A person journey who visited to panandin village at high school education of northen myanmar-part 2

in #myanmar7 years ago

IMG_9367.JPG
ဒီတခါပိုစ့်တင်ဖို့အလှည့်ကျလာတဲ့…ကျနော့ရဲ့ပန်နန်းဒင်သို့ခရီးလေးကိုပြန်လည်ဆက်ပရစေခမျ…။
ရှိပါသေးတယ်…နောက်ထပ်ချက်စားဖို့အတွက်ဆိုရင်လည်း…ဟင်းသီးဟင်းရွက်တွေ လက်ဆက်တဲ့သီးနှံတွေဆို တွေ့ရဖို့နေနေသာသာ ဈေးမှာရှိတဲ့ ကုန်ခြောက်ကို သူများတွေအဝယ်များလို့ပြတ်မသွားခင်…အရင်ဦးအောင်သွားပီးဝယ်ယူနိုင်မှ တော်ရုံလောက်ကြတာပေါ့…ဘာလို့လည်းဆိုရင်တော့…နောင်မွန်မြို့ကို မိုးရာသီဆိုဘယ်ကုန်ကားမှ ပေးမတက်နိုင်ကြဘူးလေ…ခုကျန်နေသေးတဲ့…ဆီသွပ်ဘူးတို့ ငါးခြောက်တို့အခြားတိုလီမူတ်စတွေတောင် အရင်နှစ်ကဆောင်းရာသီနဲ့နွေရာသီတုန်းကပူတာအိုကားလမ်းတွေကောင်းတုန်း ကားတွေနဲ့ ပို့ထားတဲ့ဟာတွေမို့ ကျနော်တို့နဲ့ နောင်မွန်သူ/သားတွေ အဆင်ပြေတာပေါ့…နို့မို့ဆို လွယ်ဘူးနော်…။ဒါပေမယ့်…တိုင်းရင်းသားအများစုကတော့ ကိုယ်ပိုင်ခြံလေးတွေထဲမှာ စိုက်ပျိုးပီးရလာတဲ့ အသီးအရွက်တွေပဲစားဖြစ်ကြတော့လည်း…သူတို့တွေကတော့…အတော်အတန် ဘယ်မှာကုန်ခြောက်တွေဝယ်ဖို့ လိုမလည်းလေ…။
IMG_9313.JPG

