အကြားအမြင်

in #myanmar6 years ago (edited)

အကြားအမြင်​ကိုလူတိုင်းရနိုင်​လား။

အကြားအမြင်​လူတိုင်းရနိုင်​လားမ​ပြောခင်​..အရင်​ဆုံး အကြားအမြင်​ဆိုတာကဘာလဲ။ အကြားအမြင်​ကကျွန်​​တော့်​အမြင်​မှာ​တော့ ဒီလိုခွဲထားတာလို့မြင်​တယ်​ဗျ။

၁ အတိတ်​ကိုပြန်​မြင်​ပီးအနာဂတ်​ကိုကြည့်​နိုင်​​သောအကြားအမြင်​။
၂ မမြင်​ရတဲ့​လောက နတ်​​တွေသရဲ​တွေပြိတ္တာ​တွေမြင်​နိုင်​​သောအကြားအမြင်​။
၃ ထိုနစ်​ခုစလုံးမြင်​နိုင်​​သောအကြားမြင်​ ဆိုပြီးရှိတယ်​ဗျ။

အကြားအမြင်​ဆိုရာမှာ နတ်​တို့ကပြ​သော​ကြောင့်​ရရှိ​သောအကြားအမြင်​၊ ဂိုဏ်းပညာကပြ​သောအကြားအမြင်​၊ ကိုယ်​တိုင်​ဈာန်​ရရှိ​သော​ကြောင့်​ရရှိ​သောအကြားအမြင်​ စသည်​တို့​ပေါ့ဗျာ။

အကြားအမြင်​ကိုဘယ်​သူ​တွေကရနိုင်​လဲဗျ။ ​မေးသင့်​တဲ့​မေးခွန်းပါ။ ကိုယ်​သိ​လောက်​သ​လောက်​​ပြောပြရရင်​ ကို့လက္ခာဏာမှာ ​ဆော်​လမွန်​လက်​စွပ်​ရှိရင်​ဖြစ်​ဖြစ်​၊ လက်​ညိုးမှာအရစ်​တခုပို​နေရငိဖြစိဖြစ်​ရရှိနိုင်​ဖို့အခွင့်​အလန်းများတယ်​။ လက်​ဝါးအလယ်​မှာ ကြက်​​ခြေ​ခေတ်​ရှိ​နေသူ​တွေကလည်းရနိုင်​တယ်​။ အာ့​တွေမရှိဘူးဆိုပါ​တော့မရနိုင်​ဘူးဆိုတာ​တော့မဟုတ်​ပါဘူး။သူတို့ကတလကျင့်​ရင်​ရ​ပေမယ့်​ မပါတဲ့သူ​တွေက ဆယ်​လ​လောက်​ကျင့်​မှရတယ်​ဗျ။ ဒါကအတိတ်​ကပါရမီဖြစ်​သွားလို့ပါ၊ကြိုးစားရင်​​တော့ရနိုင်​ပါတယ်​။

ဘယ်​လိုကျင့်​ရမလဲ...
ကျင့်​စဉ်​၁
ကျွန်​​တော်​ဖတ်​ဖူးတဲ့ကျမ်းစာအုပ်​မှာ​တော့ လူတရာကျင့်​ရင်​ ၉၉​ယောက်​ကကျိန်း​သေ​အောင်​မြင်​တယ်​တဲ့။ ဟုတ်​ပါတယ်​။ ကဲဘယ်​လိုကျင့်​ရမလဲ ၊ ပထမဆူံး စိတိငြိမ်​​အောင်​လုပ်​ရပါမယ်​။ သက်​ဆိုင်​ဘာသာကိုဦးချ​ပေါ့ဗျာ၊သက်​သက်​လွတ်​စားပြီးကျင့်​တာကပို​ကောင်းပါတယ်​။ ကိုယ်​လက်​သန့်​ရှင်းလုပ်​ရပါမယ်​။တိတ်​ဆိတ်​တဲ့အ​ခြေအ​နေဖြစ်​ရပါမယ်​။ ဘာပုံဘာကနုတ်​မှမပါတဲ့ ဖန်​ခွက်​ကို.​ရေအပြည့်​ထည့်​...။ကို့​ခေါင်း​ပေါ်တည့်​တည့်​မှာမီးထွန်းထား၊ ကို့အရိပ်​ကအာ့ဖန်​ခွက်​ထဲကိုမကျ​စေနဲ့..စိုက်​ကျိ​နေ..။ စစချင်းဆို​တော့ တမိနစ်​ခံချင်​မှခံမာပါ။ လက်​တကမ်းအကွာအ​ဝေးကက်ျ​ရမယ်​။ မျက်​စိမှုန်​ရင်​​တော့မျက်​မှန်​တတ်​ကျိလို့ရပါတယ်​။ တတ်​နိုင်​သ​လောက်​ မျက်​စိမမှိတ်​ဘဲ့ကြည့်​ရပါမယ်​။ အနည်းဆုံးတနာရီကျင့်​။ သုံးနာရီထည့်​မပို​စေနဲ့။
ရေက​နောက်​လာလိမ့်​မယ်​၊အဖြူ​ရောင်​၊အုန်းနို့​ရောင်​ဖြစ်​ရင်​..စ​ပေါက်​ပီသာမှတိ​တော့။ အမြန်​ဆူံး တပတ်​၊ အကြာဆုံး ၃လ​ကျော်​​ကျော်​ပါဘဲ့။ မှတ်​ခါးရမာက ကိုယ်​ကျိတဲ့ဖန်​ခွက်​အသစ်​စက်​စက်​ဖြစ်​ရမယ်​၊ကိုယ့်​နားမှာအနည်းဆူံး၇ရက်​တိတိညသိပ်​ရမယ်​။ ကျင့်​​နေစဉ်​အတွင်းမှာလည်းထားလို့ရ​ပေမယ့်​သ​ဘောပါ။

