A person'journey who visited to Panandin Village at High School Education of northern Myanmar (part-16)steemCreated with Sketch.

in #myanmar7 years ago

(အပိုင်း-၁၅)အဆက်>>>>>

ကျနော့ရဲ့ steemit ညီအကိုမောင်နှမများအားလုံး မင်္ဂလာပါလို့ နူတ်ခွန်းဆက်ရင်း( အပိုင်း-၁၆)ကိုဆက်ပရစေပါနော်…

IMG_9367.JPG

လောကဇာတ်ခုံပေါ်မှာ ကနေရတဲ့ကျနော်တို့တွေဟာ… ဇာတ်ဆရာစီမံရာ ကံကြမ္မာရဲ့ ပြကွက်တွေအတိုင်း လူပ်ရှားရူန်းကန်နေလိုက်ကျရတာ …အတော်လေးကို ထူးဆန်းတဲ့ ပြကွက်တွေလည်း ကြုံခဲ့ရတာ စုံလုနီးပါးပါပဲလေ…ဒါမယ့်ကျနော် ပြောချင်တာ တစ်ခုက… ဒီတစ်ခါ ကရမယ့်ဇာတ်ကွက်တွေမှာ ဝင်ပါရမယ့် ဇာတ်ဝင်ခန်းတွေကလည်း ဘယ်လိုများစီမံထားခဲ့လိုက်တာလည်း ဇာတ်ဆရာရယ်…လို့တောင် အောက်မေ့ပါသေးနော်…။ကျနော်လေ…ခုဒီအကြောင်းလေးမရေးခင်မှာ တစ်ခုပြောချင်တာကလေ…လောကကြီးမှာ ဘယ်သူမှ ကိုယ့်ကိုမျက်နှသာ မပေးမှာ မစိုးရိမ်နဲ့ ကံကြမ္မာသာ မျက်နှသာမပေးမှာပဲ စိုးရိမ်ကြပါလို့ ပြောလိုက်ချင်ပါတယ်လေ…။

IMG_9860.JPG

ခုလည်းမနက်ရောက်လာလို့ အလင်းရောင်လေးအတော်ပွင့်…မျက်နှာသစ်မယ်လုပ်တော့ ရပ်ဘော့ကျောင်းလေးရဲ့ မြောက်ဘက်က …"ဝေ့ဝေ့…"ဆိုတဲ့ အသံသဲ့သဲ့လေးက ကျနော့နားထဲတမ်းရောက်လာတယ် ။အဲ့ဒါကျနော်လည်း အုတ်ကန်ပေါ်ရေခွက်ကလေးတင်ထားခဲ့ပီး…အသံလာရာနောက်လိုက်လာခဲ့တာ ကျောင်းမြောက်ဖက်ခြံစည်းရိုးနားရောက်တော့…လူ(၇)ယောက်လောက် အုပ်စုလေးက လယ်ထဲမှာ နောက်ကတွဲထားတဲ့ ထည်တစ်လက်ကိုပြိုင်တူဆွဲပီး ထည်လိုက်/နားလိုက်လုပ်နေကျရဲ့ဗျာ…။အမှန်တော့ နွားတပ်ပီးရူန်းခိုင်းရမယ့်နေရာ…သူတို့က အစားဝင်ပီးဆွဲနေကျတာပေါ့…။တကယ်ဆို… အဲ့မြင်ကွင်းလေးက သူတို့တွေမှာသာ လုပ်နေကြစရိုက်မို့သာ သိပ်မသိသလိုဖြစ်နေပေမယ့် တစ်ခါမှ မမြင်ဘူးသေးတဲ့ကျနော်အတွက်ကတော့ …အရမ်းကိုစိတ်ထဲ မသက်မသာဖြစ်ရပါတယ်လေ…။သူတို့ခမျာ ဆွဲနေကျဆိုတော့ ကျနော်သူတို့ကို ကြည့်ပီးငိုင်နေချိန်အတွင်းမှာကို ထည်တစ်ကွေးပီးခါနီးပါပဲ…။

