Don'ts on Steemit ! စတီးမစ်တွင် မလုပ်ဆောင်သင့်သည့်အချက်များ ...

in #myanmar6 years ago (edited)

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များခင်ဗျာ

စတီးမစ်မှာ အသုံးဝင်တဲ့ နည်းလမ်းများကို တင်ပြပေးသည့်နည်းတူ မလုပ်သင့်သည့်အချက်များကိုလည်း တင်ပြပေးပါရစေ။ အဓိကအားဖြင့် @vaansteam ရဲ့ post ကို ကိုးကားပြီး FAQ က အချက်အလက်များကို ဖြည့်စွက်ထားခြင်း ဖြစ်ပါတယ်။ မြန်မာစတီးမစ်မိသားစုဝင်များအနေဖြင့် အသုံးဝင်မယ်လို့ မျှော်လင့်ထားပါတယ်။

image

၁။ စတီးမစ်မှာ တောင်းရမ်းခြင်း မပြုပါနဲ့

အခုလို ပြောဆိုတဲ့အခါ ရိုင်းစိုင်းသလိုဖြစ်သွားရင် ခွင့်လွှတ်စေချင်ပါတယ်။ ဒါပေမယ့်လည်း တချို့နေရာမှာ ဒီစကားက မှန်ကန်နေပါတယ်။ မိမိတို့ post တွေကို vote လာပေးဖို့ တောင်းကြတယ်။ Resteem လုပ်ပေးဖို့ တောင်းဆိုကြတယ်။ အဲဒီလို တောင်းဆိုကြတာဟာ သိက္ခာကျစရာ လုပ်ရပ်ပါ။ Spam လို့ ယူဆပြီး Flag ပြသွားတာကို ခံရနိုင်ပါတယ်။ မိမိရဲ့စာကို အရေးအသားကောင်းအောင်ပဲ ကြိုးစားကြပါ။ အလိုအလျောက် vote တွေ ရလာပါလိမ့်မယ်။

image

၂။ တခြားသူရဲ့စာတွေကို ကူးယူပြီး စတီးမစ်မှာ မတင်ပါနဲ့

တခြားသူရဲ့ စာတွေကို ကူးယူပြီး တင်ကာ ငွေရယူတာဟာ မှားယွင်းတဲ့နည်းလမ်းဖြစ်ပါတယ်။ Facebook မှာလိုပဲ စာရေးသူကို credit ပေးတယ်လို့ ကိုယ်ကတော့ ထင်ထားပေမယ့် အဲဒါက စတီးမစ်မှာ အဆင်မပြေပါဘူး။ ကိုယ်ကြိုက်တဲ့စာကို တခြားသူများ ဖတ်ရှုနိုင်အောင် တင်ပေးတာလို့လည်း ဆင်ခြေမပေးသင့်ပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ့စည်းကမ်းနဲ့ သူရှိပြီး အဲဒါနဲ့ မညီရင် ကိုယ်က စည်းကမ်းဖောက်ဖျက်ရာ ကျရောက်နေပါမယ်။ Cheetah Bot က သိရှိသွားပြီး အလားတူ post ရှိကြောင်း အသိပေးလိုက်ရင် steemcleaner က flag ပြတာတောင် ခံရနိုင်ပါတယ်။ အဲဒီအခါ ကိုယ့်ရဲ့ reputation နဲ့ ကိုယ့်ရဲ့ ရရှိငွေတွေဟာ ကျဆင်းသွားနိုင်ပါတယ်။

image
၃။ စတီးမစ်မှာ spam အဖြစ် မပြုလုပ်ပါနဲ့

စတီးမစ်ရဲ့ FAQ မှာတော့ spam ကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

  • ငွေကြေးနှင့် ၄င်း၏ post ကို ကြည့်ရှုရန် vote follow resteem ပေးရန် တောင်းဆိုခြင်း။
  • တူညီသည့် comment တစ်ခုတည်းကို post အမြောက်အမြားတွင် တင်ခြင်း။
  • အကြောင်းအရာနှင့် မသက်ဆိုင်သည့် comment ပေးခြင်း စသဖြင့် ...

