Free vote or Feel vote ?

in #myanmar6 years ago (edited)

မင်္ဂလာပါ မိတ်ဆွေတို့

My travel experience အကြောင်း ရေးနေရင်း စိတ်ကူးပေါ်လာတာလေးကို ကြားဖြတ်ရေးပါရစေ ... ဒီရက်ပိုင်း free upvote တွေ မှိုလို ပေါက်နေတာကို မြင်ရပြီး တွေးမိတာလေးပါ ...



စတီးမစ်ကို ၀င်စတုန်းက ကိုယ်တွေ အစွမ်းကုန်ရေးလည်း ကိုယ့်လောက် ရေးအားမကောင်းတဲ့သူတွေက ကိုယ့်ထက် ပိုပြီးဗုတ်တွေ ရနေတယ် ... ဟိုအဖွဲ့ ဒီအဖွဲ့နဲ့ အစုံလိုက်ဝင်ထားပြီး ခေတ်တွေ ကောင်းခဲ့ကြတယ် ... အဲဒီတုန်းက စဉ်းစားမိတယ် ... ဒီလောက် ဗုတ်တွေ ရနေတာ ... ပြန်ပြီးတော့လည်း ဘယ်လိုများပေးသလဲပေါ့ ... စဉ်းစားလို့ မရနိုင်အောင်ပါပဲ ...

စဉ်းစားကြည့်လိုက်ပါ ... တစ်နေ့ကို ဘယ်လောက်များဗုတ်နိုင်မလဲ ... ကိုယ့်ရဲ့ sp က ဘယ်လောက်လဲ ... ဗုတ်နေရုံနဲ့ ဒေါ်လာကရော ရနေမလား ... bandwidth ကရော ကိုယ်ဖန်တီးတဲ့ block တိုင်းအတွက် လောက်ငှနိုင်ရဲ့လား ... အပြန်အလှန်ဗုတ်တယ်ဆိုရင်လည်း လူအများကြီးဆီကနေ ဗုတ်ယူထားပြီး ကိုယ်က ပြန်ဗုတ်နိုင်ပါ့မလား ... အဲဒီလူအများကြီးကရော ကိုယ့်ကို ဘယ်လောက် $ တက်စေမှာလဲ ... သူတို့ sp ကရော ဘယ်လောက်များ ရှိနေပြီလဲ ... ပြားစွန်းတွေ ပေါင်းပြီး တစ်ဖြစ်သွားတာကို စတီးမစ်ထဲ စ၀င်လာစကာလတုန်းက အများကြီးမျှော်လင့်ခဲ့တယ် ... အလကားဆိုတာမျိုးက လုံးဝမရှိဘူး ... ဒါကြောင့် ကိုယ့်ကို လာဗုတ်တဲ့သူတွေက ကိုယ့်အတွက် အားတွေ ဖြစ်ခဲ့ပါတယ် ... ပရိုလည်းရ ဗုတ်လည်းရတော့ ပိုကောင်းတဲ့စာတွေကို ဖန်တီးလိုစိတ် ပိုမိုများပြားခဲ့တယ် ...



အခုက ကိုယ်တွေ ၀င်ကာစထက် ပိုပြီးစုံလင်လာတယ် ... အကောင့်အများကြီးနဲ့ ကိုယ့်ဘာသာဗုတ်ရှာသူတွေ ... delegation ကို အသုံးချသူတွေ ... free vote ဆိုပြီး ပေးလာသူတွေ ရှိလာပါတယ် ... ဒါပေမယ့်လည်း ဒါဟာ အရင်ကထက် ဘာများ ထူးခြားသွားစေမှာလဲ ... bot တွေကပဲ ငွေယူပြီး ဗုတ်ပေးတာ ... ကိုယ်တွေက ဗုတ်မှ curation reward ရတာ ... free vote ဆိုတာကရော ဘာများ ထူးခြားလို့လဲ ... အခု တွေးမိသမျှ free vote လုပ်ပေးတဲ့အတွက် အကျိုးကျေးဇူးကတော့

