You are viewing a single comment's thread from:

RE: Steem အပင်စိုက်ပြီး steem အသီးဘယ်အချိန် စားမလည်း?

in #myanmar7 years ago

ကိုဗီးအတွေးကို သဘောကျတယ် အကောင်းအဆိုးကတော့ ချိန်ဆရမှာပါပဲ စတီးမစ်မှာ ဝင်ကာစက ပိုက်ဆံရှာဖို့ပါ တချို့က ဒီလမ်းကြောင်းကိုပဲ တစ်စိုက်မတ်မတ်လိုက်တယ် crazy ဖြစ်တဲ့အခါ vote အရမ်းရအောင် မျိုးစုံလုပ်ရင်း စိတ်ပူလောင်တဲ့ဘက်ကို ရောက်သလို မီဒီယာပလက်ဖောင်းဆိုတာ မြင်တဲ့သူတွေက ဘယဆိုတဲ့စိတ်နဲ့ ကိုယ်ပေးချင်တာလေးတွေ မျှဝေနေရတာကြောင့် စိတ်အေးတဲ့ဘက်ကို ရောက်ကြတယ် ကျွန်တော်ကိုယ်တိုင်လည်း ဘယကို ရရှိအောင် ကျင့်ကြံတုန်းပါ $ နည်းရင် စိတ်မကောင်းဖြစ်တုန်းပါပဲ ဒါပေမယ့် မမြင်ရတဲ့ အကျိုးက ပိုကြီးပါတယ် copy မရတော့ ကိုယ်ပိုင်ခံစားချက်အမှန်တွေ တွေ့ပါတယ် vote လိုချင်လို့ ရေးတဲ့ဟာတွေကိုလည်း ခွဲခြားသိမြင်လာပါတယ် ဝေဖန်ပိုင်းခြားမှုဥာဏ်ပိုသန်လာတာပေါ့ဗျာ စာအရေးအသားကလည်း ကိုယ့်ဘာသာဆို မကျင့်ဖြစ်ပါဘူး ငါးစာပဲ ဆိုဆို ရှေ့ဆက်လှမ်းဖို့ မက်လုံးလိုပါတယ် မိမိက ဘယ်လမ်းကို သွားသည်ဖြစ်စေ တူရာတူရာ လူတွေနဲ့ မိတ်သစ်ဆွေသစ်ရပါတယ် တစ်ယောက်လက် တစ်ယောက်ကမ်းရင်း လက်ချင်းအတွဲညီရင် ဒီလူစုဟာ စတီးမစ်မှာသာမက အပြင်မှာပါ ဘာမဆို ယှဉ်ပြိုင်ရဲပါပြီ ရည်မှန်းချက်ပန်းတိုင်ကို ယုံကြည်နေပြီး အမြဲဆက်လှမ်းနေဖို့ပဲ လိုအပ်ပါတယ် အားလုံးက ကျွန်တော့်အမြင်ပါ မတူတာရှိရင် ပြောနိုင်ပါတယ်

Sort:  

ထပ်တူပါပဲbro အခြားသူတော့မပြောတတ်ဘူးဗျ ကျွန်တော့်ကတော့အရမ်းမျော်လင့်ချက်ကြီးထားမိတယ် Steem ပေါ်အဲ့မှာမကောင်းတဲ့ဘက်ကိုတွေးကြည့်တော့ လည်းဖြစ်နိုင်ခြေလေးပါလားလို့။ ဉာဏ်မမှီဒါလည်းပါတယ် နားမလည်သေးဒါလည်းပါတယ် ဟုတ်လိုဟုတ်ငြား အဖြေလေးတော့ရမှာပဲဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ပါ။

Fighting ပါ bro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 62135.43
ETH 2418.50
USDT 1.00
SBD 2.58