ယိုယွင်းနေသော မြန်မာ့ သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ရအောင်

in #myanmar7 years ago (edited)

လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုကျော်လောက်ခန့်ထိ ကျမတို့နေထိုင်ရာ မြန်မာနိုင်ငံသည် သာယာလှပသော သဘာဝရှုခင်း,တန်ဖိုးမဖြတ်နိုင်သော သယံဇာတများနှင့်အတူ နွေ မိုး ဆောင်း ဟူသော ညီညွတ်မျှတသည့် ရာသီသုံးလီကို ပိုင်ဆိုင်ထားသည့်အလျောက် ကျမအပါအဝင် နိုင်ငံတွင်းနေထိုင်ကြသည့် သက်ရှိအားလုံးသည် ကောင်းမွန်သော သာဘာဝပါတ်ဝန်းကျင်ကို ခံစားထိတွေ့ရင်း ပျော်ရွှင်ငြိမ်းချမ်းစွာ ဖြတ်သန်းခွင့် ရခဲ့ကြပါတယ်။သို့သော်လည်း တိုးတက်လာတဲ့ခေတ်နဲ့အညီ တီထွင်ဆောက်လုပ်လာကြတဲ့ စက်ရုံ အလုပ်ရုံတွေ, တိုက်တာ အဆောက်အဦးတွေကြောင့် လူနေမှုအဆင့်အတန်း မြင့်မားစွာ နေခွင့်ရပေသော်ငြားလည်း နောက်ဆက်တွဲဆိုးကျိုးများအဖြစ် တဖြည်းဖြည်း ပျက်စီးယိုယွင်းလာတဲ့သဘာဝပါတ်ဝန်းကျင်ကို ကျမတို့အားလုံး ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။တိုးတက်လာသော ခေတ်ရေစီးကြောင်းနေထိုင်မှုအလိုက် သာယာငြိမ်းချမ်းလှတဲ့ သဘာဝပါတ်ဝန်းကျင်ကြီးအား ကျမတို့အားလုံး အရင်းပြုပေးဆပ်ခဲ့လိုက်ရသလို ဆုတ်ယုတ်လာသည့် လူသားတစ်ဦးခြင်းစီတိုင်းရဲ့ စိတ်ဓါတ် စည်းကမ်းများကြောင့်လည်း နှစ်လိုပျော်ရွှင်ဖွယ်ကောင်းတဲ့ ကျမတို့အမိနိုင်တော်ကြီး၏ တောတောင် ရေမြေ သဘာဝရှုခင်းအလှအပများနှင့် ရာသီဥတုတို့မှာ မပျက်စီးသင့်ဘဲ တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာခဲ့ရပါတယ်။
FB_IMG_1517477726094.jpg
Photo credit facebook

ယိုယွင်းလာတဲ့ သဘာဝပါတ်ဝန်းကျင် အနေအထားတွေကြောင့် ကျမတို့လူသားများအပါအဝင် ဒီကမ္ဘာလောကကြီးမှာ မှီတင်းနေထိုင်ကြတဲ့ သက်ရှိများအားလုံး ပထမဆုံးစတင်ခံစားကြရတဲ့ အရာမှာ တဖြည်းဖြည်းဖောက်ပြန်လာသော ရသီဥတုအခြေအနေများဘဲ ဖြစ်ပါတယ်။ကမ္ဘာမြေကြီးကို အမှီပြုနေထိုင်ရသော လူသားတစ်ယောက်အနေနှင့် တဖြည်းဖြည်းယိုယွင်းလာတဲ့ သဘာဝပါတ်ဝန်းကျင် အနေအထားများအပေါ်မှာ များစွာစိတ်မကောင်းဖြစ်မိသလို တာဝန်မကျေမိသလိုလည်း ခံစားရပါတယ်။သို့ပေမယ့် ကျမအပါအဝင် လူသားအားလုံး သဘာဝပါတ်ဝန်းကျင်ကြီးအား ထိန်းသိမ်းစောင့်ရှောက်ရန် အရေးတော့ မေ့လျော့ ပေါ့ဆနေမိခဲ့ကြပါတယ်။သဘာဝဘေးအန္တရာယ်ဆိုး ဆိုတဲ့အရာတွေဟာ ကျမတို့ ခပ်ငယ်ငယ်အရွယ်လေးတည်းက နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ နေ့စဉ်နဲ့အမျှဖြစ်ပွါးနေလျက်ရှိတဲ့ အရာတွေဘဲ ဖြစ်ပါတယ်။CCTV သတင်းဌာနမှ တင်ဆက်တဲ့ ရေကြီးခြင်း,မိုးခေါင်ခြင်း,ငလျင်လှုပ်ခြင်း,မုန်တိုင်းထန်ခြင်း,အစရှိတဲ့သတင်းတွေကို မကြားခြင်မှအဆုံး ကြားနေ မြင်နေခဲ့ရပေမယ့် ကျမတို့နိုင်ငံတွင်းမှာတော့ ထိုအန္တရာယ်ဆိုးတွေဟာ မရှိသလောက်နည်းပါးနေခဲ့ပါတယ်။
FB_IMG_1517486423805.jpg
Photo credit facebook

