Free learning to many earning! | Myanmar
မင်္ဂလာပါ
အသုံးဝင်တဲ့ မိုဘိုင်းအပလီကေးရှင်းတချို့ကို မိတ်ဆက်ပေးပါရစေ ...
ကျွန်တော်တို့အများစုက အသစ်အသစ်တွေကို သင်ယူဖို့ လက်လှမ်းမမီတာတွေ ရှိကြပါတယ်။ ဒါပေမဲ့ အွန်လိုင်းလေ့လာမှုက ဒီအခက်အခဲတွေကို ကျော်လွှားသွားစေနိုင်ပါတယ်။ ကျွန်တော်တို့က ကိုယ်သင်ချင်တာကို သင်နိုင်တယ်။ ကိုယ်မျှဝေချင်တာကို မျှဝေနိုင်ပါတယ်။ ကျွန်တော်တို့အားလုံးက ပြည့်စုံမှုမရှိကြပေမယ့် တစ်ဦးရဲ့ကွက်လပ်ကို တစ်ဦးက ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ပညာရေးအတွက် ကြားခံအရာတွေကို မျှဝေပေးသင့်တာ ဖြစ်ပါတယ်။
Source
1. Coursera
သင်တန်းအများစုက ကွန်ပျူတာ၊ သိပ္ပံဘာသာရပ်၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေးစတာတွေ ဖြစ်ပါတယ်။
အပလီကေးရှင်းလိုအပ်ရင်တော့ Playstore ဒါမှမဟုတ် App Store ကနေ ဒေါင်းလုတ်ဆွဲယူနိုင်ပါတယ်။
Source
2. Learning
ဒါကတော့ LinkedIn ကနေ အခမဲ့လေ့လာနိုင်တာပါ။ ဒီအပလီကေးရှင်းကို ကိုယ့်ရဲ့ LinkedIn အကောင့်ကနေ ချိတ်ဆက်သင့်ပါတယ်။
သင်တန်းအများစုက လုပ်ငန်းဆောင်ရွက်မှုတိုးတက်ရေး၊ လေ့ကျင့်ရေးနဲ့ သင်ကြားရေး၊ ဘဏ္ဍာရေးနဲ့ စာရင်းကိုင်၊ ဈေးကွက်မြှင့်တင်ရေး၊ ခေါင်းဆောင်မှုနဲ့ ပရောဂျက်စီမံခန့်ခွဲမှု၊ အသေးစားနဲ့အလတ်စား အိမ်တွင်းလုပ်ငန်း စတာတွေနဲ့ ပတ်သက်တာတွေ ဖြစ်ပါတယ်။
ဒါကို Playstore ကနေ ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။
LinkedIn အကောင့်မရှိဘူးဆိုရင်တော့ ဒီလင့်နေရာ ကနေ လျှောက်ပေးပါ။ ဒါမှ အပလီကေးရှင်းကို ချိတ်ဆက်နိုင်မှာပါ။
3. edX
edX မှာ ဘာသာရပ်တွေ အများကြီးရှိပါတယ်။ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု၊ ကွန်ပျူတာ သိပ္ပံ၊ ဒေတာခွဲခြမ်းစိတ်ဖြာမှု၊ စာရင်းအင်း၊ လူသားချင်းစာနာမှု၊ ဘာသာစကား စတဲ့ ဘာသာရပ်များဖြစ်ပါတယ်။အဲဒီဘာသာရပ်တွေကို လေ့လာဖို့ စိတ်ဝင်စားရင်တော့ Playstore ဒါမှမဟုတ် App Store ကနေ ဒေါင်းလုတ်ဆွဲယူနိုင်ပါတယ်။