အ​တွေးစာမျက်​နာ(၁)

in #myanmar6 years ago (edited)

``တစ်​ကမ္ဘာလုံးနှင့်​ တစ်​​ယောက်​ ဖြစ်​​နေခဲ့လျှင်​´´

မည်​သို့​သောအ​ကြောင်းအရာများ​ကြောင့်​ဖြစ်​​စေ
လူသားတစ်​​ယောက်​ အ​နေဖြင့်​ ဘဝတစ်​ခု ရရှိချိန်​မှစ၍
လူ​ပေါင်းများစွားနှင့်​ အချိန်​ကာလ ကြာမြင့်​စွာ
နေထိုင်​သွားရမည်​မှာ လုံးဝ​ရှောင်​လွဲး​ရန်​မှာ မလွယ်​ကူ​​ချေ...။
ယခုချိန်​ထိသင်​အလိုမကျ​သော ပတ်​ဝန်​ကျင်​တစ်​ခု အ​ပေါ်တွင်
အဆင်​​ပြေစွာ ရပ်​တည်​နိင်​​​စေရန်​နှင့်​ အမှန်​´´ များများ အမှား´´ နည်းစွာ ဖြတ်​သန်း​နေထိုင်​နိင်​ရန်​ ရည်​ရွယ်​ပါသည်​။

(​ဝေမျှခြင်းသည်​ ကျွန်​ပ်​၏ ​ ​စေတနာသာဖြစ်​၍ ​ဝေဖန်​နိင်​မှု​စွမ်းရည်နှင့်​ လိုက်​နာ ကျင့်​သုံးမှုသည်​ စာဖတ်​သူ၏ ​ညဏ်​ပညာ သာဖြစ်​သည်​)

``သိစိတ်​ နှင့်​ မသိစိတ်´´

စိတ်​ပညာအရ လူတစ်​​ယောက်​ဟာ
သိစိတ်​ နဲ့ မသိစိတ်​ နစ်​မျိုးရှိတယ်
သတ်​မှတ်​တယ်​......။

``မင်း ဖိနပ်​ အသစ်​ဝယ်​ဖို့ ဆိုင်​ကို ​ရောက်​တယ်
ဖိနပ်​ နစ်​ရံ ​ရွေးချယ်​တဲ့ အချိန်​မှာ...
မင်းကိုယ်​တိုင် ကြိုက်​တာ ကို ​သေချာ​ရွေးချယ်
ဝယ်​ခဲ့ပြီးမှ ..​လမ်းတစ်​ဝက်​တင်
မ​ရွေးပဲထားခဲ့ရတဲ့ ဖိနပ်​ကို ပြန်​လဲချင်​တာမျိုး
မ​ရွေးချယ်​ခဲ့တဲ့ ဖိနပ်​ကို မင်းလိုချင်​လာတာမျိုး​ပေါ့....
မင်းသိစိတ်​ နဲ့ မင်းထင်​တာကို
ရွေးခဲ့​ပေမဲ့ ... မင်း မသိစိတ်​က
ကျန်​ခဲ့တဲ့ ဖိနပ်​တစ်​ရံကို ​ရွေးချယ်​လိုက်တာ​ပေါ့...

.``က​လေးတစ်​​ယောက်​ ကို အ​မေက အကျီင်္ဝယ်​​ပေး​နေတယ်
ကိုယ်​ ကြိုက်​တာက တစ်​​ရောင်
အ​မေ့ကို ​ကြောက်​လို့ ယူခဲ့ရ​ပေမဲ့
လုံးဝ မနစ်​သက်​ခဲ့​ဘူး...
ဒါ​ကြောင့်​ မင်း မဝတ်​ဘူး....
ဒမဲ့ တဖြည်း​ဖြည်း
အ​မေ ​ရွှေးခဲ့တာ ကို ပို
ကြိုက်​လာမယ်​.
တကယ်​ ​တော့ မင်း အ​မေ ဝယ်​ ခဲ့ တာကို
မင်း မသိ စိတ်​က ​နေ စွဲးလန်း​နေ ခဲ့တာ ​လေ´´...

