ကျွန်ပ်နှင့်ကြုံရဆုံရနာမ်လောက၃

in #myanmar6 years ago (edited)

image

ကျွန်ပ်နှင့်ကြုံရဆုံရနာမ်လောက၃

  1. item
    ကျွန်တော်တောင်စဉ်ပညာကို ယူပြီးနစ်နစ်ခန့်ကြာခဲ့လေသည်။ အိမ်သို့လာလည်သောအကို၏မိတ်တွေဖြစ်သူမှာ နမဂိုဏ်းဝင်ဖြစ်သည်။ အကို့ဆီမှာထိုသူက ဗေဒင်မေးသည်။ ထိုနောက် ထိုသူက ကျွန်တော့်တို့ဆရာလွှတ်လိုက်သောကြောင့် ပယောဂစစ်ပေးရန်လာသည်ဟုဆိုသည်။ ကျွန်တော့် မရီးဖြစ်သူ အကို၏မိန်းမဖြစ်သူက်ုစစ်ပေးသည်။ အကို၏မိန်းမမှာ ဆရာဝန်ဖြစ်သည်။ သူမကလည်းဒါမျိုးမယုံချေ။ ထိုနမဂိုဏ်းဝင်ဆရာက..ခန္ဓာကိုယ်ကိုကြိုက်သလ်ုနေခိုင်းသည်။ သူက အမိန့်ပေးလိုက်သည်။ ကျွန်တော့်မရီး၏လက်မှာလေးလာသည်ဟုခံစားရသည်။ လက်တဖက်နဲ့တဖက်လေးတာချင်းမဟုတ်ပေ။ ဝင်တော့မပူးခိုင်းပေ။ သိုက်ဆက်ရှိလျှင် လက်လှုပ်စေဟုအမိန့်ပေးသည်။ လက်လှုပ်လာသည်။ သိသိသာသာပင်။ မရီးလည်းအံသြသွားသည်။ သူကပြဒါးတလမ်းသံတလမ်းပေကိုး။ ထိုနောက် ညာလက်ကို ပယောဂဝင်ပူးစေသည်။ ထိုလက်မှာလည်းလေးလာသည်။ အကိုဖြစ်သူကိုမကျေနပ်လျှင် လက်သီးဆုပ်ခိုင်းသည်။ တကယ်ပင်လက်သီးဆုပ်သွားသည်။ အထက်လမ်းအမည်ခံထားသော အောက်လမ်းဆရာလုပ်လျှင် လက်ပူးခိုင်းသည်။ တကယ်ပင်ပူးသွားသည်။ ထိုနောက်.ပယောဂပြန်ထွက်စေခဲ့သည်။ နမဆရာကပြောသည်.ဒါကပယောဂရှိကြောင်းစမ်းသပ်တာဘဲ့ရှိတာလို့ပြောသည်။ ကျွန်တော့်ဆရာက ဗဟုသုတရစေရန်သူ့ကိုလွှတ်ခိုင်းတာလို့ပြောသည်။ သို့နှင့် ကျွန်တော့်ကိုနမဂိုဏ်းအကြောင်းပြောပြသည်။ သူတို့ပညာက အမြင်အကြားအထင်ကိုဆရာတွေကမပေးဟုပြောသည်။ ကျွန်တော့်ကို သူရဲ့နတ်ကိုကြည့်ခိုင်းသည်။ ကြည့်လိုက်တော့.. ဆရာတော်နစ်ပါး၊ရင်ခေါင်းစည်းနတ်နဲ့ အစိမ်းရောင်ဘီလူးနစ်ပါးက်ုမြင်ရသည်။ သူက ဟုတ်တယ်..ဒါပေမယ့်ပထမအဆင့် ဆရာတော်ကိုမတွေ့သေးတာညီလေးဟု..ပြောလေသည်။ ကျွန်တော်လည်းဟုတ်ကဲ့ပါဟုပြောလိုက်လေသည်။.နောက်တနေ့တွင် ပြုစားသူဘယ်သူလဲဟုအကိုဖြစ်သူက ဖြစ်သူက မေးစေသည်။ အင်းချပ်ကိုအသက်သွင်းနေတုန်းတွင်.နတ်နစ်ပါးရောက်ရှိလာသည်ကိုတွေ့ရသည်။ ကျွန်တော်မှ အကို အင်းစောင့်နတ်နစ်ပါးရောက်ရှိလာတယ်လို့ပြောလိုက်သည်။ အကိုဖြစ်သူမှ ရောက်ရှိလာသောအင်းစောင့်နတ်တို့ကိုအကူညီတောင်းကာ..ဘယ်သူလုပ်တာလဲဘယ်လ်ုလုပ်တာလဲဆိုတာသေချာပြပေးပါ.ဟူအကူညီတောင်းသည်။ ကျွန်တော်.အာရုံကြည့်လိုက်တော့...ငှက်ပျော်ပင်တပင်..အိမ်ကြီးတခု၊အရိုးခေါင်းတခု၊ဆံပင်များနှင့် အသားတွေက်ုမြင်ရသည်။အသားတွေကိုမြင်ရတော့အောကလီဆန်သော်လည်း.တ်စုံတယောက်မှ ဒါကအမဲသားပါ..ဆက်ကြည့်ပါဦးဟုဆိုသည်။ သို့နှင့်ကျွန်တော်ဆက်ကြည့်တော့ ဆံပင်ဖားလားချသော သရဲမကိုမြင်ရသည်။..သူကဘာကြောင့်လုပ်တယ်ဆိုတာမပြောပြသေးပေ။ အကိုမှထပ်ပြီးဖိအားပေးစေဟုပြောတော့..ကြောက်အားလန့်အားဖြင့်..သူများခိုင်းလို့လုပ်တာပါ..အမြန်ပေးပြန်ပါတော့.ဟုပြောသည်။ ထိုအခါကျွန်တော်က အကိုသရဲမမြင်ရတယ် သူများခိုင်းလ်ို့လုပ်တာပါတဲ့..အခုကြောက်နေလို့ပြန်ချင်နေပီဟုကျွန်တော်ကပြောသည်။ သို့နှင့်အကိုဖြစ်သူက အင်းပြန်ဆိုလည်းပြန်ပါ..ဟုဆိုသည်။ သို့နှင့်ထပ်အာရုံပြုကြည့်ရာသရဲမကိုမတွေ့ရဘဲ အင်းစောင့်နတ်နစ်ပါးကိုမြင်ရလေသည်။ ကျွန်တော့်ကိုသူက ကျွန်တော့်အကို၏မိန်းမရဲ့ အစောင့်တွေကိုကြည့်ခိုင်းသည်။ သို့နှင့်..ကြည့်ရာ..ဒေဝီတပါးနှင့် အနောက်မဇ္ဇိုမနတ်သမီးကိုမြင်ရသည်။ ကျွန်တော်အံသြ သည်မှာ.ကျွန်တော့်မရီးမှာ တရုတ်ဖြစ်သည်။ သို့နှင့်ဘာကြောင့်စောင့်လဲထပ်ကြည့်ရာ..အနီရောင်ကြိုးကိုမြင်ရသည်။ သို့နှင့်ကျွန်တော်က အကို့ကို..အကိုဒေဝီတပါးနှင့် အနောကိမဇ္ဇိုမနတ်သမီးကိုမြင်ရတယ်.ကြိုးနီတချောင်းကိုပါတွေ့တယ်လို့ပြောလိုက်သည်။ အကိုဖြစ်သူက အင်းဟုတ်တယ်.ဘုရားပွဲမှာ..အဆောင်ဆွဲကြိုးယူလာတာ အာ့ကအနီရောင်ဘဲ့ဟူပြောလေသည်။ ထိုနောက်..သိုက်တွေပါမြင်ရသည်။ သိုက်မှာ..ဘီလူးနစ်ကောင်တင်းပုတ်နှင့်ရောက်လာပြီး.မင်းညီမင်းသားအဝတ်အစားတယောက်ရောက်လာသည်။ အကိုကဒီထက်အကြီးဆုံးက်ုခေါ်တော့..အစိမ်းရောင်မင်းသမီးတယောက်.စိတ်ဆိုးမာန်ဆိုးဖြစ်ရောက်လာသည်။သို့နှင့် အာရုံဖြင့်ပင် စိတ်လျော့ရန်ပြောသောအခါမှ..လက်ပ်ုက်သွားသည်။ သိုက်ချုပ်ဘိုးဘိုးလည်းရောက်လာသည်။.တော်သေးသည်က.သူတို့ကအကန့်အသတ်မရှိလွှတ်သော်လည်း.ဆိုးသောအခါပြန်ခေါ်မည်ဟုဆိုသည်။ထိုသို့ကြည့်ပြီးနောက်. . .အင်းစောင့်တွေနေရပ်သ်ို့ကြွမြန်းစေသည်။ ကျွန်တော်ကြည့်သောအခါ အင်းစောင့်နတ်နစ်ပါးက်ုမတွေ့ရတော့ပေ။ ထို့သိုကြည်ပြီးသည်နှင့် အိပ်ရာဝင်တော့သသည်။

