NETCOINS မှာ စာရင်းဝင်အောင် Steem ကို ဗုတ်ပေးပြီး Oracle-D ဆီကနေ upvote ယူနိုင်တဲ့ Contest !

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ...

steem ဈေးတွေက ကျနေတာကြောင့် developer တွေက နည်းမျိုးစုံသုံးပြီး ဈေးဆွဲတင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ ကျွန်တော်တို့ Myanmar steemian ( စတီးမ်လောကသား) တွေကလည်း တစ်ပြိုင်နက်တည်း လက်တွဲပါဝင်နိုင်အောင် contest တစ်ခုကို လက်တို့ပြောပြပါရစေ ...


cup-1614530_1280.png

Source

ဒါက ယခု contest အကြောင်း မိတ်ဆက်ပေးတဲ့ မူလလင့်ခ်ဖြစ်ပါတယ်။

https://steemit.com/steem/@oracle-d/vote-for-steem-to-get-a-free-listing-on-netcoins-and-win-oracle-d-upvotes-contest-8dbe4475bb65cest


အဆိုပါ post မှာ ပြောထားတဲ့အထဲက လိုရင်းကို ပြောရမယ်ဆိုရင် -

1 ) ကနေဒါအခြေစိုက် Blockchain Company တစ်ခုဖြစ်တဲ့ NETCOINS မှာ Steem ကို စာရင်းဝင်နိုင်အောင် ဖြစ်ပါတယ်။

NETCOINS မှာ steem စာရင်းဝင်ရင် ဘာဖြစ်လာမလဲ

  • ---> တိုက်ကြီး ၆ တိုက်မှာရှိတဲ့နိုင်ငံပေါင်း ၅၃ နိုင်ငံကျော်က နေရာပေါင်း ၁၇၁၀၀၀ (တစ်သိန်းခုနှစ်သောင်းတစ်ထောင်) မှာ Steem ကို ရောင်းဝယ်နိုင်မယ်။

  • ---> သတင်းစာ/ စာနယ်ဇင်းတွေ၊ Nasdaq, Globenewswire, Coinmarketcap, Coincodex တို့လို financial ပိုင်းဆိုင်ရာ crypto ပိုင်းဆိုင်ရာ sites တွေမှာ ဖော်ပြခံရမယ်။

  • ---> ကမ္ဘာအနှံ့မှာ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်လာနိုင်မယ်။


2 ) စာရင်းဝင်အောင် http://contest.gonetcoins.com/ မှာ Steem ကို ဝင်ရောက်ဗုတ်ပေးရပါမယ်။

  • အောက်တိုဘာလ ၁၃ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း တစ်နေ့ကို တစ်ကြိမ်ဗုတ်ပေးနိုင်ပါတယ်။

ဗုတ်ပေးပုံပေးနည်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ပထမဆုံး Link ကို နှိပ်ပြီး ဝင်ပေးပါ။ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။
    IMG_20181016_002741.png

  • ဘေးမြှားကို ဆွဲချပြီး Steem ကို ရှာပေးပါ။ တွေ့တဲ့အခါ မိမိမေးလ်လိပ်စာကို ထည့်ပြီး Vote ဆိုတာအပေါ် နှိပ်ပေးပါ။
    IMG_20181016_003026.png

  • ညွှန်ကြားချက်တစ်ခုပေါ်လာရင် " send Confirmation Email " ဆိုတာကို နှိပ်ပေးပါ။

IMG_20181016_003151.png

  • မိမိထည့်လိုက်တဲ့ အီးမေးလ်းလိပ်စာထဲကို မေးလ်တစ်စောင်ဝယ်လာပါမယ်။ မေးလ်မှာပါလာတဲ့ လင့်ခ်ကို နှိပ်ပြီး အတည်ပြုပေးလိုက်ပါ။
    IMG_20181016_003612.png

  • အောက်ပါအတိုင်းဖြစ်သွားရင်တော့ မိမိဗုတ်ပေးတာက အောင်မြင်သွားပါပြီ။
    IMG_20181015_121532.png


3 ) ဗုတ်ပေးတာ အောင်မြင်သွားရင် ဘာဖြစ်လာမလဲ ?

  • Contest မှာ ဗုတ်ရရှိမှုအများဆုံး ပထမနေရာကို ဆွတ်ခူးရင် steem ဟာ ဘာအခကြေးငွေမှ ပေးစရာ မလိုတော့ဘဲ NETCOINs မှာ စာရင်းဝင်သွားပါမယ်။ ( ပုံမှန်ဆို စာရင်းဝင်အောင် ဒေါ်လာ သုံးသောင်းကျသင့်ပါတယ်။)

  • အဆင့်၂ ကနေ ၁၀ အတွင်း ဝင်သူကတော့ ကျသင့်ငွေ ၂၅ ရာခိုင်နှုန်းသက်သာခွင့်ရရှိပါမယ်။

  • ယခုစာကို ရေးနေတဲ့အချိန်မှာ Steem က အဆင့် ၆ မှာ စွဲနေပါတယ်။


4 ) ဗုတ်ပေးသူကရော လက်ငင်းအကျိုးကျေးဇူး ဘာတွေ ရရှိမလဲ ?