လူငယ်​ ဘဝ ရည်း​ စားထားတယ်​..
ကိုယ်​ ကြိုက်​တဲ့ ​ကောင်​မလေး ကို
ချစ်ခွင်​ရဖို့
ကို ယ်​သူငယ်​ချင်းမိန်းခ​လေး ကို အကူအညီယူတယ်​.
ပြီးမှ စိတ်​​ပြောင်းသွားတာပြီး
အဲ့ ​မိန်း​ခ​လေးသူငယ်​ချင်း​ကို ချစ်​သွားပြန်​တယ်.
..တကယ်​​တော့ ...
မသိစိတ်​နဲ့ သိစိတ်​ရဲ့ လှည့်​စားမှုပါပဲ....

ိအိပ်​​မွှေ့ချပြီး ​မေးခွန်း​တွေ ​မေးတာ
ကို​တွေ့ဖူးကြားဖူးလား?
သူ ကိုယ်​တို​င်​ မမှတ်​မိ​တော့တဲ့ အရာ​တွေကို
သိဖို့ အိမ်​​မွှေ့ချပြီး​မေးတယ်​..
အိပ်​တဲ့သူက ဘာမှ မသိဘူး.ဒါ​ပေမဲ့ ​ဖြေ​​နေတယ်​..
အဲ့စကား​တွေက သူ့ မသိ စိတ်​က​နေ auto မှတ်​သွားတဲ့
အသိ​​တွေကို ပြန်​ထုပ်​​ပေးတာ...

မသိစိတ်​ ပြန်​​ပေါ်လာတဲ့ အချိန်​ က စိတ်​ဝင်​စားဖို့​ကောင်းတယ်​..
တချို့က အိပ်​​နေရင်း နဲ့ ​ယောင်ပီး ထွက်​တယ်​.
လှိုဝှက်​မှုတစ်​ခုကိုပိပိရိရိ ဖုံးကွယ်​နိင်​​ပေမဲ့ ..မသိစိတ်​က
အ​ကြောက်​တရားထွက်​လာပြီး ..လူ​တေ သိသွားတာမျိုး​ပေါ့.

ကိုယ်​ မသိစိတ်​ ကို ​ပါရမီ လို့ပဲ အလွယ်
သတ်​မှတ်​​ပြေားရင်​....တချို့ကို မသိစိတ်​ဆိုတာ
ကိုလုံးဝ ခံစားမသိမြင်​ဘူး....တစ်​ချို့ ကျ ​တော့
မသိစိတ်​ ကို ​သိစိတ်​ နဲ့ ပြန်​ ချိန်​ဆ ​နား လည်​နိင်​ကြတယ်​.
အဲ့လို လူ​တွေ ကျ​​တော့ ``ကိုယ့်ကိုကိုယ်
တစ်​ထပ်​ ထဲ ကျ​လောက်နီးပါးထိ ပြန်​​ဝေဖန်​ စမ်းစစ်​နိင်​ကြတယ်​.´´

ကို ရှိန်​တဲ့ လူကြီးတစ်​​ယောက်​ရှိတယ်​ဆိုပါဆို့
သူ့ကို မ​ရှိန်​ပဲ ပုံမှန်​ ဖြစ်​​အောင်​ သိစိတ်​နဲ့
မင်းကိုယ်​မင်း ပြင်​ဆင်​ထား​ပေမဲ့
အမှတ်​တမဲ့ လှမ်း​ခေါ်လိုက်​တဲ့ အခါ
စကားမှားတာမျိုး
ခြေလှမ်းမှာသွားတာမျိုးတို့
အဲ့ အခိုက်​အတန်​​တွေကလဲ
မသိစိတ်​သိစိတ်​ တစ်​ပြိုင်​နက်​ ​ထိ​တွေ့လိုက်​ရတာပဲ.