spam ဖြစ်စေခြင်းဟာ အကြံကောင်းမဟုတ်ပါဘူး။ တခြားသူတွေရဲ့ post တွေမှာ ကိုယ့်ရဲ့ link ကို သွားမချပါနဲ့။ ကိုယ့်ရဲ့ post ကို လျစ်လျူရှုခြင်း ခံရပြီး Flag ပြတာတောင် ခံရနိုင်ပါတယ်။ ကိုယ့်ရဲ့ post ကို ဖတ်ရှုသူများအောင် vote ပေးတဲ့သူများအောင် လုပ်စရာ တခြားနည်းလမ်းတွေ ရှိပါတယ်။ ကိုယ်ရေးတဲ့ အကြောင်းအရာချင်းတူတဲ့သူတွေကို ရှာဖွေပြီး စကားစမြည်ပြောခြင်းဖြင့် အဆက်အသွယ်လုပ်နိုင်ပါတယ်။

image

၎။ Post တင်ပြီးတာနဲ့ မပြီးလိုက်ပါနဲ့

တချို့လူတွေက စတီးမစ်မှာ Post တင်ပြီးတာနဲ့ ကိစ္စပြီးပြီလို့ ထင်ပြီး လိုင်းပိတ်လိုက်ကြပါတယ်။ တခြားသူတွေရဲ့ Post တွေမှာ vote ပေးခြင်း comment ပေးခြင်း မလုပ်တော့ပါဘူး။ ကိုယ်က အဲဒီလိုလုပ်ပေးပြီး ဆုလာဘ်တွေ ပေးနေတယ်လို့ တွေးကြည့်လိုက်ပါ ။ ကိုယ်ဟာ သူများကို ဆုလာဘ်မပေးဘဲ ကိုယ့်ရဲ့ Post ကိုပဲ အလေးထားတယ်ဆိုတာ လူတွေ သိလာပါလိမ့်မယ်။ ကိုယ့်ရဲ့ Post က comment တွေကို reply ပြန်ခြင်းဖြင့် အလေ့အကျင့်လုပ်ကြည့်ပါ။ ဒါမှ ကိုယ်ဟာ active user ဆိုတာ လူတွေ သိကြပြီး content creation အတွက် ရရှိတဲ့ ဆုလာဘ်တွေ များဖို့ အခွင့်အလမ်း ပိုကြုံမှာ ဖြစ်ပါတယ်။

image

၅။ tag အမှားတွေကို မသုံးပါနဲ့

ကိုယ့်ရဲ့ Post နဲ့ မသက်ဆိုင်တဲ့ tag တွေကို မသုံးပါနဲ့။ Newbies တွေအနေနဲ့ intro post ရေးတာမှာ မသက်ဆိုင်တဲ့ tag ကို သုံးစွဲတာ မြင်ဖူးပါတယ်။ ရလဒ်ကတော့ Flag ပြခြင်း ခံရတာပါ။ ဒါကြောင့် ဆီလျော်တဲ့ tag ကိုသုံးစွဲဖို့ အကြံပြုပါရစေ။ အကယ်၍ ဘယ်လို tag ကို တပ်ရမှန်းမသိရင် https://www.steemit.com/tags ကို ၀င်ရောက်ကြည့်ရှုပြီး မိမိရဲ့ Post နဲ့ အဆင်ပြေမယ့် tag ကို ရှာဖွေပေးပါ။

image

၆။ အကြောင်းပြချက်မရှိဘဲ Flag မပြပါနဲ့

စတီးမစ်မှာ Flag ပြတာဟာ vote ပေးတာနဲ့ ဆင်တူပါတယ်။ ဘယ်လိုမျိုးကို flag ပြသင့်တယ် မပြသင့်ဘူးဆိုတာ ပုံသေကားကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမယ့် တခြားသူရဲ့ ဆုလာဘ်တွေ ရရှိနေမှုကို မနာလိုတာ၊ စာရေးသူနဲ့ သဘောထားခြင်း မတိုက်ဆိုင်တာ၊ လက်စားချေတာမျိုးကြောင့် Flag ပြတာမျိုးတော့ မလုပ်သင့်ပါဘူး။

image

၇။ နောင်အခါမှာ ပြင်စရာရှိမယ့် Post မျိုးကို မတင်ပါနဲ့

စတီးမစ်မှာ Post တွေ Comment တွေကို ၇ ရက်ပြည့်အခါမှာ လုံးဝပြင်လို့ မရပါဘူး။ ဖျက်လို့လည်း မရပါဘူး။ ဒါကြောင့် မတင်ခင်မှာ သေချာစဉ်းစားသင့်ပါတယ်။ ပြင်ဆင်စရာရှိပါကလည်း ၇ ရက်မပြည့်ခင် ပြင်ဆင်သင့်ပါတယ်။ မိမိရဲ့အတွေ့အကြုံအရ ပြောချင်တာ တစ်ခုရှိပါတယ်။ တချို့က မသိဘဲ အမှားအယွင်းတွေ တင်ထားပါတယ်။ သိရှိတဲ့သူတွေက comment မှာ အမှားထောက်ပြပေးထားသော်လည်း ၄င်းတို့၏ Post တွေကို ပြင်ဆင်ပေးခြင်း မပြုလုပ်ကြပါ။ အဲဒီလို လုပ်မယ်ဆိုရင် နောက်တစ်ခါမှာ ကိုယ့်ရဲ့ post ကို အရေးတယူဖတ်ရှုပြီး ဝေဖန်ပေးခြင်းမျိုး မရှိနိုင်တော့ပါ။ မိမိသာ အကျိုးယုတ်ပါမယ်။ ထို့ကြောင့် နောင်အခါ ပြင်ဆင်စရာရှိမည်ဆိုပါက လုံးဝမတင်ပါနှင့်။