CCTVကနေ တင်ဆက်တဲ့ ထိုသတင်းဆိုးတွေကိုကြားရတိုင်းလည်း လူကြီးသူမများ ပြောလေ့ရှိတဲ့ စကားအချို့ကိုလည်း ကျမသွားပြီးအမှတ်ရမိပါတယ်။သူတို့တွေရဲ့ ပြောစကားအရ ကျမတို့တတွေဟာ ဘာသာ သာသနာထွန်းလင်းတဲ့ မြန်မာပြည်မှာ လူဖြစ်ရတဲ့အတွက် ထိုဘေးအန္တရာယ်တွေနဲ့မကြုံရကြောင်း,မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်နဲ့ အကျင့်သီလတွေကြောင့် ကောင်းမွန်တဲ့ သဘာဝပါတ်ဝန်းကျင်, ပြည့်စုံတဲ့ သယံဇာတ အရင်းအမြစ်တွေကြားမှာ ရှင်သန်နေထိုင်ခွင့်ရကြောင်း အစရှိတဲ့ TVကြည့်ရင်း သုံးသပ်ဝေဖန်တဲ့ စကားအချို့ကိုလည်း ပြန်ကြားယောင်မိပါတယ်။
မှန်ပါတယ်။ဘာသာ သာသနာထွန်းလင်းတဲ့အတွက် သဘာဝအန္တရာယ်ကပ်ဆိုးများမှ ကင်းဝေးခဲ့သည်ဟု ပြော၍ရနိုင်သလို သည်ထက်ပိုပြီး ဓမ္မဒိဌာန်ကျကျ ပြောရမယ်ဆိုရင် နိုင်ငံတွင်းမှာနေထိုင်တဲ့ လူတစ်ဦးချင်းစီတိုင်းရဲ့ စည်းကမ်းရှိခဲ့မှု,စိတ်ဓါတ်ကောင်းမွန်ခဲ့မှု,အလေအလွင့်နည်းပါးအောင် ခြိုးခြံခြွေတာခဲ့မှုနဲ့ သဘာဝအလျောက် ဖြစ်တည်နေသောအရာတိုင်းကို ချစ်မြတ်နိုးစိတ်နှင့် ထိန်းသိမ်း စောင့်ရှောက်လာတတ်ခဲ့မှုတို့ကြောင့်ဟု ဆိုရလျင် ပိုပြီးမှန်ကန်မယ်လို့ ထင်ပါတယ်။ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ကျမတို့ခပ်ငယ်ငယ် ကလေးဘဝအရွယ်တုန်းက နေထိုင်ခဲ့ရသော လူနေမှုပုံစံလေးနဲ့ ယှဉ်ပြီးပြောပြခြင်ပါတယ်။ကျမတို့ ငယ်ငယ်တုန်းကဆိုလျင် အမေဈေးကပြန်လာတိုင်း အမေ့ဈေးခြင်းတောင်းထဲမှာရှိတဲ့ ဈေးဝယ်ပစ္စည်းလေးတွေကို ကြည့်လိုက်ရင် အခုလို လွယ်လွယ်ရတဲ့ ကြွပ်ကြွပ်အိပ်တွေနဲ့အတူ မတွေ့ရတတ်ပါဘူး။အသား ငါးလေးတွေဝယ်မလား, ဈေးရောင်းတဲ့ အန်တီကြီးက ကြာဖက်လေးနဲ့ အသေအချာ ထုတ်ပိုးပေးပြီးသား။မနက်စောစော မုန့်စိမ်းပေါင်းလေးတွေ ကောက်ညှင်းပေါင်းလေးတွေ ဝယ်စားမလား,မုန့်ပူပူလေးကို မြယာရွက်လေးတွေနဲ့ ထုတ်ပေးတာများ အနံ့လေးကိုသင်းလို့။ ကျန်းမာရေးနဲ့ မညီညွတ်စရာအကြောင်းလည်း မရှိခဲ့တဲ့အတွက် ဝယ်စားရတဲ့ ကျမတို့အနေနဲ့လည်း နတ်သုဒ္ဓါနဲ့တောင် မလဲနိုင်ခဲ့ပါဘူး။တစ်ခါတစ်လေ မနက်စာအတွက် မုန့်ဟင်းခါးလေးတွေ အသုတ်လေးတွေများ ထွက်ဝယ်မလား ဟင်းရည်ထည့်ဖို့ အိမ်ကဂျိုင့်လေးကို မပါမဖြစ် ယူသွားရသေး။အမေမအားတဲ့အချိန်တွေ လမ်းထိပ်ဈေးဆိုင်မှာ လဖ္ဘက်ခြောက်လေးတွေ,ငရုတ်သီးမှုန့်လေးတွေ သွားဝယ်ပေးရင်လည်း ဆိုင်ရှင်ဖွါးဖွါးကြီး ထုတ်ပိုးပေးတဲ့ စက္ကူအိတ်ညိုညိုလေးတွေနဲ့ ဝယ်လာခဲ့ရတာလေးတွေကို တစ်ခါတစ်လေ လွမ်းဆွတ်မိပါတယ်။ခေတ်နောက်ပြန်ဆွဲနေခြင်းတော့ မဟုတ်ပေမယ့် အခုခေတ်လို ပလတ်စတစ်တွေနဲ့ လုပ်ထားတဲ့ အိတ်တွေ,အသုံးအဆောင်ပစ္စည်းတွေ မရှိခဲ့တဲ့အတွက် ကျမတို့အားလုံးဟာ အစားအစာများ ဝယ်ယူစားသုံးတဲ့ အချိန်တိုင်း ကျန်းမာရေးနဲ့ညီညွတ်စွာ စာသုံးခွင့်ရခဲ့တဲ့အပြင် နှစ်ပေါင်းများစွာမပျက်မစီးဘဲ သဘာဝမြေဆီမြေနှစ်တွေကို ထိခိုက်စေမယ့် ပလတ်စတစ်အမှိုက်တွေ စွန့်ပစ်ရမယ့် ဒုက္ခတွေကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက် အရင်တုန်းကအချိန်လေးတွေကို အမှတ်ရနေမိခြင်းဘဲ ဖြစ်ပါတယ်။
FB_IMG_1517487121307.jpg
Photo credit facebook

