သစ်(Timber)

in #myanmar9 years ago

သစ်(Timber)သည် ဆောက်လုပ်ရေးလုပ်ငန်းတွင် အများဆုံးပြုသည့် Building Materials များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။အဆောက်အဦး၏ ကိုယ်ထည်အစိတ်အပိုင်းအဖြစ် အသုံးပြုရာတွင်လည်းကောင်း,အထပ်မြင့်အဆောက်အဦးတည်ဆောက်ရာတွင် အထောက်အကူပြုပံ့ပိုးပေးသည့် ငြမ်း(scaffolding)အဖြစ်လည်းကောင်း သစ်များကိုအသုံးပြုကြပါသည်။သစ်သားများကို အသုံးပြု၍ အဆောက်အဦးများ ဆောက်လုပ်ရာတွင် သစ်ပင်များနှင့် သစ်သားများ၏ သဘောသဘာဝကို သိရှိနားလည်ရန်လည်း လိုအပ်လှပါသည်။သစ်များကို အဓိကအားဖြင့် အတွင်းသားမာသော အသားရစ်ပင်နှင့် အတွင်းသားပွသော သစ်ပင်ဟူ၍ နှစ်မျိုးနှစ်စားခွဲခြားထားပါသည်။လွှဖြင့်ပိုင်းဖြတ်ထားသော သစ်ပင်၏ထိပ်ဝကို သေချာစွာ ကြည့်ရှုစစ်ဆေးခြင်းဖြင့် သစ်သား၏ အင်္ဂါအစိတ်အပိုင်းများအား ခွဲခြားနိုင်ပါသည်။
image
Timber Scaffolding Designed by Su Myat San Di

သစ်များကို ယေဘုယျအားဖြင့် သစ်မာနှင့်သစ်ပျော့ဟူ၍ ခွဲခြားထားပါသည်။နှစ်ကွင်းများ ထင်ရှားစွာမရှိခြင်း,နှစ်ကွင်းများ တစ်ခုနှင့်တစ်ခု ပူးကပ်စွာရှိခြင်း,အူရောင်ခြည်ကြောင်းများ ထင်ရှားခြင်း,အသွေးအရောင်စိုပြေခြင်း,အရောင်ရင့်သော အနှစ်နှင့်အကာတို့ကို အလွယ်တကူခွဲခြားနိုင်ခြင်း အစရှိသည်တို့သည် သစ်မာတွင်ရှိသော အင်္ဂါရပ်များဖြစ်ပါသည်။နှစ်ကွင်းများ ထင်ရှားစွာရှိခြင်း,အူရောင်ခြည်ကြောင်းများ မှေးမိန်ခြင်း,အသွေးအရောင် ဖျော့တော့ခြင်း,အနှစ်နှင့်အကာတို့ကို အလွယ်တကူမခွဲခြားနိုင်ခြင်း အစရှိသည်တို့သည် သစ်ပျော့တွင်ရှိသော အင်္ဂါရပ်များဖြစ်ပါသည်။ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် သစ်များကိုရွေးချယ်အသုံးပြုရာတွင် ရှေးဦးစွာ သစ်ကောင်း၏ဂုဏ်အင်္ဂါရပ်များကို သိရှိထားသင့်ပါသည်။
image
Timber Scaffolding Designed by Su Myat San Di

သစ်ကောင်း၏ ဂုဏ်အင်္ဂါရပ်များမှာ-1.သစ်၏ အသားသိပ်သည်းခြင်း2.ထောင့်များ ညီညာစွာရှိခြင်3း.သစ်မျှင်များ ဖြောင့်တန်းခြင်း4.သေချာစွာ အသားသေစေခြင်း5.အမျက် လေးမျှင်းနှင့် ပိုးထိုးခြင်း စသောအနာများ ကင်းလွတ်ခြင်6း.အသွေးအရောင် တောက်ပညီညာခြင်း စသည်တို့ဖြစ်ပါသည်။ဝါးပင် ကြိမ်ပင် ထန်းပင် အုန်းပင် အစရှိသောအပင်များသည် အတွင်းသားပွသော သစ်ပင်အမျိုးအစားထဲတွင် ပါဝင်ပါသည်။ထင်းရှူး တောသစ် စသည်တို့သည် သစ်ပျော့အမျိုးအစားတွင် ပါဝင်ပါသည်။သစ်မာအမျိုးအစားတွင်မူ ကျွန်း ပျဉ်းကတိုး ပိတောက် အင်ကြင်း စသည်တို့ပါဝင်ကြပါသည်။အင် ကညင် သင်္ဂဒူ ကောင်းမှု စကားဝါ တောင်သရက် အစရှိသောသစ်များကို အထပ်သားများပြုလုပ်ရာတွင် အသုံးပြုနိုင်ပါသည်။
image
Timber Scaffolding Designed by Su Myat San Di