Reference - Steemit FAQ & What Not to Do on Steemit - Must Read! by @vaansteam

Author - @sawlwin

#kosaw

MSC 176

Images credit - Google

Sort:  

နံပါတ် ၃ အချက်မှ အခြားသူတို့၏ post ၌ မိမိ link ကို မချပါနဲ့ ဆိုရာတွင် MSC pro ယူရာတွင် comment link များ ချ၍ လုပ်ဆောင်နေရပါသဖြင့် ဘယ်လို အကျိုးသက်ရောက်မှု များ ထပ်ရှိနိုင်ဦးမလဲဗျ

အခြေအနေချင်းကွာပါတယ် Spam အကြောင်းကို အခုလို မရောထွေးရအောင် စတီးမစ်က အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အချက်များကို ထည့်ပေးထားပါတယ် မိမိဘက်ကရလိုစိတ်ဖြင့် တင်ထားသော်လည်း Post ပိုင်ရှင်မှ လက်ခံလျှင် ဘာမှ မဖြစ်ပါဘူး

ကျေးဇူးတင်ပါတယ်ကိုစော ရှောင်ကျဉ်သင့်တာတွေကိုသိလိုက်ရလို့ပါ အသစ်တွေအတွက်လဲအကျိုးရှိစေပါတယ်ဗျာ

ဟုတ်ကဲ့ ကိုသန့်ဇင်

လေ့လာမှတ်သားထားပါမယ်။ ကျေးဇူးတင်ပါတယ့။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်ကိုစော
လူသစ်တွေအတွက်ရော လူဟောင်းတွေပါ အသိပညာတိုးလာရတာပေါ့ဗျာ။👏👏👏👍👍👍

ဟုတ်ကဲ့ ကိုမိုး လိုက်နာစရာအချက်တွေချည်းပါပဲ

ကျေးဇူး ပါဗျ

ဟုတ်ကဲ့ခင်ဗျ

ကျေးဇူးပါ အစ်ကိုကြီး

ဟုတ်ကဲ့ပါဗျာ

အခုညီတို့သိခွင့်ရအောင်လေ့လာပြီးshare ပေးတာကျေးဇူးအများကြီးတင်ပါတယ်
နောက်လည်းအကိုသိသောအကြောင်းတွေကိုShare ပေးပါလို့တောင်းဆိုပါရစေ

ဟုတ်ကဲ့ လစဉ် အတတ်နိုင်ဆုံးကြိုးစားဝေငှပေးပါ့မယ် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

ရှောင်ရမဲ့ ဟာလေးတွေပေါ့နော် ကောင်းတယ်ကိုစော ဒါလေးဖတ်မိကြမယ်ဆိုရင်တော့ သိပ်နားမလည်သေးတဲ့သူတွေ ဆင်ခြင်နိုင်တာပေါ့ဗျာ။

ဟုတ်ကဲ့ အဲဒီရည်ရွယ်ချက်နဲ့ ရေးသားခဲ့တာပါ

တစ်​ချို့​တွေ steemitကို လုပ်​သာလုပ်​​နေတာ ဘာမှန်းဆိုတာ ဂဃနဏ မသိကြပါဘူး ကို​စော ​ရေး​ပြထားတာ အရမ်းကို ​ကောင်းပါတယ်

အခုလို ဝေဖန်ပေးတာ ကျေးဇူးတင်ပါတယ် ကိုလင်း

လိုက်နာသူတွေက ရှိသလို မလိုက်နာသူတွေလည်းရှိတဲ့ အတွက် စည်းကမ်းဆိုတာ ထွက်ပေါ်လာရပါတယ် ခုလိုလေး စည်းကမ်းတွေကို ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့ သတိပြုဆင်ခြင်စရာအဖြစ်သာ မှတ်ယူပါတယ် ခင်ဗျာ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 61402.08
ETH 3386.94
USDT 1.00
SBD 2.49