IMG_0027.JPG

အဲ့ပုံကတော့ မျက်နှာသစ်ခဲ့တဲ့ရေကန်လေးပေါ့ဗျာ

ဒါနဲ့ကျနော်လှည့်အပြန်လာပီး မျက်နှာလေးမြန်မြန်ပီးအောင်သစ်မယ်ဆိုပီးလုပ်လိုက်တယ် ။"ဖျတ်ဖျတ်" ဆိုတဲ့ အသံလေးက အပင်လေးတွေကို ဓားနဲ့ခုတ်နေတဲ့အသံလေးတွေနဲ့တူတယ်…တစ်ခါတစ်ခါ ကလေးအသံလေးတွေရောပြန်ကြားနေရတယ်…။အဲ့ဒါ… အသံကတော့ ကျောင်းအနောက်ဖက်တောထဲက အသံပဲဆိုတဲ့အတွေးနဲ့ မျက်နှာသုတ်နေတုန်း …ကလေး(၂)ယောက်နဲ့ အမေတစ်ယောက်…အမေဖြစ်သူက နောက်ကျောကခြင်းပလိုင်းထဲမှာ ထင်းစိုတွေအပြည့်နဲ့ထမ်းလို့…၆/၇နှစ်လောက် ရွယ်ကလေး(၂)ယောက်က ရှေ့ ကနေပီး အမေသွားတဲ့နေရာတိုင်း မကြောက်မကြောက်နဲ့ ဒီလိုပဲအမြဲလိုက်နေကျနဲ့ တူပါရဲ့…တောလမ်းတောင် ကောင်းကောင်းလှမ်းမသွားနိုင်သေးတွဲ့ရွယ်လေးတွေ ခုကြည့်လေ…ကျနော်တို့ကျောင်းဝင်းထဲကနေဖြတ်အသွား အမေလုပ်သူက သူတို့လေးတွေကို စောင့်ကာစောင့်ကာနဲ့ သွားရင်း…တစ်ဖက်ကလည်းထမ်းထားရသေးတာဆိုတော့…အတော်လေးကို ပင်ပမ်းတယ်မပြောနဲ့ ကျနော်တောင် စိတ်ထဲမကောင်းမြင်နေရင်းနဲ့…သူ့ အစားကိုယ်တွေတောင် ပင်ပမ်းလိုက်ပါဘိဗျာ…။

IMG_0026.JPG

လောကလူတွေ ဝမ်းရေးအတွက် ကြမ်းတမ်းနေကျတဲ့ ခရီးမှာ ဒီလောက်ဇာတ်ကွက်နဲ့ ဇာတ်ဆရာက အားမရသေးလို့နဲ့ တူပါရဲ့ဗျာ…ကလေးတွေကိုကြည့်လိုက်ပြန်တော့လည်း ဖိနပ်ကလည်းမရှိ…မိုးတဖွဲဖွဲကျနေတဲ့အထဲ ခေါင်းဆောင်းကလည်း ပါမလာပြန်ဘူးလေ…အရမ်းသနားစရာကောင်းတဲ့ ကလေးတို့ရယ်…။ကျနော်လည်းသူတို့အတွက် ပါလာတဲ့လေးတွေ ပေးချင်မိပေ့မယ် ကဗျာကယာဆိုတော့လည်း သူတို့အဝေးထွက်သွားကျပီလေ…။ဒီ သားအမိလေးတွေကိုကြည့်ပီး …တခါတလေ ကျတော့လေ…ကံစီမံရာ ဇ်ာဆရာရဲ့ပြကွက်တွေကလည်း ကြာလာလေ တစ်ဖက်သက်ကြီး လက်ရာမြောက်လွန်းနေသလိုခံစားရတော့ …ကျနော်လေ ဇာတ်ဆရာကို လက်မြောက်အရူံးပေးချင်လာမိရဲ့ဗျာ…။ "သြ…ရက်စက်လိုက်ပါဘိ ဇာတ်ဆရာရယ်…ခေလိုက်တဲ့…ကံကြမ္မာရယ်…"လို့တောင် ကျနော့ပါးစပ်က တဖွတဖွရွတ်နေမိတော့တယ်…။

