အမြင်နှစ်မျိုး

in #myanmar8 years ago

image
အကောင်းမြင်ခြင်း အဆိုးမြင်ခြင်း

ခံရသူဖက်မှအမြင် ပြုလုပ်သူဖက်မှအမြင်

တရားသူဖက်မှအမြင် မတရားသူဖက်မှအမြင်

ဘယ်အမြင်မျိုးကနေကြည့်မည်နည်း။

လူအများစုကတော့ မိမိကိုယ်ကို အကောင်းမြင်ကြသည်သာများ၏။ မှားနေသည်ဟုသိသော်လည်း
မှန်သည်ဟုဆင်ခြေပေးရန်ကြိုးစားနေကြသည်။ ဤသည်မှာ ပညာမဲ့သူတို့ရဲ ဓလေ့စရိုက် မိမိအမှားကိုမိမိမမြင်
မြင်သော်ငြားလည်း ဝန်ခံရန်ထက် ဆင်ခြေပေးရန်သာအားထုတ်ကြသည်။ ပညာရှိသူများမှာကား ဤသို့မဟုတ်
အမြင်နှစ်ဖက်စလုံးဖက်မှ ခဏဝင်ကြည့်ပြီး ဤအမြင်ကမှား၏ မှန်၏ကို ဝေဖန်သုံးသပ်ကာ မှန်သည်ဟုထင်သည့်ဖက် မှ
ရပ်တည်ပြီး မိမိ အမှားကိုဆင်ခြင်ပေးရန်ထက် ငါ့လုပ်ရပ်ကမှား၏ နောင်တွင်မဖြစ်ရလေအောင် မမှားရလေအောင် အမှားကိုသင်ခန်းစာယူရန်သာကြိုးစားကြသည်။ မိမိ၏ လုပ်ရပ်တိုင်းကို ဘယ်လိုအမြင်မျိုးနဲ့ကြည့်သင့်သည်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခြင်းသည်ပင်လျှင် မိမိကိုယ်ကိုအောင်နိုင်ခြင်းဖြစ်ပါသည်။ အခြားသူများကို ဝေဖန်နေမည့်အစား မိမိကိုယ်ကိုအောင်နိုင်သူဖြစ်အောင်ကြိုးစားကြရအောင်လားးးးးးးးးးးးးးးးးးးးးးး။

Written by sannhtunlwin (23-feb-2018)
Photo from Google Image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64061.63
ETH 1777.68
USDT 1.00
SBD 0.39