Desire to LIVE !
ရှင်သန်မှုတဲ့ ...
သြော် ... ဘယ်လိုမျိုးလဲ ... ဖရန်ကင်စတိန်းရဲ့ လက်ရာ အီဂေါလား ...
မျက်လုံးထဲကို ကြည့်လိုက်တယ် ... ဘယ်မှာလဲ ရှင်သန်မှုအမြင် ... သွေးကြောတွေ ဆက်ထားတယ် ... နှလုံးသားကို ပွားထားတယ် ... ပုံသေမူတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုကို ဖြစ်သွားစေတယ် ... သူ့ဆီမှာ ခြေရှိတယ် ... လက်ရှိတယ် ... ခေါင်းလည်း ရှိတယ် ... ဦးနှောက်နဲ့ သွေးကြောတွေပါ ထည့်ထားတယ် ... မျက်စိ နှာခေါင်း ... အသက်ရှူလမ်းကြောင်း ... ဒါပေမဲ့ တစ်ခုပဲ လိုသွားတယ် ...
စကြာဝဋ္ဌာရဲ့ဖန်တီးရှင် မစွမ်းဆောင်နိုင်တဲ့ အရာ ...
အဲဒါကတော့ ရှင်သန်လိုစိတ်...
အမိဝမ်းကနေ ကျွတ်လာတယ် ... လောကကို အူဝဲအော်သံနဲ့ နှုတ်ဆက်တယ် ... အပြင်လောကကို ဘာမှ မသိဘူး ... ဒါပေမဲ့ ငါ့အတွင်းလောကကိုတော့ အသိဥာဏ်လေး တစ်ပဲသားနဲ့ နားလည်တယ် ... ငါ့ရဲ့အဆင်မပြေမှုတွေက ငါ့လိုအပ်တာတွေကို သိစေတယ် ... အဆင်မပြေတိုင်း ငိုတယ် ... ဒါကပဲ ငါ့ရဲ့အားကိုးစရာ ရှိခဲ့တယ် ... အဆင်ပြေသွားတိုင်း ဒါဟာ ငါ့လိုအပ်ချက်ပဲလို့ မှတ်ထားလိုက်ပြီ ... ခြေလက်တွေ လှုပ်ရှားတယ် ... မျက်လုံးတွေ ဖွင့်ထားတယ် ... အသိဥာဏ်ရှိလာတာနဲ့အမျှ ငါ ရှင်သန်ရမယ်ဆိုတဲ့ စိတ်က ပိုပိုရှိလာတယ် ... မဟုတ်ရင် ဘာလို့ လှုပ်ရှားနေဦးမှာလဲ ... လှုပ်ရှားနေရင်လည်း နာရီစည်းချက်လိုပဲ မပြောင်းမလဲ တစ်သမတ်တည်း ဖြစ်နေတော့မှာပေါ့ ...
ဒီကွေ့မှာ ဒီတက် ... ဟိုကွေ့ရောက်ရင် နောက်တစ်နည်း တွက်ချက်ပြီး ရှင်သန်မှုအတွက် မိမိကိုယ်ကို လိုသလို ပုံပြောင်းနေမယ် ... အခက်အခဲတွေ အကျပ်အတည်းတွေ အနန္တနဲ့ စကြာဝဋ္ဌာက ထက်ကောင်းကင်ယံက ကြယ်ပွင့်တွေတောင် ငါ့ဒုက္ခလောက် မများဘူး ... ငါ့မှာ ဘာရှိသလဲ ... သဘာဝအဝတ်အစားက အတွေ့အကြုံကြောင့် သံချပ်ကာတွေ ဖြစ်လာတယ် ... ခြေလက်တွေက လက်နက်တွေ ... ဦးနှောက်က ထိန်းချုပ်ရင်း ကိုယ့်ရဲ့အတ္တကိုယ်ကို လှုပ်ရှားသွားလာစေတယ် ... လိုအပ်သမျှ လောင်စာကို ရှာဖွေတယ် ... သို့ပေမယ့် မိုက်မဲမှု တိမ်သလ္လာတွေက ကိုယ့်ရဲ့ တကယ့်လိုအပ်ချက်ကို မသိအောင် ဖုံးကွယ်ထားတယ် ...
အဲဒါကတော့ တကယ့်ရှင်သန်လိုစိတ် ...
လူဆိုးလူမိုက်တစ်ယောက်က ဘာအတွက် ဒီလိုဖြစ်သွားတာလဲ ... သူ့ရဲ့ရှင်သန်ပုံနည်းလမ်းကြောင့် ...