ဒါနဲ့ ကျနော်တို့အဖွဲ့ လည်း ခရီးမဆက်ခင် ကိုနိုင်က" ရပ်ဘော့တံတားထိပ်သွားပီး တို့ ဟင်းလေးဘာလေး သွားကြည့်ရအောင် အဲ့နေရာက အခြေအနေကောင်းနိုင်တယ်…ဟေ့"ဆိုပီး ကျနော့ပြောတော့ …စိတ်ပြေလက်ပျောက်လည်းဖြစ်တာပေါ့ဆိုပီး (၂)ယောက်သား တစ်ခါတည်းထွက်လာခဲ့ပါတယ် ။စာသင်ကျောင်းကနေ မြောက်ဖက် (၅)မိနစ်လောက် ဆိုင်ကယ်မောင်းပီးရောက်သွားခဲ့ပါတယ် ။ တံတားထိပ်ရောက်တော့…ချောင်းနဘေးမှာ ငါးပိုက်လေးတွေ တန်းထားလိုက်တာများ ဖော့တုံးလေးတွေမြုပ်ချည်ပေါ်ချည်နဲ့ မနည်းဘူး…အတော်များမယ်ထင်ပါတယ်။အဲ့အချိန်မှာပဲ…တိုက်တိုက်ဆိုင်ဆိုင် ငါးပိုက်လာဖော်တဲ့သူတစ်ယောက်လည်းရှိနေတော့ သူဆီဝယ်မယ့်ပေါ့ဆိုပီး…ကိုနိုင်နဲ့ ကျနော်တို့(၂)ယောက် ချောင်းဘေးဆင်းသွားကျတယ် ။အောက်လည်းရောက်ရော…ရေထဲ အသေချာကြည့်လိုက်မှ…အရမ်းကိုပေါလိုက်တာ ငါတွေကလည်း ကျိတ်တိုးနေလိုက်တာ…။အင်း…အဲ့ကြောင့်မို့လည်း ငါးဝယ်ချင်ရင် ရပ်ဘော့တံတားထိပ်သွားဆိုတာ…ဒါကြောင့်ဆိုပီး အဖြေပေါ်တော့တယ်။ပီးတော့…ကိုနိုင်ကခမျှာ သူ့ ပိုက်ဆံထုတ်ပီးငါးဝယ်မယ်လုပ်နေရှာတော့…"မပေးပါနဲ့အကိုရယ် တစ်ခါတစ်လေလည်း ကျနော်တို့ကို ဝယ်ပေးခွင်ပြုပါအုံး အကိုရယ်…"လို့တောင် ပြောရလောက်အောင် သဘောကောင်းရှာပါတယ်လေ။ဒါနဲ့ ကျနော်တို့လည်း ကောင်လေးကို ငါးဝယ်မယ်ပြောတော့ သူပြုံးနေရှာတယ်ဗျ…ဆက်ပီးတော့ ကျနော်က သူကိုင်ထားတဲ့ ငါးတွဲလေးကို ဘယ်လောက်ပဲတောင်းပါစေဝယ်မယ်ဆိုပီး ကျနော် မေးပြန်တော့ သူကပြောရှာတယ်…"မရ…မရ"ဆိုတဲ့စကားလေးပဲပြောပီး …ကျနော့လက်ထဲ အဲ့ငါးတွဲလေးထည့်ပီး ပိုက်လေလေးသိမ်းကာ လှည့်ထွက်သွားပါလေတယ်…။
ကျနော်နားမလည်းလိုက်ဘူး…"မရ"ဟာ ဘာကိုဆိုလိုတာထက် ငါးတွဲလေးပေးပီ ထွက်သွားတာကိုပေါ့…ဒါမယ့် ကလေးက ၈ တန်းကျောင်းသားအရွယ်လောက်လေးပဲဆိုတာတော့ သတိထားမိလိုက်ပါတယ်…။ကျနောတွေးကြည့်လိုက်တော့လည်း…"သူလေးက ငါတို့ကို ဘယ်သူမှန်းအသိဘဲတော့ မပေးလောက်ဘူးပေါ့…ဒါမယ့် ကျနော်တို့ကို သိနိုင်စရာအကြာင်းကလည်း မဖြစ်နိုင်ဘူးနော် …ညကလည်း၈/၉နာရီလောက် မှ ဒီကျောင်းထဲရောက်လာတာကြီးကိုး…ပီးတစ်ခါတည်း ခြေလက်ဆေး ထမင်းစားပီး အိပ်ရာဝင်ခဲ့ကျတာပဲလေ…ခုဆိုလည်း ဒီမနက်ခင်းဘယ်သူမှ ကျနော်တို့ကျောင်းဆရာလေးတွေဆိုတာလည်း …မသိကျသေးဘူးရယ်"ဆိုပီး ပြန်တွေးကြည့်မိတော့ ဒီအကြောင်းတွေပဲ ခေါင်းထဲပေါ်ပေါ်လာတော့ စဉ်းစားမရဖြစ်နေတာပေါ့…တစ်ခုခုတော့ တစ်ခုခုပဲဆိုပီး တော့ပေါ့…ခုဟာက ငါးရလို့ ပျော်ရမလိုလိုဟာကြီးကို ဇတ်တငင့်ငင့်ဖြစ်နေပြန်တော့လည်းခက်…ဟိုကလေးကို ငါးဖိုးမပေးလိုက်ရပြန်တော့လည်း…စိတ်ထဲမကောင်းမကောင်းနဲ့ ကျနော်ရယ်ကိုနိုင်ရယ် ကျောင်းပြန်လာလိုက်တော့တယ်…။
လမ်းရောက်တော့…"ကိုနိုင်ညတုန်းက ကျနော်တို့အဖွဲ တစ်ခါတည်း ထမင်းစားပီး အိပ်ခဲ့ကျတာနော…"လို့ကိုနိုင်မေးကြည့်လိုက်တာ့ "ဘယ်ငါကအိပ်သေးမတုန်းကွာ…ကျောင်းအုပ်ကြီးက အမြည်းလိုလို့ဆိုပီး ညကငါ့ကို ငါးကျော်ခိုင်းသေးတယ်ဟ…ဒါမယ့် သူ့ အခြောက်လမ်းထားတဲ့ငါးက ကုန်နေပီလေ…ဒါနဲ့ ဆာကြီးနဲ့ စကားလေးဘာလေး ခဏလောက်ပြောပီး အိပ်ရာဝင်ကျတာပဲ ညီလေးရ…"လို့ပြောပြတော့…ကျနော်တွေးမိလိုက်ပါတယ် " ငါးပေးသူက ၈တန်း ကျောင်းသားအရွယ် …ငါးမရှိတော့သူက ကျောင်းအုပ်ကြီး …အဲ့တော့ ခု ဒီငါးတွေလာပေးဖို့ဆို ကျောင်းအုက်ကြီးနဲ့ အဲ့ကလေးတို့ကြားဆက်သွယ်လို့ရတဲ့ ico စက်တစ်လုံး ဆရာကြီးဆီ ရှိမှဖြစ်မယ်ပေါ့…ဘာလို့လည်းဆိုတော့ ညတုန်းကအချိန်မတော်ကြီးဆိုတော့ ကလေးဆီလူကိုယ်တိုင်သွားမှာဖို့လည်း မဖြစ်နိုင်ဘူးလေးဆိုပီး…"ကျနော်တစ်ယောက်ထဲ ဆားပုလင်းနှင်းမောင်လုပ်ကြည့်ခဲ့ရဖူးတယ်…။

