Reality from magic box - 1

in #myanmar8 years ago (edited)

မင်္ဂလာပါ မြန်မာစတီးမစ် မိသားစုဝင်များ ခင်ဗျာ

အခု post ကိုတော့ Reality from magic box -1 လို့ အမည်ပေးထားပါတယ်။ ဘာကြောင့် အဲဒီလို နာမည်ပေးရသလဲဆိုတာကိုလည်း ရှင်းပြပေးပါ့မယ်။

magic box ဆိုတဲ့ အသုံးအနှုန်းကို တကယ်တမ်း သတိထားမိတာက Bolt ဆိုတဲ့ ကာတွန်းကားလေးကို ဘာသာပြန်ဖြစ်တုန်းကပါ။ Bolt ဆိုတဲ့ ခွေးလေးတစ်ကောင်အကြောင်းပေါ့။ သူ့ကိုယ်သူ ဟီးရိုးလို့ ထင်နေပေမယ့် တကယ်တမ်း ပြင်ပကမ္ဘာကို ရောက်တော့မှ သူဟာ တီဗွီသရုပ်ဆောင်တစ်ဦးဆိုတာ သိခဲ့တယ်။ စူပါဟီးရိုးမဖြစ်ခဲ့ပေမယ့် အပြင်ကမ္ဘာမှာ တကယ့်ဟီးရိုးပီသခဲ့တယ်။ အဲဒီဇာတ်ကားမှာ ဟမ်းစတားလေးက အရုပ်တွေ အသံတွေ ထွက်နေတဲ့ ရုပ်မြင်သံကြားကို magic box လို့ သုံးနှုန်းသွားတယ်။ ဟုတ်ပါတယ် ... ဖြစ်စေချင်တာမှန်သမျှကို အထဲမှာ ဥုံဖွဆိုပြီး ဖြစ်စေတဲ့ မှော်သေတ္တာလေးပါ။ စိတ်ကူးယဉ်ကမ္ဘာလေးတစ်ခုပေါ့ ...


အခု ကျွန်တော်တို့ကလည်း facebook တို့၊ Steemit တို့ social media တွေကို သုံးကြတယ် ... အပြင်မှာ ဘ၀ကို ဘယ်လိုလှုပ်ရှားနေမှန်း မသိပေမယ့် အထဲမှာတော့ ပြောသမျှ အမှန်ပဲလို့ ယူဆနေရတယ်။ တရားစာတွေ ရေးပြီး ဝေငှပေးနေသူကလည်း အပြင်မှာ ငါးပါးသီလ လုံချင်မှ လုံမယ်။ Social media မှာ စိတ်ဓာတ်ခွန်အားပေးနေသူကလည်း အပြင်မှာ စိတ်ဓာတ်ကျနေသူ စိတ်ဓာတ်ကျဖူးသူ ဖြစ်မယ်။ မှန်ကန်မှုဆိုတာက လက်ရှိအခြေအနေမှာ လက်ရှိပြောဆိုနေတာနဲ ကိုက်ညီမှုသာ ဖြစ်နေတယ်။ တစ်ချိန် စကားအဆီအငေါ် မတည့်တဲ့အခါ မှားယွင်းမှုဆိုတာက ဖြစ်သွားမယ်။ လူတစ်ဦးကို ယုံကြည်မှု စိတ်ချမှုဆိုတာ အခြေအနေ အချိန်အခါနဲ့လိုက်ပြီး ပြောင်းလဲနေတာပါပဲ။ ဘယ်ဟာမှ တစ်သမတ်တည်း မဖြစ်ပါဘူး။ အဲဒီသဘောကို မသိသူတွေအတွက် မှော်သေတ္တာ magic box ဟာ ဘ၀ဇာတ်ခုံရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာပါတယ်။


