Man with many unknown !

in #myanmar6 years ago

အတီးအတ ဂွကျကျ


hat-591973_1280.jpg

Source

---------------------*

မောင်ဌေး ဒီနေ့ အိပ်ရာနိုးတာနဲ့ ဘာလုပ်ရမယ်မှန်း မသိဘူး ဖြစ်နေတယ်။ နို့ ... အိပ်ရာနိုးတာနဲ့ သွားတိုက် မျက်နှာသစ်ရမှာတော့ လူတိုင်းသိတာပေါ့။ ဘာလုပ်ရမှန်း မသိလောက်အောင် တုံးလှချည်လားလို့ စာဖတ်သူများ မတွေးလိုက်ပါနဲ့။ ပုံမှန်လုပ်နေကျဖြစ်လို့ ထည့်မတွက်တာပါ။ အခုဟာက ပုံးခေါက်စရာလိုနေတဲ့ ဝမ်းတထွာလေးကို ဘာလုပ်ရမှန်း မသိတာ။ အိတ်ကပ်ထဲမှာလည်း ခြင်္သေလေးတစ်ကောင်က အပီအပြင် မျက်စပစ်နေပေမယ့် လက်ဆွဲလို့ မခေါ်ရဲဘူး။ တစ်နေ့ တစ်ကောင်နှုန်း ရိုက်သတ်စားလာတာ ဒီကောင်က နောက်ဆုံးအကောင်။ ပြတ်တုန်းလပ်တုန်း နှစ်ဆယ့်တုံး ... အဲလေ ... နှစ်ဆယ့်သုံးဆိုတော့ ဒီအကောင်သာ ကုန်ရင် ရေသောက်ဗိုက်မှောက်နေရတော့မယ်။ အလုပ်ကလည်း မပေါ်သေး။ မိုးတွင်းကာလဖြစ်နေလို့ ဆောက်လုပ်ရေးအလုပ်တွေ နည်းနည်းထိုင်းနေတယ်။ ဟိုဟာလေး ဒီဟာလေး လိုက်လုပ်ရင်တော့ ရတယ်။ လုပ်ရတာနဲ့ ရတာ မစို့မပို့နဲ့ မတန်ဘူး ဖြစ်နေတယ်။ အင်း ... လွယ်လွယ်ရတာလေး လုပ်မလားလို့ စဉ်းစားပါသေးတယ်။ ဘာက လွယ်မှန်း မသိဘူး ဖြစ်နေတယ်။ ပစ္စည်းလိုက်ခိုးရင် ကောင်းမလား။ မဟုတ်သေးပါဘူး။ ငါ့ပစ္စည်း ပျောက်သွားရင်တောင် ကလော်ဆဲတာ။ ရတာလေး တစ်ပဲနှစ်ပြားနဲ့ နောင်သံသရာအထိ အကုသိုလ်ပါတဲ့အပြင် အခု ဘဝလည်း အဆဲအဆို ခံနေရဦးမယ်။ လုယက်ရအောင်လည်း ကိုယ့်ထက် ဗလကြီးတဲ့သူနဲ့ ဆုံရင် အထိုးခံရမယ်။ ကောင်မလေးတွေကို လုမယ်ဆိုလည်း သူတို့ငိုပြတာနဲ့ ကိုယ့်မှာ ရှိတာတောင် ချွတ်ပေးခဲ့မိမှာ။ ကိုယ် အဲဒီလောက် သဘောကောင်းတာ ကိုယ်ပဲ သိတယ်။ ဟိုတစ်နေ့ကဆိုရင် အိမ်အောက်မှာ အစာလာလာရှာနေတဲ့ ကြက်မဒန်းလေးကို သနားတာနဲ့ သူ့ဝဋ်ကျွတ်သွားအောင် ချက်စားပေးလိုက်တယ်။ တစ်အိမ်ကျော်က စံထူးရဲ့ ဘူးစင်ကလည်း ဘူးသီး အသီးလိုက်တော့ စင်မပြိုအောင် တစ်လုံးလောက် သွားခူးပေးလိုက်တယ်။ သူတို့လည်း အကျိုးရှိ ကိုယ်လည်း ဗိုက်ဝသွားတာပေါ့။ ဒါပေမဲ့ဗျာ ... လူတွေက အရမ်းခက်တယ်။ ကိုယ်ကူညီတာကိုတော့ မမြင်ဘူး။ သူတို့ကြိုက်ရင် တစ်မျိုး မကြိုက်ရင် တစ်မျိုးနဲ့ အမျိုးမျိုး တတ်နိုင်ကြတယ်။ ကြက်ပိုင်ရှင်ရော ဘူးသီးပိုင်ရှင်ကပါ ကျုပ်ကို ရပ်ကွက်ရုံးမှာ သွားတိုင်ကြတယ်။ စေတနာနဲ့ မတန်တဲ့သူတွေ။ နောက်ဆိုရင် သူတို့ အိမ်မှာ ရေဝပ်ပြီး ငါးဖမ်းလို့ ရအောင် အိမ်ရှေ့က မြောင်း မဆယ်ဘဲ ထားတာ ပြန်ဆယ်ပစ်တော့မယ်။ သူတို့အိမ်အနောက်ဖက်မှာ ချိုင့်ဖြစ်နေလို့ အမှိုက်ကောက်တဲ့ ကလေးတွေ ချော်မကျအောင် ဒီဘက်ကနေ ပင်ပင်ပန်းပန်း အမှိုက်တွေ ပစ်ထည့်ပြီး ဖို့ပေးနေတာ မဖို့တော့ဘူး။ သူတို့ ကြွေးရှင်တွေ ကြွေးလာတောင်းတဲ့အခါ သူတို့နဲ့ ဆုံသွားအောင် အော်ခေါ်ပေးတာ၊ တံခါးပိတ်ထားပေမယ့် အိမ်ထဲမှာ သူတို့ ရှိနေကြောင်း ပြောပြပေးတာ မလုပ်ပေးတော့ဘူး။