  1. ကိုယ်ဗုတ်မယ့်သူကို လိုက်ရှာစရာမလိုတော့ပါ။
  2. Curation reward ရပါတယ်။
  3. ရေးကွက်တစ်ခုအနေနဲ့လည်း ရပါတယ်။
  4. ကိုယ့်ကို လူသိများစေပါတယ်။


ဒါဟာ ရှုထောင့်တစ်ခုကနေ တွေးထားခြင်းဖြစ်ပြီး free vote ပေးသူရဲ့ ရည်ရွယ်ချက်နဲ့ မတူတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြားဦးက အဲဒီအချက်တွေကိုပဲ ညွှန်နေတယ်ဆိုတာကို သေချာတွေးကြည့်ရင် သိနိုင်ပါတယ်။ ရာခိုင်နှုန်းပြည့်နဲ့ free vote ပေးမယ်ဆိုရင် ကိုယ့်ဘက်က တစ်နေ့ပေးစရာက သိပ်မှ မရှိတာ ... အဖွဲ့တစ်ခုခုကို ၀င်ထားတယ်ဆိုရင် ကိုယ့်အဖွဲ့နဲ့ ကိုယ့်မိတ်ဆွေတွေကို အားပေးမြှင့်တင်တာနဲ့ သိပ်မကျန်တော့ပါ ... အဖွဲ့တစ်ခုခုကို ၀င်ထားရင် အဲဒီအဖွဲ့က လူတွေကို ပေးရမှာ ကိုယ့်တာဝန်ဖြစ်နေပါတယ် ... free vote ဆိုပြီး ခေါင်းစဉ်တပ်တာ မသင့်တော်ပါ ... ပေးကို ပေးရမယ့် တာဝန် ကိုယ့်မှာ ရှိနေပါတယ် ... ဟုတ်ပြီ ... ဒါဆို ရာခိုင်နှုန်းတစ်စိတ်တစ်ပိုင်းနဲ့ ဗုတ်သူတွေကရော ဘယ်လိုများ ထူးခြားစေလဲ ... လူအများကြီးကို ပိုပြီးဗုတ်နိုင်သွားပါတယ် ... အကျိုးကျေးဇူးကတော့ အပေါ်ကအတိုင်းရပါတယ် ...

ဒါဆို ကိုယ်လုပ်ပေးလိုက်တဲ့ free vote service က ဘာများအကျိုးရှိစေမလဲ ...

  1. newbies များအတွက် အားဆေးတစ်ခွက်ဖြစ်သွားပါမယ်။
  2. ဘဲဥမကွဲတဲ့အခြေအနေကနေ လွတ်သွားပါမယ်။
  3. ကိုယ့်ရဲ့ post ကို ဖတ်ပေးတဲ့သူတွေ ရှိလာပါမယ်။
  4. စာတွေလည်း ဆက်ရေးဖြစ်နေပါတော့မယ်။
  5. ဒါကြောင့် ရေးကွက်ဆက်ပြီး လက်ရည်တက်လာပါမယ်။
  6. စာရေးဖို့လည်း အချိန်ပေးချင်လာပါမယ်။


ဒါပေမယ့် လူ့သဘောက ထူးဆန်းပါတယ် ... free vote ပေးပေမယ့် လာမယူကြပါဘူး ...

  • မသိကြတာလား ...
  • ကိုယ့်ထက် ပိုပြီးများတဲ့ပမာဏကို free ရနေတာများ ရှိနေတာလား ...
  • newbies တွေပဲ နည်းနေတာလား ...
  • သဇင်ပန်းကို ရနေလို့ စံပယ်ပန်းကို မကောက်တော့တာလား ...
  • free ပေးတဲ့သူတွေက များနေလို့ ဆိုင်းဝိုင်း ပတ်တီးလို့မရတာလား ...