IMG_9284.JPG

ဒါနဲ့ ကျနော်တို့(၂)ယောက်လည် ငါးတွဲလေးကိုင်ပီး စီးဝင်လိုက်တော့ ဆရာကြီးအိပ်ခန်းရှေ့ဆိုင်ကယ်က ရပ်သွားလိုက်တယ်… ကျနော်လည်း မျက်စိက သူ့အိပ်ရာနဘေး တစ်ချက်ဝေ့လိုက်တော့ …ဆရီကြီးကထွက်လာပီး"တော်သေးကွာ… ငါ့ကောင်တွေ ငါးရခဲ့သားပဲဟ…"ဆိုပီး ဆရာကြီးက နော်တို့အဖွဲ့တွေ အတွက် ကြိုတင်ပြင်ဆင်ပေးခဲ့တယ်ဆိုတာ သိသာလာပါတယ်…အဲ့ထက်ပိုသေချာတက သူ့ အိပ်ရာနဘေးမှာ icon စက်လေးလည်း ကျနော်တွေ့ခဲ့ရလို့ပေါ့ဗျာ…။သူကလေ ကျနော်တို့အတွက် တိတ်တိတ်လေးပဲပြင်ဆင်ပေးထားတာပေါ့…ခုလည်းကြည့်လေ…ငါဆရာကြီးဆိုပီး တဲ့ပုံစံနဲ့ မနေတက်တဲ့သူမှန်းလည်း အရမ်းသိသာပါတယ်…။အရမ်းကျေးဇူးတင်လိုက်တာဆရာကြီးရယ်လို့ …ကျနော်အာက်မေ့မိခဲ့ပါသေးတယ်ဗျာ…။ပီးတော့…အဲ့ဆရာကြီးကလေ ငါးများရလာရင် သူကိုယ်တိုင် မီးဖိုချောင်ဝင်ပီး လုပ်ပေးရှာတာတွေကိုလည်း…တသက်မေ့မရတဲ့ သတိရခြင်းလေးတွေပေါ့…။ဆရာကြီးရေ…ကျနောခု…ဒီနေရာရေးနေရင်း ကနေလည်း…အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောပါရစေနော…။