စတီးမစ်ကို စတင်ဝင်ရောက်ခါစက white lie တွေကို တွင်တွင်ကြားခဲ့ရတယ်။ မိမိစာကို ဖတ်မှန်းမသိ မဖတ်မှန်းမသိ good post , nice post တွေ ရခဲ့တယ်။ msc မှာ member ဖြစ်စမှာလည်း ယောင်လည်လည် ဖြစ်ခဲ့တယ်။ promotion အတွက် စာရေးမယ် ... မသိတာ နားမလည်တာကို chat box မှာ မေးမယ် ... ဒါပဲ သိခဲ့တယ်။ စတီးမစ်လောကသားဘ၀ကို ရိုးရိုးလေးပဲ နားလည်ခဲ့တယ်။ မိမိသတိကို စတင်တည်ပေးခဲ့တာကတော့ @cheetah-myanmar မိသွားတဲ့လူ တစ်ဦးပါ။ နာမည်တော့ မပြောတော့ပါဘူး။ အထူး သတိထားမိတာက ချီတက်မိတဲ့နောက် msc ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆို post တင်ခဲ့တာကြောင့်ပါ။ ဟာ ... ဒီလောကမှာ ဒီလိုလူမျိုးတွေလည်း ရှိပါသေးလားလို့ သိလာခဲ့တယ်။ သူရေးတဲ့စာတွေကို လိုက်ဖတ်ကြည့်တော့ ... ဟောဗျာ ... အတော်လေး အံ့သြခဲ့ရတယ်။ ဘာလို့လဲဆိုတော့ msc က admin တွေကို ဖက်နမ်းတော့မတတ် အမွှန်းတင် ရေးသားထားတာကြောင့်ပါ။ comment မှာလည်း admin တွေရဲ့ ပြောစကားတွေ ရှိထားတယ်။ ဗုတ်တွေလည်း ပေးထားတယ်။ မကြာဘူး ... မိမိအလို မကျတဲ့အခါ အောက်လုံးတွေနဲ့ ဆဲဆိုထားတယ်။ စတီးမစ်က magic box ဆိုတာ ပြသနေပါတယ်။ နောက်ပိုင်းလည်း အလားတူ magic box ပြကွက်တွေကို အတော်လေး တွေ့မြင်ရတယ်။ မထင်မှတ်တဲ့နေရာကနေ အရှိုက်ကို လက်သီးနဲ့ ထိုးနှက်ချက်တွေလည်း တွေ့တယ်။ မိမိအနေနဲ့ ဘေးထိုင်ကြည့်နေတာဆိုတော့ နှစ်ဖက်လှုပ်ရှားမှုကို မြင်နေရတယ်။ အမြင်ပိုကျယ်ခဲ့တယ်။ ဒါပေမယ့် သိစရာတွေက မကုန်သေးပါဘူး။ ဒါကလည်း magic box ရဲ့သဘောတရားပါ။


နောက်ပိုင်း အုပ်စုတွေ ဖွဲ့ပေးတော့ msc chat မှာထက် စကားပြောဆိုတာ ထိတွေ့တာ ပိုများလာတယ်။ team work သဘောတွေလည်း ပိုမိုနားလည်လာတယ်။ တာဝေးပြေးပွဲမှာ အမောဆို့ပြီး ကျန်နေခဲ့သူတွေကိုလည်း တွေ့တယ်။ လိုက်ပါ မပြေးနိုင်ဘဲ ပုံမှန်ပြေးနေသူတွေ၊ ခရီးတစ်ထာက်နားနေသူတွေ၊ ပြေးပွဲအတွက် အချိန်မပေးနိုင်သူတွေ၊ မူလကိစ္စမပြီးပြတ်သူတွေ၊ ပြေးပွဲထက် အရေးကြီးတာတွေ ရှိနေသူတွေ စသဖြင့် တွေ့မြင်လာရပါတယ်။ တာဝေးပြေးပွဲမှာ လက်ဆင့်ကမ်းပြီး သွားမယ့် ဘုံအကောင့် @steempowergroup1 ဆိုပြီး အင်အားစုတစ်ခုလည်း ဖြစ်လာပါတယ်။ အချင်းချင်း စိတ်ဓာတ်အင်အားလက်ဆင့်ကမ်းရင်း မိမိသာမက ကျန်တဲ့စတီးမစ်အဖွဲ့ဝင်တွေအတွက် အကူအညီတွေလည်း ပေးလာနိုင်တဲ့ အစီအမံတွေ လုပ်ဖြစ်ခဲ့တယ်။ magic box မှာ အကောင်းဘက်ကို ပြသလာတယ်။


