Bot ? ... or ... Pro ? ... or ... Habbit ?

in #myanmar6 years ago

မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များ ခင်ဗျာ

ဒီရက်ပိုင်း ဘုတွေကို ကျွန်တော် လိုက်လေ့လာဖြစ်ပါတယ် ... သူတို့သဘောကိုလည်း အနည်းငယ် တီးမိခေါက်မိသွားပါတယ် ... ဘာလဲဆိုတော့ ဘုတွေကလည်း အမြတ်ကို မျှော်ကိုးပြီး လုပ်တယ် ... ဘုတဲ့သူတွေကလည်း လောဘနဲ့ အမြတ်ရအောင် ဘုကြတယ် ... နှစ်ဦးနှစ်ဖက် အဆင်ပြေတာလည်း ရှိတယ် ... ရှုံးနေတာတွေလည်း ဒုနဲ့ဒေးပါ ... စတီးမစ်ကို စရောက်ခါစက စာရေးရင် ငွေရလို့ ... နောက်ပိုင်း ဘုရင် ငွေပိုရတယ်ဆိုပြီး လိုင်းတွေ ပြောင်းကြတယ် ... free vote ပေးတဲ့ service တွေကို လိုက်ပြီး လုပ်ကြတယ် ... အချင်းချင်း သတင်းတွေ ဖလှယ်ကြတယ် ... မသမာသူတွေက ကိုယ်ကျိုးတစ်ခုတည်း ကြည့်ပြီး မဟုတ်က ဟုတ်က လုပ်ရပ်တွေ လုပ်ကြတယ် ... စေတနာကနေ ဝေဒနာတွေ ဖြစ်ကြတယ် ... သိုးရေခြုံတဲ့ ၀ံပုလွေလို အကောင့်နောက်တစ်ခုနဲ့ မဟုတ်တာ လုပ်တာတွေလည်း တွေ့တယ်... ပြီးတော့ ဘုတွေကို အဓိကထားလာတာတွေလည်း တွေ့တယ် ... MSC လို အဖွဲ့တွေအထဲ ၀င်ပြီး အဖွဲ့က ပေးတဲ့ pro ကိုပဲ အဓိကထားပြီး လုပ်နေတာလည်း တွေ့တယ် ... ကိုယ့်ရဲ့ sp တက်ဖို့ အရေး ... လက်သည်ပဲ အားကိုးသလိုမျိုးပေါ့ ... ကိုယ့်စာပဲ ကိုယ် အာရုံစိုက်ပြီး ရေးတာတွေလည်း ရှိတယ် ... ဒီတော့ မေးစရာ ရှိလာပါတယ် ...


အဲဒါက စတီးမစ်ကို လာတာဟာ ဘုကြောင့်လား ပရိုကြောင့်လား ကိုယ့်ဝါသနာကြောင့်လား ... ဆိုတာပါ ...

Image Credit - Image Credit


ဘုတာကတော့ ဘာလဲဆိုတာ အားလုံးသိကြမှာပါ ..... ကိုယ်က ဘယ်လောက်ငွေလွှဲပေးရင် ဘယ်နှစ်ဆ ပြန်ရသလဲဆိုတာပါ ... အချို့ဘုတွေက သူတို့ကိုယ်ပိုင်စည်းကမ်းရှိတယ် ... အချို့ကတော့ ဘုံစည်းကမ်းကို လိုက်နာတယ် ... အချို့ကတော့ ကလိန်ကျတယ် ... ဈေးအတက်အကျပေါ်မူတည်ပြီး ပေးတဲ့ပမာဏကွသွားတယ် ... ဘုတဲ့အခါ ရှုံးတဲ့အခါ ရှိသလို ... မြတ်တဲ့အခါလည်း ရှိတယ် ... ဘုတဲ့လူတွေအများစုက sp တက်အောင် ရိုးရိုးနည်းလမ်းနဲ့ မကြိုးစားဘဲ ဖြတ်လမ်းနည်းနဲ့ လုပ်ကြတာချင်း တူညီကြတယ် ... ကိုယ့် sp တက်သွားသလို ကိုယ့်ရဲ့ sbd လည်း နည်းသွားတယ် ... ရိုးရိုး ငွေကြေးဖလှယ်တာထက်စာရင်တော့ နည်းနည်း ပိုပြီးရတယ် ... ဒါကြောင့် ဘုတာကို အားကိုးလာကြတယ် ...