(ချွင်းချက်-"မရ"ဆိုတဲ့အဓိပ္ပါယ်က "ရတယ်"ပေါ့…)

နောက်မှဆက်ပါအုံးမယ်ခမျှ။အားလုံးလည်း steemit membersများကိုလည်း ဝေမျခွင့်ရလို့ကျေးဇူးပါနော…။
အားလုံးလည်း ကိုယ်စိတ်နှလုံး အမြဲရွင်ပြုံးနိုင်ကျပါစေလို့ ဆုတောင်းနေရင်း…

#photo credit-from Facebook
@sheinthu

Sort:  

မရမရ.. ဝင်ဖတ်သွားသည်။ ခလေးများရဲ့ ပညာရေးအခြေအနေတွေလည်း ဖေါ်ပြပေးပါအုံး

အကိုလည်းပျောက်နေသည် …ဆိုတော့ကား ကျနော်ဖြင့် အားတွေတောင်လျောလာနေပီ…
ဟုတ်ရေးပါမယ်အကို …ဗွီယိုနဲ့သူတို့ကိုရိုက်ပေးထားပီး နိုင်ငံတော်သီချင်းဆိုခိုင်းထားတာ…ရှိသေးတယ်

Thanks for sharing that journey. Pictures alone tells the story.

UPVOTED

By the way, I started following you. I would appreciate your follow back too. Thanks!

စိတ်​၀င်​စားဖွယ်​အ​တွေ့အကြုံ​လေး​တွေရှယ်​​ပေးလို့​ကျေးဇူးပါ

ဟုတ်ကဲ့ကျေးဇူးပါ…ခမျ😄

အကို့စာလေးတွေ အရန်ကြိုက်နေပြီ ဗျာ
မရ မရ

မိုက်တယ်နော…ညီလေး မရ တဲ့
အဲ့ဒေသအသုံးလေး ပါအောင်လေးရယ်…

ဟေ့ ငါ နင့်​ကိုမနာလိုဘူး
ဒါငါငယ်​ငယ်​ကမက်​ခဲ့ဘူးတဲ့အိပ်​မက်​​တေ
ဝေးလံ​ခေါင်​သီ တ​နေ့သွားပြီး
သ​ဘောဖြူတဲ့ ​တောသသူ​တောင်​သား
ငါလဲထိုက်​​လျောက်​ ​ပေးချင်​ပညာ
ဒါသည်​ ဘဝ ဓိပ္ပါယ်​ထင်​ဖူး
သို့​သော်​သို့​သော်​ ......

ဟေး… ပျော်ဆာကြီး
ကိုသက်က တို့ကို ကဗျာသင်ပေးပီလေ…😄😄

မရဆိုတာ ရတယ် တဲ့လားဗျာ
ဆန်းပါပေ့
😊

ရတယ် …မလိုဘူးတဲ့ လို့ပြောတာ ကိုဂျွန်ရေ…

မရ မရ ရ ရ မရ ရရ

အကို့ပို့စ်ကို မကြိုက် ဗျာ...
(မကြိုက်=အရမ်းကြိုက်သည်။)
hee... ကွကိုယ်ထွင်လိုက်တာ

😂😂😂😂

it's there ice fish?

Yes brother but
အဲ့ငါးလေးတွေက အငြီနံ့ မရှိသလောက်ပဲအကို

လေးစားပါတယ် bro

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65527.96
ETH 3466.32
USDT 1.00
SBD 2.52