သဘောထားတွေကလည်း အရမ်းပြည့်ဝတယ်နော…သူတို့အိမ်လေးတွေများကြုံလို့အလည်ဝင်လာရင်တော့…အပြန် ပလိုင်းခြင်းတွေထဲမှာ အသီးရွက်တွေကတော့…အပြည့်လျံထည့်ပေးကြတာပဲ…။တစ်ခါတစ်လေ…ကိုယ်တွေက ရိက္ခာပျက်ပီဆို ကိုယ်နဲ့ခင်မှင်ရင်းနှီးတဲ့အိမ်လေးတွေဆီ လျောက်လည်ရတော့တာပဲ…အဲ့ဒါမှ အိမ်အပြန် ပိုက်ပီးပြန်လာလို့ရမှာပေါ့လေ…ဟား…။မှတ်မိပါသေးတယ်လေ…ဒီလိုနဲ့ ချက်ပြုတ်စားသောက်လာကြရင်း…ပထမတော့ ပါလာတဲ့ဆန်လည်းကုန်သွားတော့ ဈေးထဲပတ်ရှာလိုက်ရတာ…ဈေးဆိုင်တွေသာစုံသွားတယ် အချိန်လည်းကုန်သွားပီး ပြန်လာခဲ့ရဖူးတယ်…။နောင်ပိုင်းမှ…ဆန်ကုန်ရင် ရပ်ကွက်ထဲက ဆန်စက်ရှိတဲ့ဆီ သွားဝယ်လို့ပြောလိုက်မှ…ရခဲ့တော့တယ်…။
အင်း…ကိုယ်တွေက အောက့်မေ့မိပါတယ်…နောင်မွန်မှာနေတဲ့ခဏတောင် ရိက္ခာရှားနေတဲ့ အချိန်ဆိုရင် အတော်ဒုက္ခရောက်ကြသေးတာ ကိုယ်သွားမယ့် ပန်နန်းဒင်ဆို…ဘယ်လောက်ထိခက်ခဲနေမလည်းဆိုတဲ့အတွေးပ…နောက်ထပ်ဆက်ရမယ့်ခရီးကလည်း (၂)ညအိပ် နေကုန်(၃)ရက်လမ်းလျောက်ရအုံးမယ်ဆိုတော့…ခန့်မှန်းမိနေတယ်ပေါ့လေ…။သူငယ်ချင်းတွေ ပြောပေးခဲ့တဲ့စကားလေးကနားထဲဝင်လာတော့တယ်…"သူငယ်ချင်းရေ…ပန်နန်းဒင်ဆိုတာ ပြန်လမ်းမမြင်တဲ့ဟ…"ဆိုတဲ့ အသံလေးနဲ့အတူ ရှေ့ဆက်သွားဖို့ခရီးမှာ ကျနော့စိတ်တွေ တွန့်ဆုတ်မိပြန်တာပေါ့…။ဒီလိုနဲ့…တစ်ယောက်ထဲစိတ်တွေလေနေချိန်မှာ…ဆရာအောင်သူက…"ဟေ့…တို့ကောင်တွေ ကဆန်ချောင်းထဲရေချိုးဆင်းရအောင်…"လိုခေါ်တော့…ကျနော်လည်း စိတ်ပြေလက်ပျောက်အနေနဲ့ လိုက်မယ်ပြောတော့…မောင်မင်းကြီးသားက" ငရှိန်း…မင်းသူငယ်ချင်းဆရာမတွေရောခေါ်ခဲ့ဟ…"ဆိုပီး ကျနော့ကို အချွန်နဲ့ မ နေကြတာပေါ့…"ရေချိုးသွားတာ ကိုယ်တွေပဲသွားတော့ဘာဖြစ်မှလဲ ဆိုတဲ့အတွေးနဲ့ "ကျနော်က ပုဆိုးတွေ ဆပ်ပြာခွက်တွေ ယူနေတုန်း…"ဆရာရှိန်းတို့…ဘောက်မိုင်နဲ့သီတာက ကဆန်ချောင်းဖက်သွားပီး…ဓာတ်ပုံရိုက်ရင်း လက်ဖက်သုတ် ဝိုင်းဖွဲ့စားမယ်တဲ့…အဲ့ဒါလိုက်မလား…လာမေးခိုင်းလို့ဟ…"ဆိုပီး လူကမရောက်သေးဘူး…အော်ကျယ်အော်ကျယ်နဲ့…ကိုဂွန်းအောင်ရောက်လာတာပေါ့လေ…။အဲ့အချိန်ကျတော့…ခုနက သွားဖို့အဖော်ငြှိနေတဲ့…မောင်အောင်သူက စောင်းတဲထဲကမြင်း လွတ်တော့မယ့်ပုံစံဖြစ်နေတာ…မြောက်ကြွ မြောက်ကြွနဲ့ ကြည့်လို့မရတော့ဘူးလေ…သူ့ခမျာ အတော်စိတ်ညစ်သွားတဲ့ပုံဆိုတော့လည်း…ဟီး။
IMG_9325.JPG