Image Credit - Original Source


ပရိုကတော့ လောလောဆယ် MSC က ပေးတဲ့ အကူအညီအထောက်အပံ့တစ်ခုပဲ မြန်မာမှာ တွေ့ပါတယ် ... ဒါပေမယ့် ကိုယ့်အချင်းချင်း အဖွဲ့ခွဲပြီး ဗုတ်တာလည်း ပရိုပါပဲ ... minnowsupport နဲ့ esteem က အထောက်အပံ့ရအောင် ယူတာလည်း ပရိုပါပဲ ... ကိုယ်ရေးသားတဲ့စာကို တန်ဖိုးတက်အောင် လုပ်တာ တစ်မျိုးလို့ပဲ ကျွန်တော်တော့ မြင်ပါတယ် ... ဒါပေမယ့် တစ်ခု ရှိပါတယ် ... တန်ဖိုးတက်အောင် လုပ်တဲ့အခါ ကိုယ့်စာကလည်း တကယ်တန်ဖိုးရှိလား ဆိုတာနဲ့ ... ကိုယ်က ပရိုကို တန်ဖိုးထားလား ဆိုတာ စဉ်းစားစရာပါပဲ ... ကျွန်တော်ပြောလေ့ရှိသလို ကိုယ့် blog က ကိုယ် ဘယ်လိုလူလဲဆိုတာ သက်သေပြနေပါတယ် ... ငါးကြီးတစ်ကောင်နဲ့ ကျွန်တော် စကားစမြည်ပြောဖြစ်တယ် ... သူက ဘာပြောသလဲဆိုရင် ... အခြေခံကွန်ပျူတာ အသုံးပြုနိုင်မှုနဲ့ အခြေခံသိသင့်တဲ့ ကျင့်ဝတ်တွေကို မသိရင် စတီးမစ်ကို ဝေးဝေးရှောင်သင့်တယ် ဆိုတာပါပဲ ... ကွန်ပျူတာ အင်တာနက် သဘောတရားကို မသိဘဲ တွေ့သမျှ link လိုက်နှိပ်နေသူတွေ ... အခြေခံကျင့်ဝတ်တွေကို နားမလည်ဘဲ ငွေရအောင် ဘာမဆိုလုပ်တဲ့သူတွေ ... လူချင်းမတွေ့ရဘဲ အင်တာနက်မှာပါပဲကွာဆိုပြီး မလိမ့်တပတ်လုပ်ဖို့ ကြိုးစားသူတွေ ... အပြောက ဆေးသကြားထက် ချိုပြီး ကိုယ့်လိုအင် မပြည့်တဲ့အခါ နင်ပဲ ငဆ ပြောဖို့ ၀န်မလေးသူတွေ အမြဲတွေ့ရပါတယ် ... ပရိုဆိုတဲ့သဘောက team work သဘောပိုရှိအောင် ကိုယ့်စာကို ကိုယ်ပိုမိုတန်ဖိုးထားအောင် လုပ်ပေးတာပါလားလို့ မြင်တတ်မယ်ဆိုရင် ငွေကြေးဈေးနှုန်းအတက်အကျကြောင့် ... အခြေအနေအမျိုးမျိုးကြောင့် နဂိုအတိုင်း ... မှန်းထားတဲ့အတိုင်း ရရှိမလာတဲ့အခါ ကောင်းမွန်တဲ့စိတ်ထားကို ထားတတ်လာပါလိမ့်မယ် ...

