How to upvote worthly !

in #myanmar6 years ago (edited)
ကိုယ်ပေးနိုင်တာ ကိုယ်သိပါစေ

steemit နဲ့ အတော်လေး အဆက်ပြတ်သွားတာကြောင့် နည်းပညာပိုင်းဆိုင်ရာ update တွေကို သိပ်မသိတော့ဘူး ဖြစ်သွားတယ် ... ဒါပေမဲ့လည်း ကိုယ်လက်တည့်စမ်းတာလေးတွေက ရှိနေတော့ ပြန်လည် မျှဝေပေးပါရစေ ... မိမိ vote ကို တန်ဖိုးရှိအောင် အသုံးချနည်းပါ ... လက်ရှိဈေးအခြေအနေအရ ရရှိမယ့် reward ကို အခြေခံတွက်ချက်ထားပြီး သဘောတရားကို သိစေဖို့  အဓိကရည်ရွယ်ပါတယ် ...


entrepreneur-1340649_1280.jpg

Source

----–----------------

MSC မှာ daily pro က ပေးနေပြီဆိုတော့ အရင်တုန်းက လွတ်နေတဲ့ အိမ်လေးတွေ ပြည့်လာပါပြီ ... group အလိုက် ဗုတ်ပေးတယ် ... pro မှာ ဗုတ်ပေးတယ် ... အပြင်မှာလည်း ကိုယ်တတ်နိုင်သလောက် ဗုတ်ကြတယ် ... ဒါပေမဲ့ ကိုယ့်မှာ ရှိတဲ့ voting power ( vp ) က အမွေရထားတာ မဟုတ်တော့ ကိုယ့်စိတ်ကြိုက်လုပ်လို့ မရဘူး ဖြစ်နေတယ် ... တစ်ခါတစ်လေ ရက်ခြားတင်ရတာတွေလည်း ရှိတယ် ... တစ်ခါတစ်လေ vp မနိုင်ဘဲ ထိုးကျသွားတာတွေ ရှိကြတယ် ... လူသစ်တွေ သတိထားပေးကြပါ ... ကိုယ့်ဗုတ်က အများအပြား မပေးနိုင်ပါဘူး ... sp နဲ့ vp နည်းနေမယ်ဆိုရင် ဘယ်လောက်ပဲ ကိုယ်က ဗုတ်ပေးပေး အကြောင်း မထူးပါဘူး ... ကိုယ့် vp နည်းသွားသလို ကိုယ့်ဗုတ်ရသူကလည်း STU မတတ်ပါဘူး ... ဒီတော့ ဘာဖြစ်လာသလဲ ... နှစ်ဖက်စလုံး အကျိုး မရှိတော့ဘူးပေါ့ ... ကြည့်လိုက်ရင်တော့ ပို့စ်တိုင်း ဗုတ်ထားမယ် ... ဒါပေမဲ့ ကိုယ့်နာမည်က voting list မှာ အောက်ဆုံးက ... ဒါကြောင့် vp လည်း မကျအောင် မိမိဗုတ်လည်း အကျိုးရှိအောင် လုပ်ရပါတော့မယ် ... အဲဒီအခါမှာ ကိုယ့်မှာ ရှိတဲ့ sp က စကားပြောလာပါတယ် ... sp များသူက ကိုယ့် vp က ဘယ်လောက်ပဲ ဖြစ်နေပါစေ ဗုတ်ပမာဏတက်အောင် ကြိုက်သလို control လုပ်နိုင်ပါတယ် ... sp နည်းရင်တော့ ဝါးတားဖော်လို ဖစ်ရှ်ဖော်လိုပဲ လုပ်ပြီး အချိန်တစ်ခုကို စောင့်ရပါမယ် ...

–----------------------

မိမိ upvote ကို အကျိုးရှိအောင် အသုံးချနည်း

steemnow ကို စတီးမစ်လောကသားတိုင်း သုံးတတ်မှာပါ ...

သူ့မှာ ပါဝင်တဲ့ function တွေက ကိုယ်တွေအတွက် အသုံးချစရာ အချက်အလက်တွေ ဖြစ်စေပါတယ် ... အဲဒီအထဲကမှ သူ့ရဲ့ calculator ကို နှိပ်ပါမယ် ... အောက်ပါပုံမှာ မြင်တဲ့ အတိုင်းပဲ ကိုယ့်ရဲ့ sp , vp နဲ့ voting weight ကို ဖြည့်စွက်ပြီး calculate ကို နှိပ်လိုက်တာနဲ့ ဘယ်လောက်ဆိုရင် ကိုယ့်ဗုတ်ပမာဏ ဘယ်လောက်တက်မလဲ စစ်ဆေးနိုင်ပါတယ် ...


IMG_20180829_122107.png


calculator မှာ ဥပမာအနေနဲ့ ကွီးရဲ့ sp ကို ထည့်ပြီး vp 100% အပြည့် voting weight 100% အပြည့်နဲ့ တွက်ကြည့်ပါမယ် ...

အဲဒီနှုန်းနဲ့ ဗုတ်ရင် ဘယ်လောက် ပမာဏတက်မလဲဆိုတာကတော့ စာဖတ်သူတွေ မြင်တဲ့အတိုင်းပါပဲ ... STU 0.02 ရသွားစေပါမယ် ...


