မိဘနှင့်သားသမီး

in #myanmar6 years ago

မနေ့က သမီးလေးအိပ်နေတုန်း ကိုယ်လည်းလိုက်အိပ်ဖို့ မအိပ်ခြင်သေးတာနဲ့ facebookခနဖွင့်ကြည့်လိုက်တာ ပရဟိတတွေလုပ်နေပြီး စာအရေးအသားလည်း အရမ်းတော်တဲ့ ကိုစိုးထိုက်ရေးတင်ထားတဲ့ သတင်းလေးတစ်ပုဒ်ကို သွားဖတ်မိပါတယ်။ခုနောက်ပိုင်း ကိုစိုးထိုက်က facebookမှာ သူကူညီရတဲ့ ဒုက္ခရောက်နေသူတွေရဲ့အကြောင်းလေးတွေနဲ့ အလှူရှင်တွေရဲ့ကြော်ငြာလေးတွေဘဲ တင်တာတွေ့ရပြီး စာရေးတဲ့ဆောင်းပါးလေးတွေ သိပ်မတွေ့ရတော့တာမို့ စိတ်ဝင်တစားလည်းဖတ်လိုက်မိပြီး ကျမအတွက်တွေးစရာတွေ အများကြီးရလိုက်ပါတယ်။ကိုစိုးထိုက်ရေးထားတဲ့ အကြောင်းအရာလေးက လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူကူညီဖူးတဲ့ညီမလေးတစ်ယောက်နဲ့ ပြန်တွေ့ရပြီး လက်ရှိမှာလည်း ကြမ်းတမ်းတဲ့ ဘဝ လေဆန်မှာမျောနေတဲ့ သူမအဖြစ်ကို စိတ်မကောင်းစွာတွေ့နေရတဲ့အကြောင်းလေးဘဲ ဖြစ်ပါတယ်။
FB_IMG_1520868264546.jpg
ကိုစိုးထိုက်ပြန်တွေ့တဲ့ အစ်မကြီးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တက္ကသိုလ်နောက်ဆုံးနှစ်မှာ ရည်းစားနဲ့လွန်ကျူးမိပြီး ကိုယ်ဝန်ရတဲ့အချိန်မှာ ကောင်လေးကတာဝန်မယူဘဲ နိုင်ငံခြားထွက်သွားတော့ ကိုစိုးထိုက်ပရဟိတအဖွဲ့က ကူညီစောင့်ရှောက်ထားပြီး single motherတွေ ထားတဲ့ဂေဟာမှာဘဲ ကလေးကိုမွေးစေခဲ့ကာ ကလေးကိုလည်း ပရဟိတအဖွဲ့ကဘဲ စောင့်ရှောက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။အစ်မကြီးကိုတော့ မိဘအိမ်ပြန်ပြီး ကျောင်းပြီးအောင်တက်စေခဲ့တယ်လို့လည်း ဖတ်ရပါတယ်။ဒါပေမယ့် အစ်မကြီးရဲ့မိဘတွေက သူ့ကို မိဘမျက်နှာအိုးမဲသုတ်တယ်တို့ သူ့ကြောင့်မိဘတွေအရှက်ကွဲရတယ်တို့နဲ့ အိမ်ကနှင်ထုတ်လိုက်တဲ့အတွက် အစ်မကြီးမှာ အဆောင်မှာဘဲနေပြီး အလုပ်လုပ်ရင်း ဘဝကို တစ်ယောက်တည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ဖြတ်သန်းနေရတဲ့အကြောင်းကို မျက်မြင်ကိုယ်တွေ့ပြန်တွေ့ရတဲ့အတွက် တော်တော်စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ရေးသားထားတာလည်းဖတ်လိုက်ရပါတယ်။တစ်ဆက်တည်းမှာဘဲ အမှားသိပြီးအမှန်ပြင်ဖို့အတွက် အခွင့်အရေးလေးတစ်ခုတောင်ပြန်မပေးနိုင်ဘဲ ရက်ရက်စက်စက် သားသမီးကိုဥပေက္ခာပြုထားတဲ့ မိဘတစ်ချို့ရဲ့ လွဲမှားနေတဲ့ခံယူချက်တစ်ချို့နဲ့
မြန်မာနိုင်ငံမှာရှိတဲ့ လူတစ်ချို့ရဲ့ single motherအပေါ်ထားတဲ့ သဘောထားတွေအပေါ် သူသုံးသပ်မိတဲ့ အမြင်လေးတွေကိုလည်း အကျယ်တဝံ့ရေသားထားတာ ဖတ်လိုက်ရပါတယ်။