အမယ် ... လုပ်စရာ မရှိဘူးလို့သာ ဆိုတယ်။ တွေးစရာကတော့ အပြည့်ပဲ။ နေရင်းထိုင်ရင်း အချိန် ၂ နာရီ ကုန်သွားပြီ။ ဆက်တွေးနေဦးမှ ... ဘာမှ မစားသောက်ရဘဲ တစ်နပ် နှစ်နပ်လွတ်သွားလည်း မကောင်းဘူးလား။ ပေါင်းစားရင် တစ်နပ်စာပဲ ကုန်တော့မယ်။ အိတ်ထဲက ဒီခြင်္သေ့ကိုတော့ လွတ်သွားလို့ မဖြစ်ဘူး။ အရေးပေါ် ပေါ်လာရင် အခက်။ ဟိုတစ်နေ့ကလည်း ပိုက်ဆံမရှိဘူးဆိုမှ နာရေးက ကောက်ဖြစ်တယ်။ လမ်းထဲမှာဆိုတော့ အားနာပါးနာနဲ့ ဖဲထိုင်ရိုက်ပေးလိုက်ရတယ်။ ဘယ်သူမှ မကစားဘူး လုပ်နေလို့ အတင်းခေါ်ရတယ်။ နာရေးမှာ ဖဲမကစားချင်ကြဘူးဆိုလို့ ထူးဆန်းနေလားဗျ။ ဆုံးသွားတာက ကျုပ်သူငယ်ချင်းရဲ့ယောက္ခမလေ ... အမွေနည်းနည်း ကျန်ခဲ့တယ်။ ဒါပေမဲ့ သားသမီးက တစ်ပုံတစ်ပင်ဆိုတော့ ဖဲဝိုင်းလုပ်ပြီး အော်ကြီးဟစ်ကျယ် ဆော့ကစားနေရင် ယောက္ခမသေတာ ပျော်နေတယ်ဆိုပြီး မျက်စိဆံပင်မွှေးစူးစရာ ဖြစ်ပြီး ရမယ့်အမွေတွေ မရဘဲနေမယ်ဆိုပြီး သူ့မိန်းမက ကျိတ်တားထားတာ။ ကျုပ်မှာ သူငယ်ချင်းကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ ဟုတ်တယ်လေ။ ဆုံးသွားတဲ့သူက ကျုပ်နဲ့ မသိဘူး။ ကျုပ် သူငယ်ချင်းကိုပဲ ကျုပ်သိတာ။ ဒါနဲ့ သူပျော်သွားအောင်ဆိုပြီး အတင်းပွဲစီစဉ်ပစ်လိုက်တယ်။ ဖဲထုပ်တွေ ကိုယ်ပဲ စိုက်ဝယ်ပေးလိုက်တယ်။ အစကတော့ ကိုယ်က စီစဉ်သူပေါ့။ တစ်ဖြည်းဖြည်း ဝိုင်းကောင်းလာတော့ ဒီကောင်လည်း မနေနိုင်တော့ဘူး။ ဝင်ဆော့တော့တာပဲ။ ဖြစ်ချင်တော့ အဲဒီနေ့က သူ့မိန်းမက သူတို့အိမ်ကို ထားခဲ့ရတာ စိတ်မချလို့ ပြန်ကြည့်နေတာနဲ့ သူ့မှာ လွတ်လပ်ရေး အပြည့်ရနေတယ်။ ဆော့ရင်း ရေနွေးကြမ်းအိုးထဲ ရောထည့်ထားတဲ့ ဝီစကီတွေ သောက်မိတော့ အရှိန်က ပိုတက်လာတယ်။ နိုင်ပွဲဆက်နေတဲ့အခါဆို သူ့အော်သံပိုကျယ်လာတယ်။ ကိုယ်ကတော့ ဘေးကနေ သူငယ်ချင်းပျော်နေတာကိုပဲ ဝမ်းသာနေတယ်။ ရေနွေးကြမ်းအိုးထဲ ဝီစကီရောထည့်ထားတာလည်း ကိုယ့်လက်ချက်ပါပဲ။ သူ့မိန်းမ မရှိတုန်း သောက်ပါစေလေ ဆိုပြီး မသိမသာထည့်ပေးလိုက်တာ။ အရက်လည်း မူးလာရော ရစ်တာတွေ ရှိလာပြီး ငြင်းခုံလာကြတယ်။ အမူးသမားထုံးစံအတိုင်း တောင်စဉ်ရေမရ လျှောက်ပြောတော့တယ်။ ဖဲသမားအချင်းချင်း ပြဿနာတွေ တက်သလို သူ့ယောက်ဖတွေ မရီးတွေနဲ့လည်း စကားတွေများနဲ့ အသုဘက ညဘက်ကြီး လူစည်သွားတယ်ဗျာ ... ကဲ မကောင်းဘူးလား။ သွားလေသူလည်း မြေမချခင်ကတည်းက သူ့အသုဘစည်တာ သိရင် အတော်လေး ဝမ်းသာမှာ ... ကျုပ်က အဲဒီလို ကူညီတတ်သူပါဆို။


