Long term or short term ? This is depend on YOU !

in #myanmar6 years ago

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ

စတီးမစ်ရေပြင်မှာ ကူးခတ်နေတဲ့ ငါးလေးကွီးစောက အခု စားကျက်တစ်ခုကို ရှာနေပါတယ်။ အစာပေါများတဲ့စားကျက်ပေါ့။ ဘယ်သူများ စားကျက်ရှိတဲ့နေရာကို ပြောမလဲဆိုပြီးလည်း လိုက်လံမေးမြန်းနေပါတယ်။ ဒါပေမယ့် ရိုးတိုးရိပ်တိပ်တွေပဲ သိရပါတယ်။ ဘယ်သူကမှ မပြောတော့ဘူး။ ဟုတ်လည်း ဟုတ်နေတာပဲလေ။ ပြောပြစရာလား ... ကိုယ့်စားကျက်ကို။ စဉ်းစားကြည့်စမ်းပါ။ minnowsupport တုန်းကလည်း ငါးကြီးတစ်ကောင်က ဘယ်သူ့မှ မပြောဖို့ တိတ်တဆိတ်မှာကြားထားပေမယ့် သတင်းတွေက ပြန့်သွားတာပဲ။ ပြီးတော့ အခု ဘာဖြစ်သွားသလဲ ... ငါးသကောင့်သားတွေက နည်းနည်းမဟုတ် ... တရားလွန်သုံးလွန်းတော့ ... minnowsupport ပဒေသာပင်ကလည်း ပေးတာ တဖြည်းဖြည်းလျော့သွားပြီ ... ဘုတဲ့အချိန်ကလည်း တဖြည့်ဖြည်း အလှမ်းဝေးသွားပြီ။ ဒီတော့ ဘာဖြစ်သလဲ ... တကယ်အကျိုးရှိအောင် သုံးတဲ့သူတွေအတွက် အကျိုးမဲ့ဖြစ်စေပြီ။ low quality content တွေလည်း ပိုပြီးများသွားတယ်။ copy/paste တွေလည်း ပိုပြီးများသွားတယ်။ ဟုတ်တယ်လေ ... စာရေးနိုင်မှ များများ vote ရတော့ ... vote ရအောင် နည်းမျိုးစုံသုံးရတော့တာပေါ့။

နောက်တစ်ခါ MSC Group 1 က ကိုမိုးဇော်ကြီးက လက်ကလိရင်း minnowbooster ကို သုံးနည်း သိလာတယ်။ တွေ့မိတဲ့သူတွေက မရမကလိုက်မေးတော့ ကိုမိုးကြီးလည်း သတင်းကို ပြန်လည်ဝေဌပေးခဲ့တယ်။ သူကိုယ်တိုင်လည်း အသားကုန်သုံးခဲ့တယ်။ နောက်ပိုင်း ကိုယ်တွေက abuser ဖြစ်မှန်းမသိဖြစ်နေတာ တွေ့ခဲ့တယ်။ ဘာလို့ abuser ဖြစ်တာလဲ ဆိုတော့ သူတို့ စည်းကမ်းတွေနဲ့ ကိုယ်ကညိနေတာကြောင့်ပေါ့ဗျာ။ စည်းကမ်းချက်တွေအကြောင်းကိုတော့ ကွီးစောရဲ့ အရင် post မှာ ဖော်ပြပေးထားပါတယ်။ link တော့ မချိတ်ပေးတော့ဘူး။ စိတ်ဝင်စားရင် ... မဖတ်ရသေးရင် ရှာသာ ဖတ်ကြည့်ပေတော့ဗျာ။

image.png
Image credit >>> https://www.business2community.com/cybersecurity/top-6-funniest-overused-images-hackers-01634637

အခု ဂျာမနီက ငါးကြီးတစ်ကောင်က ကွီးစောကို သူ့ post တွေ ဘာသာပြန်ခွင့် permission ပေးထားပါပြီ။ abuse နဲ့ spam အကြောင်းကို သူ အဓိကထားပြီး ပညာပေးနေတာပါ။ လက်ရှိမှာလည်း သူက abuse case တွေကို ဖော်ထုတ်နေပါတယ်။ တိုက်ဖျက်နေပါတယ်။ စတီးမစ်က ထာဝရပဒေသာပင်ပါ။ ဒါကို တရားလွန်ဆွတ်ခူးနေသူတွေကို ရှင်းထုတ်ရမှာ စတီးမစ်ကို ချစ်မြတ်နိုးသူတွေရဲ့တာဝန်ပါ။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ထိုင်ကြည့်နေသူတွေက တာဝန်မဲ့သူတွေပါ။ ကွီးစောတို့ စတီးမစ်မှာ ဘာတွေရလဲ။ ဒေါ်လာအပြင် ဘာမှ မရဘူးဆိုရင်တော့ အဲဒီလူဟာ အတော်လေး စိုးရိမ်စရာကောင်းနေတဲ့သူတွေပါ။ ကိုယ့်အပင်ကို မတရားလာခူးဆွတ်သူတွေ ... မတော်မတရားနည်းလမ်းသုံးတဲ့သူတွေကို ရှင်းထုတ်ပါတော့မယ်။ ကြိုတင်သတိပေးထားပါတယ်။ ဒါဟာ ကိုယ့်တာဝန်ကိုယ်ကျေပွန်ခြင်းသာ ဖြစ်ပါတယ်။