တဖြည်းဖြည်း တိုးတက်လာတဲ့ခေတ်နဲ့အညီ ကျမတို့လူသားအားလုံးရဲ့ စိတ်ဓါတ်တွေနဲ့ စည်းကမ်းတွေဟာ အမီမလိုက်ခဲ့နိုင်တဲ့အတွက် အခုအချိန်မှာတော့ ကျမတို့နိုင်ငံတွင်းမှာပါ သဘာဝပါတ်ဝန်းကျင်,သဘာဝကပေးတဲ့ သယံဇာတတွေနဲ့ ပါတ်သက်ပြီး ဆုံးရှုံးမှုတွေ လေလွင့်မှုတွေကိုများစွာကြုံတွေ့နေရပါတော့တယ်။လွယ်လွယ်ဝယ်ယူသုံးစွဲလို့ရတဲ့ ပလတ်စတစ်အမှိုက်တွေကို နေရာအနှံ့မှာဘဲ လွယ်လွယ်စွန့်ပစ်လာကြပါတယ်။ဟိုးအရင် အချိန်တုန်းက မိသားစုလိုက် မြို့ပါတ်ရထားစီးပြီး အပျော်ခရီးလေးထွက်ရင် ရထားလမ်းတစ်လျောက်မှာ သဘာဝရှုခင်းအလှအပလေးတွေကို ခံစားကြည်နူးနိုင်ပေမယ့် အခုချိန်မှာတော့ အမှိုက်ပုံကြီးတွေသာ နေရာယူလာကြပါတယ်။ဒါ့အပြင် တံဆိပ်မျိုးစုံနဲ့ လူသုံးကုန်ပစ္စည်းတွေကို နေ့စဉ်နဲ့အမျှ ထုတ်လုပ်လာတဲ့စက်ရုံကြီးတွေရဲ့ မဆင်မခြင်စွန့်ပစ်ကြတဲ့ ဓာတုအညစ်အကြေးတွေနဲ့ မြစ်ကမ်းနံဘေးနေထိုင်ကြတဲ့ လူအချို့ရဲ့ စည်းကမ်းမဲ့စွန့်ပစ်နေကြတဲ့ အမှိုက်သရိုက်တွေကြောင့် ရေနေသတ္တဝါလေးတွေ မဆုံးရှုံးသင့်ဘဲ သေကြေဆုံးရှုံးကြရသလို လောဘသားများရဲ့ ကိုယ်ကျိုးပြု စီးပွါးရှာမှုတွေကြောင့်လည်း တောတွင်းမှာရှိတဲ့ ရှားပါးတိရစ္ဆာန်လေးတွေ တဖြည်းဖြည်း မျိုးတုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေရပါတယ်။ အာဏာပိုင်ပုဂ္ဂိုလ်တွေရဲ့ အကြောင်းအမျိုးမျိုးအရ ဖြိုခွင်းခုတ်လှဲမှုတို့ကြောင့်လည်း တောတောင်သစ်ရိပ်လေးတွေ နည်းပါးလာရပြီး နောက်ဆက်တွဲအကျိုးဆက်အဖြစ် တဖြည်းဖြည်းနဲ့်သဘာဝအလှများ ပျောက်ဆုံးလာရတော့မယ့်အပြင် ရသီဥတုဖောက်ပြန်မှုတွေပါ ကျမတို့အားလုံး ကြုံတွေ့ ရင်ဆိုင်နေကြရပါတယ်။ ငြိမ်းချမ်းစွာနေထိုင်ခဲ့တဲ့ ကျမတို့ရဲ့ လူနေမှုပုံစံလေးဟာ တိုးတက်လာတဲ့ ခေတ်နဲ့အညီ တဖြည်းဖြည်းနဲ့ ကြပ်သပ်လို့လာလျက် ရှိနေတာကိုလည်း စိတ်မချမ်းမြေ့စွာ တွေ့မြင်နေရပါတယ်။
FB_IMG_1517477915604.jpg
![FB_IMG_1517477867614.jpg
()
Photo facebook