Image Credit - Original Source


နောက်ဆုံးမေးခွန်းတစ်ခုကတော့ ကိုယ့်ဝါသနာကြောင့် စတီးမစ်ကို ၀င်လာတာလား ဆိုတာပါ ... အချို့က စာရေးသားနေရရင် ပျော်နေကြပါတယ် ... စတီးမစ်မှာက အားပေးတဲ့သူတွေ ရှိတယ် ... မူပိုင်ခွင့်တွေ အပြည့်အ၀ရှိတယ်လေ ... အကြောင်းအရာစုံကို တင်ဆက်ကြတယ် ... နည်းပညာအကြောင်းပါသလို ... သုတရသအကြောင်းတွေလည်း ပါတယ် ... ကိုယ်သိထားတဲ့ ဗဟုသုတကို ဝေငှသူလည်း ရှိတယ် ... ဂိမ်းအကြောင်း ... စတီးမစ်အကြောင်း ... အွန်လိုင်းငွေကြေးအကြောင်း ရေးသားသူလည်း ရှိတယ် ... ဘယ်ဘာသာရပ်ကိုပဲ လိုက်စားသူဖြစ်ပါစေ ... ကိုယ်ရေးတဲ့စာနဲ့ ကိုက်ညီတဲ့ tag ကို တွဲဖို့ လိုအပ်ပါတယ် ... ဒါမှ အဲဒီ tag ကနေ ကိုယ့်လိုပဲ ၀ါသနာတူတွေကို လိုက်ရှာနိုင်မှာပါ ... ကိုယ့်စာနဲ့ မဆိုင်တဲ့ tag ကို တွဲရင် အဲဒါဟာ မဆီလျော်တဲ့အပြုအမူဖြစ်သွားပြီး သဘောမကျသူရှိရင် flag ပြတာ ခံရနိုင်ပါတယ် ... ပြီးတော့ ပုံတွေကို သုံးစွဲတာလည်း သတိထားရပါတယ် ... စာပဲ ရေးတတ်ပြီး ပုံတွေကို မသုံးတတ်လည်း သုံးတတ်သူဆီကနေ သင်ယူလိုက်ပါ ... discord channel တွေမှာ ၀င်လိုက်ပါ ... အကူအညီတောင်းပါ ... ဒါ့အပြင် စာတွေကို ရေးတဲ့အခါ Facebook က အသုံးအနှုန်းတွေ အမူအကျင့်တွေကို ယူမလာပါနဲ့ ... မြန်မာစာ မပီသတဲ့ စကားတွေကို သုံးစွဲတာ ... ရေးသားတာ ... သူများစာတွေကို ကူးယူပြီး တင်တာ ... ဒါတွေကို စတီးမစ်မှာ လက်မခံပါဘူး ... စာဖတ်တတ်သူတိုင်း စာရေးတတ်ပါတယ် ... သူများ အပြစ်ပြောမှာပဲ ကြောက်တာပါ ... ရေးကြည့်ပါ ... စတီးမစ်မှာ လူကောင်းတွေ အများကြီးပါ ... အပြုသဘောနဲ့ ဝေဖန်ပေးကြပါလိမ့်မယ် ... အမှားကိုလုပ်ရင်း အမှန်ပြင်ရင်း ... ကိုယ့်အကျင့်တစ်ခုဟာ စွဲမြဲသွားပါတယ်။ မိမိဝါသနာတစ်ခုလည်း ဖြစ်သွားပါတယ်။

Image Credit - Original Source


အခု မိမိလေ့လာမိသလောက် ဘုနဲ့ ပရိုက တွဲဖက်စားလို့ ရတဲ့ ဟင်းအမယ်ဖြစ်ပေမယ့် ဘုနဲ့စာရေးတာကို ယှဉ်တွဲလို့ မသင့်ပါဘူး။ ဘုမယ်ဆိုရင် ဘုမယ့် post ရှိရပါမယ် ... စိတ်ကြိုက် စာရေးပြီးမှ ဘုတာက လက်ရည် မကျစေပေမယ့် ဘုတဲ့အခါ အမြတ်ရမလား မရလားဆိုတာ ကိုယ်ဘုမယ့်အချိန်နဲ့ ဆိုင်သွားပါတယ် ... မိမိသိရှိသလောက် ရှုံးတာများပြီး စာရေးလို့ ရတဲ့ ၀င်ငွေက ဘုကြောင့် နည်းပါးသွားပါတယ် ... ဘုရအောင် စာတွေ အမှီရေးတော့လည်း လက်ရည်ကျသွားပြန်တယ် ... ပရိုနဲ့ စာရေးတာကတော့ အခြေအနေအပေါ် မူတည်ပါတယ် ... ပရိုရတာ စိပ်ရင်တော့ အမှီရေးရလို့ လက်ရည်ကျပါတယ် ... ပရိုရတာ ကျဲပြန်တော့လည်း ကြားမှာ မရေးထားပြန်ရင် ပရိုမှီအောင် အမြန်ရေးရတော့ လက်ရည်ကျနိုင်ပါတယ် ... ပရိုအတွက် ကြိုတင်ပြင်ဆင်ပြီး သေချာရေးသူတွေက နည်းပါးပေမယ့် စာတစ်ပုဒ်နဲ့ တစ်ပုဒ် အဆက်ပြတ်သွားတာတွေ ရှိနိုင်ပါတယ် ... ၀ါသနာအရ အမြဲရေးသားနေသူကတော့ ပရိုရက် ဟုတ်ဟုတ် မဟုတ်ဟုတ် ရေးနေတာကြောင့် ပရိုအတွက် ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး ...