ပါရမီရှင်​ဆန်​တဲ့ မသိစိတ်​ဆိုတာ​တော့...
လောကီ​ရေးရာထက်​ ​​ကျော်​ပီး လောကုတ္တရာ​ရေရားအတွက်
စိ​တ်​စွမ်း​အင်​ လို့ သတ်​မှတ်​တယ်​....
အဲ့ဒီ ကိစ္စ ​တွေထိ စိတ်​ဝင်​စားရင်​​​တော့
စိတ်​နဲ့သက်​ဆိုင်​ပြီး ဂန္ဓရီ ခရီးစဉ်​​တွေထွက်​ပြီး
ရှန်​ဗဲလားတို့ မဟာ မြိုင်​ တို့ ထိ
မင်း​သိင်္ခလို ခရီးထွက်​​ပေး​​တော့...

အမှန်​တရား(​ဖြောင့်​မက်​​သောစကား)´´ ............................................. လောကဇာတ်​ခုံတွင်​ ​ သင်​နေထိုင်​လျှင်​ မည်​မျှ ကြီးမြတ်​လှ​သော ပုဂ္ဂိုလ်​တစ်​ဦးဖြစ်​​စေ၊ မိမိ​လေးစား​သော ကိုးကွယ်​ဆည်းကပ်​သူ တစ်​ဦးဖြစ်​​စေ၊ ​ဆွေမျိုးမိတ်​​ဆွေ ပင်​ဖြစ်​​စေ၊ ​​မိဘနစ်​ပါးသာမ...... မိမိကို​ယ်​တိုင်​ဖြစ်​​စေ ​ပြေားဆို​​ဝေဖန်​ထားသည့်​ #အ​ကြောင်းအရာ တစ်​ခုကို ဖန်းတီရာတွင်​ Personal နှင့်​ ပုဂ္ဂိုလ်​​ရေး ဆန်​​ဆန်​ရေးသား​ပြေားဆိုမှု အ​ငွေ့အသက်​များပါဝင်​ရေားယှတ်​ထားသည့်​​​ဝေဖန်​ချက်​များ´´သည်
အမှန်​တရား မဖြစ်​နိင်​....ထိုအရာသည်
`` ဝါဒ´´ တစ်​ခုဟုသာ ​သတ်​မှတ်​သင့်​ပါသည်​..။

ဝါဒ ရဲ့ ပါဠိအနက်​ အဓိပ္ပါယ်​မှာ``လက်​ကိုင်ပြု ယုံကြည်​တဲ့
ခံယူချက်​ ´´လို့ အဓိပ္ပါယ်​ ရပါတယ်
.....................................

အ​ရေအတွက်​​ပေါင်းများ​သော ​ထောက်​ခံမှုဆိုသည်​မှာ.

1.မတူ ညီ​သော ပတ်​ဝန်​ကျင်
2.မတူညီ​သော ဘဝ ဖြစ်​တည်​မှု
3.မတူညီ​သော ညဏ်​ပညာဖြစ်​တည်​မှု
4.မတူညိ​သော ဗီဇ
5.မတူညီ​သော မိသားစု

ထိုသို့ ​ကွဲးပြားကျ​သော ​လူ​ပေါင်းများစွာအနက်​မှ
စိတ်​ခံစားမှု နီးစပ်​ကြ​သော
လူအချို့၏ တူညီ​သော ``မှက်​ချက်​´´ တစ်​ခုသာဖြစ်​သည်​...
အများ​ထောက်​ခံမှုတိုင်းသည်​ အမှန်​တရားမဟုတ်​..။
အ​ရေအတွက်​တစ်​ခုသာ ဖြစ်​သည်​။
.................................................
.....ဝါဒဟူသည်​ အထက်​ပါ ​ဖော်​ပြခဲ့သည်

ကွဲးပြားစွာကြီးပြင်​ခဲ့ရ​သော လူတို့၏
ပတ်​ဝန်​ကျင်​ ဘဝဖြတ်​သန်းမှု မတူညီမှုများ​ကြောင့်

``အဖြစ်​အပျက်​´´တစ်​ခုအား ရှူမြင်​တတ်​သည်
အမြင်​ များအား ​ယေဘုယျ အားဖြင့်​-

1.အ​ကောင်းမြင်​ဝါဒ
2.အဆိုးမြင်​ဝါဒ
3.အရှိမြင်​ဝါဒ
4.လက်​​တွေ့ဝါဒ
5.ကွန်​မြူနစ်​ဝါဒ
6.ရိုးရာစွဲးဝါဒ
7.ဝါဒစွဲးဝါဒ
8.အတ္တဝါဒ
စသည်​ဖြင့်​​တွေ့ရှိနိင်​ပါသည်​...။
.
..............................................

