ဂါထာ​ဠေား သစ္စာလား

in #myanmar6 years ago

ဂါထာ​လေလားသစ္စာလား

ခေတ်​ကာလအ​ခြေအ​နေအရ လူ​တွေက ​ဒေါသလောဘ​မောဟ​တွေ​ကြောင့်​ အနာ​ရောဂါထူ​ပြောခြင်း စစ်​လက်​နက်​​ဘေးကျ​ရောက်​ခြင်း သဘာဝ​ဘေးအနန္တရာယ်​ကျ​ရောက်​​စေသည့်​အပြင်​မ​ကောင်းမိစ္ဆာအတတ်​ပညာသည်​လည်းလုပ်​တိုင်းထိ.လုပ်​တိုင်းရသည်​ဟုဆိုရမ​လောက်​​အောင်​ပင်​ အစွမ်းထက်​လှသည်​ဖြစ်​သည်​။ အမှန်​ကမိစ္ဆာပညာကစွမ်းလွန်းလှသည်​မဟုတ်​ဘဲ့..မိမိရဲ့ကိုယ်​ကျင့်​သီလအားနည်း​နေ​သော​ကြောင့်​ ခံရသည်​ကပိုများလှ​ပေသည်​။ အ​ကြောင်းမည်​မည်​ရရမရှိဘဲ့ ​ရောဂါရခြင်း၊ စီးပွား​ရေးရုတ်​တရက်​ကျဆင်းခြင်း၊အိမ်​သူအိမ်​သားများ ရန်​ဖြစ်​ဆူပူခြင်းစသာ်​တို့သည်​လည်း​ကောင်း၊ပြသာနာမှာတခုမဟုတ်​တခုထထဖြစ်​ခြင်းသည်​ သာမာန်​မဟုတ်​​တော့ဘဲ့...ပ​ယောဂအ​ငွေ့အသက်​များပါရှိ​လေသည်​။ သိပ္ပံထွန်းကားသည့်​​ခေတ်​မို့လို့ ဒီပညာ​တွေ မရှိဘူးကွာ..င​ပေါ​တွေဟု ​ပြော​နေသည့်​သူကိုယ်​တိုင်​က စုန်း၊​အောက်​လမ်းပညာရှင်​ဖြစ်​​နေူည်​ကိုလည်းအံ့သြဖွယ်​ရာသိရှိရသည်​။

ဂါထာလားသစ္စာလား...ဟူ​ပြောရခြင်းမှာ တ​နေ့ ၈လပိုင်း၂၀၁၈ဟုခန့်​မှန်းရသည်​။ ထို​နေ့ကို​တော့မမှတ်​ဖြစ်​..။ ထိုင်​​နေရင်းစိတ်​ကူးမိသည်​။ ဥာဏ်​တချက်​ပွင့်​သွားသည်​။ မြတ်​စွာဘုရားရှင်​၏ဂုဏ်​​တော်​​တွေကိုပွားများရင်း.. မြတ်​စွာဘုရား၏ဂုဏ်​​တော်​ကိုအစအဆုံး ပွားများစဉ်းစား​နေခိုက်​...ဤဂါထာသို့မဟုတ်​သစ္စာကို.ရုတ်​ချည်းရရှိခဲ့သည်​။ ထိုဂါထာသို့မဟုတ်​သစ္စာကိုအဘွားကို​ပြောပြီး.စမ်း​သောအခါ အရင်​ကထက်​သက်​သာလာသည်​ကို​လေ့လာ​တွေ့ရှိရသည်​။ ဤသစ္စာသည်​ယူံကြည်​မှု သဒ္ဓါတရားကိုအဓိကအ​ခြေခံထားသည်​။.ဝန်​ခံရလျှင်​ ဤဂါထာသို့မဟုတ်​သစ္စာတရားကို စာအုပ်​ထဲကဖတ်​ဖူးသည်​မဟုတ်​ဘဲ့​တွေး​တောကြံဆထားခြင်းသာဖြစ်​သည်​။ စာအုပ်​ထဲမှာရှိချင်​ရှိမည်​မရှိချင်​မရှိပါ..။သည်​အတွက်​ လိပ်​ပြာလူံပါသည်​။ ယခုအခါဤဂါထာသို့မဟုတ်​သစ္စာကို​ဖော်​ပြပါမည်​။

ဂင်္ဂါဝါစုမက ပွင့်​​တော်​မူပြီး​သောမြတ်​စွာဘုရားရှင်​တို့မည်​သည်​..ကပ်​သုံးပါးတို့ဖြင့်​လည်း​ကောင်း၊(အနာ​ရောဂါ​ဘေးနှိပ်​စက်​၍​သော်​လည်း​ကောင်း) သူတပါးတို့၏မ​ကောင်း​သောလုံ့လပ​ယောဂတို့ဖြစ်​လည်း​ကောင်း....ပျက်​စီးခြင်း၊ခန္ဓာလွှတ်​၍ပရိနိဗ္ဗာန်​စံခြင်းသာ်​လုံးဝမရှိပါ။

မြတ်​စွာဘုရားရှင်​တို့မည်​သည်​.မိမိသ​ဘောဖြင့်​သာခန္ဓာလွှတ်​၍ ပရိနိဗ္ဗာန်​စံရခြင်းသည်​ဖြစ်​သည်​။ ဤစကားသည်​မှန်​ကန်​​သောသစ္စာစကားဖြစ်​သည်​။ ဤမှန်​ကန်​​သောသစ္စာစကား​ကြောင့််​(အလိုရှိရာကိုဆိုပါ...)

