How to ask our children to study !
ကိုဘိုးတူးတစ်ယောက် သူ့သား ဖိုးထူးကို စိတ်တိုင်းမကျဖြစ်နေပါတယ်။ စာကျက်ခိုင်းတော့ ကျက်နေတာပဲ။ ရီပို့ကဒ်ကို ရတိုင်း အမြဲ ရဲရဲနီနေတာပဲ တွေ့တယ်။ ရိုက်ဖို့ကလည်း ဘယ်လို အကြောင်းပြချက်နဲ့ ရိုက်ရမှန်း မသိ ... စာမကျက်လို့ မဖြေနိုင်တာဆိုရင် ထားပါတော့။ အခုက စာကျက်နေပြီး အမှတ်တွေ လျော့နေတာ ဖြစ်တယ်။ " ငါတို့တုန်းကကွာ ဘုန်းကြီးကျောင်းမှာ မင်္ဂလသုတ်၊ ရတနသုတ်တို့ကို ဘယ်လို ကျက်ခဲ့ရတာ " ဆိုပြီး ပြောပြလည်း အင်းမလုပ် အဲမလုပ်နဲ့ ... ပြီးတော့ လုပ်လိုက်ရင် တလွဲချည်းပဲ ... သူ့ဆရာမကို သွားမေးတော့ ဟိုက ဖိုးထူးရဲ့အဖြေလွှာစာအုပ်ကို ပြတယ် ... အတော်လေး အခြေအနေဆိုးတာပါ ... မီးနင်းတွေကို ဖြေထားတာလည်း စာလုံးပေါင်းမှားရတာနဲ့ ... စာလုံးပေါင်း လိုနေတာနဲ့ ... ပုစ္ဆာတွေကို တွက်ထားတာလည်း တစ်ပိုင်းတစ်စတွေက များတယ် ... ကျက်တုန်းကတော့ ဖြောင့်ဖြူးနေတာပဲ ... သူ့အမေဆီမှာ စာဆိုတာလည်း ရတယ် ... နည်းနည်းပါးပါးထောက်ပေးရတာတော့ ရှိပေမယ့် အဲဒီလောက် အခြေအနေ မဆိုးဘူးလို့ ထင်တာပါပဲ ... ဘာလို့များ ကျောင်းမှာ အမှတ်နည်းနေရတာလဲ ... ဆရာမကတော့ ဖိုးထူးကို စာမကျက်ဘူး ... စာမရဘူးချည်းပဲ ပြောတယ် ... အိမ်မှာ ကျက်ပါတယ်လို့ ပြောလည်း သူ့သားအပြစ်ကို ဖုံးဖိတယ်ပဲ ထင်နေတယ် ... ကိုဘိုးတူးမှာ ဆိုက်ကားဆွဲရတာ မကောင်းလို့ စိတ်ညစ်နေရတဲ့အထဲ ဒီပြသနာကို ဘယ်လိုအဖြေရှာရမှန်း မသိနိုင်အောင် ဖြစ်နေပါတယ်။
Image credit - Original source
ခေါင်းငိုက်စိုက်နဲ့ ပြန်လာတဲ့ ကိုဘိုးတူး လမ်းမှာ ဆိုက်ကား တားစီးတဲ့ ကိုထော်လေးကို လိုက်ပို့ရင်း တစ်ဖက်ရပ်ကွက်ကို ရောက်သွားတယ်။ ဆိုက်ကားနင်းရင်း စပ်မိစပ်ရာ စကားပြောမိတော့ လတ်တလောကိစ္စပဲ ခေါင်းထဲမှာ ရှိနေတဲ့ ဘိုးတူးလည်း အကြောင်းစုံကို နတ်သံနှောရင်း ခင်းပြမိတယ်။ ဘာပဲပြောပြော ကိစ္စတစ်ခုခုကို အဖြေရှာမရခင် အဲဒီလိုပဲ ရင်ဖွင့်ရင်း ပြေလည်သွားမလားပေါ့။ ဘိုးတူးရဲ့ အဖြစ်အပျက်ကို နားထောင်ပြီးတော့ ကိုထော်လေးက အကြံပေးပါတယ်။ သူ့သမီးကို စာသင်ပေးနေတဲ့ ကျူရှင်ဆရာကိုကျော်ခင်ကို တိုင်ပင်ဖို့ပေါ့။ အရင်တုန်းက သူ့သမီးလည်း ကိုဘိုးတူးလိုပဲ အခြေအနေဆိုးကြောင်း၊ ကိုကျော်ခင်ဆီမှာ နွေကျောင်းပိတ်ရက် ကျူရှင်ယူခိုင်းပြီးနောက်မှာ အမှတ်တက်လာကြောင်း၊ ဘယ်လိုတွေ သင်လိုက်လဲတော့ မသိကြောင်း၊ သူ့ဆီက ကျောင်းသားရဲ့မိဘမဟုတ်လည်း ကူညီပေးတတ်ကြောင်း သတင်းကောင်းကို ပြောပါတယ်။ ဘိုးတူး တအားဝမ်းသာသွားတာပေါ့။ အဖြေရှာမရတဲ့ ပုစ္ဆာကို စဉ်းစားနေတုန်း တွက်တတ်တဲ့သူ ရှိတယ်ဆိုတာ သိတော့ ပုစ္ဆာပြီးမလား မပြီးဘူးလား အသာထား ... လောလောဆယ်တော့ စိတ်ချမ်းမြေ့သွားပြီ။ ကျေးဇူးတင်တာနဲ့ ကိုထော်လေး ဆိုက်ကားခ ပေးတာကိုတောင် လက်မခံတော့ဘဲ သူ့ကို ပို့ပြီးတာနဲ့ ကျူရှင်ဆရာ ကိုကျော်ခင်ရဲ့လိပ်စာကိုတောင်းပြီး ထွက်လာခဲ့ပါတယ်။
Image credit - Original source
ဟိုကိုရောက်တော့ ဆရာလေးနဲ့ တန်းတွေ့ပါတယ်။ အကျိုးအကြောင်းပြောပြတော့ ဆရာလေးက ကလေးတွေရဲ့ ဖြစ်တတ်တဲ့ သဘောကို ရှင်းပြတယ်။
- ကလေးပီပီ ကစားမက်တယ်။ စာကျက်ရမှာ ပျင်းတယ်။
- အတင်းစာကျက်ခိုင်းလည်း ကျက်တော့ကျက်မယ် ... စိတ်မပါတာကြောင့် စာသိပ်မရောက်ဘူးဖြစ်မယ်။
- ပြီးတော့ ကျက်ပုံကျက်နည်း လွဲနေရင်လည်း စာ သိပ်မရနိုင်ပါ။
- စာကို ကျက်တာက ခဏပဲ ရမှာ ဖြစ်ပြီး အမြဲဖတ်နေမှသာ ၄င်းစာကို မှတ်မိနေမှာ ဖြစ်ပါတယ်။
- ဖိုးထူးရဲ့ပြဿနာကလည်း အဲဒီအတိုင်းပါပဲ။
- စာကို ကျက်ပေမယ့် နောက်အခန်းတွေ ကျက်တဲ့အခါ ရှေ့အခန်းကို မေ့သွားပါတယ်
- တစ်ခန်းတက်သွားတိုင်း ကျက်ပြီးသားအခန်းကို ပြန်နွှေးနေမှသာ မေ့မသွားတော့ဘဲ အမြဲမှတ်မိနေမှာ ဖြစ်ပါတယ်။
- စကားလုံးအသစ်ကို တက်တိုင်းလည်း မရရအောင် အတင်းကျက်ရင် မိမိစိတ်သာ အရမ်းပင်ပန်းပါမယ်။
- မိမိသိပြီးသား စကားလုံးတွေနဲ့ ဆက်စပ်ပြီး စကားလုံးအသစ်ကို ကျက်မှသာ စိတ်ထဲမှာ အမြဲစွဲထင်နေမှာ ဖြစ်ပါတယ်။
- ဥပမာ - headmaster ဆိုရင် head နဲ့ master ကို ပေါင်းထားတာ ဖြစ်ပြီး handkerchief ဆိုရင် hand နဲ့ chief ကို အလယ်မှာ ker ကို ခံကာ ရေးထားခြင်းပေါ့။
- head, master, hand, chief ဆိုတာ သိပြီးသား စကားလုံးတွေ ဖြစ်ခဲ့ရင်ပေါ့။
