စရိုက်

in #myanmar6 years ago

ကျမတို့အားလုံး ရှင်သန်နေထိုင်ရာဘဝတစ်လျောက်လုံးကို ကျင်လည်ဖြတ်သန်းကြရတဲ့အခါမှာ နေ့စဉ်နဲ့အမျှ ပြောဆိုဆက်ဆံနေကြရမယ့် ပါတ်ဝန်းကျင်ဆိုတာ ကျမတို့အတွက် အလွန်အရေးပါလှပါတယ်။အထူးသဖြင့် ကလေးငယ်လေးကို ပြုစုပျိုးထောင်ကြရတဲ့ ကျမတို့အဖို့ အကျင့်စရိုက်ဆိုးတဲ့ ပါတ်ဝန်းကျင်ထဲမှာ မကျင်လည်မိစေဖို့လည်း အထူးဂရုစိုက်သင့်ပါတယ်။အကြောင်းကြောင်းကြောင့် နေထိုင်ကျင်လည်မိပြီဆိုလျင်လည်း ကိုယ့်ကလေးငယ်ကို သူတို့ရဲ့အကျင့်စရိုက်ဆိုးတွေဆီက အတုမြင်အတတ်သင်မဖြစ်အောင် မိဘတွေအနေနဲ့ သေသေချာချာ ကြပ်ကြပ်မတ်မတ်နဲ့ ဆုံးမသွန်သင်ထားသင့်ပါတယ်။သည်နေရာမှာ အသွင်မတူတဲ့ အကျင့်စရိုက်ကွာခြားတဲ့ မိသားစုတစ်စုနဲ့ အနီးကပ်နေရပြီး နိစ္စဓူဝ သူတို့ပေးတဲ့ ဒုက္ခတွေကို ခံစားနေရတဲ့ ကျမတို့ရဲ့အဖြစ်နဲ့ယှဉ်ပြီးလည်း ပြောပြခြင်ပါတယ်။

ကျမတို့လင်မယား အိမ်ထောင်စကျတော့ ဝန်ထမ်းတွေမို့လိုင်းခန်းရခဲ့ပါတယ်။ကံကောင်းစွာနဲ့ အစွန်ဆုံး ခြံအကျယ်ဆုံးအခန်းကို ရခဲ့တဲ့အတွက် အခြားအလယ်ခန်းတွေလို ဘေးနှစ်ဖက်ရဲ့ဆူညံသံတွေ စိတ်ကျဉ်းကျပ်စရာတွေတော့ ရှောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ကံဆိုးခြင်တော့ တစ်ခန်းတည်းသော တစ်ဖက်တည်းကပ်ရပ်အခန်းက လူတွေက စရိုက်ဆိုးနေခဲ့ပါတယ်။သမီးလေးမမွေးခင် တစ်နှစ်လောက်တည်းက နေခဲ့ရလို့ သူတို့ရဲ့ဒုက္ခပေးမှုတွေက ကျမတို့အတွက်ရိုးနေခဲ့ပါပြီ။ဒါပေမယ့် သမီးလေးမွေးပြီးတဲ့အချိန်မှာတော့ ကျမတို့ဘယ်လိုမှသည်းမခံနိုင်တော့ပါဘူး။သည်းမခံနိုင်ဘူးဆိုပေမယ့် သမီးလေးအသက်ခြောက်လကျော်တဲ့ ယနေ့အထိဘာမှ ပြန်မတုံ့ပြန်ဘဲ နေခဲ့ပါသေးတယ်။ဒါပေမယ့် သည်နေ့အဖြစ်အပျက်အရ ကျမတို့လည်းဘယ်လိုမှ သည်းမခံနိုင်တဲ့အတွက် သူ့တို့ကို အုပ်ချုပ်တဲ့ လူကြီးတွေ ဆွေမျိုးတွေသိအောင် ပြောလိုက်ပါတော့တယ်။
FB_IMG_1520353750147.jpg
လိုင်းခန်းမှာအများနဲ့ နေရတာမို့
ကိုယ့်ကလေးငယ်ငယ်လေး နေ့ရောညပါ အညှော်နံ့ခံနေရတာ ကျမတို့အနေနဲ့ နားလည်ပေးလို့ရပါတယ်။
ကျမတို့ကိုယ်တိုင်လည်း ပါးစပ်ပါတဲ့သူမို့ ကိုယ့်မီးဖိုချောင်ကချက်တဲ့ဟင်းအနံ့လည်း အနည်းနဲ့အများ ထွက်တတ်တာဘဲလေဆိုပြီး ဖြည့်တွေးပေးခဲ့ပါတယ်။
ဒါပေမယ့် ကျမတို့ကလေးအိပ်တဲ့ ခေါင်းရင်းတည့်တည့်ဘုရားခန်းမှာ အပြင်ထွက်ရှောင်မရတဲ့ အခိျန်မတော် ည၁၁နာရီကျော်မှ အညှော်တိုက်တာ
နံပေ့ညှော်ပေ့ဆိုတဲ့ ငရုတ်သီးငပိချက်တွေ ငါးကြော်တွေချက်တိုင်း အိမ်ရှေ့ခန်းကိုမှထွက်ချက်တာတော့ ကျမတို့အနေနဲ့ နားမလည်နိုင်သလို အံ့သြမိပါတယ်။
(မီးဖိုချောင်က ဘာလုပ်ဖို့ထားတာလည်း?
ကျမတို့အနေနဲ့ မီးဖိုခန်းကထွက်တဲ့အညှော်နံ့ကို သည်းခံနိုင်ပေမယ့် ကလေးအိပ်တဲ့ခေါင်းရင်းတည့်တည့် တက်ချက်တဲ့အညှော်နံ့ကိုတော့ မခံစားနိုင်ပါဘူး)
တစ်ခါနှစ်ခါလည်းမဟုတ်ဘူး သူတို့လုပ်နေတာ သမီးလေးတစ်သက်ဘဲ ရှိနေပါပြီ။

