ရွှေမှော်တင် မှာ ဦးတော်တင်

in #myanmar7 years ago

ကျမတို့မိသားစုလေး သမီးလေးမွေးပြီးမှ မှော်ဘီမှာရှိတဲ့ အမေ့အိမ်ကို အလည်ပြန်ရောက်တာ ဒီတစ်ခေါက်နဲ့ဆို ဒုတိယအကြိမ် ရှိပြီပေါ့။
ဒီတစ်ခါတော့ နေပြည်တော်က ကျမရဲ့အစ်မအလတ်လည်း အိမ်ပြန်ရောက်နေတာမို့ အရင်တစ်ခေါက်ကလိုမဟုတ်ဘဲ ရက်ကြာကြာ အေးအေးဆေးဆေးလေး နေဖြစ်ကြတာ ဒီနေ့နဲ့ဆို ၉ရက်တောင် ရှိနေပြီလေ။
ထုံးစံအတိုင်း အိမ်ရောက်ပြီဆိုတာနဲ့ သမီးလေးကို အဘိုးအဘွား ဘဘ ကြီးကြီးတွေက ဝိုင်းထိန်းကြတာဆိုတာ မိဘတွေဖြစ်တဲ့ သမီးလေးဖေဖေနဲ့ ကျမတောင် ပြန်လှည့်ကြည့်စရာမလိုဘဲ သက်သာနေလေတော့ မှော်ဘီမှာနေရတာ အပျော်ကြီးပျော်နေပြီလေ။ နေပြည်တော်ကပြန်လာတဲ့ ကျမရဲ့အမအလတ်ကလည်း အပျိုကြီးသာဆိုတာ ကလေးချစ်တတ်ပြီး စိတ်ရှည်တဲ့အပြင် ကလေးထိန်းကျောင်းတဲ့နေရာမှာလည်း အရမ်းစနစ်ကျပြီး သန့်သန့်ပြန့်ပြန့်ပြုစုတတ်သူဖြစ်တော့ ဘာပြောကောင်းမလဲ ပြည့်စုံနေတာပေါ့။
received_2064532413872217.jpeg
တူမလေးအရင်းဖြစ်တဲ့ သမီးလေးကိုလည်း နေ့စဉ်နဲ့အမျှ လက်ကမချစတမ်းကို ထိန်းပေးတော့တာဘဲ။ မနက်မိုးလင်းတာနဲ့မျက်နှာသစ် သနပ်ခါးလိမ်းပေး,မနက်စာကျွေးပေး တရေးတမောပြန်သိပ်ပေး ရေချိုးပေး စတဲ့ သမီးလေးရဲ့ဝေယျာဝစ္စတွေကို မငြီးမငြူနဲ့ ထောင့်စေ့အောင်လုပ်ပေးတာဆိုတာ သမီးလေးတောင် သူ့ကြီးကြီးကို မျက်စိအောက်ကအပျောက်မခံတော့ဘူး။ဒီနေ့ညနေတော့ ကျမတို့မောင်နှမသုံးယောက် သမီးလေးကို သူ့ဘိုးဘိုးဘွားဘွားတွေနဲ့ ခနထားခဲ့ပြီး ကျမတို့မှော်ဘီမြို့ ရဲ့ကျက်သရေဆောင် ရွှေမှော်တင်စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ဖြစ်ခဲ့ကြပါတယ်။
received_2064532483872210.jpeg
ဘုရားမရောက်တာလည်း ကြာပြီဖြစ်လို့ ဘုရားရောက်တုန်းရောက်ခိုက်လေး ကုသိုလ်ရအောင် လုပ်အားဒါနလေးလည်း ပြုခဲ့ကြပါတယ်။ညနေဘက်ဆိုတော့ ဘုရားရင်ပြင်ပေါ်မှာ တဖြုတ်ဖြုတ်ကြွေနေတဲ့ ခရေရွက်ခြောက်တွေဟာ မြင်မကောင်းအောင်ဖွေးနေတာမို့ တံမြက်စည်းအရင်လှဲခဲ့ကြပါတယ်။ရင်ပြင်တခြမ်းစာတံမြက်စည်းလှဲပြီးတော့ ကျမက လူရှင်းတဲ့ထောင့်လေးတစ်ထောင့်မှာ ပဌာန်းသွားရွတ်နေပြီး အစ်မနဲ့မောင်လေးကတော့ တံမြက်စည်းဆက်လှဲနေခဲ့ကြပါတယ်။
received_2060912324234226.jpeg
ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားလေးတွေက သိပ်မှန်တယ်လို့ ပြောရပါမယ်။ကျမတို့ငယ်ငယ်တုန်းက ရွှေမှော်တင်စေတီတော်မြတ်ကြီးက အခုလိုထင်ထင်ရှားရှားကြီးမရှိသလို စေတီနားတဝိုက်မှာလည်း ခြောက်ခြောက်သွေ့သွေ့လေးနဲ့ မစည်ကားသေးပါဘူး။ကျမတို့ငယ်ငယ်က တက်ခဲ့တဲ့မူလတန်းကျောင်းလေးတစ်ကျောင်းသာ ဘုရားအနီးတဝိုက်မှာ ရှိခဲ့ပါတယ်။စာသင်ကျောင်းရဲ့ ပြတင်းပေါက်ကနေ အနောက်ဘက်ကို လှမ်းကြည့်လိုက်ရင် လယ်ကွင်းပြင်ကြီးတွေနဲ့ ရထားလမ်းကြီးဘဲမြင်ရပါတယ်။သို့ပေမယ့် အဲ့ဒီ့အချိန်တုန်းကတည်းက ရှေးလူကြီးတွေဟာ ရွှေမှော်တင်ဘုရားကြီး အနီးတဝိုက်မှာ နောင်တစ်ချိန်ကျရင် သောင်းသောင်းဖြဖြကို စည်ကားအုံးမှာလို့ ဆိုမိန့်ခဲ့ကြပါတယ်။

