲ့..နှစ်နှစ်ခွဲလောက်အထိ ဒီအတိုင်းပဲပေါ့ဗျား.....။
နောက်မှဆက်ပါအုံးမယ်နော် သူငယ်ချင်းတို့ရေ...အားလုံးကိုလည်းကျေးဇူးနော...။
အားလုံးလည်းကိုယ်စိတ်နှစ်လုံးအမြဲရွင်ပြုံးကျပါစေလို့ဆုတောင်းနေရင်း...။

Photo credit-facebook
@sheinthu(MSC-026)

Sort:  

တကယ်​ပါပဲဗျာ .. မျက်​စိထဲကို မြင်လာ​အောင်​ ​ရေးနိုင်​ပါတယ်​ အစ်​ကို​ရေ .. အား​ပေး​နေပါတယ်​ဗျ ..

ဟုတ်ကဲ့ ကို့မြန်မာပြည်သားလေးရေ ကြိုးစားနေတယ်လို့....:-)

ဂတ်ထုရွာခုမှကြားဖူးတယ်။steemit လုပ်ရတာမကြားဖူးတာတွေလဲကြားဖူးသွားတယ်။မရောက်ဖူးတဲ့နေရာလေးတွေလည်းမြင်ခွင့်ရတယ်။ကျေးဇူးပါကိုရှိန်းရေ။

နောက်တခါသွားရင် ကိုဇာပါလိုက်ခဲ့ရမယ်...:-)

ဆက်ဖတ်ရန်စောင့်နေပါမည်

ဟုတ်ကဲ့ကျေးဇူးပါနော်လို့...

ဘုန်းကြီး​ကျောင်း တက်​တုန်းက​ကျောင်းသား​တွေအတူဝိုင်းထမင်းစားခဲ့ဖူးတာ​လေး​တောင်​သတိရမိတယ်​ အကို​​ရေ

ကိုအောင်ကြီးနဲ့ကျနော် ဒီတစ်ခါလည်းတူနေပြန်ပီ....:-)

အမှတ်တရ ထမင်ဝိုင်းလေးပေါ့ဗျာ

ဟုတ်တယ်ကိုကြီးထွေး...ပြန်တွေးမိရင် ငယ်ကလေးဘဝက ထမင်းဝိုင်းလိုပဲ...:-)

Get a free Bible for your phone, tablet, and computer. bible.com

ရွာကလေးက သာယာသားနော် ကျောင်းဆရာ

ဟုတ်တယ်..မမစု

ကောင်းဗျား

ဟုတ်ကဲ့..ဦးအင်း ကျေးဇူးပါနော်....:-)

မော့​သောက်​​တောပို​ကောင်းတာ​ပေါ့​နော

အေးလို့...ကိုယ်တွေက အဲ့စတိုင်ပါဆို....:-)

ခရစ်စယာန်တွေက ထမင်းစားခါနီး သူတို့ဘုရားသခင်ကို အာရုံကြတယ်။ကိုရှိန်းပြောသလို ဗုဒ္ဓဘာသာဖြစ်တဲ့ကျွန်တော်တို့လဲ ဒီအကျင့်ကောင်းလေးကို လုပ်သင့်ပါတယ်

ဟုတ်တယ်ကိုအောင်ဆန်း...ကျနော်ဖြင့်အဲ့တုန်းကဆို
သူတို့အဲ့လိုလုပ်နေရင်..ကိုယ်တွေလည်းကိုဘုရားကိုအာရုံပြုနေလိုက်တယ်လေ..

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63725.17
ETH 2619.74
USDT 1.00
SBD 2.82