ဒါတင်ဘဲလားဆိုတော့ မဟုတ်ပါဘူး။မွေးထားတဲ့ကလေးတွေကိုလည်း ဆုံးမရကောင်းမှန်း လည်းမသိကြပါဘူး။
စားသမျှ မုန့်ခွံတွေ ဗူးခွံတွေကို အိမ်ရှေ့တည့်တည့်လှမ်းပစ်တာ ကျမတို့ မသိခြင်ယောင်ဆောင်ပြီး လှဲပစ်ခဲ့ပါတယ်။
မိဘရဲ့အဆုံးအမကို မခံထားရရှာတဲ့ ကလေးတွေဘဲလေဆိုပြီး ဗွေမယူဘဲလည်း နေပေးခဲ့ပါတယ်။
ဒါပေမယ့်
လူကြီးတွေဖြစ်ရက်နဲ့ အိမ်ခေါင်းရင်မို့မသင့်တော်ပါဘူးလို့ ပြောထားရက်နဲ့ အတွင်းခံဘောင်းဘီကိုမှ ခေါင်းရင်းခြံစည်းရိုးလာလှမ်းတာတော့ စဉ်းစားလို့ကိုမရဘူး
မရှက်တတ်တာဘဲလား တမင်လုပ်တာဘဲလားဆိုတာ ကျမတို့လည်း မတွေးတတ်တော့ပါဘူး။ ဒီနေ့တင်မကြိုက်လို့ဖယ်လိုက်တာကို မိနစ်ပိုင်းအတွင်း လှမ်းတော့ဘာဖြစ်လဲဆိုတဲ့ ပုံစံမျိုးနဲ့ ထပ်လှမ်းတာတော့ အရမ်းစရိုက်ဆန်သွားပြီဖြစ်လို့ ကျမလည်း လှမ်းထားဘောင်းဘီကိုမီးညှပ်နဲ့ ထိုးယူပြီး လမ်းမပေါ်ကို လှမ်းပစ်ခဲ့လိုက်တယ်။အဲ့တော့မှ ဘွားတော်က ရှက်ရမ်းရမ်းပြီး ကျမကို ဆဲဆိုရန်လုပ်တော့တာဘဲ။
TVကြည့်တယ် သီချင်းနားထောင်တယ်
ကိုယ်တွေလည်း အားလပ်ချိန်ရှိရင် နားထောင်တတ်တာမို့ တစ်ခန်းကအသံ တစ်ခန်းကြားရတာ ဖြည့်တွေးပေးလို့ရပေမယ့် အချိန်မတော် ၁၁နာရီကျော်မှTVကြည့်ပြီး ငြင်းခုံတာ ဘယ်ကမှန်းမသိတဲ့လူတွေပါလာပြီး မူးမူးရူးရူး အော်ဟစ်တာ/ဂစ်တာတီးတာ/ကခုန်တာ(ဖအေကိုယ်တိုင်ပါတယ်)
အချိန်မတော်ကြမှ အချင်းချင်းနားလေးနေတဲ့သူကိုပြောသလို အော်ကြီးဟစ်ကျယ်နဲ့ ဘေးခန်းကိုအားနာမှုမရှိဘဲစကားပြောတာတွေ ဆိုတာတော့ တစ်ထောင့်တစ်ညပုံပြင်လို ပြောမဆုံးတော့ပါဘူး။

