A person'journey who visited to Panandin Village at High School Education of northern Myanmar (part-19)
နောက်နေ့မနက်စောစောမှာ ကျနော်တို့အဖွဲ့ လေးလည်း တကြော့ပြန်ပီးနောင်မွန်ကိုထွက်လာခဲ့ပါတော့တယ်…။လမ်းခရီးကတော့ …မိုးကစွေ ချမ်းချမ်းစိမ့်စိမ့်နဲ့ ဆိုင်ကယ်စီးရတဲ့ အရသာကိုလည်း ခုချိန်ထိမမေ့နိုင်သေးပါဘူးဗျာ…။အဲ့ကတည်းက အရိုးထဲထိစွဲသွားခဲ့တာနဲ့တူပါတယ်လေ…။တောတောင်တွေရဲ့သဘာဝအလှကလည်းအံ့မခန်းရှိလှလွန်းလို့ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် လွမ်းမောတမ်းတဖွယ်ဖြစ်ရပ်လေးတစ်ခုလို ရင်ထဲမှာဖြစ်ကျန်ခံစားနေရသလိုပါပဲလေ…။စိမ်းဖန့်ဖန့် မြင့်မားနေကျတဲ့တောင်ကြီးတွေနဲ့ တသွင်သွင်စီးဆင်းနေတဲ့ကျောက်စက်စမ်းရေလေးတွေရဲ့အသံကလည်း မြဲမပျက်ကြားနေရတာပေါ့…။မိုးများဒီကြားထဲရုတ်တရက် အော်ချလာပီဆိုရင်…ချောင်းပေါင်းစုံက ဖြာဆင်းလာကျတဲ့ တောင်ကျရေများကလည်း တဝေါဝေါနဲ့ ရေတံခွန်တောင်တွေထဲရောက်သွားသလိုပါပဲ…။
မိုးတွေများလာပီဆိုရင် ကျနော်တို့ဆိုင်ကယ်သမားလေးတွေက ခဏခဏနားပေးပီး ဆိုင်ကယ်ချိန်းဆီထည့်ထည့်ပေးရတာပေါ့…အဲ့လိုမှမထည့်ပေးရရင် တောင်တက်တောင်အဆင်းတွေက အရမ်းမက်စောက်လွန်းတော့ ခဏလေးနဲ့ ချိန်းတွေပျက်နိုင်လွန်းလို့ပါ…။ဒီလိုနဲ့အရမ်းသဲနေတဲ့ မိုးတွေကြားထဲ ကိုတွေဆိုင်ကယ်က တောင်ကမ်းပါးယံပေါ်က သွားနေရတာဆိုတော့…နံဘေးက တောင်နံရံတွေက ပြိုကျမလား မသိမသိစိုးရိမ်စိတ်တွေအပြည့်နဲ့ သည်းထိတ်ရင်ဖို့ စွန့်စားခန်းလားလို့တောင်ပြောပေးရမလား…မသိတက်လောက်အောင်ပါပဲဗျာ…။မောင်းလာလိုက်ကြတာ ကွမ်လင်းရွာနားလေး ရောက်ခါနီးချောင်းတစ်ခုအရောက်မှာတော့ ဆိုင်ကယ်တွေအမြဲကူးနေကြတဲ့တံတားလေးက ရေစီးထဲမျောသွားတာနဲ့…ကိုတွေအဖွဲ့လည်း အရင်တစ်ခါလို ဆိုင်ကယ်တွေမပီး ဖြတ်မယ်ပေါ့…။အင်း…ခုလိုမျိုးဆိုင်ကယ်တွေမရတော့မယ်ဆိုတဲ့ အတွေးဝင်လာရင်…ကျနော်ဖြင့်ကြောက်စိတ်ဝင်လာသလိုပဲဗျာ…။ဒီလိုနဲ့…ဆိုင်ကယ်တစ်စီး လူလေးယောက်… ဒုတ်(၂)ချောင်းနဲ့ ရှေ့ဘီးနောက်ဘီးကြားစီထိုးပီး ထမ်းကြတာပေါ့…။ချောင်းကလည်းစအဆင်းဆိုတော့ သိပ်မနက်သလိုနဲ့ အလယ်လည်းရောက်ရော …ရင်စို့ထိလုနီးနီးပဲ…။အင်း…ကြမ်းတမ်းတဲ့ လမ်းခရီးဆိုတာ ဒါမျိုးကိုခေါ်လိုက်ရမှ အဓိပ္ပါယ်ရှိလောက်မယ်ပေါ့… ဆိုတဲ့အထင်နဲ့ကိုယ့်ကိုပြန်ပီး…သံပတ်တင်းအားဖြည့်ရင်းနဲ့…ဆက်ပီးကူးရတာပေါ့လေ…။
ဒါနဲ့…တစ်ဖက်ကမ်းရောက်သွားတော့လည်း ကိုယ်တွေသာမောနေတာ …ဒီးဇီနဲ့ ဆီမွန်က တောင်ကမ်းပါယံက အလေ့ကျပေါက်နေတဲ့ ဝါးချွန်မျှစ်တွေကို ခုတ်နေလိုက်ကျတာများ မမောမပန်းပါဘဲ…။ချောင်းလေးရဲ့မြောက်ဖက် တခဏလောက်မောင်းလိုက်တော့ ရွာလေးထဲဝင်လာခဲ့တော့တယ်…။ကိုယ်တွေအောက်ပိုင်း ရွာအဝင်မှာ ဘုန်းကြီးကျောင်းများရှိကြသလို …ဒီမှာလည်း အဲ့လိုပါပဲ…။ကွမ်လင်းရွာအဝင်လမ်းလေးရဲ့ ညာဖက် တောင်ကုန်းထိပ်မို့မို့လေးပေါ်မှာ ခရစ်ယာန်ဘာသာဝင်တွေ ကိုးကွယ်ကြတဲ့ ဘုရားကျောင်းလှလှလေး ဆောက်ထားလိုက်တာများ မိုအငုံလေးတွေစီချထားသလိုပါပဲ…မြင်ရတဲ့မြင်ကွင်းကလည်း …တိတ်ဆိတ်မူနှင့်အတူငြိမ်သက်နေတာပေါ့…။ခဏတာ ဖြတ်အသွား ရွာလေးရဲ့ဂုဏ် ကျက်သရေရှိတဲ့ မြင်ကွင်းပေပေါ့…။
ကိုယ်တွေနဲ့က ဘာသာခြားနေရာရောက်နေတော့ အဲ့အကြောင်းပြောရင် ပိုပီး ဂရုစိုက်စရာပေါ့…။အော်…တစ်ခါတစ်လေ "ရွာသားလေးတွေဟာလေ တနင်္ဂနွေနေ့ရောက်ကြရင်ဖြင့် ဘုရားကျောင်းကိုသူတို့ရဲ့ ကျမ်းစာအုပ်လေးပိုက်ပီး သွားကြပီလေ…"မှတ်မိနေသေးတယ် သူတို့ရဲ့ ဓမ္မဆရာကဟောတဲ့ ဟာလေးတွေပေါ့…"ကိုယ်စိုက်ပျိုးလိုက်တဲ့သီးနှံဟာ…မိမိကိုယ်တိုင်ပဲရိတ်သိမ်းရမှာပဲနော်…"လို့ သူတို့ဘာသာဝင်တွေကို အမြဲဟောနေတဲ့ဟာလေး…ကျနော်လေ ခုဘုရားကျောင်းကိုမြင်လိုက်တော့ သွားပီးသတိရမိတာပေါ့…။အင်း…တကယ်ဆို သူတို့ရဲ့ တစ်ချို့တရားလေးတွေဟာ တို့ ဗုဒ္ဓဟောတဲ့တရားတွေလိုပဲ ပါရှိကြတော့ စိတ်ထဲပိုပျော်ရွင်မိရတာပေါ့…။(ခုနက ဓမ္မဆရာဟောတဲ့ ကျမ်းစားတရားရဲ့ အဓိပ္ပါယ်ကတော့…ကိုယ်လူတန်းမှ ကိုယ်ပဲကောင်းကြိုးခံစားရမှာပဲပေါ့…")။