  • @oracle-D ရေးသားထားတဲ့ ယခု post ကို Resteem လုပ်ပေးပြီး မိမိ vote ထားတာ confirm ဖြစ်ကြောင်း screenshot ကို အဲဒီ post အောက်မှာ မန့်ပေးရပါမယ်။

  • ဒါဆိုရင် သူ့ဆီက $1 နီးပါး တန်တဲ့ upvote ကို ရရှိပါမယ်။

  • ပထမဆုံးမန့်သူ အယောက် ၅၀ အတွက် upvote ကတော့ $1 ကျော်ပါမယ်။

  • ဒီ contest အကြောင်းကို ကောင်းကောင်းလေးရေးပြီး တင်သူကတော့ $10 နီးပါးတန်တဲ့ upvote ကို ရရှိပါမယ်။ #steem, #steemit, #exchange-blast, #promo-steem ဆိုတဲ့ tags တွေကိုတော့ မဖြစ်မနေ ထည့်ပေးရပါမယ်။


နိဂုံးချုပ်အနေနဲ့ ပြောချင်တာက steem ကို ချစ်မြတ်နိုးသူ၊ steemit ကနေ rewards များများလိုချင်သူ၊ လတ်တလောအခွင့်အရေးကို ဖမ်းဆုပ်ချင်သူ steemians များအနေနဲ့ ဒီ contest ကို လက်မလွှတ်သင့်ပါဘူး။ contest link မှာ တစ်နေ့မှ တစ်ခါတည်း ဝင်ရောက်ဗုတ်ပေးရတာဖြစ်ပြီး ၆ ရက်ပဲ ကြိုးစားပေးရမှာ ဖြစ်ပါတယ်။ steem က ဗိုလ်စွဲခဲ့မယ်ဆိုရင်တော့ မိမိတို့ညီညွတ်မှုကို ပြသရာရောက်သလို ရှေ့ခရီးလည်း တစ်ဆင့်ပေါက်သွားပြီး Steem ဈေးတက်နိုင်ချေလည်း မျှော်လင့်နိုင်ကြောင်းပါ။


medal-303422_1280.png

Source


@sawlwin

MSC - 176

This info is shared from the original Link .

Sort:  

Updated on 16th Oct,

Resteem နဲ့  comment ပေးရမယ့် လင့်ခ်က ပြောင်းသွားပါပြီ

အောက်ကလင့်ခ်အသစ်ပါ

https://steemit.com/steem/@oracle-d/thank-you-steemians-for-going-crazy-netcoins-contest-update-f55bc731a704best

ရက်စွဲတွေနဲ့ update အမြဲတင်ပေးပါမယ်

ကျေးဇူးကမ္ဘာရေ..ကိုစော

ဟုတ် ကိုရှိုင်း

နားလည် ပြီ ကိုစောရေ အဲ့လိုလား

အဓိကအချက်တွေကို ဆီလျော်အောင် စုစည်းပြထားတယ် မစု သူ့ အတိုင်းတိုက်ရိုက် ဘာသာမပြန်ထားဘူး

မ​နေ့ကvoteခဲ့ပြီးမမန့်​ရ​သေးပါဘူး...ဒီ​နေ့လည်းvoteပါ့မယ်​....

Posted using Partiko Android

မန့် လည်း သွားမန်ကြည့်ပေါ့ upvote ရလည်း မနည်းဘူးလား

မန့်​ထားပြီးပြီ...

Posted using Partiko Android

ဟုတ်

ခုလို နားလည်အောင်ရှင်းပြပေးတာ ကျေးဇူးပါကိုစောရေ

Posted using Partiko Android

ဟုတ် ကိုအေးချမ်း

မနက်​က​မေးဝင်​တယ်​ဗျို့ မန့်​ရမှန်းမသိတာ
ဒီအတိုင်းဘဲ ပြစ်​ထားလိုက်​တာ ရပါအုံးမလားမသိ​တော့ဘူး

ရဦးမှာပါ ဝင်သာမန့် ထားလိုက်ပေါ့

အို ကိုစော ရေ ကြွေဆင်းသွားပြီဗျို့
ဒီဘာသာပြန်လေးမျော်နေတာ ကျေးဇူးပါ👍👍👍

ဟုတ် ဦးထွေး

ကိုစော တစ်ရက်တင်တဲ့ပို့စ်က ကိုယ်တွေ တစ်ပတ်စာလောက် ရတယ်ဗျာ
အားကျပါဘိ😁😁😁

Posted using Partiko Android

ရတုန်းလေး ယူထားရတာပါဗျာ

အခုမှအပြည့်စုံနားလည်သွားတယ်။
ကျေးဇူးအထူး ကိုစော၊
ဖိုက်တင်း စတီးမစ်... 💪💪💪

ဖိုက်တင်းပါဗျာ

လုပ်​ထားပြီးပြီ နားလည်​​အောင်​ ဘာသာပြန်​ဆို​ပေးလို့ ​ကျေးဇူးပါ 😄😄

Posted using Partiko Android

အားပေးတာ ကျေးဇူးပါ

ဟုတ်​ 😊😊

Posted using Partiko Android

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64097.37
ETH 3476.43
USDT 1.00
SBD 2.53