IMG_20180829_122234.png


ဒါဆို ကိုယ်က ဘယ်လောက်တောင်မှ ဗုတ်နိုင်မလဲ တစ်ခါ ဗုတ်ရင် vp က 2% လျော့မယ်ဆိုတော့ vp က 100% အမြဲ မရှိနိုင်ပါဘူး ... တစ်နေ့မှ 20% ပဲ vp ပြန်ပြည့်တာဆိုတော့ ကိုယ်က ရမယ့် limit ထက် ကျော်လွန်ပေးခဲ့ရင် ဘာဖြစ်လာမလဲ ... အောက်ပါပုံကတော့ လက်ရှိ sp မှာ vp 50% အထိ ကျနေတဲ့ အနေအထားနဲ့ voting weight ကို ရာနှုန်းပြည့်ထားပြီး ဗုတ်တဲ့ အခြေအနေပါ ... ဘယ်လောက် STU တက်စေလဲဆိုတာ မြင်တဲ့အတိုင်းပါပဲ ...


IMG_20180829_122408.png


ဒီတော့ ကိုယ်တွေ vp 50% အထိ ကျအောင် ဗုတ်မယ်ဆိုရင် 0.01 STU တက်စေမယ်ဆိုတော့ ဘယ်လောက် Maximum VP ကနေ အဲဒီပမာဏရတာလဲ အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိပါတယ် ... vp 91 ကျော်မှ STU 0.02 ရစေတာဆိုတော့ 0.02 ရအောင် လူလေးယောက်ကိုပဲ ဗုတ်ပေးလို့ ရတယ်ဆိုတဲ့ သဘောပါ ...


IMG_20180829_122533.png


STU 0.01 တက်အောင် ဘယ်လောက်ပမာဏအထိ အကျခံလို့ ရမလဲ တစ်ချက်စစ်ကြည့်ပါဦးမယ် ... vp 31% အောက် ကျသွားရင်တော့ ဘဲဥမကွဲတဲ့ အခြေအနေဖြစ်သွားပါပြီ ... နေ့တိုင်း ပြန်ပြန်ပြည့်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းပမာဏထက် နေ့စဉ်ကျော်လွန်အောင် ဗုတ်နေရင်တော့ တစ်နေ့မှာ ဘဲဥမကွဲတဲ့အခြေအနေကို ရောက်မှာပါ ...


IMG_20180829_122644.png


ဒီတော့ sp အနည်းငယ်များနေတာကို အခွင့်အရေးယူပြီး အကုန်လုံးကိုလည်း STU 0.01 တက်စေ ... ကိုယ့်မှာလည်း vp လျော့တာ နည်းစေဆိုပြီး voting weight ကို ပြန်ချိန်ပါတယ် ... voting weight ကို ချိန်နည်းတွေတော့ ကိုယ်သိထားတာတွေ ပြီး ပြည့်စုံချင်မှ ပြည့်စုံပါမယ် .... အထောက်အကူတစ်ခုရစေအောင် ရည်ရွယ်ပြီး လောလောဆယ် ကွီးသုံးနေတဲ့ နည်းကို တင်ပေးလိုက်ပါရစေ ... နောက်ထပ်အပိုင်းမှာ ဆက်လက်အားပေးပါဦးဗျာ ...


curtain-812223_1280.jpg

Source


@sawlwin

MSC 176

Sort:  

Congratulations @sawlwin! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Thanks s lot

လမ်းညွန်​​ပေးပါအုံဗျာ ☺

ဟုတ် စမ်းကြည့်ဖြစ်တာ ပြောပါမယ်

အားကိုးပါတယ်‌ဗျာ။ဆက်‌လက်‌ ‌ပြောပြ‌ပေးပါဦး။

ဆက်ရေးပါမယ်

Daily proတင်နေတော့ ကြည့် vနေရတယ် ကိုစောရေ

အပေါ်က တွက်ထားသလို တွက်ကြည့် မစု

ကိုယ်လဲ ဝါးတာဖော်လို ဖစ်ဖော်လိုဘဲ အကုန် ရာနှုန်းပြည့် မပေးနိုင်တာတော့ သေချာ တစ်အားနည်းနေတဲ့အခါလည်း ပေးချင်ရက် မပေးဘဲ ချန်ထားရတော့တာပေါ့လေ ။

တားကို မချန်ပါနဲ့ 

ဟုတ်ကဲ့။နည်းလမ်းလေး ပေးပါဦး။

ဆက်ရေးသားပါ့မယ်

Good advise for new users

This will give advantages to sp holders.

ဘယ်တော့မှမချိန်ဖြစ်သေး

100% ဆိုကြိုက်မှကြိုက်

အချိန်​ရသ​လောက်​​တော့vote​နေတာပဲကို​စော​ရေ။တခါတ​လေလည်းairdrop​နောက်​လိုက်​ရင်းလစ်​ဟင်းမိသွားတယ်​။

လေပြုတ်ကျတွေ ရရင် ပြောပါဦး

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64222.70
ETH 2651.63
USDT 1.00
SBD 2.77