emotions-371238_1280.jpg

Source


ဆက်သာ တွေးနေတာ ... ဗိုက်ဆာတာကိုတော့ အာရုံပြောင်းမရဘူး ဖြစ်နေတယ်။ ဟိုဘက်လှိမ့် ဒီဘက်လှိမ့်နဲ့ ကျောသာ ပူလာတယ်။ ဗိုက်က ဝမ်းမအေးသွားဘူး။ သောက်ထားတဲ့ရေတွေကနေ ရေနွေးပူများ ဖြစ်နေပြီလား။ အဲဒီလိုဆို ဘယ်လောက်ကောင်းမလဲ။ လျှပ်စစ်မီတာခ မကုန်တော့ဘူး။ ရေသောက်ပြီး ပြန်အန်ချမယ်။ အဲဒီရေနွေးပူနဲ့ ကော်ဖီဖျော်သောက်မယ်။ အဲဒီရေနွေးပူနဲ့ အိမ်ဘေးက ကန်ဇွန်းညွန့် တစ်ညွန့် နှစ်ညွန့်လောက်ကို ရေနွေးဖျော စားလိုက်မယ်။ ပိုက်ဆံ သိပ်မကုန်ဘဲ ဗိုက်ဝသွားမယ်။ အင်း ... ဟုတ်သားပဲ။ မနက်က မိုးရွာတာပဲ။ မနက်က ရေတက်တာနဲ့ ပါလာတဲ့ ငါးတွေ ရေပြန်ကျရင် ကုန်းပေါ်မှာ တင်ပြီး နေပူလှမ်းခံရတော့မယ်။ ဘယ်လောက် ပင်ပန်းဆင်းရဲလိုက်မလဲ။ အိုင်သွားပက်ပြီး သူတို့ ဒုက္ခလေးတွေ ကျွတ်သွားအောင် လုပ်ပေးလိုက်ဦးမယ်။ ပြီးရင် လျှပ်စစ်မီး မလိုတဲ့ ရေနွေးနဲ့ ပြုတ်သောက်ပစ်မယ်။

စေတနာအတွေးတွေနဲ့

မောင်ဌေးလည်း

တဖြည်းဖြည်း

ထလိုက်ပါတယ် ...

လွဲချော်သွားတာတွေကတော့

ကိုယ်လည်း မတတ်နိုင်ဘူး

ကမ္ဘာကြီး ၂၃ ၁/၂ ဒီဂရီစောင်းတာ

ကိုယ်လုပ်တာ မဟုတ်ကြောင်း

ကိုယ့်ကိုယ်စောင့်နတ်သာ

သိပါတယ် ...


monster-2776854_1280.png

Source


@sawlwin

MSC - 176

Sort:  

တွေးလို့သာပေါ့ တကယ်လက်တွေ့ဆို အဲလိုနေနိုင်ပါ့မလား hee hee

လုပ်ခဲ့တာတွေ တွေးနေတာပါဗျာ

ကြံကြီးစည်ရာဗျာ

အတီးအတပါဆိုနေ

အတီးအတဆိုပေမဲ့ အရေးသားကအတော်မလွယ်တဲ့
ကိစ္စပါလား အရမ်းကောင်းတယ်ဗျာ

ကျေးဇူးပါဗျာ

ကြံကြံဖန်ဖန်ကို စေတနာ ကောင်းတာနော်။

ကူညီပါရစေ

ငင့်
ကိုစောစာဖတ်ပြီး
ကိုယ်တောင် လန့်လာပြီ။ 😂😂

ကူညီချင်လို့ပါ

ရေးထားတာမိုက်တယ်ဗျ။ ရေးတတ်ပ။ တော်တာကိုကြီးက

စိတ်ကူးတည့်ရာပါ

ပြတ်​တုန်းလတ်​တုန်း၂၃က​တော့အမှန်​ပါပဲရှင်​။

ပိုက်ဆံချေးချင်ပါတယ်ဆို

ပြတ်လပ်နေဘီ အခု

မကြာမီ လာမည် မျှော်

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Congratulations @sawlwin! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62227.11
ETH 2400.78
USDT 1.00
SBD 2.50