သူတို့ရဲ့စရိုက် သူတို့ရဲ့အပြုအမူတွေကြောင့် သူတို့ပါတ်ဝန်းကျင်မှာနေရတဲ့ကိုယ်တွေ အနှောင့်အယှက်ဖြစ်ရလို့ ဆင်ခြင်ပေးဖို့ပြောရတိုင်း
ဖေတစ်လုံး ဖာတစ်လုံးနာမည်တပ်ဆဲပြီး မဆူဆူအောင် အော်ကြီးဟစ်ကျယ်နဲ့ ရန်လုပ်တာတွေ/အဖေကအစ သားမက်လိုလို သားလိုလိုကောင်တွေကအဆုံး ဘယ်ကမှန်းမသိလာနေတဲ့အပေါင်းအပါတွေပါဝိုင်းပြီး ဘယ်လောက်မိုက်လဲတို့ သတ္တိရှိရင်ထွက်ခဲ့တို့နဲ့ ဓါးကိုင် အိမ်ထဲထိဝင်ပြီး အိမ်တံခါးဆောင့်ကန်ပြီး ကိုယ့်ယောက်ကျားကိုပါ လာစိန်ခေါ်တဲ့အထိလည်း ကျမတို့အပေါ် မိုက်ရိုင်းခဲ့ပါတယ်။
သတ္တိမရှိလို့မဟုတ်ပေမယ့် ဘာမဟုတ်တဲ့လူတွေနဲ့ ဖက်ဖြစ်ရမှာမတန်လို့
ကိုယ့်မိသားစုအနာဂါတ်အတွက် ကြိုးစားနေတဲ့ ကိုယ့်ယောက်ကျားကို ဒီလိုလူတွေနဲ့ယှဉ်ပြီး ရင်းရမှာမတန်လို့ ကျမကိုယ်တိုင် ယောက်ကျားကိုတားပြီး သည်းခံနေရတာလည်း ယနေ့ချိန်ထိပါဘဲ။