ဒါဟာ ဘာကြောင့်လဲ။ စတီးမစ်ကို တည်ထောင်သူက သူ့လုပ်ငန်းမှာ အကယ်၍ မတရားသူတွေ များလာရင် အပင်တစ်ပင်လုံးကို ခုတ်တန် ခုတ်ပစ်သွားနိုင်ပါတယ်။ နမူနာတွေလည်း ကိုယ့်မှာ ရှိပါတယ်။ အရင်တုန်းက ကွီးစောမှာ နှင်းသီးပင်တစ်ပင်ရှိပါတယ်။ အိမ်ရှေ့မှာ ပေါက်နေတော့ အသီးသီးတဲ့အခါ အလွယ်တကူခူးဆွတ်လို့ ရနေပါတယ်။ အသီးကလည်း အရမ်းအောင်တယ်။ ဒါကြောင့် ညဘက် လာခိုးခူးတဲ့သူတွေ ရှိတယ်။ ကွီးစောတို့က အသီးတွေကို ရောင်းတာ မဟုတ်ပါဘူး။ ခူးဆွတ်ဝေငှပေးတာပါ။ ဒါပေမယ့် ဘေးနားပတ်ဝန်းကျင်က သူတို့နဲ့ မဆိုင်သလို သူခိုးတွေကို ၀င်ပြောခြင်း မပြုလုပ်ပါဘူး။ ဒီတော့ ကွီးစော ဘာလုပ်လိုက်သလဲ။ အပင်ကို အရင်းကနေ ခုတ်ပစ်လိုက်တာပါ။ ဘယ်သူမှ နှင်းသီးမစားရတော့ဘူး။

image.png
Image credit >>> http://mypathwaysdevotional.com/the-honor-of-being-responsible/

ဒါကြောင့် အားလုံးက သတိထားပေးကြပါ။ ထာဝရပဒေသာပင်ကို မကုန်ခမ်းစေပါနဲ့။ ရေတိုလုပ်မလား ရေရှည်လုပ်မလားဆိုတာ ကိုယ့်အပေါ်မှာသာ မူတည်ပါတယ်။ ကွီးစောသိတာတွေ တချို့ရှိပါတယ်။ ဒါပေမယ့် တရားလွန်တဲ့လူတွေကို မြင်နေရတာကြောင့် အကုန် မပြောတော့ပါဘူး။ စိတ်ထဲမှာပဲ ထားပါတယ်။ အများအတွက် အကျိုးလည်း မရှိစေဘူးလေ။ အခုဖွဲ့တဲ့ မြန်မာအဖွဲ့တစ်ခုက သူတို့သိတဲ့ နည်းပညာအကြောင်းကို ဝေငှထားပါတယ်။ ကွီးစော ပြောလိုက်ပါမယ်။ အဲဒါက မပြည့်စုံသေးပါဘူး။ အဲဒါနဲ့ လိုက်လုပ်နေရင် အရှုံးသာ ပေါ်နေပါမယ်။ သတိထားပါလို့သာ အသိပေးလိုက်ပါတယ်။

အားလုံးကို အောင်မြင်စေချင်သော ....
@sawlwin
MSC 176

Sort:  

အပင်​ကြီးအခုတ်​မခံရဖို့လိုတယ်​။လူ ​တွေရဲ့​လောဘကလည်း​ကြောက်​စရာပါလား​နော်​။

ပဒေသာပင်လေးကို ပြုစု ပျိုးထောင်တဲ့ လူတွေက ထောင်ကျတယ် လဲဖို့ အတွက် ကြည့်နေတဲ့ လူတွေက ကြည့်နေကျတယ် ။

အသီးမှည့်တဲ့အထိ စောင့်မနေဘဲ သီးကင်းလေးတွေကို ခူးစားနေကြတာ ဘာတဲ့ မမ်မမ်စားမယ်တဲ့ ...ကျက်လားမသိ မကျက်လား မသိ

ဟုတ်ကဲ့သတိထားပါ့မယ် ကွီးငါး အဲ ကွီးစော။

သတိမထားလို့လဲ မရတော့ဘူးလေ warning အပေးခံထားရတာ

ဟုတ်ကဲ့ပါကွီးရေ သတိထားပါမယ်။

သတိထားတာ ကောင်းပါတယ်ဗျာ ...

ဟုတ်​ကဲ့ပါကွီး​စော။မှတ်​သားထားပါ့မယ့်​ရှင့်​😜😜😜

ဟုတ်ကဲ့ သိနေတာ ကောင်းပါတယ်ဗျာ

ပ​​ဒေသာပင်​ပြီးကို ကာကွယ်​ဖို့ အားလုံးမှာတာဝန်​ရှိပါတယ်​ ။ နှင်းသီးပင်​လိုအခုတ်​မခံရဖို့ကြိုတင်​ကာကွယ်​ထားရမယ်​ဗျာ

ဟုတ်တယ် တယုတယနဲ့ ရွှေလို ဥထားတာ သူတို့က ဖဲ့စားနေကြတယ်

ဟုတ်ကဲ့ပါဗျာ
သတိထားပါ့မယ်

ကောင်းပါတယ်ဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Many thanks for your great support @minnowsupport

စေတနာဟာ လူတိုင်းနဲ့မတန်ပါဘူး ကျွန်တော်ကိုတော့ မချန်နဲ့နော် ပြောပြဦး ကွီးစော hee hee

ဟီး ... ကိုယ့်လူတွေကိုတော့ ပြောပြပါတယ်ဗျာ

စားကျက်​​လေးများ​တွေ့ရင်​လည်း မစပါအူံး ကွီး​စော😁

စားထိုက်တဲ့ဟာတွေ့ရင် ပြောပါ့မယ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64573.45
ETH 3441.06
USDT 1.00
SBD 2.51