Thinking like a kid (က​လေးအ​တွေး)

in #myanmar7 years ago

"I don't wanna go to school,mom"
"Why?son"
"If I was there,they'll write me "A" ,mom"
"It's not difficult,son!write it"
"What do you know,mom?They'll write me "B" after "A".


The child's thought in this funny story may be witty for adults
Otherwise,it's sure that the child will think himself he decided with a very bright wisdom.
It's true.He also has a child's side Speculative Thinking.
Mom thinks when they write him "A",he write it,also "B","C".She thinks her little son will become an educated person by passing this steps.The child's thought is not wrong,too.He also thinks "B" after "A","C"after "B"etc will come.
But the child's ambition is not to feel longer 'like this trouble'(the child thinks as trouble teaching alphabets one after one).Shortly is 'to live easily'.
So,he cuts off this trouble by saying 'don't wanna go to school'


We(adults)are not different.
We wrote "A",the first alphabets of trouble since we get the life of human beings.Getting older,we'll meet "B", "C".
Life is a huge school lesson book to teach the alphabets called trouble.
But,who wants to teach this alphabets?By the time we meet each trouble,we whisper 'it's not over yet?'
In fact,the way to face troubles is not too strange.When we meet the trouble "A",write down it,also "B".
Like this,we'll pass easily.This is the real adult's thought.
But,we all are whispering,feeling upset.We want to go away from the "world".
The end of our thinking is tend to live easily,not to realize the life.
In fact,we are children who are old.
.........................................................
"သား​ကျောင်းမသွားချင်​ဘူး ​မေ​မေ "
"ဘာဖြစ်​လို့လဲ သားရဲ့"
ကျောင်း​ရောက်​ရင်​ သားကို "ကကြီး"​ရေးပြပါလို့ခိုင်းလိမ့်​မယ်​ ​မေ​မေရဲ့...။
"ဒါများ ...ဘာခက်​လို့လဲ သားရယ်​ ​ရေးပြလိုက်​​ပေါ့"...။
"​မေ​မေ ...ဘာသိလို့လဲ "ကကြီး"​ရေးပြပြီးရင်​ သူတို့က "ခ​ခွေး"ပါ
ဆက်​ပြီး ​ရေးခိုင်းကြဦးမှာ "...။


အဲ့ဒီဟာသထဲက က​လေးငယ်​ရဲ့ စဉ်းစားပုံ စဉ်းစားနည်းဟာ လူကြီး​တွေအတွက်​ ရည်​စရာဖြစ်​​ကောင်းဖြစ်​​နေမှာ​ပေါ့။
ဒါ​ပေမဲ့ တစ်​ဖက်​က ပြန်​လှည့်​စဉ်းစားလိုက်​တဲ့အခါ က​လေးငယ်​ဟာ(သူ့ကိုယ်​သူ​တော့)အင်​မတန်​မှ အ​မြော်​အမြင်​ကြီးတဲ့ အသိညဏ်​နဲ့
စဉ်းစားဆုံးဖြတ်​လိုက်​တယ်​လို့ ​အောက်​​မေ့​နေမှာ မလွဲးပါဘူး။

မှန်​ပါတယ်​ ။သူ့မှာလည်း က​လေးတစ်​​ယောက်​ရဲ့ အတိုင်းအတာနဲ့
မျှော်​​ခေါ်ဆင်​ချင်​ကြည့်​တဲ့ စဉ်းစားနည်း
(Speculative Thinking)တစ်​ခု ရှိ​နေတာပဲ မဟုတ်​လား။

အ​မေလုပ်​တဲ့သူက "ကကြီး"​ရေးခိုင်းရင်​ ကကြီး​ရေးလိုက်​။"ခ​ခွေး"​ရေးခိုင်းရင်​ ခ​ခွေး​ရေးလိုက်​၊ "ဂငယ်​"​ရေးခိုင်းတဲ့အခါကျ​တော့လည်း
ဂငယ်​​ရေးလိုက်​​ပေါ့လို့ စဉ်းစားတယ်​။
အဲ့သည်​လို တစ်​ခုချင်းစီဖြတ်​သန်းရင်းနဲ့
သူ့ရဲ့ သားငယ်​ဟာ တဖြည်းဖြည်းနဲ့ စာတတ်​​မြောက်​တဲ့လူတစ်​​ယောက်​ဖြစ်​လာမယ်​ ဆိုတဲ့ "နိဂုံး"တစ်​ခုကို ဆင်​ခြင်​ထားတယ်​။က​လေးငယ်​ရဲ့ ဆင်​ခြင်​နည်းကလည်း မမှားယွင်းပါဘူး။
"ကကြီး"ပြီးရင်​ "ခ​ခွေး"၊ "ခ​ခွေး"ပြီးရင်​ "ဂငယ်​"စသဖြင့်​ မဆုံးတမ်းလာ​တော့မည်​ ဆိုတာကို သူလည်း​တွေးမိတာပဲ။

ဒါ​ပေမဲ့ က​လေးငယ်​ရဲ့ "နိဂုံး"ကျ​တော့
"အဲ့သည်​လို ဒုက္ခ (စာလုံး​တွေ တစ်​ခုပြီးတစ်​ခု သင်​​နေရတာကို က​လေးငယ်​က​တော့ ဒုက္ခလို့ထင်​မှာ​ပေါ့)
အဆင့်​ဆင့်​ကို ​ရေရှည်​မခံစားရ​စေဖို့ ရည်​ရွယ်​ချက်​ဖြစ်​တယ်​"။တိုတို​ပြေားရရင်
"သက်​​သောင့်​ သက်​သာ​နေရ​ရေး ဖြစ်​တယ်​"။ဒါ​ကြောင့်​ ဒီဒုက္ခကို ​စေား​စေားစီးစီး လမ်းစဖြတ်​တဲ့အ​နေနဲ့
"​ကျောင်းမသွားချင်​"ဘူးလို့​ပြေားလိုက်​တာပါ။