အမှန်​တရား နှင့်​ အယူဝါဒ ၏ ကွဲးပြားပုံ´´်​ -ပထဆုံး သင်​စိတ်​ကို သင်​အရင်​မေးကြည့်​​​​လို​က်​ပါ. သင်​စိတ်​ထဲမှာ-ငါ​ဟာ သိတယ် ငါ နားလည်​တယ်
ငါ​​တော်​တယ် ငါစဉ်းစားနိင်​တယ် ငါမမှားဘူး လုံးဝ​သေချာတယ်​ ´´ဆိုတဲ့ စိတ်​ တစ်​ခု အမြဲကပ်​ပါနေတယ်​လို့ ​ပြေားရင်​ သင်​ယုံမဪလား?

-သင်​မယုံကြည်​ဘူးလက်​မခံ နိင်​ရင်​ သင့်​ကို ကျွန်​ပ်​ လက်​ခံနိ​င်​သည်​ထိ
ရှင်းပြတာဝန်​ယူနိ​င်​ပါသည်​...။

-(သင်​ငယ်​စဉ်​ဘဝ က​လေးသဘာဝ ရန်​ဖြစ်​သည်​မှ စတင်​၍
်​မိဘ​ဆွေမျိုးများန​င့်​ အဆင်​အ​ပြေ​ဖြစ်​သည့်​ အခိုက်​အတန့်​တိုင်း
သူငယ်​ချင်း​တွေနဲ့ စကားများ ငြင်းခုံကြတိုင်း၊
မိမိချစ်​သူနဲ့ စကားများခဲ့တိုင်း.....

-ထိုထက်​မက ​မြောက်​များစွား​သော
ပြဿနာတိုင်း၏ ဖြစ်​စဉ်​ကာလ အချိန်းတိုင်း၌ိတရံတခါသင်​မှားသည်​ဟု မယူဆခဲ့ဘူးဆိုတာ ကို သင်
ဝန်​ခံနိင်​လား? ဟုတ်​ပါတယ်​ ကိုယ်မှန်တယ်​လို့ ယူဆလို့သာ
သင်​ ငြင်းခုန်း​နေခဲ့တာပါပဲ..

-သင်​ဘဝ​နေ့စဉ်​ကြုံတဲ့အ​ထွေ​ထွေ
ပြဿနာ (Case )ကြီးငယ်​ တိုင်း``ငါ များ မှား​နေလား ဆိုတဲ့ အ​တွေးမျိုး´´ ပြန်​​မေးကြည့်​ခဲ့ ဖူးရဲ့လား?

-ငြင်းခုန်​မှုတစ်​ခု၏
လက်​ရှိ အချိန်​တိုင်းမှာ သံသယမဝင်​ခဲ့ဘူး ဆိုတာကို
သင်​ ထပ်​ဝန်​ခံရပြီ(-တခါတရံ သင့်​ဘက်​ကမှား​ယောင်​​​ယောင်
ဖြစ်​​နေသလို စဉ်းစားမိရက်​နဲ့ သင်​ ဝန်​မခံခဲ့ပဲ
အ​လျှော့မ​ပေးချင်​ပဲ ဆက်​ ငြင်းခဲ့တဲ့ အခိုက်​အတန့်​​တွေဟာ
မသိစိတ်​ထဲက သင့်​ရဲ့ အမှားကို ဝန်​မခံတဲ့ သင့်​ရဲ့
``ငါ ´´​ကြောင့်ပါ)

ငြင်းခုန်​မှူ​တွေ ပြီးသွားတဲ့အချိန်​မှာ​တောင်
``ကိုယ့်​ကိုကိုယ်​ငါများမှားသွားသလား ၊ မှား​နေသလား´´ဆိုတဲ့ သံသယ​မေးခွန်းကို စိတ်​ထားအမှန်နဲ့ ပြန်​စဉ်းစားတတ်​ကြတဲ့
လူဦး​ရေ 10%ပဲရှိ​တယ်​.