အဲဒီလို သဘောရှိနေတဲ့ magic box မှာ ပိတ်နေသူတွေ များပေမယ့် bolt လိုမျိုး အပြင်ကမ္ဘာကို ရောက်လာတဲ့ ညီအစ်ကိုတွေလည်း ရှိပါတယ်။ အထဲမှာရော အပြင်မှာပါ တစ်ထပ်တည်း တူညီသူတွေ ဆုံတွေ့ကြတယ်။ ခိုင်မာတဲ့ ကွန်ယက်တစ်ခု ဖြစ်လာတယ်။ ဒါကြောင့် မိမိလည်း သူတို့လိုပဲ တွေ့ဆုံချင်တယ်။ ဒါပေမယ့် အခွင့်အရေး မကြုံခဲ့ဘူး။ ရှမ်းလူမျိုးတစ်ဦးဖြစ်တဲ့ အဖိုးကို သူ့ဇာတိရပ်ရွာ အလည်လိုက်ပို့ရာမှာ နီးစပ်ရာ လူတွေကို magic box ရဲ့အပြင်ဘက်မှာ ဆုံချင်စိတ်ကလည်း အမြဲရှိခဲ့ပါတယ်။ ဘုံအကောင့်ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ @saipanpha ကို အပြင်မှာ ဆုံချင်မိတယ်။ ဒါပေမယ့်လည်း သင်္ကြန်တွင်း သွားလာရခက်ခဲမှု၊ ဒေသချင်း ဝေးလံမှုကြောင့် မှန်းချက်က နှမ်းထွက် မကိုက်ခဲ့ဘူး။ ဆုံဖို့ ကံက ရှိနေတော့လည်း ကြံဖန်ဆုံမိပြန်တယ်။ ဆုံတဲ့အချိန် သိပ်မရှိပေမယ့် ၀မ်းသာအားရတော့ ဖြစ်ခဲ့တယ်။


ကိုစိုင်းကို စသိတာက ဆရာ @tinhlaingoo ရဲ့သင်တန်းမှာပါ။ မရေးတတ် ရေးတတ်နဲ့ အချစ်ဝတ္ထုရေးတော့ ပိုပြီးမှတ်မိသွားတယ်။ နောက်ပိုင်း သင်တန်းပါ ပို့ချနေသူဆိုတော့ စိတ်ဝင်စားခဲ့တယ်။ သူ့စာ ကိုယ့်စာ အပြန်အလှန်အားပေးရင်း ခင်မင်လာတယ်။ msc group-1 မှာ အတူစုစည်းမိတော့ ပိုမိုသိရှိခဲ့တယ်။ တိုင်းရင်းသားတစ်ဦးပီပီ အကူအညီပေးဖို့ပဲ စဉ်းစားနေတဲ့ သူ့သဘာဝကို သဘောကျမိခဲ့တယ်။ ဆရာတင်လှိုင်ဦးက သင်တန်းပုံစံ ပြန်လည်ပြောင်းလဲတဲ့အခါ ဆရာ့ကို အထောက်အကူပေးတဲ့အဖွဲ့မှာ တစ်ဖွဲ့တည်း ဖြစ်ခဲ့တယ်။ သူနဲ့ကိုယ်က စတီးမစ်ကို ၀င်လာတာ သိပ်မကွာသလို ၀င်လာပုံကလည်း တူညီပါတယ်။ hfs ကနေတစ်ဆင့် msc ကို ရောက်လာတာချင်း တူညီပါတယ်။ ထပ်မံတူညီတာက magic box မှာတင်မက အပြင်လောကမှာလည်း တစ်ခုပြီး တစ်ခု လှုပ်ရှားဖို့ ကြံစည်နေတာပါ။ ရေမနစ်မချင်း ခွန်အားရှိသလောက် ကမ်းပေါ်ရောက်အောင်၊ အောက်ကို ပြုတ်မကျမချင်း ဇွဲစိတ်နဲ့ တောင်ထိပ်ရောက်အောင် တက်နေပုံချင်း တူညီပါတယ်။ ဒီကနေ့မှာ Reality from magic box ဖြစ်လာခဲ့ပါပြီ ... နောက်ပိုင်းလည်း တခြားသူတွေနဲ့ ထပ်မံတွေ့ဆုံမှာ ရှိသေးတာကြောင့် အပိုင်း ၂တို့ အပိုင်း ၃တို့ကလည်း ရေးလာစရာ ရှိပါသေးတယ်။