- ထို့ပြင် စကားလုံးတစ်လုံးကနေ အဆင့်ဆင့်ပွားနိုင်ပါတယ်။
- head-ဦးခေါင်းမှာ e ကို ဖြုတ်ရင် had-ရှိခဲ့သည် ဆိုတဲ့ အဓိပ္ပာယ်ကို ရပါမယ်။
- had-ရှိခဲ့သည်မှာ n ပေါင်းထည့်ရင် hand-လက် ဆိုတဲ့ အဓိပ္ပာယ်ကို ရပါမယ်။
- had-ရှိခဲ့သည်မှာ d ကို t လို့ ပြောင်းရင် hat-ဦးထုပ်ဆိုတဲ့ အဓိပ္ပာယ်ကို ရပါမယ်။
- hat-ဦးထုပ်မှာ a ကို u လို့ ပြောင်းလိုက်ရင် hut-တဲအိမ် ဖြစ်သွားပါမယ်။
- hut-တဲအိမ်မှာ u ကို o ပြောင်းလိုက်ရင် hot-ပူသော ဆိုတဲ့ အဓိပ္ပာယ်ကို ရပါမယ်။
- hot-ပူသော မှာ h ကို n ပြောင်းလိုက်ရင် not-မဟုတ် ဆိုတဲ့ အဓိပ္ပာယ်ကို ပြောင်းသွားပါမယ်။
အဲဒီလိုပဲ စာတွေကို ကိုယ်သိတာတွေ ကောက်နှုတ်ပြီး ကျက်မှတ်ပါက ပျော်စရာလည်း ကောင်းသလို စာလည်း ရပါမယ်။ ဖိုးထူးဖြစ်နေတဲ့ ပြဿနာက စာကို ကျက်ပေမယ့် မရတာပါ။ အခု ဆရာလေးပြောတာကို စဉ်းစားမိတော့ ဖြစ်နိုင်ခြေရှိတာကို တွေ့ပါတယ်။ ဘိုးတူးတို့ ဘုန်းကြီးကျောင်းသားဘ၀က စာတွေကို ကျက်မှတ်လို့ ရတယ်ဆိုတာ ပျော်စရာကောင်းခဲ့တာကိုး ... အခုက ကျောင်းစာကတစ်ဖက် ကျူရှင်စာကတစ်ဖက် ... စာမရရင် ဖြစ်လာမယ့် ပြဿနာတွေကို တွေးပူနေရတာကတစ်ဖက် ... ကျောင်းစာနဲ့ ကျူရှင်မှာ သင်တဲ့စာ မတူရင် ကျောင်းသားဒုက္ခရောက်တယ်ဆိုတာလည်း ဆရာလေး ပြောစကားတွေအရ သိလာတော့ သူ့သား ဖိုးထူးကို စာအတင်းကျက်ခိုင်းနေတာကနေ ဘယ်လို ပုံစံပြောင်းရမလဲဆိုတာလည်း သိလာပါပြီ ... သူ့သားကို အလေ့အကျင့်မှားတွေပျောက်အောင် အကျင့်ကောင်းတွေ ကျင့်မိအောင် နွေရာသီရောက်တိုင်း ဆရာလေးဆီမှာ သင်တန်းတက်ခိုင်းဖို့လည်း ဆုံးဖြတ်လိုက်ပါပြီ ... ရပ်ကွက်တစ်ရပ်ကွက်ကျော် ဝေးကွာပေမယ့်လည်း သူ့ဆိုက်ကားနဲ့ သူ့သားကို အသွားအပြန်ကြိုပို့လုပ်ပါတော့မယ် ... အိမ်ရောက်ရင်လည်း သူ့သားကို သေချာရှင်းပြဖို့ ဆရာလေး ပြောပြတာတွေကို စာနဲ့ သေချာရေးမှတ်ပြီး ယူလာခဲ့ပါတယ် ... ပန်းတိုင်း ပွင့်တတ်ပေမယ့် မြေသြဇာမှန်ကန်မှသာ ... လိုအပ်တဲ့အထောက်အပံ့ရမှသာ အပြည့်အ၀ပွင့်အံလာမယ်ဆိုတာလည်း ယခုတော့ ဘိုးတူးနားလည်သွားပါပြီ ....



