Excuse !

in #myanmar6 years ago (edited)

ဆင်ခြေ


shield-417828__480.jpg

Source


မဖြစ်လာတာတွေအတွက်
အကြောင်းပြချက်က အမြဲရှိတယ်
ဒါတွေဟာ
အကြောက်တရားကို ရှောင်လွှဲဖို့လား ...

အရာရာတိုင်းမှာ
ချို့ယွင်းချက်ရှိပေမယ့်
ဆင်ခြေဆိုတဲ့
ဆေးတစ်ခွက်ကို သောက်လိုက်တော့
ဒါတွေဟာ
ကိုယ့်အပြစ် မဟုတ်တော့ဘူး ...

ပစ္စုပ္ပာန်ဆိုတဲ့ ဆုလာဘ်ဟာ
ကိုယ့်ဆီမှာ ရှိနေပေမယ့်
ဆင်ခြေဆိုတဲ့ ပုဂ္ဂိုလ်က
ရှေ့ကနေ ကာဆီးနေတော့
ကိုယ် ရုပ်ပြ မကောင်းတာ
လူတွေ မမြင်တော့ဘူး ...

အိတ်ထဲမှာ ငွေရှိတယ်
လက်ထဲမှာ အချိန်ရှိတယ်
ဒါပေမဲ့လည်း
အနာဂတ်ကို စိုးရွံ့လို့ ထွက်လာတဲ့
ဆင်ခြေပေါင်းစုံကြောင့်
လတ်တလောမှာ
မိတ်ဆွေတွေ ဆုံးရှုံးရတယ် ...

နောက်ဆုံး ...
ဆင်ခြေပေးမရတဲ့
ဗျာဒိ ဇရာ မရဏနဲ့
ထိပ်တိုက်ကြုံချိန်မှာ
နောင်တတွေဟာ ဆင်ခြေထက်
အလေးပိုများသွားပါတယ် ...

ဘာလို့များ ငါ သူ့ကို အချိန်မပးမိတာလဲ
ဘာလို့များ ငါ ဒါကို မလုပ်မိတာလဲ
ဘာလို့များ ငါ ဒီငွေကို မသုံးမိတာလဲ
ဘာလို့များ ငါ ဒီခရီးကို မသွားဖြစ်တာလဲ
ဘာလို့များ ငါ သူတို့လို မပျော်မိတာလဲ
ဘာလို့များ ငါ့ဇနီး နေမကောင်းချိန် အနားမှာ မရှိခဲ့တာလဲ
ဘာလို့များ ငါ့သမီး ဆုယူပွဲကို မတက်ခဲ့တာလဲ
ဘာလို့များ ငါ့အဖေအမေဆီ သွားမလည်ခဲ့တာလဲ
ဘာလို့များ ငါတို့တွေ လစဉ် ပျော်ပွဲစား မထွက်ဖြစ်တာလဲ
ဘာလို့များ ဒါတွေကို အခုမှ ငါ သိတာလဲ ...

ငါ့ရဲ့ဘဝ

ကန့်လန့်ကာ ချချိန်မှ

ဒါတွေကို

သိခဲ့တာ

ဘာလို့များပါလိမ့် ...


stamp-1848718_1280.png

Source


@sawlwin

MSC - 176

Sort:  

ခွင့်လွှတ်စရာမရှိတော့ပါဟုတ်လားသား

ခွင့်လွှတ်ဖို့က လွဲပြီး တခြား မရှိတော့ဘူးလားလို့ အန်တီ

ဆင်ခြေ...
ဒင်းကြောင့် ပြေလည်သလို ဖြစ်သွားတတ်ပေမယ့်
ဘာမှ မဖြစ်မြောက်လာတာက ပိုဆိုးပါတယ်

အမှန်ပါပဲဗျာ

ကျနော့်ပိုစ့်တိုင်း cheetah မိနေလို့ ကူညီနိုင်ရင် ကူညီပါအုံးရှင်။ အကိုက လုပ်ပေးနိုင်တယ်လို့ ပြောလို့ပါ

ဆရာတင်လှိုင်ဦးသိတယ်လို့ ကြားတယ် မေးကြည့်ပေးပါမယ်

ဟုတ်ကဲ့ ကျေးဇူးပါရှင်

ဘာလို့များ...

... အခုမှ သိတာလဲ ?

YOU JUST GOT UPVOTED

Congratulations,
you just received a 20.46% upvote from @steemhq - Community Bot!

Wanna join and receive free upvotes yourself?
Vote for steemhq.witness on Steemit or directly on SteemConnect and join the Community Witness.

This service was brought to you by SteemHQ.com

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63964.02
ETH 2592.87
USDT 1.00
SBD 2.75