အခုတွေ့ဆုံမှုကို ကျွန်တော် တန်ဖိုးထားပါတယ်။ ဘာကြောင့် တန်ဖိုးထားတာလဲ ... ဘာတွေ အရေးကြီးတာလဲဆိုတာကိုတော့ နောက်ပိုင်းမှာ တဖြည်းဖြည်း ထည့်သွင်းရေးသားသွားပါ့မယ်။ magic box မှာ ဇာတ်လမ်းတစ်ခန်းမရပ်ဘဲ လူ့ဘ၀ဇာတ်ခုံရဲ့ကန့်လန့်ကာရှေ့ထွက်ပြီး ရှေ့ပိုင်း နောက်ပိုင်း အကစုံကို ပွဲပြီးတဲ့အထိ အတူတွဲကမယ့် လူတွေ အကြောင်းပေါ့ ...


Author - @sawlwin

MSC - 176

Image credit - https://pixabay.com

Sort:  

Hello @sawlwin , I was designed to give advice to "steemit" users.

I recommend to increase this;

The most winning bid bot in the last 24 hours is ✅ "appreciator"

You can enter "steembottracker.com" to find more offers.

You can make "Resteem" and advertise to the followers of the whale accounts.

"Resteem Bot" for you;

@hottopic has 18.500 Followers + 5200 Sp + Upvote with min +45 accounts.

I am a bot, I can not answer the comment. I hope I could help. Good luck.

ရုပ်ရှင်၊ စာပေတွေထဲနှင့် လက်တွေ့ဘဝ တူညီနိုင်ဖို့က
မလွယ်တဲ့ကိစ္စပါ။ မလွယ်တာကို ရအောင်လုပ်နိုင်တာက
အောင်မြင်မှုပါပဲ။

အင်း ... အဲဒီအောင်မြင်မှုဟာ အခက်အခဲကြားကနေ ရရှိခဲ့တာပါ

ကိုစောရဲ့ စာလေးကိုဖတ်ပြီး ဝမ်းသာပီတိဖြစ်မိသလို ကိုယ့်ကိုယ်ကိုလည်း အားငယ်မိသလိုဖြစ်သွားတယ်။
ကျနော်မှာ အကောင်အထည်ပြစရာ များများစားစားမရှိသေးဘူးကိုစောရာ😢
ကာတွန်းကားလေးကိုတော့ကြည့်ခဲ့ဖူးပါတယ်။
သိပ်မမှက်မိတော့ပေမယ့် သူ့ရဲ့ဘဝအမှန်ကိုသိရှိပြီးနောက်ပိုင်းမှာ စိတ်ဓာတ်မကျပဲ သူစွမ်းသလောက်ဆောင်ရွက်ခဲ့တယ်ထင်တယ်။အောင်မြင်မှုတစ်ခုသူရရှိသွားတယ်။ဟုတ်လား ကိုစော ကျနော်သိပ်မမှက်မိတော့ဘူး။