ကျမတို့အနေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝပါတ်ဝန်းကျင် အရင်းအမြစ်များရဲ့ ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကို တားဆီးကာကွယ်မှုတွေ မလုပ်ခဲ့နိုင်သော်ငြားလည်း အခုအချိန်မှာ တစ်ဦးခြင်းစီတိုင်း မိမိတို့တတ်နိုင်တဲ့ အနေအထားလေးအတွင်းမှ ကြိုးစားပြီး ပြန်လည်တည်ဆောက်ကြမယ်ဆိုရင် အခွင့်အရေးလေးတွေတော့ အားလုံးရဲ့လက်ထဲမှာ ရှိနေတာကို သတိပြုစေခြင်ပါတယ်။ မိဘနေရာရောက်နေကြတဲ့ ကျမတို့အနေနဲ့လည်း မိမိရဲ့မျိုးဆက်သစ် သားသမီးလေးတွေ သဘာဝပါတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်အောင် သင်ကြားပေးမယ်ဆိုပါက များမကြာမီအချိန်တစ်ခုမှာ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်အစားထိုးပြုပြင်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။သဘာဝအလျောက် ဖြစ်တည်နေတဲ့အရာလေးတွေကို ချစ်မြတ်နိုးတတ်ဖို့,တိရစ္ဆာန်လေးတွေကို သနားကြင်နာတတ်ဖို့,အလေအလွင့်နည်းပါးစွာနဲ့ စည်းကမ်းတကျ ထိန်းသိမ်းနေထိုင်တတ်ဖို့ အစရှိတဲ့ အပန်းမကြီးသော မိမိတစ်ကိုယ်စာ ကောင်းမွန်စွာ ပြုပြင်နေထိုင်ရေးလေးတွေကို မိဘတိုင်း မျိုးဆက်သစ်သားသမီးလေးတွေကို သင်ကြားပေးသွားမယ်ဆိုရင် နောင်အနာဂါတ်မှာ ကောင်းမွန်တဲ့သဘာဝပါတ်ဝန်းကျင်တစ်ခုကို ပြန်လည်တည်ဆောက် လာနိုင်မယ်လို့လည်း သုံးသပ်မိပါတယ်။
FB_IMG_1517190315386.jpg