ရှေးလူကြီးတွေဆိုမိန့်ခဲ့ကြသလိုဘဲ အခုအချိန်မှာတော့ ဘုရားကြီးတဲ့အနီးတဝိုက်မှာ တိုးချဲ့အရှေ့ခြမ်း အနောက်ခြမ်းဆိုပြီး ရပ်ကွက်ကြီးတွေ အိမ်ခြေတွေ ဘုန်းတော်ကြီးကျောင်းတွေ တဖြည်းဖြည်းနဲ့တိုးချဲ့လာကြတာဆိုတာ လူနေထူထပ်ပြီး အင်မတန်ကို စည်ကားနေပါပြီ။ဘုရားကြီးဆီသွားရာလမ်းဖြစ်တဲ့ ဘုရားကြီးလမ်းမှာရှိတဲ့ အိမ်ခြေတွေဆိုရင် ကာလပေါက်ဈေးကို သိန်းထောင်ချီနေတဲ့အထိ တန်ဖိုးရှိနေပါပြီ။တစ်နှစ်တစ်ခါ ကျင်းပတဲ့ ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်တဲ့ ဘုရားပွဲအချိန်တွေဆိုရင်လည်း နိုင်ငံကျော် ဓမ္မကထိကများပင့်ဖိတ်ပြီး တရားပွဲတော်ကြီးများလည်း နှစ်စဉ်မပျက် ကျင်းပကြတာလည်း အလွန်ကိုစည်ကားသိုက်မြိုက်လှပါတယ်။ဒါ့ကြောင့်မို့ မှော်ဘီသူတစ်ယောက်အနေနဲ့ တရိပ်ရိပ်စည်ကားလာတဲ့ ရွှေမှော်တင်ဘုရားကြီး တည်ရှိရာ မှော်ဘီမြို့ကြီးကိုကြည့်ပြီး ကြည်နူးဂုဏ်ယူမိပါတယ်။နောက်တစ်ပါတ်ဆောင်းပါးလေးမှာလည်း သာယာလှပတဲ့ ကျမတို့ရဲ့မှော်ဘီမြို့လေးရဲ့ တိုးတက်စည်ကားလာပုံလေးကို အသေးစိတ်ရေးသားတင်ပြပါအုံးမယ်လို့ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
Author:@sandipoe
MSC.035
received_2060912294234229.jpeg

Sort:  

မှောဘီ က​နေချင်​စရာ​ကောင်းတဲမြို့​လေးတမြို့ပါ ဗျာ
ရောက်​ဖူးပါ၏ ဖြတ်​သွားဖြတ်​လာ​ပေါ့

ဟုတ်လမ်း ကြုံရင်လာလည်နော်

စိတ်ကြည်နူးစရာ ကောင်းပါတယ်ဗျာ

ကျေးဇူးတင်ပါတယ်ရှင်

တန်​ခိုးလဲကြီးတယ်​ ဆု​တောင်းလဲပြည့်​တယ်

လာဖူးဦးနော် အခါခွင့်သင့်ရင့်

ခေါင်းစဉ်ရော စာသားရော အရမ်းလိုင်ဖတ်ပြီး ဖတ်ရတာ အရမ်းကောင်း

ကျေးဇူးတင်ပါတယ်ရှင်

အ​ရေးသားလည်း​ကောင်းပါတယ်​...​နောက်​တစ်​ပါတ်​​မှော်​ဘီမြို့ရဲ.တိုးတက်​စည်​ကားလာပုံကိုဖတ်​ဖို.​စောင့်​​နေပါ့မယ်​။

ကြိုးစားပါ့မယ်နော်

thank for share

‌မှော်‌ဘီက ရိပ်‌သာ‌တွေလည်း‌ပေါတယ်‌။ ‌ဈေးလည်းချိုတယ်‌။ အသီးအနှံ ‌ပေါတယ်‌။

နေလို့အရမ်းကောင်းတဲ့မြို့လေးပါ

ကျွန်တော်တို့လည်း အစ်မရဲ့မှော်ဘီအိမ်ပြန်တဲ့အကြောင်းဖတ်ရတာ ဒုတိယအကြိမ်ဖြစ်သွားပါပြီဗျ

မှော်ဘီ ဖြတ်သွားနေကျ ..
အရမ်းစည်လာတယ်နော် ..

ဟုတ်တယ် အန်တီ

မှောဘီ ဆို မရမ်းတလင်းခြံပဲသိတယ်

ဆရာကြီး မင်းသိင်္ခ ခေါင်းချသွားတဲ့ခြံလေးလေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63050.55
ETH 2622.66
USDT 1.00
SBD 2.71