အခု ကိုမိုးလုပ်နေတာကလည်း ကိုမိုးရဲ့အောင်မြင်မှုပါပဲ ... G1 ခေါင်းဆောင်အဖြစ်သာမက ... sp500 ကိုလည်း ပထမဆုံးပြည့်တဲ့သူ ဖြစ်တော့မယ် ... ကျွန်တော်က စိတ် အလျင်လိုတယ် ... ကိုမိုးဆီကနေ အထိန်းအကွပ်ရနေတယ် ... ကျွန်တော် အဆင်ပြေနေတာလည်း ကိုမိုးတို့တွေ ကူညီပေးနေတာကြောင့်ပါ ...

ဟုတ်တယ် ... Bolt ဇာတ်ကားက အဲဒီလို ဇာတ်လမ်းဆင်ထားတာ ...

လူ့သဘောသဘာဝက ဒီလိုပါပဲ မစားရတော့တဲ့အခါ အဆီတဝင်းဝင်းနဲ့ ဝက်သားတုံးကြီးကို သဲနဲ့ပက်ချင်လာကြတယ်။ ဒါနဲ့လေ ပြုံးပြုံးရွင်ရွင်နဲ့ ပုံထဲက လူနှစ်ယောက် အရမ်းခင်တယ်ဗျာ 😄

ကျွန်တော်တို့ကလည်း ကိုလင်းနဲ့ အတူ ဓာတ်ပုံတွဲရိုက်ချင်ပါတယ်ဗျာ ... အပိုင်း ဘယ်လောက်မှာမှ ကိုလင်းနဲ့ ဆုံမလဲ မသိဘူး

ကျွန်တော်တို့လည်း တစ်ရက်ရက်တော့ အားလုံး ဆုံချင်တယ်ဗျာ။

ဟုတ်တယ် ကိုထွေး ... ဆုံတွေ့ဖို့ target ထားတယ် ... ဒါကြောင့် အခုလို အပိုင်းဆက် ရေးဖို့ လျာထားတာ

ပျော်စရာကောင်းလိုက်တာ

ဆုံတွေ့ချိန်က ခဏလေးပေမယ့် ၀မ်းသာခဲ့ရပါတယ်ဗျာ

G1 gathering လုပ်ပါဗျို့

အပြင်မှာ မလုပ်ခင် အထဲမှာ အရင် လုပ်စေချင်ပါတယ်...

Magic Boxတဲ့လား​ဗျာ.....။
သိပ်​​ကောင်းတဲ့ အသုံးအနှုန်း​လေးပါပဲဗျာ....။

ဟုတ်ပါတယ် ... ကျွန်တော် သဘောကျမိတဲ့ အသုံးအနှုန်းပါ ... ဥာဏ်မမီပေမယ့် မှီသလောက် မြင်သာအောင် ပမာပြုထားတဲ့ စကားပါ

ကိုစောအရေးသားကတော့ ချက်ချင်းသဘောပေါက်နားလည်လွယ်တယ်ပြီးတော့ အသုံးနှုန်းလေးတွေလဲလှတဲ့အပြင် အသိပညာတွေအများကြီးရစေတယ်

ဝေဖန်သုံးသပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ

ကိုစောရေ ကျွန်တော်သင်ယူစရာတွေ ကိုစော စီမှာရှိတယ်ဗျာ
ကိုစောလို လူမျိုးတစ်ယောက် အခုလိုအဖွဲ့အစည်းမှာရှိတာ
တော်တော်ကို အထောက်အကူရတယ်ဗျာ

ကိုဇော်ထွေးရေ သင်တာက ရပါတယ် ... မှန်ကန်အောင် အသုံးချဖို့လည်း လိုအပ်သေးတယ်ဗျ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 64518.18
ETH 1673.68
USDT 1.00
SBD 0.41