IMG_9322.JPG

IMG_9320.JPG
အဲ့ဒါနဲ့…ကျနော်တို့တွေ ဗဟုသုတလည်းရ ရှူခင်းတွေလည်းကြည့်ရအောင်ဆိုပီး…အားလုံးပဲ ကဆန်ချောင်းစပ်ကို ထွက်လာလိုက်တော့တယ်…။အရမ်းပျော်စရာကောင်းပါတယ်…ကဆန်ချောင်းလေးရဲ့ သဘာဝအလှတွေကလည်း နောင်မွန်မြို့ရဲ့ အလှဂုဏ်ဆောင်ပ…။ချောင်းလည်းရောက်ကြရော…ဘောက်မိုင်နဲ့သီတာက မိန်းကလေးပီပီဆိုတော့…သိတဲ့အတိုင်းပဲ ပါလာတဲ့ ကင်မရာလေးထုတ်ပီး ကျနော့ကိုဓာတ်ပုံရိုက်ခိုင်ကြပီလေ…။သူတို့ကြည့်ရတာ ပိုစ့်အမျိုးမျိုးတွေနဲ့ ဘာstyle လည်းကို မသိတက်ပါဘူးလေ…။အဲ့ဒါကြာလာတော့…မျက်စိရှုပ်လာတာနဲ့ ကျနော်လည်း…" တော်ပီ…နင်တို့အောင်သူပဲ ရိုက်ခိုင်းတော့…ငါအခု ရိုက်ပေးရင်းကြည့်ရင်းနဲ့ နဲနဲခေါင်းမူးလာလို့ အောင်သူကိုလွတ်လိုက်မယ်သိလား…"ဆိုပီး ချောင်းစပ်က အပင်အုတ်အုတ်လေးအောက်ပြန်လာပီး နားလိုက်တယ်…။
IMG_9348.JPG
အပုံကလည်း…ရိုက်ချင်လိုက်ကြတဲ့အမျိုး ဘာနဲ့စပ်မွေးလာသလဲကို မသိပါဘူးလေ…မိန်းခလေးတွေသာပြောတယ် ဒီမယ်ကြည့် သူတို့လုပ်ပုံတွေ…။
IMG_9287.JPG

IMG_9347.JPG
တကယ်ဆို ကျနော်က ရှူခင်းပုံတွေရိုက်ရတာ ဝါသနာပါပေမယ့်…လူပုံတော့ အဲ့လောက်စိတ်မဝင်စားဘူးလေ…။ခုဟာက သူတို့တွေက…ကဆန်ချောင်းစပ်ကို ငွေဆောင်တို့ ချောင်းသာတို့များ အောက်မေ့နေလားမသိတက်ဘူးလေ…။အင်း…ပြောသာပြောတယ် ကြာလာတော့…သူတို့ အပုံတွေရိုက်တာ ကြည့်ရင်းကြည့်ရင်းနဲ့…ကိုယ်တွေစိတ်ထဲတောင် အပျော်တွေကူးစက်လာသလိုပါပဲ…။နောက်တော့…သူတို့လည်း အတော်မောသွားတော့…ပါလာတဲ့လက်ဖက်လေးသုတ်ပီး ကျနော်တို့အားလုံးဝိုင်းဖွဲ့ပီးစားကြရင်းနဲ့…အမောဖြေကြတာပေါ့…။
နောက်မှ…ကျန်တဲ့အပိုင်းလေးကိုဆက်ပါအုံးမယ်ခမျ…။အားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်ေ

Sort:  

ရှုခင်း​လေးက ခုနှစ်​မိုင်​ ကမ်း​ခြေလိုပဲ

Thanks bro,Sometimes my browsers is not good well..

Good တယ်​bro

Thanks bro,for your support

ပုံလေးတွေအရမ်းလှ...
ပန်နန်းဒင်ရောက်ရင်လည်းဘယ်လိုတွေကြုံတွေ့ရမလဲမသိ...မျှော်နေပါတယ်။

Ha ha ....I also want to show you sure how beautiful the Panandin is..? Bro

sure bro....hope for next post.

Thanks broလေး

ပုံ​လေး​တွေ​ရော ​ရေးသားပုံ​ရော ​ကောင်းတယ်​အစ်​ကို​ရေ

ကျေးဇူးပါ ညီရေ…

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63209.62
ETH 2570.91
USDT 1.00
SBD 2.76