ကျမတို့ကိုယ်တိုင်လည်း မျိုးဆက်သစ်လေးတွေရှေ့မှာ သူတို့လေးတွေ သဘာဝအလှတရားလေးတွေကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းကာကွယ်ခြင်စိတ်ဖြစ်အောင်,သူတို့လေးတွေရဲ့စံပြဖြစ်နေအောင် အရင်ဦးဆုံး ပြုပြင်နေထိုင်သင့်တယ်လို့ထင်မြင်မိပါတယ်။သားသမီးတွေကို စည်းကမ်းမဲ့ အမှိုက်မပစ်ရဘူးလို့ ဆုံးမနေတဲ့ အဖေတစ်ယောက်ဟာ ကွမ်းတံတွေးကို တွေ့ရာနေရာမှ တပျစ်ပျစ်မထွေးမိဖို့ ဆင်ခြင်သင့်ပါတယ်။သားသမီးတွေ အချိန်ပြည့် ဂိမ်းတွေဆော့ TVတွေကြည့်နေမယ့်အစား သူငယ်တန်းဖတ်စာအုပ်ထဲကလို ညအခါ လသာသာမှာ ကိုယ်လက်ကြံ့ခိုင်ပြီး ဥာဏ်ရည်ထက်မြက်အာင် မောင်နှမတွေ ဝိုင်းဖွဲ့ကစားကြပါလားလို့ အကြံပေးဆုံးမနေတဲ့ အမေတစ်ယောက်ဟာ ဖုန်းတစ်လုံးနဲ့ အချိန်ပြည့် အင်တာနက်သုံးမနေမိဖို့လည်း ဂရုပြုသင့်ပါတယ်။ကျမတို့နိုင်ငံက အရွယ်ရောက်တဲ့ကလေးတွေ ipad တွေ tablet နဲ့ဂိမ်းဆော့နေတဲ့အချိန်မှာ ဂျပန်နိုင်ငံမှာ ကလေးသူငယ်လေးတွေကို သဘာဝပါတ်ဝန်းကျင်အလှအပလေးတွေ ချစ်မြတ်နိုးတတ်အောင် တန်ဖိုးထားတတ်အောင် အုပ်စုဖွဲ့ပြီး အပင်လေးတွေစိုက်ခိုင်းတာတွေ တောတောင် ဥယျာဉ်လေးတွေ လေ့လာခရီးထွက်စေတာတွေကို ပြုလုပ်နေကြပြီိဆိုတာကိုလည်း မိဘတွေအနေနဲ့ အားကျအတုယူစေခြင်ပါတယ်။
Screenshot_2018-02-01-15-39-48_com.facebook.katana_1517485836352.jpg
Photo credit facebook
ကျမတို့အနေနဲ့ အခုအချိန်မှာ မျိုးဆက်သစ်လေးတွေကို ဆုံးမတဲ့အခါ ကိုယ်ဖြစ်စေခြင်သလို သဘာဝပါတ်ဝန်းကျင်ကို အတင်းကြီး ချစ်မြတ်နိုးခိုင်းဖို့ ဆိုတာတော့ ခက်ခဲကောင်း ခက်ခဲနိုင်ပါလိမ့်မယ်။သူတို့လေးတွေနားဝင်အောင်,အနည်းဆုံးတော့ မိမိကျန်းမာရေး မိမိနေထိုင်မှုအတွက် တန်ပြန်အကျိုးရှိနိုင်တယ်ဆိုတာကို သူတို့လေးတွေ သဘောပေါက်အောင် ဆုံးမပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ရာဇဝင်ထဲက နောင်လာနောင်သား အကျိုးအတွက်ကြည့်ပြီး သရက်ပင်တွေစိုက်ပျိုးခဲ့တဲ့ အဖိုးအိုပုံပြင်လေးကို အသက်သွင်းပြီး သူတို့လေးတွေ လက်တွေ့သိမြင်နိုင်အောင် ခိုင်းစေဆုံးမဖို့အချိန် တန်နေပြီလို့လည်း ထင်မြင်မိပါတယ်။တကူးတက ငွေကုန်ကြေးကျခံပြီး လမ်းညွှန်ပေးစရာမလိုတဲ့အတွက် ကျမအနေနဲ့ မိဘတိုင်း အားတက်သရောပါဝင်စေခြင်မိတဲ့ ဆန္ဒလေးတစ်ခုအရင်းခံပြီး အကြံပေး တိုက်တွန်းလိုပါတယ်။မိဘတွေအနေနဲ့ ပထမဆုံးလုပ်ဆောင်ရမှာက သားသားမီးမီးလေးတွေကို ကျောင်းတွေမှာ တစ်နှစ်တစ်ခါကျင်းပတဲ့ သစ်ပင်ပန်းပင် စိုက်ပျိုးရေး ကဏ္ဍလေးတွေမှာ အားတက်သရော ပါဝင်လှုပ်ရှားခြင်စိတ်လေးတွေဖြစ်အောင် တိုက်တွန်းပေးရင်ဘဲ ကျမတို့မျှော်မှန်းထားတဲ့ ပထမဆုံးခြေလှမ်းလေးတစ်ခုကိုလုံလောက်တဲ့ အနေအထားလေးတစ်ခုနဲ့ လှမ်းလျှောက်နိုင်မယ်လို့ ထင်မြင်မိပါတယ်။ဆရာဆရာမတွေရဲ့ စနစ်တကျလမ်းညွှန်မှုအောက်မှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ သဘာဝပါတ်ဝန်းကျင်ထဲမှာ ပျော်မွေ့တတ်ပြီး တန်ဖိုးထားတတ်သွားတဲ့ ကလေးတစ်ယောက်ဟာ ဘယ်နေရာရောက်ရောက် သူနေထိုင်တဲ့ သူ့ပါတ်ဝန်းကို အလှပဆုံးတည်ဆောက်သွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။
IMG_20171116_123904.jpg

ကျမတို့အားလုံးအနေနဲ့လည်း ဘယ်အရာကိုမဆို မိမိကိုယ်ကျိုးအတွက် အလွယ်လမ်းကိုလိုက်ပြီး အလေအလွင့်ဆုံးရှုံးမှုတွေဖြစ်အောင် ဖန်တီးပစ်မဲ့အစား ရေရှည်အကျိုးရှိဖို့ အများအကျိုးရဖို့အတွက် ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်သင့်ချိန် ရောက်နေပါပြီလို့ သုံးသပ်မိပါတယ်။ဥပမာပြုပြီး ပြောရမယ်ဆိုရင် ကျမတို့အနေနဲ့ ပူပြင်းတဲ့နွေရာသီမှာ Air-conတွေ Air-coolerတွေ ဝယ်တပ်ပြီး မိမိတို့တစ်ကိုယ်စာဘဲ အဆင်ပြေအောင် ဖန်တီးနေရမယ့်အချိန် မဟုတ်တော့တာကိုလည်း သတိပြုစေခြင်ပါတယ်။"ဥတုရာသီ တောကိုမှီ၏"ဆိုတဲ့ စကားလို လက်တွေ့မှာ သစ်တောအုပ်ကြီးတစ်ခု ဘွားခနဲပေါ်လာအောင် မစွမ်းဆောင်နိုင်ပေမယ့် လူတိုင်း မိမိနေထိုင်တဲ့ ပါတ်ဝန်းကျင်လေးမှာ အပင်လေးတွေ နှစ်စဉ်စိုက်ပျိုးသွားရင်း ကောင်းမွန်တဲ့ ပါတ်ဝန်းကျင်လေးတွေ ဖန်တီးသွားလို့ ရနိုင်မယ်လို့ ယုံကြည်မိပါတယ်။ကျမတို့အားလုံး ယနေ့ချိန်ထိ မှီခိုပြီး ရှင်သန်နေထိုင်ခဲ့တဲ့ ပျက်စီးစပြုနေတဲ့ ကမ္ဘာမြေကြီးကို ပြန်လည်ပြုပြင်ပြီး ကျေးဇူးဆပ်ရမယ့်အချိန် ရောက်နေပါပြီ။ဒါကြောင့် ကျမတို့အားလုံး အားလပ်ချိန်လေးတွေမှာ ဖုန်းတွေ အင်တာနက်တွေ အသုံးပြုချိန်များကို တတ်နိုင်သလောက်လျှော့ချပြီး သဘာဝပါတ်ဝန်းကျင်ကြီးထဲမှာ သဘာဝကျကျပျော်မွေ့နိုင်အောင် ကြိုးစားသင့်ပြီလို့လည်း ထင်ပါတယ်။မကြာမီ နောက်တစ်လခွဲလောက်ဆို နွေရာသီရောက်ပါတော့မယ်။အိမ်ဘေးက မြေကွက်လပ်လေးထဲမှာ သစ်ပင်လေးတစ်ပင်လောက်ပြေးစိုက်လိုက်ပါ။ယူကလစ်ပင် ဘာဒံပင်လေးတွေစိုက်မယ်ဆိုရင် ဒီနှစ်နွေရာသီ မမီလည်း နောက်နှစ်နှစ် သုံးနှစ်လောက်ဆို အရိပ်ရနေလောက်ပါပြီ။အဲ့ဒီ့အချိန်တွေကျရင် အနည်းဆုံးတော့ ကျမတို့အားလုံး နေ့ခင်းနေ့လည် အပင်အောက်လေးတွေမှာ ကွပ်ပစ်လေးတွေဆောက်ပြီး နားနေနိုင်လောက်ပြီဖြစ်တဲ့အတွက် ယခုလို အိမ်ခန်းထဲမှာ အဲယားကွန်းတွေ ပန်ကာတွေ မကြိုက်လည်းဖွင့် ကြိုက်လည်းဖွင့်ပြီး အအေးခံနေရတဲ့ ဒုက္ခတွေမှ ကင်းလွတ်နိုင်လောက်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဒါ့ထက်ပိုတဲ့ အကျိုးကျေးဇူးတွေလည်း ကျမတို့အများကြီး ရနိုင်ပါသေးတယ်။ကျမတို့ တစ်ဦးတစ်ယောက်ခြင်းစီတိုင်း မလိုအပ်ဘဲ စက်ပစ္စည်းသုံးစွဲမှုတွေကို ချွေတာသွားမယ်ဆိုရင် နောင်အနာဂါတ်မှာ အလေအလွင့်ဖြစ်အောင် သုံးစွဲစေမယ့် ထုတ်လုပ်မှုတွေ လျော့ကျသွားနိုင်မှာဖြစ်ပြီး လေထုညစ်ညမ်းမှုတွေ,သဘာဝ အရင်းအမြစ်တွေမှ ထုတ်ယူသုံးစွဲမှုတွေလည်း လျော့ပါးသွားနိုင်ပါတယ်။ဒါ့ထက်ပိုတဲ့ အကျိုးကျေးဇူးတွေအနေနဲ့ ကျမတို့စိုက်ပျိုးလိုက်တဲ့အပင်လေးတွေဟာ သရက်ပင် ပိန္နဲပင်လိုမျိုး နှစ်ရှည်ခံသီးပင်စားပင်လေးတွေ ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်တိုင်စိုက်ပျိုးတဲ့ အသီးအပွင့်လေးတွေကို စားသုံးရမှာဖြစ်လို့ ကျန်းမာရေးအတွက်လည်း အများကြီးအထောက်အကူ ပြုနိုင်တဲ့အတွက် သဘာဝပါတ်ဝန်းကျင်ကြီး ပြန်လည်လှပလာနိုင်ဖို့ လူသားတိုင်း ကြိုးစားကြစေလိုပါတယ်။
FB_IMG_1517478097979.jpg
Photo credit facebook
ကျမတို့လူသားတွေအားလုံး သဘာဝပါတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်လေလေ,သဘာဝက ပေးစွမ်းတဲ့ ငြိမ်းချမ်းပျော်ရွှင်ခြင်းတွေကို အပြည့်အဝခံစားရရှိနိုင်မှာဖြစ်လို့ ကျမတို့လူသားတွေအပါအဝင် သက်ရှိအားလုံးရဲ့အနာဂါတ်ဟာလည်း ကျန်းမာချမ်းသာခြင်းတွေနဲ့အတူ လှပဝေဆာလာနိုင်ပါတယ်။သက်ရှိဖြစ်တဲ့ ကျမအပါအဝင် လူသားတစ်ဦးတစ်ယောက်ခြင်းစီတိုင်း ကျန်းမာပျော်ရွှင်ပြီး တန်ဖိုးထားချစ်ခင်စိတ်နဲ့ သဘာဝပါတ်ဝန်းကျင်ကြီးကို မိမိစွမ်းနိုင်သလောက် ပြန်လည်အကျိုးပြုသွားမယ်ဆိုရင် များမကြာမီ အချိန်တစ်ခုမှာ ဒီကမ္ဘာလောကကြီးဟာ သက်ရှိတွေကြောင့် သက်မဲ့သယံဇာတ အရင်းအမြစ်တွေ ပျက်စီးဆုံးရှုံးခြင်း,ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သက်မဲ့အရာတွေကြောင့် သက်ရှိများ ပြန်လည်ပြီ်းဘေးအန္တရာယ်ကျရောက်ရခြင်း ဆိုတဲ့ ဘေးဒုက္ခ သံသရာကြီးထဲမှ လွတ်မြောက်သွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယိ။
လူသားတိုင်း သဘာဝပါတ်ဝန်းကျင်ကြီးကို စွမ်းနိုင်သလောက် တန်ဖိုးထား ထိန်းသိမ်းကြစေရန် ဆန္ဒ္ဒပြုရင်း.,

"ကွမ်းစားတတ်လား မိတ်ဆွေ;ကွမ်းတံတွေး ထွေးဖို့ ဗူးလေးတစ်ဗူး ဆောင်ထားပါ!!
အမှိုက်ပုံးမတွေ့လို့ တွေ့ရာနေရာမှာ အမှိုက်ပစ်ဖို့ကြံရွယ်နေလား ညီမလေး;လွယ်ထားတဲ့အိမ်လေးထဲဘဲ သေချာလေးထုတ်ပြီး ပြန်ထည့်သွားလိုက်ပါ!!
ခေတ်ရေစီးကြောင်းအရ ဈေးဝယ်တိုင်း ပလတ်စတစ်အိတ်တွေနဲ့ဘဲ ထည့်ပေးလိုက်လို့ စိတ်ညစ်နေပြီလား အန်တီ;သုံးပြီးသား အိတ်လေးတွေကို ပြန်ဆေးပြီး နောက်တစ်ခါသွားဝယ်ရင် ယူသွားပေးလိုက်ပါ!!
သားသားမီးမီးလေးတွေ အားလပ်ချိန်တိုင်း လျှပ်စစ်ပစ္စည်းတွေနဲ့ဘဲ အချိန်ကုန်ပျော်မွေ့နေလို့ ထိန်းမရဖြစ်နေပြီလား သူငယ်ချင်း;ဖေဖေနဲ့ မေမေဖြစ်တဲ့ သူငယ်ချင်းတို့ပါ သူတို့လေးတွေ အပြင်ပါတ်ဝန်းကျင်မှာ ပျော်ရွှင်တတ်လာအောင် ဆော့ကစားပေးရင်း လေ့ကျင့်ယူလိုက်ပါ!!
ဒီနှစ်နွေရာသီမှာ အရမ်းပူလို့ Air-conလေး တစ်လုံးဝယ်တပ်နိုင်အောင် ပိုက်ဆံစုနေပြီလား ဦးလေးကြီး;အိမ်ထဲမှာ Air-conလေးတပ်သလို အိမ်ပြင်မှာလည်း သစ်ပင်လေးတစ်ပင် စိုက်ပျိုးဖြစ်အောင် ပြေးစိုက်လိုက်ပါနော်!! "
ဟူ၍သာ အကြံပြုချက်လေးတွေ တိုက်တွန်းရေးသားရင်း ကျမတို့အားလုံး တစ်နိုင်တစ်ပိုင်ကြိုးစားကြပြီး များမကြာမီ အချိန်တစ်ခုမှာ လှပလာမယ့် အနာဂါတ်သဘာဝပါတ်ဝန်းကျင်တစ်ခု ပိုင်ဆိုင်ရတော့မည့်အရေးကို မျှော်မှန်းကာ ဤဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

FB_IMG_1517486351671.jpg
photo credit facebook

Author:@sandipoe
MSC.035received_342713596206956.jpeg

Sort:  

ဘယ်ဆောင်းပါးနေနေ မိမိတို့မျိုးဆက်သစ်ဖြစ်တဲ့ သားသားမီးမီးတို့ကိုဘယ်လိုဆိုတာလေးထည့်ထည့်ရေးပေးတာလေးကို သဘောကျတယ်ညီမရေ ဆုလဲရှိပါစေ

လက်ရှိကျမတို့ အရွယ်တွေ အနေနဲ့ကတော့ ဒီတာဝန်တွေကို မေ့လျော့နေခဲ့လိုသာ ဒီလိုအခြေနေထိ ပျက်စီးသွားတာဖြစ်တဲ့အတွက် မျိုးဆက်သစ်လေးတွေကို ကျမတို့လို အချိန်လွန်မှ နောင်တမရကြအောင် အချိန်မီ လမ်းညွှန်ပေးချင်လို့ ထည့်ရေးရတာပါ။

ဆုရပါစေ

ကျေးကျေးပါရှင့်

Good writing👍

အမရေးတာဆိုစိတ်ဝင်စားတယ် ညမှအေးဆေးဖက်မယ်

ဟုတ်ကဲ့ပါရှင့် ကိုသာအေးရေးသားထားတာလည်း အရမ်းကောင်းပါတယ်နော်

တစ်ကယ်ကောင်းလို့ ဆုရပါစေဗျာ

ဟုတ်ကဲ့ ကျေးကျေးပါရှင့် ။

winner ဖြစ်ပါစေ အစ်မ

ကျေးဇူးပါ KT ရေ

ဆုလာတ်​ကြီး ဆွတ်​ခူးနိုင်​ပါ​စေ။

ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင့် ပြိုင်ဖူးပေါင်းများပေမဲ့ အရေးသားသိပ်မကောင်းတော့ ဆုမရဖူးလို့ ရဖူးချင်တဲ့စိတ်လေး နဲ့ကြိုးစားနေဆဲပါရှင့်

တော်တော်ကောင်းတယ် good

ရေးတတ်လိုက်တာဗျာ ကောင်းကောင်း ဖတ်ခဲ့ပါတယ်

ဒီလို cm လေးတွေမြင်ရတာနဲ့တင် winner မဖြစ်ခဲ့ရင်လည်း ရေးရကျိုး နပ်နေပါပြီ

ဆုရပါစေဗျာ

ရဖူးတယ်ရှိအောင်တော့ လိုချင်မိပါတယ် ရှင့် ကိုယ်ကအရေးသားမကောင်းတော့ အများကြီးတော့ မမျှော်လင့်ပါဘူး ယှဉ်ပြိုင်ချင်းသာ အဓိကလိုသဘောထားပြီး ကျိုးစားထားတာလေးပါ ။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59452.12
ETH 2603.11
USDT 1.00
SBD 2.39