(မနက်ဖြန်ဆရာ့က်ုမေးသောအခါအမှန်ဖြစ်ကြောင်းသိရှိရသည်)
နောက်ပိုင်းတွေကပိုစိတ်ဝင်စားဖို့ကောင်းတယ်...။
ဒီနစ်ကဆရာအချင်းချငိးချမယ့်နှစိပါ။
@sawmyattun
Msc88
Writer Saw Myat Tun
Photo me
From Myanmar

image

Sort:  

ဟင့်..အာ့တရဲမကချောလား...ဟွန့်

ညဖက်ကြီးတင်ရလားလို့ 😣

စိတ်ဝင်စားစရာပဲ။

အမှန်ဘဲ့ဗျ..နောက်ထပ်စိတ်ဝင်စားစရာအမျာကြီးချိသေးတယ်

အားပေးစောင့်မျှော်နေပါတယ်

ဟုဟုအကိုရေ

bro တကယ်ကြီးလားဗျာ

အင်းတကကြီး...

အံသြ့တော့ကောင်းတယ်

really horror!!ဘဒို plz v and m back @mgtoetat

သရဲ​​ကြောက်​တယ်​ဟ။

ကြာက်ပါဲ့ဗျာ.သနားစရာလေးပါဗျ..လာတောင်းပန်သွားတယ်..နောက်ထွက်မှဟာဆက်ဖတ်ကျိ

တကယ့်​ဖြစ်​ရပ်​လားbro။စိတ်​ဝင်​စားဖို့​ကောင်းတယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64386.10
ETH 3142.17
USDT 1.00
SBD 3.98