ခုတ်လှဲခါစသစ်များကို သစ်စိုဟုခေါ်တွင်ပြီး ၎င်းသစ်စိုတွင် ရေခိုးရေငွေ့များ များစွာပါဝင်ပါသည်။သစ်များကို အသုံးမပြုမီတွင် ရေခိုးရေငွေ့များ ခမ်းခြောက်သွားစေရန် ဦးစွာပြုလုပ်သင့်ပါသည်။ရေခိုးရေငွေ့များ ခြောက်သွေ့ခြင်းမရှိသော သစ်စိုများအား သစ်သားအကြမ်းထည်ဖြစ်စေ အချောထည်ဖြစ်စေ အသုံးမပြုသင့်ပါ။အဘယ်ကြောင့်ဆိုသော် သစ်စိုတွင် သံရိုက်ပါက စွဲမြဲမှုအားနည်းနိုင်ခြင်း,အသုံးပြုသော သစ်စိုများခြေက်သွေ့လာသည်နှင့်အမျှ အရွယ်ပမာဏလည်း ကျုံ့လာနိုင်ခြင်း,အသုံးပြုလိုက်သော သစ်များကျုံ့သွားပါက တပ်ဆင်ထားသော သစ်သားဘောင်များ ကောက်ကွေးလာနိုင်ခြင်း,ရေချိန်လွဲနိုင်ခြင်း,အက်ကြောင်းများထင်နိုင်ခြင်း စသည်တို့ဖြစ်လာနိုင်ပါသည်။ထို့ကြောင့် သစ်များကို အသုံးပြုနိုင်သည့် အနေအထားထိအောင် ပါဝင်သောရေခိုးရေငွေ့များကို အခြောက်ခံပြီး အသားသေစေခြင်း ပြုလုပ်ပြီးမှသာ အသုံးပြုသင့်ပါသည်။
image
သစ်တွင်ပါဝင်တတ်သော ရေခိုးရေငွေ့များအား ခြောက်သွေ့စေရန် အသားသေအောင်ပြုလုပ်ရာတွင် လေဖြင့်သဘာဝအတိုင်းအခြောက်ခံခြင်း (Air seasoning)နှင့် ပေါင်းဖိုဖြင့် အခြောက်ခံခြင်း(Kiln seasoning)ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။သစ်သားများကို အပုံလိုက်ထား၍ တစ်လွှာနှင့်တစ်လွှာကြားတွင် သစ်သားချောင်းများကို ကန့်လန့်ခံထားခြင်းဖြင့် လေဝင်လေထွက်ကောင်းမွန်စေကာ ဖြည်းဖြည်းမှန်မှန် ခြောက်သွေ့စေနိုင်သည့် နည်းလမ်းကို လေဖြင့်ခြောက်သွေ့စေသည့်နည်းဟု ခေါ်တွင်ပါသည်။ပေါင်းဖိုဖြင့် အခြောက်ခံရာတွင် သစ်စိုများကို ပေါင်းဖိုအတွင်း၌ထည့်ပြီး သတ်မှတ်ထားသော အပူချိန်အတွင်း အချိန်အကန့်အသတ်ဖြင့် ခြောက်သွေ့စေရပါသည်။ ပေါင်းဖိုဖြင့် အခြောက်ခံထားသော သစ်သားများကို အချောထည်များ ကြမ်းခင်းများ တံခါးဘောင်များပြုလုပ်ရာတွင် အသုံးပြုလေ့ရှိကြပါသည်။သစ်များသည် အသုံးပြုချိန်ကြာလာသည်နှင့်အမျှ သစ်၏အမျှင်များနှင့် အကြောများသည် ပိုးစားတတ်သောကြောင့်ဖြစ်စေ ဆွေးမြေ့လာခြင်းကြောင့်ဖြစ်စေ အားနည်းသွားပြီး ပျက်စီးလာတတ်ပါသည်။ထို့ကြောင့် အပျက်အစီးအန္တရာယ်များမှ ကာကွယ်နိုင်ရန် သင်္ဘောဆေးနှင့် ကတ္တရာဆေးရည်များအသုံးပြုခြင်း,သစ်များကို ဓါတ်ပေါင်းရည်တွင်နှစ်၍ စိမ်ထားခြင်းတို့ဖြင့်ပြုလုပ်ပြီး ကာကွယ်နိုင်ပါသည်။
Own Writer: @sandipoe / Su Myat San Di
MSC.035
1.11.2017
image

Sort:  

ဒီပုံလေး

ဟုတ်ကဲ့ ပါ

လိမ္မ

ခုမှသိလား

ဟုတ်လာစ

ဂုံးဆင်းတယ် ကြည့်စမ်း ကိုယ့်မိန်းမရေးတဲ့ ဆောင်းပါးလေးတောင် မဖက်ပဲ nice post တဲ့ haha ပဲရမယ်

ဗဟုသုတရလို့...thank you

ကျေးဇူးပါ နော်

ဗဟုသုတရပါတယ်

ကျေးကျေး ပါရှင့်

နောက်ထပ်လည်း ကြိုးစားပြီးရေးပါဦးမယ် ရှင့်

သစ်​တွက်​တာ​လေးပါ​ပြောပြပါဆရာမ

ဟုတ်ကဲ့ ရှင့် ပြောပြပေးပါ့မယ်ရှင့်

တွက်ချက်နည်း ကို သီးခြား ပို့ရေးပြီးတင်ပြပေးပါ့မယ် ရှင့်

Congratulations @sandipoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ဓာတ်ပေါင်းရည်ကိုစိတ်ဝင်စားတယ်ဗျ

thank you brother

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 64781.27
ETH 1862.92
USDT 1.00
SBD 0.38