မီးဘေး အန္တရာယ်steemCreated with Sketch.

in #myanmar7 years ago (edited)

မီးဘေးအန္တရာယ်သည် လူသားအားလုံးအတွက် ရန်သူမျိုးငါးပါးထဲတွင် ကြောက်ရွံ့စရာအကောင်းဆုံး အန္တရာယ်တစ်ခုဖြစ်ပေသည်။မီးဘေးအန္တရာယ်ကျရောက်လာလျင် အချိန်မရွေး နေရာမရွေး တိမ်းရှောင်နိုင်သည့်အခြေအနေ မရောက်ရှိလိုက်ပါက သက်ရှိအားလုံးအား အနာတရဖြစ်စေကာ ထိခိုက်ဒဏ်ရာများ ရရှိစေနိုင်ပြီ်း အခန့်မသင့်ပါက ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်း,ဒုက္ခိတဘဝဖြင့် တစ်သက်လုံး နေထိုင်သွားရစေနိုင်ခြင်းတို့အပြင် အသက်အိုးအိမ်များဆုံးရှုံးကြရသည်အထိပါ ဖြစ်စေနိုင်ပါသည်။ပင်ပန်းစွာ ရှာဖွေစုဆောင်းထားသော စည်းစိမ်ဥစ္စာနှင့် အိုးအိမ်တိုက်တာများဆုံးရှုံးခြင်းကြောင့် ရရှိစေနိုင်သော စိတ်ဆင်းရဲမှုများအပြင် မိမိအပါအဝင် ပါတ်ဝန်းကျင်ရှိသက်ရှိများအား ထိခိုက်မိသွားပါက ကိုယ်ဆင်းရဲမှုများပါဖြစ်ရသဖြင့် မီးဘေးအန္တရာယ်ကြောင့် လူသားအားလုံး ကိုယ်စိတ်နှစ်ပါးလုံး ဆင်းရဲဒုက္ခရောက်ကြရခြင်းများနှင့်လည်း ရင်ဆိုင်ရနိုင်ပါသည်။ထို့ကြောင့် မမြင်ရနိုင်သော မီးဘေးအန္တရာယ်အား အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်ထားကြရန်လိုအပ်သလို မိမိပေါ့ဆမှုကြောင့် မိမိအပါအဝင် ပါတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့များအားလုံး ထိခိုက်ဆုံးရှုံးမှုများ မကြုံတွေ့ရစေဖို့ ဆင်ခြင်နေထိုင်ကြရန် ကျမတို့လူသားများအားလုံးတွင် တာဝန်ရှိပါသည်။

image
ကျမတို့ဆောက်လုပ်ရေးလောကတွင်လည်း structureတစ်ခု တည်ဆောက်သည့်အခါတွင် သက်ရှိသက်မဲ့အားလုံးအတွက် မမြင်ရနိုင်သော မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန် ခန့်မှန်းတွက်ဆပြီး ထည့်သွင်းစဉ်းစားကာ ဆောက်လုပ်ကြရပါသည်။အဆောက်အဦးအနေနှင့်ကြည့်မည်ဆိုလျင် အဆောက်အဦးအတွင်းရှိ ပရိဘောဂ,လျှပ်စစ်ပစ္စည်း,အဝတ်အထည်နှင့် စားသောက်ကုန်တို့ကဲ့သို့သော အလွယ်တကူမီးလောင်ကျွမ်းနိုင်ပြီး မီးဒဏ်ကိုခံနိုင်ရည်မရှိသည့် ပစ္စည်းများပါဝင်သလို မီးဘေးအန္တရာယ်အား အပြည့်အဝခံနိုင်ရည်ရှိသော ဆောက်လုပ်ရေးပစ္စည်းဟူ၍လည်း မရှိသေးပါ။သို့ပေမယ့် တည်ဆောက်ကြသည့် အတတ်ပညာရှင်များဖြစ်သော ဗိသုကာပညာရှင်များနှင့် ကျမတို့အင်ဂျင်နီယာများအားလုံးသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ အဆောက်အဦးအတွင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ပါက နေထိုင်သူများအပေါ်တွင် ဘေးအန္တရာယ်ကျရောက်မှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေမည့် နည်းလမ်းများဖြင့် အစီအစဉ်ချမှတ်ခြင်း,ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်ခြင်းတို့ကို အကောင်းဆုံးကြိုးစား၍ ဆောင်ရွက်ကြရပါသည်။