အာ့လို​အောင်​မြင်​သွားရင်​..ဘယ်​သူကဘာလုပ်​​နေလဲဆိုတာ​ရေထဲမှာပုံရိပ်​​တွေဖြစ်​ပီးမြင်​လာ​ရောဘဲ့။ မကြည့်​မကျင့်​တာကြာရင်​​တော့​ပျောက်​သွားတတ်​ပါတယ်​။ မည်​သည့်​ဘာသာမဆိုလုပ်​နိုင်​တဲ့ကျင့်​စဉ်​တခုပါဘဲ့။ နိုင်​ငံခြားဓာတ်​ဖန်​လုံးပညာနဲ့သ​ဘောတရားချင်းတူညီပါတယ်​။ဒါကဘယ်​နတ်​ကမှမပြပါဘူး။ မိမိသမာဓိအ​ပေါ်မူတည်​တာပါ။

နောက်​တခုက အဓိဋ္ဌာန်​ပြီးကျင့်​ရတယ်​။ ဘယ်​​လောက်​ကြာလဲမသတ်​မှတ်​ဘူး။ ဒါကဗူဒ္ဓဘာသာမှဘဲ့။ အရဟံနဲ့ပုတီးစိပ်​ရတယ်​။ န၂၇ပတ်​ ၂၇ရက်​​လောက်​စိပ်​ရင်​​တောင်​ရပုတယ်​။ စိပ်​ပြီးတိုင်းကိုယ်​​စောင့်​နတ်​ကိုအမျှ​ဝေ​မေတ္တာပို့ရတယ်​။ ငါးပါးသီလမြဲရတယ်​။ဒါဆ်ုအကြားအမြင်​ရလာ​ရော။ ကိုယ်​က ငါးပါးသီလမမြဲ၊ ပုတီးစိပ်​ချင်​တဲ့အချိန်​စိပ်​လိုက်​မစိပ်​လိုက်​၊ အကြားအမြင်​ရပီးမှ​ပေည့​လေ။အာ့လိုလုပ်​ရင်​လမိုင်းကပ်​​ရောဘဲ့။ ကပ်​ရင်​.သွားပီသာမှတ်​..ကိုယ့်​ကိုယ်​ကိုယ်​ဘုရားလိုလိုဘာလိုလို.ထင်​​နေ​ရောဖြစ်​တတ်​တယ်​။ သာမာန်​အကြားအမြင်​မရချင်​ဘဲ့ ​လောကီဆု​တောင်းတာကပိုအကျိုးရှိပါတယ်​ခင်​ဗျ။

နောက်​တခုက ​တော်​​တော်​ကျင့်​ရခက်​တဲ့နည်းပါ။ အာ့ကတနစ်​​လောက်​အဓိဋ္ဌာန်​ရတယ်​။ မုသာဝါဒက်ုလုံးဝ​ရှောင်​ကျဉ်​ရမယ်​။ မုသာဝါဒထဲမှာပါတဲ့ ဖရုသဝါစာတို့ဘာတို့ပါ​ရှောင်​ရမယ်​။ စကားနည်းနည်း​ပြောတာပို​ကောင်းတယ်​။ ကျင့်​​နေစဉ်​အတွင်းမှာ​တောင်​ အကြားအမြင်​ရပါတယ်​။ ပျက်​စီးဖို့လည်းလွယ်​ပါတယ်​။မဖြစ်​မ​နေညာရတဲ့ကိစ္စမျိုး​တွေဘာ​တွေ​ပေါ်လာတတ်​ပါတယ်​။ ​အောင်​မြင်​ပီးရင်​​တော့ မညာတာကပို​ကောင်းပါတယ်​။ အကျင့်​ဖြစ်​သွားတာ​ပေါ့။

ပုဂ္ဂိုလ်​အား၊ဓာတ်​အား၊နတ်​အားတို့ကျ​တော့ လူတိုင်းမရဘူး၊ရတဲ့သူကလည်းရှားပါတယ်​။

Msc088

@sawmyat
From myanmar
image

Sort:  

ခေါင်းစဉ်ကြီးက အကြားအမြက်ဖြစ်နေပါသည်

ပြင်​လိုက်​ပါပီ

အဓိဋ္ဌာန်ဝင်ဦးမှပါ

ဟုဟု

ကျင့်စဉ်တိုင်း အနှောက်အယှက်တွေ ရှိတတ်ပါသည် ကိုနဝင်းတို့ ဘာတို့ ဆို နောက်ဆုံးအဆင့်မှ ကျိုးပေါက်သွားတာတွေ ကြားဖူးတယ်

ပျင်းရိခြင်းကတကယ့်​​နှောင့်​အယှက်​ပါဘဲ့

ကိုးနဝင်းတော့အခုဝင်နေတယ်

ကောင်းတယ်​အကြိ

အစ်မကတော့ သမာဓိအားနည်းသေးလို့နေမယ် ကျင့်နေတာလည်းမဟုတ်တော့ ကိုယ့်လက်ဖ၀ါးမှာ ကြက်ခြေကော solomon ring ကော ပါပေမယ့် ဘာမှသိပ်ပြီးမထူးခြားဘူး။ ထူးခြားတာဆိုလို့ အဝေးက အဒေါ်တစ်ယောက် ဆုံးတဲ့အကြောင်း အိပ်မက်မက်ပြီး နောက်နေ့မနက် သူဆုံးပီဆိုတဲ့ ကြေးနန်းဝင်လာတဲ့ဟာပဲဖြစ်ဖူးတာ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64513.75
ETH 3146.11
USDT 1.00
SBD 3.95