တကယ်တော့လည်း လူတွေရဲ့ဘဝတွေဟာ ကိုတွေမသိနိုင်တဲ့ ထူးခြားလွန်းတဲ့ဖြစ်ပေါ်မူတွေနဲ့ လာခဲ့ကြတာ…ဒါတောင် ကျနော်လေ…ဒီဖက်နေရာပဲရှိသေးတယ်… နောက်ထပ်တစ်ခြားနေရာတွေများရောက်သွားခဲ့ရင်လည်း လူတွေရဲ့ အခြားထူးဆန်းစွာဖြစ်ပေါ်ယူဆမူတွေကို ထပ်တွေ့ရအုံးမှာပဲလား…ဆိုပီးတစ်ယောက်ထဲ တွေးနေမိတာပေါ့…။ဒါပေမယ့်လေ…ဘယ်လိုပဲလူတွေရဲ့ ဘဝတွေမှာ ထူးခြားအံ့သြမူတွေနဲ့ ဖြစ်နေကြပါစေ…"ကိုယ်၏ကျန်းမာခြင်း…စိတ်၏ချမ်းသာခြင်း…အပေါင်းနှင်းပြည့်စုံနိုင်တဲ့တရားလေးတွေလည်း ပါဝင်ကျင့်သုံးနိုင်ကျပါစေလို့…"ကျနော့စိတ်ထဲက ဆုတောင်းနေမိခဲ့တာပေါ့…။
ခုဆိုရင်လည်း…ကွမ်လင်းရွာလေးကထွက်အလာ ချောက်ကမ်းပါးတစ်လျောက်ပဲ မောင်းနေရတာပေါ့…။…မောင်းရင်းနဲ့ခြေချော်များထောက်မိခဲ့ရင်…အန္တရယ်လည်းများလှပါတယ်ဗျာ…အဲ့ကြောင့်မို့…သူတို့ခမျာလည်း ဖြေးဖြေးမောင်းရတာပေါ့…။ဒါနဲ့ လမ်းကလည်း ကြမ်း၊ကျောက်တုံးလမ်းလည်းဖြစ်တော့ စီးရတာအရမ်းမကောင်းလာတာနဲ့ ကိုနိုင်ကိုပြောမိတာပေါ့…"ကိုနိုင်ရေ နောင်မွန်ဝင်ခါနီးလမ်းမို့သာတော်သေးဗျာ…"လို့ ကျနော်ပြောလိုက်တော့…"ငါထင်တယ် မင်းအဲ့လို့ပြောလာလိမ့်မယ်လို့…ငါတို့အမြဲမောင်းနေတဲ့သူတွေတောင် ဒီနောင်မွန်နဲ့ ကွမ်လင်းကြားရောက်လာခဲ့ရင်…မင်းလိုအတွေးဝင်တာပဲ…ဟ ၊လမ်းကလည်း ပူတာအိုက စထွက်လာကတည်းက အကြမ်းဆုံးနေရာ ပြောပါဆိုရင် ဒီလမ်းလေးပဲ ပြောရမှာပဲ ဟုတ်တယ်…မြို့နယ်က လမ်းနဲ့ပက်သက်တဲ့ တာဝန်ရှိလူကြီးတွေက မြို့အဝင်လမ်းအရမ်းကောင်းရင် ယာဉ်တိုက်မူတွေ ဖြစ်မှာဆိုးလို့နဲ့ တူပါတယ်ကွာ…"ဆိုပီးရယ်ရင်းပြောတော့ ကျနော်လည်း လိုက်ရယ်မိတာပေါ့ဗျာ……အင်းကောင်းပါတယ်လေ…ကောင်းပါတယ်လေ…ပေါ့ ဆိုပီးထပ်ရယ်ရပြန်ပါရောဗျာ…ဒါနဲ့ကျနော်ကလည်း" တကယ်ဆိုးတယ်ပေါ့လမ်းကနော…တာဝန်ရှိတဲ့သူတွေကလည်းဆိုးတယ်ပေါ့နော…"ဆိုပီး (၂)ယောက်သား အရွန်းဖောက်တွေပြောနေလိုက်ရင်း…ဗီးကုပ်တောင်ကြီးရောက်လာတာပေါ့…။