ကျမအနေနဲ့ single motherနဲ့ ပါတ်သက်တဲ့ ကျမရဲ့အမြင်တစ်ချို့ကို ဆောင်းပါးတစ်ခုအနေနဲ့ များမကြာမီအချိန်တုန်းက ရေးသားခဲ့ဖူးတာမို့ ကိုစိုးထိုက်ရဲ့postလေးကို ဖတ်ပြီးချိန်မှာ ကျမအတွေးထဲမှာကျန်ခဲ့တဲ့ မိဘနဲ့သားသမီးကြားမှာဖြစ်တတ်တဲ့ လွဲချော်မှုလေးတွေအကြောင်းကို ရေးသားတင်ပြခြင်ပါတယ်။လက်ရှိမှာ ကျမအနေနဲ့ သားသမီးနေရာရော မိဘနေရာမှာပါ ရောက်ရှိနေသူမို့ မိဘတွေအတွက်ရော သားသမီးတွေအတွက်ပါ လိုအပ်နေတဲ့ လိုအပ်ချက်လေးတွေကို ဖြည့်စွက်အကြံပေးခြင်တာလည်း ဖြစ်ပါတယ်။ကျမအနေနဲ့ မိဘနေရာရောက်နေတယ်ဆိုတာလည်း လပိုင်းမျှသာရှိသေးတာဖြစ်လို့ ကျမရဲ့အတွေးအမြင်တွေဟာ မရင့်ကျက်သေးတဲ့ အယူအဆတွေလည်း ဖြစ်သွားနိုင်တာမို့ စာဖတ်သူတွေအတွက် နားလည်မှုလွဲစရာတွေ ဖြစ်သွားခဲ့ရင်လည်း ကြိုတင်ပြီးတော့ တောင်းပန်ခြင်ပါတယ်။

ကျမတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ခံယူချက်အရ ဘုရားဟောထဲမှာရော တရားခွေတွေတော်တော်များများမှာပါ မိဘကိုသိတတ်ဖို့ မိဘနဲ့ပါတ်သက်လာရင် သားသမီးတွေအနေနဲ့ အမြဲအလျော့ပေးဖို့ ရိုသေဖို့ မိဘစကားနားထောင်ဖို့ မိဘကိုအလုပ်အကျွေးပြုဖို့ စတာတွေကို ဆုံးမလမ်းညွှန်ထားတာတွေ့ရပါတယ်။မိဘဆိုတာ ဘုရားနဲ့တစ်ကိုင်းတည်းထားပြီး ကိုးကွယ်သင့်တဲ့ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်တွေဖြစ်လို့ သားသမီးတွေဖြစ်တဲ့ ကျမတို့အနေနဲ့ ခုလိုဆုံးမလမ်းညွှန်မှသာ သိတတ်တာမျိုးမဟုတ်ဘဲ ပင်ကိုယ်အသိစိတ်လေးကဘဲ သူ့အလိုလိုသိတတ်ပြီး အိုမင်းမစွမ်းဖြစ်နေတဲ့မိဘတွေကို လုပ်ကျွေးပြုစုပြီး ကျေးဇူးဆပ်သင့်တာဟာ မှန်ကန်တဲ့နိယာမတစ်ခုလည်း ဖြစ်ပါတယ်။ကျမပြောခြင်တာက မိဘကဘယ်လိုပင်ဆိုးသွမ်းနေပါစေ, သားသမီးတွေအတွက် အတုယူရမယ့်ရှေ့ဆောင်ကောင်းမဖြစ်ဘဲ ကိုယ်လုပ်ခြင်ရာလုပ်နေတဲ့သူမျိုးဖြစ်နေပါစေ, သားသမီးတွေကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အချိန်ထိ ကောင်းကောင်း လမ်းညွှန်စောင့်ရှောက်မှုတွေမပေးဘဲ ကိုယ့်အတ္တအတွက်သာ အချိန်ကုန်နေတဲ့သူမျိုးဖြစ်နေပါစေ သားသမီးတွေအနေနဲ့ ကိုယ့်မိဘဖြစ်နေတဲ့အတွက် အမြဲနားလည်ပေးရမယ်ဆိုပြီးတောင် သတ်မှတ်ထားသေးတာ ဖြစ်လို့ သားသမီးတွေရဲ့အမှားကိုရော မိဘတွေအနေနဲ့ နားလည်ပေးခွင့်မရှိဘူးလား,(ထပ်ခါတစ်လဲလဲ ဆိုးသွမ်းနေတဲ့ သားသမီးတွေကို မဆိုလိုပါဘူးနော်)
နောက်တစ်ခုက မိဘတွေအနေနဲ့သားသမီးတွေကို အပြစ်တင်တော့မယ် ဥပေက္ခာပြုတော့မယ်ဆိုရင် ကိုယ်ဖြတ်သန်းခဲ့တဲ့ ကိုယ့်ငယ်ဘဝ ကိုယ်ပြုခဲ့တဲ့ ကိုယ့်လုပ်ရပ်တွေနဲ့ယှဉ်ပြီး ဆုံးဖြတ်စေခြင်ပါတယ်(ဒါကတော့ ကိုစိုးထိုက်ဆောင်းပါးထဲက အစ်မရဲ့မိဘကိုပြောခြင်တာ မဟုတ်ပါဘူးနော်,ကျမတွေ့ဖူးတဲ့ ပါတ်ဝန်းကျင်က မိဘတစ်ချို့ရဲ့ လုပ်ရပ်တွေကိုပြောခြင်တာပါ) များသောအားဖြင့် သားသမီးဆိုတာ မိဘခြေရာနင်းတတ်ကြပါတယ်,မိဘတွေအနေနဲ့ ကိုယ်လုပ်ရပ်တွေကရော ဘယ်လောက်ဖြူစင်ခဲ့လဲ,ကိုယ်အရမ်းဖြစ်စေခြင်တယ်ဆိုတဲ့ ပုံစံခွက်ထဲမှာရှိရမယ့် သားသမီးအပေါ်မှာရော ကိုယ်ကဘယ်လောက်ထိပေးဆပ်ခဲ့လဲ စီးပွါးတွက် တွက်မယ်ဆိုရင် ဘယ်လောက်ရင်းနှီးမြှုပ်နှံခဲ့လဲပေါ်မှာ မူတည်ပါတယ်။ရင်းနှီးမြှုပ်နှံမှုဆိုလို့ သားသမီးဘွဲ့ရဖို့ ကိုယ်ပိုင်တဲ့ လယ်တွေ အိမ်တွေရောင်းပြီး သားသမီးကျောင်းတက်ရင်း သုံးဖြုံးဖို့ အစွမ်းကုန်ပံ့ပိုးရမယ် ဆိုလိုတာ မဟုတ်ပါဘူး။

ပညာတတ်ကြီး ဖြစ်ရမယ်ဆိုပြီး သားသမီးအလိုလိုက်ပြီး ပံ့ပိုးတာဟာလည်း တစ်ခါတစ်လေ သားသမီးက အသိဥာဏ်မရှိရင် ဘွဲ့ရတာဘဲရှိပြီး ကိုယ်ဆုံးရှုံးရတာသာအဖတ်တင်မှာပါ။ဒီလိုဖြစ်ရပ်တွေက မပြေလည်တဲ့မိဘတွေတော်တော်များများ ဖြစ်တတ်ကြတာမို့ အပြစ်ပြောတာမဟုတ်ပါဘူး။မိဘတွေအနေနဲ့ ကိုယ့်သားသမီးနောင်ရေးအတွက် ရေရှည်စီမံကိန်းနဲ့ သူတို့လေးတွေငယ်ရွယ်စဉ်တည်းက ကိုယ်တတ်နိုင်သလောက်လေး တစ်လနည်းနည်းခြင်းစီစုထားတာမျိုး,နောက်ပြီး သားသမီးတွေအရွယ်ရောက်တဲ့အခါ စည်းကမ်းတကျသုံးစွဲတတ်ပြီး အဓိကနဲ့သာမညခွဲခြားဆုံးဖြတ်တတ်အောင် လမ်းညွှန်ပေးတာမျိုး,သားသမီးတွေ အရွယ်ရောက်တဲ့အခါ မိဘတွေတပ်ပေးလိုက်တဲ့ အတောင်ပံတွေနဲ့ စိတ်ရောကိုယ်ပါ confidenceရှိရှိ ပျံသန်းနိုင်ဖို့ ငယ်ရွယ်စဉ်ကတည်းက သူတို့လေးတွေကို အချိန်ပေးပြီး စနစ်တကျအုပ်ထိန်းတာမျိုး လုပ်ခဲ့မယ်ဆိုရင် ဒီလိုဆုံးရှုံးမှုတွေကို ရှောင်ရှားနိုင်မှာပါ။ဆက်လက်ရေးသား တင်ပြပါဦးမည်။
Author:@sandipo
MSC.035
FB_IMG_1520353758311.jpg