-လူ​တွေရဲ့ ကိုယ့်​ကိုကို​သာ အ​ကောင်းဆုံး ထင်​​နေတဲ့ စိတ်​နဲ့ ကိုယ့်​ထက်​​တော်​တဲ့ တခြားသူကို
အသိအမှတ်​ပြုရမှာ ဝန်​​လေ​နေကြတဲ့ စိတ်​တစ်​ခု​ကြောင့်
ဘဝအတွက်​ စစ်​မှန်​တဲ့ မိတ်​​ဆွေ မရှိဖြစ်​ကြသလို
လူဆိုတာမှားတဲ့ အမျိုး´´လူယုံသတ်​လို့ ​သေတယ်​ ´´
``ကိုယ့် ဒူး​တောင်​ ကိုယ်​မယုံရ´´ဆိုတဲ့ လူ လူ ချင်း
သွေး​ဝေး​စေတဲ့ စကား​တွေဟာ အဲ့​ဒီ လူ 90%က က​နေ ဖြစ်​တည်​လာခဲ့တာ ပါ...။

-( 100%အပြည့်​ လူသားတိုင်း
စိတ်​ဓာတ်​တခုခု ချို့ယွင်း​နေလိမ့်​မယ်​လို့ သင်​ အပြည့်​အဝယုံကြည်​ရဲ့လား? သင်​ရဲ့ အ​ဖြေက သင်​ ​ရှောက်​မဲ့
လမ်းတစ်​ခုပဲ)
သင်​​ကော ``ငါများမှား​နေလားလို့
ပြန်​​မေးခဲ့ဖူးပါသလား?

ယခု ......
သင့်​ အ​တွေးထဲ ငါ မသိပဲ မှားသွားတာ​တွေ ဘယ်​​လောက်​များရှိ​နေပြီလဲ ဆိုပြီးသင်​စိတ်​ပူရန်​ မလိုအပ်ပါ.
-လူမှုကွန်​ယက်​တွင်
ကမ္ဘာအဝှမ်းနေ့စဉ်​ up to dateသတင်းများ
နိင်​ငံ​ရေးသတင်း ၊ မှုခင်း ၊ ဘာသာ​ရေးကွဲးပြားမှု စသည့်
အလှမ်းကွာ​ဝေး လွန်​​သော အ​ကြောင်းအရာ​များ​အောက်​တွင်
မ​​ရှော့​သောဇွဲး နှင့်​ ​နေ့စဉ်​အမျှ ငြင်းခုန်း ၊သတ်​ပုတ်​ ​၊ နေကြ​သော အမှန်​တရားကိုယ်​စီ နှင့်​ လူသန်း​ပေါင်းများစွာကို
သင်​ မြင်​ဖူးပါသလား?

-မမြင်​ဖူးလျှင်​ ​လေ့လာ​စေလိုပါသည်.

-အ​ကြောင်းအရာတစ်​ခုခု အ​ပေါ်တွင်​ ​သေချာသည်​ဟု ယူဆ​သော သင်​​ထင်​မြင်​မှုတစ်​ခု ကို စဉ်းစား၍
သင်​နှင့်​ အယူအဆ မတူ​သော လူစိမ်းအချို့အား
့်​သင်​မှန်​ကန်​​ကြောင်း ​​ပြေားဆို​ဆွေး​နွေးကြည့်​​စေလိုပါသည်​?
ပြေားကြည့်​​ပါ။သင်​အမှန်​တရား နှင့်​ လူများစွား၏
အမှန်​တရား ဟု သက်​မှတ်ထား​သော အရာကို
သင်​ မြင်​ပါလိမ့်​မည်​။
-လူ​တစ်​​ယောက်​ဆီ၏ အ​​ဖြေတိုင်း က အမှန်​တွေချည်​ဖြစ်​​​နေနိင်​ပါ့မလား?(ဟုတ်​ပါတယ်​ ကိုထင်ရင်​မှန်​တယ်​ဆိုတဲ့ အတ္တကို ယူပီး
ဝါဒ ကို ငြင်းခုံ​နေကြသူ​တွေပါ)

............................

ုသည်​​နေရာ ထိ ဖတ်​ရှူပြီးလျှင်​ စာဖတ်​သူသည်
လူမှုကွန်​ယက်​​ပေါ်တွင်​ ​ဝါဒတစ်​ခုစီကိုင်​၍
မပြီးဆုံးနိင်​​သော တိုက်​ပွဲးဝင်​​နေသူများအား
ြ်​မင်​​ယောင်​​နေမည်​လား?(#သင်​စိတ်​ပါလျှင်
မည်​သည်​ အ​ကြောင်းအရာ​အောက်​တွင်​ မဆို
ထိုသူတို့၏ commentများအား ဝါဒ ခွဲးခြား၍
ကွက်​လပ်​သွားဖြ့ည့်​နိင်​ပါသည်​)😝

ယခု စာဖတ်​သူ သည်​ ပွဲးကြည့်​ သူ အ​နေဖြင့် အသင့်​ရှိ​နေလျှင်
ကျွန်​ပ်​ လို​က်​ကာ တစ်​ချက်​ ဖွင့်​ပြချင်​ပါသည်​...

လူမှု ကွန်​ယက်​​ပေါ်မှာ-
လူ​ပေါင်းစုံဟာကြီးပြင်းရာပတ်​ဝန်​ကျင်​ အသီးသီးက​နေ အ​မွေ ရခဲ့ တဲ့
ဝါဒပေါင်းစုံ ကို ကိုင်​ထားကြတယ်​....
သူတို့​တွေဟာ-

``အမှန်​တရား´´ရဲ့ ကြီးမြတ်​မှုကို မိုက်​ မိုက်​ မဲ မဲ
ဖျက်စီး​နေကြတဲ့ လူ​တွေ ဖြစ်​သလို့....

လူ့ရဲ့ပကတိ အတ္တ
``ငါအမြဲ အမှန်​´´ဆိုတဲ့ လူမျိုး​တွေလဲ ဖြစ်​တယ်​....

#ဝါဒ ကို အမှန်​တရားလို့ ယူဆတယ်
ဒီလူ​တွေရဲ့ တိုက်​ပွဲး​တွေ ငြင်းခုံမှု ​တွေ ဘယ်​​​တော့ ပြီးမှာလဲ?
ဘယ်​သူ နိင်​ပြီး ဘယ်​သူ က ရှုံးမှာလဲ?
အမှန်​တရားကို အက္ခရာ​လောက်​ ​ရေးတတ်​ရုံနဲ့...
ဝါဒီ တိုက်​ပွဲး​တွေ ထဲ အမှန်​တရား ကံစမ်းမဲ ကျလာမှာလား?
......................................
.... ခု သင်​လူ​တွေကိုနားလည်​နိင်​ပြီးလို့
ထင်​ပါတယ်​....!
သင်​ဟာလဲ `ငါ´ အတ္တနဲ့ ငါဝါဒ ကြားမှာ
အများနည်းတူ ဆက်​လက်​ ငြင်​ခုန်​​နေမှာလား?
သင့်​ကို အ​ကြောင်း​မဲ့ သက်​သက်
လူ​တွေက ခွားခွာသွားကြတာလို့ ယူဆ​နေဦးမာလား?
.......ဘဝမှာ သင်​ကိုယ်​တိုင်
ဒီလို အမှား​တွေထဲ ဝင်​​တိုက်​​နေချင်​သရွေ့​တော့ ဘဝဟာ
တို​က်​ပွဲး​ခေါ်သံ​တွေနဲ့ ပဲ ရှင်​သန်​ရမှာပဲ...