ကျွန်​​တော်​တို့ လူကြီး​တွေက​ကေား ဘာထူးလို့လဲ တွေးမိပါသည်​။
ကျွန်​​တော်​တို့ဟာ လူ့ဘဝကို ရပြီဆိုကတည်းက ဒုက္ခသင်​ခန်းစားရဲ့ ပထမဦးဆုံး အက္ခရာဖြစ်​တဲ့ "ကကြီး"ကိုစ​ရေးခဲ့ရပါပြီ။အသက်​ကြီးလာတာနဲ့အမျှ "ခ​ခွေး"​တွေ၊"ဂငယ်​"​တွေကို
ဇာတ်​တိုက်​ ​တွေ့ကြုံ​ရဦးမှာပါ။

ဘဝဆိုတာ ဒုက္ခဆိုတဲ့ အက္ခရာ​တွေကို
သငြ်​ကားဖို့ ပြဋ္ဌာန်းထားတဲ့ ​ကျောင်းသင်​ခန်းစာ စာအုပ်​ကြီးတစ်​အုပ်​ဖြစ်​ပါတယ်​။
ဒါ​ပေမဲ့ ကျွန်​​တော်​တို့​တွေဟာ ဘယ်​သူက
အဲ့ဒီအက္ခရာ​တွေကို လိုလိုလားလားသင်​ကြားချင်​လို့လဲ။ဒုက္ခတစ်​ခုချင်းစီနဲ့ ​တွေ့ရကြုံရတိုင်း မပြီး​သေးဘူးလား?လို့ ညည်းတွားကြတာချည်​ပဲ မဟုတ်​လား?။

တကယ်​ဆိုရင်​ ဒုက္ခ​တွေကိုရင်​ဆိုင်​တဲ့နည်းက
သိပ်​အဆန်းတကြယ်​၊ ခက်​ခက်​ခဲခဲရှိကြတာမဟုတ်​ပါဘူး။
"ကကြီး"ဒုက္ခနဲ့ ကြုံရင်​ "ကကြီး"ကို​ရေးချလိုက်
"ခ​ခွေး"ဒုက္ခနဲ့ ကြုံရင်​ "ခ​ခွေး"ကို​ရေးချလိုက်​ယုံပါပဲ။

ဒီလိုပဲ
ပေါ့​ပေါ့ပါးပါးဖြတ်​သန်းသွားလိုက်ကြရ​​အောင်​။ဒါမှတကယ့်​"လူကြီး"အ​တွေးဖြစ်​ပါတယ်​။

ဒါ​ပေမဲ့ ကျွန်​​တော်​တို့အားလုံးက ညည်းတွား​နေကြတယ်​။စိတ်​ပျက်​​နေကြတယ်​။လောကဆိုတဲ့ ​ကျောင်းကို ​မတတ်​ချင်​ဘူးဆိုပြီး ​ကျောင်း​ပြေးချင်​​နေကြတယ်​။
ကျွန်​​တော်​တို့ ဆင်​ခြင်​မှုရဲ့ "နိဂုံး"က
ဘဝကို နားလည်​တတ်​​မြောက်​ဖို့မဟုတ်​ဘဲ
"သက်​​သောင့်​သက်​သာ ​နေထိုင်​ဖို့"ရည်​ရွယ်​ထားကြတာကိုး။

တကယ်​​တော့ ကျွန်​​တော်​တို့ဟာ အသက်​ကြီး​နေတဲ့ က​လေးငယ်​​တွေပါပဲ။

IMG_20180108_195414.jpg

(ဆရာမင်းခိုက်​စိုးစံ (က​လေးအ​တွေးအက်​​ဆေး)စာအုပ်​မှ
က​လေးအ​တွေး (5)အား ဘာသာပြန်​တင်​ဆက်​ခြင်းဖြစ်​ပါသည်​။
မူရင်းစာအုပ်​တွင်​ ဆရာမင်းခိုက်​စိုးစံမှ မြန်မာဘာသာ "က ခ ဂ"အားအသုံးပြု ရှင်းလင်းထားပါသည်​။ သို့​သော်​ Eng ဘာသာပြန်​ခြင်းတွင်
"က ခ ဂ"အား အသုံးပြုရန်​မသင့်​​လျှော်​သဖြင့်​ "A B C"ဟူ၍ ​ပြောင်းလဲ​သုံးနှုန်းထားရပါ​ကြောင်း အသိ​ပေးပါသည်​။ဤစာတွင်​ linkမရှိပါ.ကျွန်​ပ်​၏ ကိုယ်​ပိုင်​စာအုပ်​မှ ​ရေးသား​ဖော်​ပြခြင်းဖြစ်​ပါသည်​။

Written by Min khaike SoeSan
Translate by Sattpaing(myan-eng)
MSC 217

Sort:  

V 100% = 0.116$ v n cm done,@thi/poe.

ကလေးလေးတွေရဲ့အတွေးလေးတွေ

Good post ပါ ဘဒို

Hote khat.thanks par bya

AWW
အသက်ကြီးနေတဲ့ကလေးတွေ
ကိုတွေလဲတစ်နေ့ကြုံရဦးမှာပဲ

Hote tar pop byar

တွေးစရာ အတွေးတစ်ခုရသွားပါတယ်ဗျာ

ဟုတ်​ကဲ.​ရေးရကျိုးနပ်​ပါတယ်​ဗျာ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 67211.91
ETH 2613.85
USDT 1.00
SBD 2.68