ပြီးတော့ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရတာကတော့ ဟုတ်ပြီ ... တာဝန်ယူမှု တာဝန်ခံမှုကရော ဘယ်လို လုပ်မလဲ ... ဘယ်လိုစည်းကမ်းတွေနဲ့ ပေးကြတာလဲ ... ကိုယ့်အကောင့် ကိုယ့်စည်းကမ်းလား ... ပြီးတော့ ကိုယ်ပေးတာက သူ့ကို ဘယ်လောက်များ အထောက်အကူပြုနိုင်မှာလဲ ... ကိုယ်ပေးတာကရော ရေရှည်မှာ သူ့အတွက် စိတ်ဝင်စားစရာ ဖြစ်မလား ... ကိုယ်ပေးတာကို အလွဲသုံးစားလုပ်တာရော မဖြစ်နိုင်ဘူးလား .. ကိုယ်ပေးတာက စာကောင်းတွေ ပေါ်ပေါက်လာဖို့ တကယ်တမ်းအထောက်အကူပေးနိုင်ရဲ့လား ... ကိုယ်ပေးလိုက်တဲ့သူ ရေးနေတဲ့စာတွေကို ကိုယ်တိုင်ကရော သေချာဝေဖန်နိုင်ပြီလား ... ဗုတ်ပဲ ပေးပြီး အကျိုးရှိရာကို လမ်းညွှန်ပေးနိုင်ရဲ့လား ... စတီးမစ်မှာ ရှေ့ဆက်နိုင်အောင် ဘယ်လိုများ အထောက်အကူပေးနိုင်မှာလဲ ... copy တင်နေသူတွေကိုရော လမ်းမှန်ရောက်အောင် ဘယ်လိုဆွဲခေါ်နိုင်မှာလဲ ... ကိုယ်ပေးတဲ့စာက copy ဟုတ် မဟုတ်ကို ကိုယ့်ဘက်ကနေ ခွဲခြားနိုင်ပြီလား ... ကိုယ်မရင်းနှီးတဲ့အကောင့်က အကောင့်အစစ်လားဆိုတာ ကိုယ့်ဘက်ကနေ ဘယ်လိုသိမလဲ ... မေးစရာတွေက များနေပါတယ် ...



ပုံပြင်တစ်ပုဒ်ရှိပါတယ် ... လူတစ်ဦးက တစ်ကမ္ဘာလုံးကို ပြောင်းချင်ပေမယ့် ကမ္ဘာမှာလည်း မပြောင်း ... အဆင့်ဆင့်လျော့ပြီး ... သူ့တိုင်းပြည် ... သူ့လူမျိုး ... သူ့မိသားစုကို ပြောင်းလဲဖို့ အစဉ်တစိုက်ကြိုးစားခဲ့ပေမယ့် ဘ၀နေ၀င်ချိန်မှသာ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ အရင်လိုကြောင်း သိရှိသွားတဲ့အကြောင်းပါ ... ကိုယ်တွေလည်း free vote ပေးနေပေမယ့် ဘယ် newbies မှ မလာတဲ့အခါ ဘာဆက်လုပ်မှာလဲ ... ကိုယ်ရည်ရွယ်ချက်က အပေါ်က သုံးသပ်သလိုလား ... newbies တွေကို ထောက်ပံ့ဖို့လား ... တကယ်ရော အပေါ်က သုံးသပ်သွားတဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ... လုံလောက်တဲ့ပံ့ပိုးမှုတွေ ပေးနိုင်သွားပြီလား ...



အဖြေကတော့ ရှာနေဆဲပါ ... ကိုယ်လုပ်ရမှာတွေလည်း မြင်လာပါပြီ ... နည်းလမ်းလည်း ပြောင်းလိုက်ပါပြီ ... ရှေ့ဆက်တော့ ကိုယ့်အလုပ်ကိုယ်လုပ်မယ့်အပြင် ... newbies တွေကို ထောက်ပံ့နိုင်မယ့်အခြေအနေတွေ တွေ့ရင်လည်း ၀င်ရောက်ကူညီသွားပါမယ် ... free vote ပေးသူတွေကိုလည်း အပြစ်တင်ဝေဖန်ခြင်း မဟုတ်ပါ ... မိမိစိတ်ထဲ ရှိသမျှ သုံးသပ်ခြင်း ဖြစ်ပြီး မိမိသဘာဝနဲ့ ကိုက်ညီတဲ့ လမ်းကြောင်းမှန်ကို ရှာဖွေနိုင်စေရန်သာ ဖြစ်ပါတယ် ...


အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ ... စတီးမစ်မှာ တွဲလက်မြဲမြံနိုင်ကြပါစေ ...


DSCN1499.jpg


Author - @sawlwin

MSC - 176

Sort:  

You got a 6.70% upvote from @lrd courtesy of @sawlwin!
We are offering 100% earnings for our delegators + 15% curation rewards for the largest delegator and 5% of curation rewards are burnt.

Delegate Now

Did you know that there is a livestreaming service built on top of the Steem network called DLive? DLive enables anyone to stream what they enjoy and earn rewards in the form of Steem, just like on Steemit.com. Come check out some streams and see how easy it is to join in the conversation!

You received a 1.51% upvote from @dlivepromoter


Want to promote your posts? Send at least 0.010 STEEM or SBD to @dlivepromoter with the post link as the memo and receive an upvote on that post!

Delegate Steem Power to @dlivepromoter for a daily payout!

1 SP, 5 SP, 10 SP, 100 SP, 500 SP, custom amount
We pay 85% of bids back to the delegators each day. The remaining 15% is contributed back towards @dlivecommunity to help create a larger community.

Disclaimer:

@dlivepromoter is a part of the community project @dlivecommunity. We aim to help streamers navigate their way through @dlive and the overall Steem ecosystem. We are not affiliated with @dlive.

Free vote လေးများ ပေးမလားလို့ link လာချမလို့ဟာ
အဲ့စာကြောင်း ပါမလာလို့ ဘယ်လိုယူရမလဲဗျ😁😁😁

ကိုယ့်လူတွေကို အမြဲအားပေးနေပါတယ်ဗျာ ... တခြားအလုပ်တွေများလို့ လွတ်သွားတာရှိရင် ခွင့်လွှတ်ပေးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

@fishbaitbot is luring fishes with a 3.93% upvote thanks to @sawlwin!Send 0.05SBD/STEEM or more for a free resteem along with the upvote!
Delegate to the @fishbaitbot and get 100% of the profits which is better than all upvote bots! Click on one of the following links to delegate 50SP, 100SP, 250SP, 500SP, 1000SP or 5000SP.

This bot, the steembottracker and some other projects were made possible thanks to @yabapmatt. Make sure you vote for him as witness!

This post has received a 10.15% upvote from @msp-bidbot thanks to: @sawlwin. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.

You got a 6.39% upvote from @redlambo courtesy of @sawlwin! Make sure to use tag #redlambo to be considered for the curation post!

Congratulations @sawlwin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

You got a 2.17% upvote from @brandonfrye courtesy of @sawlwin!

Want to promote your posts too? Send a minimum of .10 SBD or Steem to @brandonfrye with link in the memo for an upvote on your post. You can also delegate to our service for daily passive earnings which helps to support the @minnowfund initiative. Learn more here

Free vote ကြောင့်အားရှိတာအမှန်ပါ။ မသိလို့်လာမယူရတာပါရှင်။ ဘာပဲပြောပြော $တွေအများကြီးရနေတဲ့သူတွေကိုအားကျမိတာ
အမှန်ပါ

ကျွန်တော်လည်း ထို့အတူ ဖြစ်ခဲ့ဖူးပါတယ် ... အားမလျော့ပါနဲ့ ... free vote ယူနေကြသူတွေရဲ့ အကောင့်တွေကိုလည်း လိုက်ကြည့်ပါ ... လိုက်အတုခိုးပါ ... သိချင်တာ ရှိရင် cb ကို လာပါ ... ကူညီဖို့ အသင့်ပါ

ဟုတ်ကဲ့ မေးစရာတွေတော့ရှိတယ် cb လာခဲ့မယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63549.46
ETH 2562.53
USDT 1.00
SBD 2.66