Leader👮

in #myanmar7 years ago (edited)

ခုတင်ပြမယ့်ဆောင်းပါးရဲ့အမည်ကတော့ ခေါင်းဆောင်အင်္ဂါရပ် ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်
image
ပြသနာတရပ်တစ်ရပ်နှင့်ပတ်သက်၍တိကျရေရာသောဆုံးဖြတ်ချက်တစ်ခု လျင်မြန်စွာချမှတ်နိုင်စွမ်းရှိခြင်းသည်ခေါင်းဆောင်ဖြစ်လာသူတိုင်း၌တွေ့ရှိရသည့်အရည်အချင်းတစ်ရပ်ဖြစ်သည်။တစ်နည်းပြောရလျှင်ပြတ်ပြတ်သားသားဆုံးဖြတ်လုပ်ကိုင်တတ်ဖြင်းသည်ပင်အကြီးအကဲ၏လက္ခဏာတစ်ရပ်ဖြစ်သည်ဟုဆိုနိုင်သည်။
ဇဝေဇဝါချီတုံချတုံဖြစ်နေသည်လူစုကြားထဲတွင်တစုံတရာကိုတိကျပြတ်သားစွာဆုံးဖြတ်ပြောဆိုရဲသူသည်ခေါင်းဆောင်ဖြစ်လာတတ်ခြင်းမှာဓမ္မတာပင်ဖြစ်သည်။
စင်စစ်ကိုယ့်ဦးတည်ချက်ကိုသိကာယင်းဦးတည်ရာသို့တန်းတန်းမတ်မတ်လျောက်တတ်သူမျိုးသာပန်းတိုင်ရောက်စမြဲဖစ်သည်။ချီတုံချတုံသမား ဟိုဘက်ဒီဘက်အချိန်အဆလွန်ကာချိန်ခွင်လက်ကဘယ်ပန်းတိုင်သို့မှမလျောက်နိုင်မရောက်နိုင်ပေ။ထိုသူုးတွင်ဘာအရှိန်အဝါဘာသြဇာမျှမရှိ။သူ့အမြင်သူ့အယူအဆကိုမညိသှူ
မျှမလေးစား အားမကိုး၊အရေးကြီးကိစ္စကြုံလာလျှမည်သူမျှခေါင်းဆောင်မတင်ပေ။
မရေရာမပြတ်သားသူများ၌အဓိကဒုက္ခပေးနေသည့်အချက်ကားဘာကိုမျှမပစ်နိုင်ခြင်းဖြစ်သည်။သူတို့သည်''ပစ်ရမှာလည်းအဆီနဲဝင်းဝင်းစားရမှာကလည်းသဲနှင့်ရှပ်ရှပ်''ဆိုသောအနေအထားမျိုးကိုအမြဲရင်ဆိုင်နေကြသူများဖြစ်သည်နေကြရသူများဖြစ်သည်။ပြတ်သားသူအနေနှင့်ကား''ပစ်မည်ဆိုလျှင်အဆီမနှမြောနှင့်စားမည်ဆိုလျှင်သဲမကြောက်နှင့်''ဟုတွေးကာတစ်ခုခုကိုယတိပြတ်ဆုံးဖြတ်မည်ဖြစ်သည်။

Sort:  

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ့် မလွယ်ပါဘူး

#life
Jack Kerouac : Maybe that’s what life is… a wink of the eye and winking stars.

Good post

ခေါင်းဆောင်ဆိုသည်မှာ မိမိထက် မိမိငယ်သားများအပေါ် ဦးစားပေးတတ်သူများပါ

ကောင်းပါတယ်

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ပြည့်မှီသောအရည်အချင်းရှိမှဖြစ်မှာပါ

အရမ်း​ကောင့်း

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 57681.36
ETH 2446.21
USDT 1.00
SBD 2.30