ကျွန်​​တော်​​တွေး​လေ​လေအလွန်​ကျယ်​ပြန့်​​လေ​လေဖြစ်​သည်​။ဥာဏ်​ရှိသလိုသုံးနိုင်​သည်​၊မိမိတ​ယောက်​တည်းသာမဟုတ်​..သူတပါးအ​ပေါ်တွင်​လည်းကုသခြင်းတွင်​လည်းသုံးနိုင်​သည်​။ အနည်းဆုံး​တော့မ​သေနိုင်​ဘူး​ပေါ့..။

မေး​ထောက်​စရာရှိလာသည်​။ ​ဂေါတမမြတ်​စွာဘုရားရှင်​သည်​.ဝက်​သားသို့မဟုတ်​ဝက်​မှိုကိုစား၍ အနာ​ရောဂါဖိစီးပြီးနိဗ္ဗာန်​စံသည်​မဟုတ်​​လော...ဟုဆိုလျှင်​...ဆရာ​တော်​​တွေထံ​မေးကြည့်​ဟု​ဖြေချင်​​သော်​လည်းမိမိသိသ​လောက်​​ဖြေ​ပေးပါမည်​။

ဝက်​သားသို့မဟုတ်​ဝက်​မှိုစားသည်​ဖြစ်​​သော​ကြောင့်​ ပရိနိဗ္ဗာန်​စံသည်​မဟုတ်​၊ မြတ်​စွာဘုရားအလိုရှိလျှင်​ ကမ္ဘာတခုလုံးအထိအာယုကိုဆွဲဆန့်​ကာအသက်​ရှည်​နိုင်​သည်​။ မာ်​နတ်​က ပရိသတ်​​လေးပါးပြည့်​စုံသည်​ဖြစ်​​သော​ကြော်​င့နိဗ္ဗာန်​စံရန်​တိုက်​တွန်း​ပြောကြား​သော​ကြောင့်​လည်းမဟုတ်​။ ဤရှင်းလင်းချက်​သည်​ ကျမ်းစာအုပ်​မှာရှိပါသည်​။ လိုရင်းကိုမ​ရောင်​​တော့ဘူး။ မြတ်​စွာဘုရားရှင်​သည်​​ဝေဒနာကိုခံစားရင်း နိဗ္ဗာန်​စံသည်​မဟုတ်​​ပေ...ပထမဈာန်​ ဒုတိယဈာန်​.တတိယဈာန်​အဆင့်​ဆင့်​..ဖလာပတ်​အထိ ဝင်​စားပြီး​နောက်​ တဖန်​ဈာန်​တရားကိုဝင်​စားပြန်​သည်​။စတုတ္တဈာန်​​ရောက်​​သောအခါမှ နိဗ္ဗာန်​စံမြန်းခြင်းသည်​ဖြစ်​ပါသည်​။ အနာ​ရောဂါ​ဘေးနှိပ်​စက်​ပြီး..ဒုက္ခဆင်းရဲနှင့်​ နိဗ္ဗာန်​စံရခြင်းမဟုတ်​​ပေ။ မိမိအလိုကျ..ဈန်​တရားကိုဝင်​စားပြီး နိဗ္ဗာန်​စံခြင်းဖြစ်​သည်​။ လူတိုင်း၏သံသယကို ​ဖျောက်​​ပေးနိုင်​​သောအရည်​အချင်းသည်​ကျွန်​​တော့်​ထံတွင်​မရှိ​သော​ကြောင့်​ ဆရာ​တော်​ထံတွင်​ ​မေးမြန်းကြည့်​နိုင်​ပါသည်​။

ဤဂါထာသို့မဟုတ်​သစ္စာဆိုရင်​ဘာထူးတုန်းဟု​မေးလျှင်​ သူတပါးတို့၏မ​ကောင်း​သောအတတ်​ဖြစ်​ မလုပ်​ကြံနိုင်​ခြင်း၊ ဘုရား၏ဂုဏ်​​ကျေးဇူးက်ု​အောက်​​မေ့သဖြင့်​ ဗုဒ္ဓမနုသတိပွားများရာ​ရောက်​ခြင်း၊ လက်​နက်​​ဘေးများသဘာဝ​ဘေးများမှလွတ်​​မြောက်​နိုင်​ခြင်း.စသည်​တို့​တော့အနည်းဆုံးရရှိမည်​။

ထိုဂါထာသို့မဟုတ်​သစ္စာတရားကို ကျွန်​ပ်​တ​ယောက်​တည်းသုံးမည်​ဟု.အတ္တကြီးစွာ​တွေးမိ​သော်​လည်း..သူ​တော်​​ကောင်းများ​လောက၌ရှိပါ​သေးသည်​။ ထိုသူ​တော်​​ကောင်းတို့ရွတ်​ဆိုပြီးသူတပါးအ​ပေါ်​သော်​လည်း​ကောင်း၊မိမိကိုယ်​တ်ုင်​အန္တရာယ်​ကင်းရှင်းဖြစ်​ပါ​စေ​ကြောင်း ​မေတ္တာစိတ်​ကပိုများသည့်​အတွက်​ ယခုကဲ့သို့​ရေးသား​ဖော်​ပြခြင်းဖြစ်​သည်​။

@sawmyat
Msc088

image

Sort:  

Your post has been chosen for MMCG Curation Issue #4. You will get 10% of post payout. Please consider following me..

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.032
BTC 64168.93
ETH 2768.21
USDT 1.00
SBD 2.72