Sort:  

အသိပညာ​တွေတိုး​အောင်​ လမ်းညွှန်​​ပေးရမှာ​နော်

ဟုတ်ပါတယ်ရှင့်

မိဘနှင့် သားသမီးဖြစ်လာမှတော့ ချစ်ရတော့မှာပေါ့
ကောင်းတာတွေဖြစ်အောင် ဆိုးတာတွေမဖြစ်အောင်အ ချစ်တွေနဲ့ ဆိုဆုံးမရမှာပဲလေ

အမှန်ပါဘဲရှင့်

စနစ်တကျ အုပ်ထိန်ကြရမေ ဟုတေ ပိုးရေ😁

မှန်ပါတယ် မမ

သားသမီး​တွေကိုအရွယ်​​ရောက်​တဲ့အထိထိန်း​ကျောင်းပဲ့ပြင်​ရတာလည်းပညာတစ်​ရပ်​ပါ​နော့..

မိဘတွေဖြစ်တဲ့ ကျမတို့အနေနဲ့ အများကြီးကြိုးစားရဦးမှာပါ

အစ်မရယ် မိဘတွေအပေါ်နားလည်ပေးနိုင်တဲ့သူတစ်ယောက်သာဖြစ်ချင်ပါတယ်ဗျာ

သားသမီးတစ်ယောက်အနေနဲ့ အဲ့လိုစိတ်ထားရှိပေးတဲ့အစ်ကို့ကို ချီးကျူးပါတယ်ရှင်

Ok good post

ငယ်‌ငယ်‌‌လေးကတည်းက စိတ်‌ဓာတ်‌‌ကောင်း‌အောင်‌ ရိုက်‌သွင်း‌ပေးပါ။ကြီးမှ ပြင်‌ဖို့မလွယ်‌ပါ။

ဟုတ်ပါတယ်ရှင့်

ကျနော့်အမြင်တစ်ခုကိုပြောမယ်နော် တစ်ချို့မိဘတွေက ရှေးရိုးအရမ်းဆန်လွန်းတဲ့ အခါ အဲ့လို ပြသနာတွေ ဖြစ်တတ်တယ် နောက်တစ်ခုက တစ်ချို့လူငယ်တွေက ကျတော့ မိဘကြောင့်လည်းပျက်စီးတယ် အဓိက က နားလည်မှု လို့ထင်တယ် ဘာဖြစ်လို့လဲ ဆိုတော့ ဒီ post ထဲကလို ငယ်ငယ်ရွယ်ရွယ် နဲ့ ကိုယ်ဝန်ရပြီး အိမ်က မိဘကိုလည်းကြောက်လို့ပြန်မပြောရဲပဲနဲ့ သတ်သေသွားတဲ့ မိန်းကလေးတစ်ယောက် အကြောင်းကြားဖူးလို့ပဲ

မိဘနဲ့သားသမီးကြား ပွင့်လင်းမှုနဲ့နားလည်မှုလေးရှိဖို့လိုတာပေါ့နော်

မိဘဆိုတဲ့မေတ္တာတရားကမိဘနေရာရောက်မှသိမှာ

ဟုတ်ပါတယ်ရှင်

မိ​ဘ​တွေ က အရမ်း မုခုပ်​ ချယ်​ပဲ နားဝင်​​အောင်​ ဆိုဆုံးမ မယ်​ သားသမီး ကလည်း နား​ထောင်​ ရင်​ အဆင်​​ပြေ ပါတယ်

သားသမီးတွေအနေနဲ့ မိဘတွေအပေါ်အရမ်းမဆိုးမိုက်ဖို့လည်း လိုပါတယ်

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59077.53
ETH 2518.13
USDT 1.00
SBD 2.48