image
အဆောက်အဦးများဆောက်လုပ်ရာတွင် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်မှုများအနေနှင့်(၁)မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် မီးလောင်ကျွမ်းမှုဖြစ်ပွါးသည့် အကြိမ်အရေအတွက်ကို လျော့ချခြင်း (၂)မီးကူးနိုင်ခြင်းများအား ကာကွယ်ခြင်း(၃)မီးလောင်ကျွမ်းမှုအတွင်း ကျရောက်နေသော နေထိုင်သူမည်သူ့အတွက်မဆိုနှင့် ပါတ်ဝန်းကျင်ရှိ လူသားများအားလုံးအတွက် အရေးပေါ်ထွက်ပေါက်များရှိပေးခြင်း နှင့်(၄)အရေးပေါ်မီးသတ်ပစ္စည်းများ ထားရှိပေးခြင်းတို့ ပါဝင်ပါသည်။အဆောက်အဦးအားလုံးနှင့် အထူးသဖြင့်တစ်ထပ်ထက်ပိုသည့် အဆောက်အဦးများအတွက် လွတ်လပ်ကျယ်ဝန်းသော ဒီဇိုင်းပုံစံများ,မီးဒဏ်ခံနိုင်သော အရေးပေါ်ထွက်ပေါက်နှင့် ထွက်လမ်းများ ထည့်သွင်းတည်ဆောက်ကြရပါသည်။အရေးပေါ်ထွက်ပေါက်များအနေနှင့်လည်း ထွက်ပေါက်များအား အလွယ်တကူချက်ချင်းရောက်ရှိနိုင်သည့် နေရာများတွင်ထားရှိခြင်းနှင့် အခြားသောထွက်ပေါက်များနှင့်လမ်းကြောင်းများသည် မီးလောင်ကျွမ်းမှုများကြောင့် အသုံးပြု၍မရခြင်း အန္တရာယ်ရှိစေခြင်းများ ဖြစ်နိုင်သဖြင့် အရေးပေါ်ထွက်ပေါက်တစ်ပေါက်စီသည် အထပ်မှလူအားလုံးထွက်နိုင်သည့် အပေါက်မျိုးလည်းဖြစ်ရပါမည်။

image
အထူးသဖြင့် မိမိပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်ကျရောက်မှုမရှိစေရန် သတိထားဆောင်ရွက်သင့်ပါသည်။ယောက်ကျားလေးများအနေနှင့် စီးကရက်,ဆေးပြင်းလိပ်နှင့် မီးခြစ်ဆံတို့အား မီးမသတ်ဘဲ ပရမ်းပတာစွန့်ပစ်ခြင်းများ မပြုလုပ်သင့်ပါ။တားမြစ်ထားသောနေရာများဖြစ်သည့် ဂတ်စ်ဖြည့်သည့်နေရာများတွင် ဆေးလိပ်သောက်ခြင်း ဖုန်းအသုံးပြုခြင်းများလည်း ရှောင်ကျဉ်သင့်ပါသည်။ထို့ပြင် အိမ်တိုင်းတွင် ပစ္စည်းများအားစနစ်တကျ ထားသိုကာ သန့်ရှင်းမှုရှိစေရန်ထိန်းသိမ်းခြင်း,မီးချိတ် မီးကတ် သဲအိတ် ရေအိတ်များအားအရေးပေါ် အဆင်သင့်အသုံးပြုနိုင်စေရန် စနစ်တကျ ချိတ်ဆွဲထားခြင်းနှင့် မီးလောင်လွယ်သည့်ပစ္စည်းများအား ကလေးသူငယ်များနှင့် မလှုပ်ရှားနိုင်သည့် သက်ရွယ်အိုများ အဝေးတွင် စနစ်တကျထားသိုခြင်းတို့ကိုလည်း ပြုလုပ်သင့်ပါသည်။အိမ်ရှင်မများအနေနှင့်လည်း ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက အသုံးပြုသည့် လျှပ်စစ်မီးဖို,ဂတ်စ်မီးဖို,လျှပ်စစ်ဒယ်အိုးနှင့် မီးသွေးမီးဖို အစရှိသည်တို့အား သတိထားကာ စနစ်တကျ ငြိမ်းသတ်ထားသင့်ပါသည်။

