ရောက်တတ်ရာရာများ .... ၁ (က)

in #myanmar6 years ago

image.png

Source


ခေါင်းစဉ်အတိုင်းပင် အခု ရေးမယ့်စာက ရောက်တတ်ရာရာဖြစ်တာကြောင့် ရှေ့နောက် မဆက်စပ်မိသည်များ ရှိနိုင်ပါတယ်။ အတွေးတံခွန်ကို လေလွှင့်ပြီး ရေးသားခြင်းဖြစ်ကာ စိတ်ကို စီးမျောဖတ်ရှုပေးဖို့ မေတ္တာရပ်ခံပါတယ်။ အားပေးသူများကို ကျေးဇူးတင်ပါတယ်။


အတိတ်


image.png

Source


အတိတ်ဆိုတာ ဖြစ်ဖူးတာကို ပြောတာပါ။ ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ပါစေ ဒီဆိုလိုရင်းကိုပဲ ပြန်ရောက်ပါတယ်။ ဒီတော့ အတိတ်မှာ ဘာလုပ်ခဲ့သလဲဆို လတ်တလောအဖြစ်အပျက်ကိုပဲ စဉ်းစားပြီး ပြောပါရစေ။ သီတင်းကျွတ်က ၃ ရက် အနားရတယ်။ ဒါပေမဲ့ အလုပ်ဆင်းတာလောက်တောင် မနားရဘူး။ ပထမရက်မှာ ကလေးတစ်အုပ်နဲ့ ကိုယ်တွေ လင်မယား မြို့ပတ်ကြတယ်။ ရုပ်ရှင်ရုံတွေရောက်တယ်။ ကားရော ရထားပါ ပတ်စီးဖြစ်တယ်။ လမ်းတွေလည်း အတော်လေးလျှောက်ရတယ်။ ကလေးတွေလည်း အတော်ပျော်သွားတယ်။ အပြင်သွားမယ်ဆိုကတည်းက အစီအစဉ်တွေချတယ်။ ဘယ်အချိန် ဘယ်နေရာကို သွားမယ်။ ဘယ်အချိန်ပြန်မယ်ပေါ့။ ဒါပေမဲ့လည်း အရာရာတိုင်းက ကိုယ်အစိုးရတာ နည်းသလားလို့။ ထင်သလို ဖြစ်မလာဘဲ လွဲချော်နေတာတွေ အနည်းငယ်ရှိတယ်။ အဓိကတော့ ပျော်စရာကောင်းဖို့ စိတ်ချလက်ချအိမ်ပြန်ရောက်နိုင်ဖို့ပါပဲ။ ကလေးတွေကို ကိုယ်တာဝန်ယူခေါ်လာရတာဆိုတော့ ခေါင်းအကြီးသားပဲလေ။ ပြည်သူ့ရင်ပြင်မှာ လျှောက်ကြည့်ဖြစ်တယ်။ သူများတွေ အသည်းယားတာကို ဝင်ပြီး ခံစားဖြစ်တယ်။ ဈေးကြီးကြီးရောင်းတဲ့ဆိုင်မှာ ဂျင်းမမိအောင် လုပ်ရတယ်။ တစ္ဆေအိမ်ကို ဝင်တယ်။ လှေလှော်ကြတယ်။ ရေကူးကြတယ်။ ဘာပဲဖြစ်ဖြစ် ပေးရတာနဲ့ တန်အောင် လုပ်ကြတယ်။


image.png

Source


ငွေစက္ကူကနေ အကြွေစေ့တုံကင် ... အဲဒီကနေ ပျော်ရွှင်မှု enjoy ...
ending မှာ ဘေးကင်းမှု safety ...
နောက်ဆုံးမှာ အဖိုးတန်မှု worth ...
ဒီလိုနဲ့ပဲ ကိုယ့်အစီအစဉ်က ပြည့်စုံမှု perfect ...
ပြန်ဆင်ခြင်တာက rethinking ...
တွေ့ရှိတာက some errors ...
ဒီလိုနဲ့ပဲ life message တွေ တစ်ပုံတစ်ပင် ...
လက်ထဲကနေ ပါသွားတာက ခြစ်ကုပ်ထားတဲ့ စုငွေ ...
လက်ဆုပ်လက်ကိုင်မိတာက သူတို့ပျော်နေကြပုံ photos တွေ ...

အတိတ်က ပြီးတော့လည်း ပြီးသွားတာပါပဲလေ ...

ဒါက အတိတ်နဲ့ ပတ်သက်ပြီး ရောက်တတ်ရာရာ ရေးသားထားတာပါ ... ဆက်လက်ပြီး ပစ္စုပ္ပာန်နဲ့ အနာဂတ်အကြောင်းကိုလည်း ရေးသားပါဦးမယ်။ ရှားရှားပါးပါး လာရောက် ဖတ်ရှုအားပေးမယ်ဆိုရင်တော့ အတိုင်းမသိဝမ်းသာမိမှာပါ ...

ဆက်လက်ရေးသားနေပါဦးမယ် ...


image.png

Source


@sawlwin

MSC - 176

Sort:  

အယ် အတိတ်ကို အမှတ်ရသွားတယ်ကိုစောရေ

Posted using Partiko Android

ကောင်းတာတွေ ဖြစ်ပါစေဗျာ

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.

Thank you for your upvote.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

Thanks a lot. Done for joining your discord !

ရှားရှားပါးပါးပဲလား ဥဥ ​စော ခင်​ဗျာ 😄😄

Posted using Partiko Android

အားပေးတာ ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63315.23
ETH 2545.47
USDT 1.00
SBD 2.67