ကိုယ့်ပါတ်ဝန်းကျင်မှာ နေတဲ့သူတို့တွေက ကိုယ့်အဖေအမေအရွယ်ကြီးတွေမို့ ရိုသေလေးစားခြင်ပေမယ့် အရွယ်နဲ့မမျှအောင် အလိုက်ကန်းဆိုးမသိတဲ့အတွက် တစ်နေ့တစ်နေ့ အကုသိုလ်ဘဲ ဖြစ်နေရပါတယ်။
အများနဲ့နေရတာဘဲ ဘာမှလာမပြောနဲ့ ငါတို့နေခြင်သလိုနေမယ်လို့ ခံယူကြမယ့်အစား သူတို့ကိုယ်တိုင် ကိုယ့်အသိစိတ်လေးနဲ့ကိုယ် ကိုယ့်ကြောင့်ဘယ်သူမှအနှောင့်အယှက်မဖြစ်အောင်နေမယ် ကိုယ့်သားသမီးတွေကိုလည်း ဆုံးမထားမယ်ဆို ပိုပြီးငြိမ်းချမ်းမယ် စိတ်ချမ်းသာရမယ်လို့ထင်ပါတယ်။လူတိုင်း ကိုယ့်အသိစိတ်နဲ့ကိုယ် လူ့ပါတ်ဝန်းကျင်မှာ လူပီသစွာနေတတ်ကြမယ်ဆိုရင် ပါတ်ဝန်းကျင်တစ်ခုလုံး ပျော်ရွှင်စရာကောင်းလိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။ကိုယ်ခြင်းစာစိတ်တံခါးပိတ်ပြီး စာရိတ္တlockကျနေသူတွေ အမြန်ဆုံး အသိတရား ဆိုတဲ့သော့ကို ရှာတွေ့နိုင်ကြပါစေလို့သာ ဆန္ဒပြုရင်း.....
Author : @sandipoe
MSC.035
FB_IMG_1520353758311.jpg

Sort:  

သော့​လေးတစ်​​ချောင်းဘဲလိုပါတယ်

ဟုတ်ပါတယ် အစ်ကို

ဘယ်​မှာရှာရမလဲဗျ..။

ပတ်​ဝန်း ကျင်​ ​ကောင်းရင်​ စိတ်​ ဆင်းရဲ ရတယ်​ အမ​ရေ

ဟုတ်တယ် အစ်မရေ

ပတ်​ဝန်းကျင်​မ​ကောင်းရင်
မ​ကောင်းတာ​တွေကို​ယ့်​မိသားစုကို
ကူးတပ်​တယ်​ ပတ်​ဝန်းကျင်​​ကောင်းမှာသာ​နေပါ

ကိုယ်ပိုင်မဖြစ်သေးတဲ့ အခိုက်အတန့်လေးတော့ ခိုလှုံရဦးမှာဘဲ အစ်မရေ

အယ်လယ် ပို့စ်တခုလုံးမှာ နောက်ဆုံးကမိသားစုပုံလေးဘဲသဘောကျတယ်ဗျာ ပျော်ရွှင်သာယာငြိမ်းချမ်းပါစေခင်ဗျ

ပေးတဲ့ဆုနဲ့ပြည့်ရပါစေ အစ်ကို

ချစ်စရာ မိသားစုလေး

ကျေးဇူးပါရှင့်

မိုက်တယ်ဆိုတာ လူတိုင်းလုပ်နိင်တယ်။လူလိမ်မာဖြစ်ဖို့တော့လူတိုင်းမလုပ်နိင်ဘူး။ဒါကြောင့်မေတ္တာထားလိုက်ပါ။သူအကုသိုလ်နဲ့သူသွားပါလိမ့်မယ် @sandi

ဟုတ်ကဲ့ကျေးဇူးပါရှင့်

ကိုယ်များသာဆိုရင် ဆိုတဲ့ အတွေးလေးတွေရှိခဲ့ကြရင်

ရှိလာလိမ့်မယ်လို့တော့ မထင်မိဘူး ကိုလွမ်းရေ

အသိတရား​ခေါင်းပါးလိုက်​တာ😞သည်းခံလိုက်​တာ​ကောင်းပါတယ်​..

တော်တော်ဆိုးတယ်အစ်ကိုရေ ပြောပြန်ရင်လည်း အဆဲခံရသေး

သည်းခံခြင်းသည်​ အ​ကောင်းဆုံး လက်​စား​ချေခြင်းပါ အမ
လူ​ကောင်း​တွေနဲ့သာ ဆုံ​တွေ့ပါ​စေ

ကျေးဇူးပါနော်

အစ်မရယ် တော်တော်ဆိုးတာဘဲနော် မှန်ကန်တဲ့ ကံကောင်းခြင်းများ များများပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ဗျ

ကျေးဇူးပါ KT ရေ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 59479.71
ETH 3174.48
USDT 1.00
SBD 2.44