ဟုတ်တယ်ကိုစော ဒီခေတ်ကလေးတွေဘ၀က ကျူရှင်ကအိမ် အိမ်က ကျူရှင် ကလေးသဘာဝမကစားရတာတစ်မျိုး တစ်ခါတစ်ရံ ဆရာတွေက တစ်ယောက်တစ်မျိုး အိမ်ရောက်တော့လည်း မိဘက စာကျက် စာကျက်ဆိုတော့ ခေါင်းမပှုပဲနေပါ့မလားဗျာ
အမှန်တကယ်တန်းက နည်းစနစ်ကျကျနဲ့ စိတ်ပါဝင်စားအောင်သင်ပေးမှသာ မှတ်မိကြမှာပဲ
မိဘတွေလိုက်တဲ့လမ်း လွဲနေတာပါ
ကလေးမိဘတွေအတွက် ကောင်းတဲ့စာလေးတွေပါပဲ
တစ်ခုခုထူးခြားရင် ရေးသားရကျိုးနပ်ပါပြီဗျာ
ကိုစောရေးပြတာ ရှင်းလင်းပြတ်သားတယ်ဗျာ
ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပါပဲဗျာ
တွေ့နေရတာလေးတွေပါ
ဘိုးတူးတစ်ယောက် နားလည်သွားပြီပေါ့
နားလည်သွားပါပြီ
ကိုစောလွင်ရေးတာတွေကို..ကျောင်းသားမိဘတွေဖတ်စေခြင်တယ်။
facebook မှာ တင်လိုက်ပါပြီ အန်တီ
ဖတ်ရတာ အကျိုးရှိလိုက်တာဗျာ။ ကိုယ်တွေလည်းသားတစ်ယောက်အဖေဆိုတော့ သေချာမှတ်ထားရမှာပဲ။
ဟုတ် ကိုထွေး
ကျွန်တော်တို့အတွက်လည်း အသုံးဝင်မဲ့နည်းလမ်းတွေပါပဲဗျာ
အသုံးချနိုင်ပါစေဗျာ
postတ်ခုလုံးကိုမဖတ်ပေးနိုင်လို့တောင်းပန်ပါတယ်ဗျ ကျွန်တော်တို့ရုံးမှာမကွေးတိုင်းအတွက်တစ်တိုင်းလုံးအစည်းအဝေးရှိနေတဲ့အတွက်ခွင့်လွှတ်ပေးပါဗျ sundayမှာ postအားလုံးကို ဖတ်ဖြစ်အောင်ဖတ်ပေးပါမယ်ဗျ
ဟုတ်ကဲ့ပါ
သင်တဲ့နည်းလမိးတွေကိုမှတ်ထားရမယ် နောက်ဟာတွေရှိရင်လည်းထပ်ရေးပါဦးဗျ
ဟုတ် ကိုသန့်ဇင်
Congratulations @sawlwin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your Board of Honor.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP