သစ်တွက်ချက်နည်း

in #myanmar9 years ago

စာဖတ်သူများအား သစ်၏ တန် ပေနှင့် ကုဗပေများအား လွယ်လင့်တကူ တွက်ချက်တတ်စေရန် ရေးသားတင်ပြပေးလိုက်ပါသည်။
အကောင့်ပိုင်ရှင် @ahtaroo မှလည်း သစ်တန်ဖွဲ့နည်းကို စိတ်ဝင်တစားသိလို၍ မေးမြန်းလာသောကြောင့် ကျမလေ့လာနားလည်သမျှကို ပုံသေနည်း သာဓကများနှင့်တကွ ရှင်းလင်းစွာသိရှိစေရန် ရေးသားတင်ပြလိုက်ပါသည်။တွက်ချက်နည်းများမှာ အကျယ်တဝင့်ရေးသားရန် လိုအပ်သောကြောင့် commentတွင်ပြန်ဖြေရန်မှာ ရှည်လျားသဖြင့် ဆောင်းပါးတစ်ခုအနေနှင့် ရေးသားပေးလိုက်ပါသည်။

(1)သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ့ခြင်း

သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ့ရာတွင်-
1.သစ်လုံးပတ်၏ လက်မကို ၄နှင့်စားရမည်။
ွှရရှိသောရလဒ်သည် သစ်၏ ဒုနှင့်ဗြက်လက်မဖြစ်သည်။
2.ဒုနှင့်ဗြက် လက်မကိုမြှောက်ပါ။
သစ်လုံး၏အရှည်နှင့်လည်းထပ်မြှောက်ပါ။
3.ရရှိသောအဖြေကို ၇၂၀၀နှင့်စားပါက လိုခြင်သော သစ်၏တန်ရရှိလာပါမည်။
4.ကုဗပေလိုခြင်ပါက တန်ကို ၁၄၄နှင့်ထပ်၍ စားရပါမည်။

ပုံသေနည်းအဖြစ် အနှစ်ချုပ်လိုက်ပါက

သစ်လုံး၏တန်=(ဒု×ဗြက်×အလျား)÷၇၂၀၀

ဥပမာ-သစ်လုံးပတ် ၆၀လက်မရှိပြီး အရှည်၃၂ပေရှိသော သစ်လုံးကို တန်ဖွဲ့မည်ဆိုပါစို့

သစ်လုံးပတ်÷၄=၆၀÷၄=၁၅
ဒုနှင့်ဗြက်=၁၅လက်မ
သစ်အရှည်=၃၂ပေ
ပုံသေနည်းထဲအစားသွင်းသော်,
(၁၅×၁၅×၃၂)÷၇၂၀၀=၁တန်

အဖြေ။ ။ အရှည် ၃၂ပေ ရှိပြီး လုံးပတ် ၆၀လက်မရှိသော သစ်သည် တန်ချိန်အားဖြင့် ၁တန်ရှိပါသည်။

***ရှင်းလင်းချက်****

၇၂၀၀နှင့်စားရခြင်းမှာ

၇၂၀၀=၅၀×၁၄၄ နှင့်ညီမျှပါသည်။

ဒုနှင့် ဗြက်၏ယူနစ်သည် လက်မဖြစ်နေပြီး အရှည်၏ယူနစ်သည် ပေဖြစ်နေ၍ ဒုနှင့်ဗြက်ကို ပေယူနစ်သို့ပြောင်းပါသည်။
၁ft=၁၂in ရှိ၍ in-sq ကို ft-sqပြန်ပြောင်းသော် ၁၄၄နှင့်စားရပါသည်။
၁Ton=၅၀Cuftရှိ၍ Cuft ကို Tonပြန်ဖွဲ့သော် ၅၀နှင့်စားရပါသည်။

(2)သစ်ခွဲသားများကို ပေ,ကုဗပေဖွဲ့ခြင်း

၇၂၀၀ကို သိလိုသော သစ်ခွဲသားအရွယ်အစား၏ ဒုနှင့်ဗြက်ကို မြှောက်၍ရသော ရလဒ်နှင့်စားသောအဖြေသည် သစ်၁တန်၏ပေအရှည်ဖြစ်ပါသည်။

ပုံသေနည်းအဖြစ် အနှစ်ချုပ်လိုက်ပါက,

၇၂၀၀÷(ဒု×ဗြက်)

ဥပမာ-၄လက်မ×၂လက်မ အရွယ်အစားရှိသောသစ်၏၁တန်တွင်ရှိသော ပေအရှည်ကိုသလိုသော်

၇၂၀၀÷(၄×၂)=၉၀၀ပေ

အဖြေ။ ။၎လက်မ×၂လက်မအရွယ်အစားရှိသည့် သစ်၏ ၁တန်တွင်ရှိသော ပေအရှည်=၉၀၀ပေ

သစ်ခွဲသားများကို ကုဗပေဖွဲ့ရာတွင် သိလိုသည့် သစ်ခွဲသား၏ အရှည်,ဗြက်နှင့်ဒုကိုမြှောက်ပြီးနောက် သစ်၁တန်ရှိ ၅၀ကုဗပေနှင့်ထပ်မြှောက်ပြီးလျှင် ၇၂၀၀နှင့် စားခြင်းဖြင့် ကုဗပေကို ရရှိပါမည်။

ပုံသေနည်းအဖြစ် အနှစ်ချုပ်သော်,

(ဒု×ဗြက်×အရှည်×၅၀)÷၇၂၀၀

ဥပမာ- ဒုနှင့်ဗြက် ၄လက်မစီရှိပြီး အရှည် ၉၀၀ပေရှိသောသစ်၏ ကုဗပေကို သိလိုသော်

(၄×၄×၉၀၀×၅၀)÷၇၂၀၀=၅၀ကုဗပေ

အဖြေ။ ။အရှည်၉၀၀ပေရှိပြီး ဒုနှင့်ဗြက် ၄လက်မစီရှိသော သစ်၏ကုဗပေ=၅၀ကုဗပေ။
image
Author: @sandipoe
MSC.035
2.11.2017
image

Sort:  

ခုလို တွက်ချက်နည်းလေးတွေ မျှဝေတာ တန်ဖိုးရှိလှပါတယ်ဗျ

ကျေး ကျေး ပါ

ဟုတတ်ဘာ

ဟုရင်ပြီးတာဘဲ

ပြီရင်လည်း ပြ

အေး အေး

ဗဟုသုတရပါတယ်ဗျာ
ဒါပေမယ့် မေ့နိုင်တယ်
Bookmarks နဲ့မှက်မှဖြစ်မယ်😂😂

ဟုတ်ကဲ့ရှင့် မှတ်သားထားနိုင်ပါတယ်ရှင့် ကျေး

နောက်လည်း သမီး လေ့လား သိသမျှလေးတွေ မျှဝေရေးသားပါဦးမယ် ရှင့်

ခုလိုတွက်​ပြ​ပေးလို့​ကျေးဇူးတင်​ပါတယ်​ဗျ

သမီးသိသမျှလေးတွေ ပေးတာပါရှင့် ခုလိုအားပေးတာ ကျေးဇူးပါ ရှင့်

မျှ​ဝေ​ပေးတာ ​ကျေးဇူပါ။

ဟုတ်ကဲ့ ကျေးဇူးပါနော်

နောက်လည်း သမီး လေ့လား သိသမျှလေးတွေ မျှဝေရေးသားပါဦးမယ် ရှင့်

ကျေးဇူးပါမ ဒီလိုမျိုးတွေဖတ်ရတာအကျိုးရှိပါတယ်

ဟုတ်ကဲ့ရှင့်

နောက်လည်း သမီး လေ့လား သိသမျှလေးတွေ မျှဝေရေးသားပါဦးမယ် ရှင့်

ဗဟုသုတရလို့ကျေးဇူးပါဗျာ

ဟုတ်ကဲ့ ရှင့်

ကျေးဇူးပါနော်

👍👍👍

ကျေးဇူးပါဗျာ

သစ်ခိုးထုတ်ရတဲ့အလုပ် အဆင်မပြေတော့လို့ စာရေးနေပါတယ်ဆိုမှ၊ သတိရအောင်လာလုပ်နေပြန်ပြီ။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.103
BTC 64130.84
ETH 1861.08
USDT 1.00
SBD 0.39