ဒါကတော့ဗီးကုပ်တောင်ထိပ်ပေါ်မှာလေ
အရမ်းမြင့်တဲ့ တောင်အတက်လမ်းကို တစ်ခါတည်း ခပ်မတ်မတ် လမ်းကြောရှည်အဖြစ်နဲ့ ဖောက်ပေးထားလိုက်တော့…ဆိုင်ကယ်တွေဆို ဂီယာ(no-1)နဲ့ကို ငယ်သံပါအောင်တက်ရတာ…မှတ်မိသေးတယ် ဒါတောင် ကျနော်လည်း နောက်ကလိုက်မစီးရဲလို့ဆိုပီး ခြေလျင်ပဲ တက်ပေးတာတောင် အတော် အတက်ရခက်တဲ့တောင်ပါ…။ဗီးကုပ်တောင်ရဲ့ အဆင်းဖက်လည်းရောက်ရော နောင်မွန်မြို့အဝင် သံကြိုးတံတားလေး ရောက်တော့တာပေါ့…။ကဆန်ချောင်းကြီးထဲကို စီးဝင်သွားမယ့် ချောင်းငယ်လေးရဲ့ အပေါ်ကိုဖြတ်ပီးဆောက်ထားတဲ့ တံတားခုံးခုံးလေးပေါ့…။မြို့အဝင်ရဲ့ လှပတဲ့တံတားလေးပေါ့…။ဒါနဲ့ ကျနော်တို့အဖွဲ့လေးလည်း ဆိုင်ကယ်လေးတွေကို တလမ်းလုံးကရွံ့တွေနဲ့ဖုံးလာတာကို အဲ့ချောင်းလေးထဲ ကူအုံဆေးကြောရင်း ရေစိမ်ကြတာပေါ့ဗျာ…။
အားလုံးကို ကျနောရဲ့ခရီးသွားအမှတ်တရလေးများကို ဝေမျှခွင့်ရလို့ ကျေးဇူးပါနော်…
အားလုံးလည်းကိုယ်စိတ်နှလုံးအမြဲရွင်ပြုံးကြပါစေလို့ဆုတောင်းနေရင်း…
Credit photo-Facebook
@sheinthu
Welcome back....
ကျေးကျူးဆာ…
👍👍👍👏👏👏👏
😄😄😄🤝🤝
beatiful!
ခရီးသွားpostတွေဖတ်ရတာများလာတော့ ကျွန်နော်လည်းခရီးသွားချင်စိတ်ပေါ်လာတယ်ဗျာ
အားပေးလျှက်ပါ
ဟုတ်ကဲ့ မီးအိမ်ရှင်မလေး…😄
မင်္ဂလာပါဗျာ
မင်္ဂလာပါ ဆာဟိန်း…
အမြဲစောင့်ဖတ်နေပါတယ်ဗျို့
ကိုအတာရေ ကျေးဇူးပါဗျာ…ညရောက်မှပဲ promotion ထဲကfriends တွေကို vote ပေးတော့မလို့…😄
ဟုတ်
Good Post!
ကျေးဇူးပါနော်
ခရီးသွားဆောင်းပါများကို မျှဝေပေးလို့ကျေးဇူးပါ ဆာရှိန်း
ကျေးဇူးပါ…ဆာစိုး😄
good post,brother!
ကျေးကျေးပါအကိုရေ…အမြဲအားပေးနေလို့😄