မီးလောင်ကျွမ်းမှုဖြစ်ပေါ်ချိန်တွင် ဘေးအန္တရာယ်ဖြစ်ပေါ်ရခြင်းမှာ မီး,မီးခိုးနှင့် အများအားဖြင့် ကြောက်ရွံ့ထိတ်လန့်မှုများကြောင့် ဖြစ်ပါသည်။အဆောက်အဦး ဆောက်လုပ်သူများအနေနှင့် ထွက်ပြေးလွတ်မြောက်နိုင်သည့် သင့်လျော်သောနည်းလမ်းများကြိုတင်စီမံရာတွင် ထိုဘေးအန္တရာယ်များမှ လွတ်မြောက်နိုင်အောင် ဘေးအန္တရာယ်ကျရောက်နိုင်သည့် လူဦးရေအပေါ်မူတည်ပြီး ဆောင်ရွက်သင့်ပါသည်။ထိတ်လန့်ကြောက်ရွံ့မှုကြောင့်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များကို မီးခိုးနှင့်မီးတောက်များကြောင့် မပိတ်ဆို့နိုင်သည့်နေရာများတွင် အရေးပေါ်ထွက်ပေါက်များ ထားရှိခြင်းဖြင့်လည်းလျှော့ချနိုင်ပါသည်။ထို့ပြင်အရေးပေါ်ထွက်ပေါက်များဆီသို့ ပိတ်ဆို့မှုမရှိဘဲ ထင်သာမြင်သာရှိစွာဖြင့် အလွယ်တကူရောက်ရှိနိုင်အောင်လည်း ထားရှိသင့်ပါသည်။ကျမတို့ပါတ်ဝန်းကျင်ရှိ လူသားအားလုံး မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရာတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရန်ဤဆောင်းပါးလေးအား ရေးသားရင်း အားလုံးသော သက်ရှိများ မီးဘေးအန္တရာယ်မှ ကင်းဝေးနိုင်စေရန်လည်း ဆုတောင်းဆန္ဒပြုလိုက်ပါသည်။အခြားသော မီးဘေးအန္တရာယ်မှကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းလေးများကိုလည်း ကြိုးစားပြီးဆက်လက်ရေးသားသွားပါဦးမည်။
OWN WRITER: @sandipoe image

Sort:  

ကြိုတင် အသိ သတိ ကတော့
အားနည်းနေဆဲ လို့ မြင်မိပါတယ်
ကျွန်တော်တို့ ကိုဟ်တိုင် ပါပဲ

ဟုကဲ့ရှင် သတိဆိုတာပိုတယ်မရှိတဲ့

မဖြစ်ခင်က ကာကွယ်တာ အကောင်းဆုံးပါ ဟုတ်ပါတယ်

အမှန်ပါဘဲ

Thank for sharing .. !

ဟုကဲ့ ဟုကဲ့ သီတင်းကျွှတ်ပြီးတာနဲ့ ဆောင်းတွင်း မီးလှုံကြမှာနဲ့ ကွက်စတိပါဘဲ

ဟုဟု

င်္ဒီလိုပိုစ့်မျိုးတွေရေးသင့်တယ်

သိသမျှလေးတွေ ထပ်ရေးပါဦးမယ် ရှင့်

This post has been ranked within the top 80 most undervalued posts in the first half of Oct 09. We estimate that this post is undervalued by $9.21 as compared to a scenario in which every voter had an equal say.

See the full rankings and details in The Daily Tribune: Oct 09 - Part I. You can also read about some of our methodology, data analysis and technical details in our initial post.

If you are the author and would prefer not to receive these comments, simply reply "Stop" to this comment.

ဗဟုသုတရစရာ​ကောင်းလှပါတယ်​ ​ကျေးဇူးပါ

နွေအစမှာတခါပြန်ရေးပါဗျာ သတိရအောင်ပေါ့ ခုဆောင်းဝင်ရင် အဲဒီမီးကိုမေ့သွားမှာဗျ

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 69618.00
ETH 3376.33
USDT 1.00
SBD 2.76