ဒီ​လောကမှာ .....
တစ်​​ဦးတစ်​​ယောက်​နဲ့ မှ သင်​နဲ့ထပ်​တူမကျပါဘူး...
သင်​လို လူ ​​​လောကမှာ တစ်​​ယောက်​ထဲ ရှိ​တယ်​ဆိုတာကို လက်​ခံပါ.
လက်​နတ်​ချချင်​​နေတဲ့ လူသား​တွေရှိ​နေတယ်​...
အ​မေားလွန်​နေတဲ့ လူသားေ​တွ ရှိ​နေတယ်​...
အလံဖြူ​ထောင်​ထားဖို့ပဲ လိုအပ်​တာပါ

#လူ့သ​ဘောကို နားလည် နိင်​ပြီးတဲ့အခါ
သင်​ကိုယ်​တိုင်​ ​ဝါဒီ ဖြစ်​​နေတဲ့ဘဝ ကို မြင်​နိင်​လာနိင်​ခဲ့ရင်
ဖြစ်​သမျှ problems​တွေ အတွက်
အပြစ်​ကို မရှာပဲ အ​ကြောင်းတရားကိုပဲ ရှာ​ တတ်​လာမယ်​..

....တစ်​ချိန်​က သင်​ လူ​တွေက ဘာလဲ ?ဘဝက ဘာလဲ?ဆိုပြီး
တစ်​​ယောက်​ထဲ ​အော်​ဟစ်​ခဲ့ရတဲ့ အချိန်​​တွေအစား
.....အလင်းမဲ့ အ​မှောင်​ဖုံး​နေခဲ့ရတဲ့သူ​တွေကို ကူညီ​ဖေးမရင်း
ဘဝဟာ လူ​တွေကို ကူညီမှု​တွေ ​ပေးရင်းနဲ့ပဲ
အဓိပ္ပါယ်​ ထင်​ရှားလာပါလိမ့်​မယ်​......
``စစ်​ မှန်​တဲ့ ​မေတ္တာတရား မှာ ​မျှော်​လင့်​ချက်​မလိုအပ်​ဘူး
ကို​ယ်​ တကယ်​လုပ်​​ပေးနိင်​ လိုက်​တယ်​ ဆိုတဲ့ အသိ´´
က လုံ​​​လောက်​ နိင်​ခဲ့ပြီ......

ရေးးထားတာလွန်​ခဲ့တဲ့ တစ်​နစ်​က​ရေးထားတာပါ
အမှား​​လေး​တွေ​ရှိရင်​ ကျွန်​​တော့မသိနားမလည်​ခြင်းများအား သည်​ ခံ ခွင့်​လွှတ်​​ပေးကြပါကြပါရန်​။

Author by@sattpaing
MSC-217

IMG_20170704_153138.jpg
....................................................

Sort:  

The @OriginalWorks bot has checked the text of this post and it appears original!

ezgif.com-resize.gif

To call @OriginalWorks, simply reply to any post with @originalworks or !originalworks in your message!

Please note that this is a BETA version. Feel free to leave a reply if you feel this is an error to help improve accuracy. Please note, it only checks the text component!

အဟား ရင်​ဘပ်​ချင်းလာတူ​နေပြီ
ဒီကလဲ စိတ်​ကိုစိတ်​ဝင်​စား​နေတာ

ရေးပါဗျ ..အား​ပေးပါမယ်

တွေးစရာတွေတော်တော်များတယ် ဆက်တွေးလိုက်ဦးမယ် bro ရယ်

ဟုတ်​ကဲ့ ဖြည်းဖြည်းဖတ်​ ဖြည်းဖြည်​​တွေးပါဗျ

Nice post ပါဗျာ

အရှည်ကြီးပဲ သိပ်တော်တယ်ကွယ်😁😁

Hote 😁 ​နောက်​မ
သိုင်းကား​တေလို အပိုင်းခွဲးလိုက်​မယ်​😝

Ok😁😁

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65935.31
ETH 3015.23
USDT 1.00
SBD 3.75