Image Credit - Original Source


ဒါတွေဟာ မိမိနားလည်သလောက် အခြေအနေကို ချပြထားတာပါ ... ဆင်တူယိုးမှားအဖြစ်တွေလည်း ရှိနိုင်သလို မတူညီတဲ့အတွေ့အကြုံတွေလည်း ရှိနိုင်ပါတယ် ... ဒါပေမယ့် မိမိလို sp500 ပြည့်အောင် စုဆောင်းဖို့ ရည်ရွယ်ချက်ချမှတ်ထားသူတွေ သိရှိအောင် ရေးသားလိုက်တာပါ ... မိမိတို့ ပန်းတိုင်က တစ်ခုတည်းပေမယ့် ကိုယ် ဘယ်လမ်းကနေ လျှောက်မလဲဆိုတာတော့ ကိုယ့်သဘောပါ ... အချို့က အပြင်ကနေ ငွေဝယ်ဖြည့်တာ ရှိပြီး လမ်းကြောင်းကို တိုစေပါတယ် ... မိမိဥာဏအားကို သုံးသူတွေကတော့ အပေါ်မှာ ကျွန်တော်သုံးသပ်သွားတာတွေကို ထည့်စဉ်းစားပေးကြပါ ... အတွေးတစ်ခုခုရသွားမယ်ဆိုရင် ကိုယ်နဲ့ကိုက်ညီတဲ့ လမ်းတစ်ခုကို တွေ့မယ်ဆိုရင် အခု ရေးတဲ့စာဟာ တစ်ဦးတစ်ယောက်တည်းကိုပဲ အကျိုးရှိမယ်ဆိုရင်တောင် ၀မ်းသာပါပြီ ...

ဖတ်ရှုအားပေးသူ မိတ်ဆွေအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ...

Image Credit - Original Source


Author - @sawlwin

MSC - 176

Sort:  

ကျွန်တော်ကတော့ မစိပ် မကျဲလေးရေးနေတယ်။

ကိုထွေး ရေးတာက မကျဲပါဘူး ... ရေးလည်း အကျင့်ရသွားတာပါ ... ပြီးတော့ အဲဒါကလည်း မှော်အောင်တာ တစ်မျိုးပါပဲ

ကျနော်ကတော့ ၀ါသနာအရင်းခံနဲ့ နေစဉ် တစ်ပုဒ်ကျ ရေးနိုင်တင်နိုင်အောင် ရေးတယ်ဗျို့ sbd လေး စုမိရင်တော့ သဘောကျတဲ့ ဘော့လေးတွေ ဘုတ်ခိုင်းတယ်ဗျာ ။ ကိုစောအတွေးအခေါ်လေးတွေ ဖတ်ရလို့ လေလးစားမိပါတယ်။

ဟုတ်ကဲ့ ကွီးရွှေရဲ့နည်းလမ်းက သင့်လျော်ပါတယ် ... ၀ါသနာချင်းအတူတူ လုပ်ရပ်ချင်းအတူတူမို့လို့ ကျွန်တော်လည်း လေးစားပါတယ်

အမှန်အတိုင်းပြောရရင် Facebook သုံးရတာငြီးငွေ့လို့ steemit ကိုရောက်လာတာ 😁😁

အာရုံလွှဲလိုက်တယ်ပေါ့ ... ပုံမှန်နေသူအချို့ကလည်း နောက်ဆိုရင် ငြီးငွေ့လာမှာပါ

ကျဲကျဲ​လေးပဲ​ရေးနိုင်​​သေးတယ်

ကျွန်တော်တို့ကတော့ နေ့တိုင်းမရေးနိုင်ပေမယ့် ၂ရက်တစ်ခါလောက်ရေးနိုင်အောင်ကြိုးစားပါတယ်

ကိုယ့် Limit ကိုယ်ရှိတာ ကောင်းပါတယ်ဗျာ

ရှယ်​ဘု​လေး​တွေရှိရင်​လည်း ​တင်​​ပေးပါအုံး ကွီး​ရေ....။

မက်လုံးပေးနေတုန်း ယူထား ... ယူတဲ့သူများလာရင် ထွက်သွား ... အဲဒါ ဘုသဘောပဲ

ရေးတော့ရေးတယ် ကျဲနေတုန်းပဲကိုစောရေ
Sp500ပြည့်ဖို့လည်းပြောထားကြ ကတိပေးထားကျတာမို့
Sp500လည်းမြန်မြန်ပြည့်ချင်နေမိပြီဗျာ

ကိုမိုးက ပြည့်ခါနီးနေပါပြီ ... မကြာတော့ပါဘူးဗျာ

အခုချိန်​မှာ​တော့ msc no ​စောင့်​ရင်း sp500တွက်​ တ​နေ့တခုပဲတင်​​နေပါတယ်​ အကို​စော​ရေ့

တစ်ရက်တစ်ခု တင်နိုင်တာပဲ အတော်လေး တော်ပါတယ်ဗျာ ... ဆက်သာလုပ်နေပါ ... တစ်နေ့လိုချင်တာ ရပါလိမ့်မယ် ... ကိုယ့်လက်ရည်လည်း တိုးတက်မယ်ဆိုရင် သားရွှေအိုးထမ်းတာပေါ့ဗျာ

ကိုစောစာဖတ်ရတာ အသိတစ်ခု တိုးသွားစေတယ်ဗျာ
ကျေးဇူးပါ ကိုစော

ဟုတ်ကဲ့ ၀မ်းသာပါတယ်ဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64573.45
ETH 3441.06
USDT 1.00
SBD 2.51