လူကောင်းနဲ့ လူလိမ္မာ ဘာတွေ ကွာခြားလဲ ... ရှင်သန်လိုစိတ်ရဲ့ မောင်းနှင်ပုံပါပဲ ... မျက်လုံးထဲမှာ ရှင်သန်လိုစိတ်ပြင်းပြသွားတဲ့အခါ မဖြစ်နိုင်ဘူးဆိုတာ တကယ်ဖြစ်လာတယ် ... အသက်ဇီဝဓာတ်ကို ဖန်တီးမရပေမယ့် မဖြစ်နိုင်တာက တကယ်ဖြစ်လာပြီး ငါဆိုတဲ့ လူ့လောကသားတစ်ဦး ပေါ်ပေါက်လာတယ် ... ကိုယ့်မှာ ရှင်သန်လိုစိတ်မရှိရင် ဘာဖြစ်လာမလဲ ... လက်လျှော့မှုက ကိုယ့်ကို သတ်သွားမှာပဲ ... သူတစ်ပါးထက် ပိုသာချင်စိတ်နဲ့ ကမ္ဘာကျော် စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်သွားသလိုပဲ ... နိုင်ငံတကာက အလိုရှိတဲ့ ဘိန်းမှောင်ခိုသမားဖြစ်သွားတယ် ... ဖြစ်လာပုံချင်း မတူပေမယ့် သူတို့မှာ ရှင်သန်လိုစိတ်ကတော့ တူညီတယ် ...
နာမည်ကြီးအဆိုတော်တွေ ဘာလို့ သတ်သေသလဲ ... ရှင်သန်လိုစိတ် ကင်းမဲ့တာကြောင့်ပေါ့ ... အောင်မြင်မှုတွေ ကျော်ကြားမှုတွေ အများကြီးရှိပေမယ့် သူတို့ အဓိကလိုအပ်တဲ့အရာက မရှိသလောက် လျော့နည်းသွားတယ် ...
ရှင်သန်ခြင်းမှာ သူဋ္ဌေး ဆင်းရဲသား မခွဲခြားဘူး ... ပင်လယ်ပြင်ထဲမှာ ကမ်းမမြင် လမ်းပျောက်နေပေမယ့် ရှင်သန်လိုစိတ် ပြင်းပြနေရင် ခြေကျင်းဝတ်လောက် ရေအိုင်ထဲမှာ နစ်နေသူတာကို ဒုက္ခများနေပြီ ထင်သူထက်တော့ အသက်ရှင်လမ်း ပိုမိုများပြားပါတယ် ...
ဒီတော့ ဘာပဲ ဖြစ်နေပါစေ အလျှော့မပေးတဲ့စိတ်ကို မွေးမြူကြပါစို့ ...
အခက်အခဲက မိုးလောက်ပဲ ကြီးပါစေ ကိုယ့်ရဲ့ရှင်သန်လိုစိတ်က စကြာဝဋ္ဌာကြီးအလား ၄င်းအပေါ်ကနေ ဖုံးလွှမ်းသွားပါစေ ...
မျက်ဝန်းထဲကနေ အပြင်ကို ဖိတ်ဖိတ်တောက် လျှံထွက်နေအောင် ရှင်သန်လိုစိတ် ပြင်းပြပါစေ ...
အရာရာတိုင်းဟာ ကိုယ့်အတွက်ပါ ...
MSC 176
ရှင်သန်ခြင်းသည်အရေးကြီးပါသည်
ရှင်သန်လိုစိတ်က ဘဝရဲ့  မောင်းနှင်အားပါ
မသေရဲလို့ နေတတ်အောင်နေနေကြတဲ့ ဘ၀တွေလည်း အများသားလား...။
သိစိတ်က စွမ်းအာကြီးအောင် လုပ်နေရတာပါ
မြစ်ထဲကိုကြည့် လို့  ခုန်ချချင်တယ် စိတ်ညွတ်လိုက်တဲ့အခါ သိစိတ်က တားပြီး မသိစိတ်က အားကြီးရင် တကယ်လုပ်မိသွားတယ်
စိတ်သည် လောကကို ဆောင်၏...
စာသားတွေ ကြွယ်လှချည်လား...
စာလုံး အထားအသို ပြင်လိုက်ရင် ရှယ်ကြည့်ကောင်းသွားမယ်။
ဘယ်နေရာတွေမှာလိုအပ်ချက်ရှိနေပါသလဲဗျာ
အယူအဆတွေ လွဲနေမှာ စိုးလို့ ပါ
ကိုယ်လိုချင်တာတခုခုအတွက်ရှင်သန်လိုစိတ်မွေးရမှာပါ။
Fighting မအိ
Congratulations,
you just received a 16.01% upvote from @steemhq - Community Bot!
Wanna join and receive free upvotes yourself?
Vote for
steemhq.witness
on Steemit or directly on SteemConnect and join the Community Witness.This service was brought to you by SteemHQ.com