ထွေလီဆန်းပြား တစ်ချို့သောဣတ္ထိယများ ၂

in #myanmar6 years ago (edited)

ဒီတစ်ခါရေးသားဖို့ အလှည့်ကျလာတဲ့ ထူးခြားလှတဲ့ အမူအကျင့်ပိုင်ရှင် မဟာဣတ္ထိတစ်ဦးကတော့ လောင်းကစားအရမ်းမက်တဲ့ အမျိုးသမီးတစ်ဦးရဲ့ အကြောင်းဘဲဖြစ်ပါတယ်,
ကိုယ့်ဝင်ငွေနဲ့ကိုယ် လောင်းကစားမက်တာ မထူးဆန်းပေမယ့် အိမ်ထောင်ရှင်မနေရာကို ရောက်နေတဲ့ တစ်မိသားစုလုံးရဲ့ပဲ့ကိုင်ရှင်တစ်ဦးက မိသားစုဝင်တွေရဲ့အရေးကို လျစ်လျူ ရှုနိုင်ရက်တဲ့အထိ လောင်းကစားအပေါ်စွဲလမ်းပြီး ကိုယ့်တစ်ယောက်တည်း စိတ်ပျော်ရွှင်ဖို့အတွက် ဦးတည်နေတာကတော့ မမျှတတဲ့ လုပ်ရပ်တစ်ခုလို့ ထင်မြင်မိပါတယ်,
ကျမအခုပြောပြမယ့် အမျိုးသမီးက ကျမတို့ရပ်ကွက်ထဲမှာဘဲ နေထိုင်ပါတယ်
သူရဲ့နည်းလမ်းမကျတဲ့လုပ်ရပ်တွေကြောင့် သူ့ခင်ပွန်းအပါအဝင် မိသားစုတစ်ခုလုံးရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရသလို သူကိုယ်တိုင်လည်း တဖြည်းဖြည်းနဲ့ လူလုံးမလှတော့တဲ့အဖြစ်ကို ရောက်ခဲ့ရပါတယ်,

ထိုအမျိုးသမီးဟာ အစပိုင်းမှာတော့ ၂လုံး ၃လုံးကို အပျင်းပြေသဘောမျိုးနဲ့ထိုးခဲ့ရာကနေ နောက်ပိုင်းမှာမိသားစုဈေးဖိုးတွေ ,စုဆောင်းထားတဲ့ငွေကြေးတွေ ထိခိုက်လျော့ပါးလာတဲ့အထိကို ထိုးလာခဲ့ပါတယ်.
ဘယ်လောက်ထိအောင် ဆိုးရွားသလဲဆိုရင် သူ့ယောက်ကျားဆင်ပေးထားတဲ့ ရွှေထည်ပစ္စည်းတွေရော မိသားစုအနာဂါတ်အတွက် စုဆောင်းထားတဲ့ အရင်းအနှီးတွေကိုပါ ယောက်ကျားမသိအောင် ၂လုံး၃လုံးကစားရင်း ဖြုန်းပစ်လိုက်ပါတယ်,
သူ့ကိုသိပ်ချစ်ပြီး သည်းခံလွန်းတဲ့ သူ့ယောက်ကျားဟာ သူ့ဖြုန်းပစ်တဲ့ရွှေထည်လေးတွေကို ပိုက်ဆံလေးစုပြီး ပြန်လုပ်ပေးလိုက် သူကထပ်ဖြုန်းလိုက်နဲ့လုပ်ရင်း လောင်းကစားကွန်ယက်ထဲမှာဘဲ မျောနေပါတော့တယ်,
သူ့လုပ်ရပ်တွေ တစ်ခါနှစ်ခါမကတော့တဲ့အချိန်မှာ ယောက်ကျားလုပ်သူရဲ့ စိတ်ပျက်မှု,လျစ်လျူ ရှုမှုတွေနဲ့အတူ သူ့ဘဝဟာလည်း မိသားစုရဲ့အရာသွင်းခံရတဲ့လူအဖြစ်ကနေ တဖြည်းဖြည်း ဘေးရောက်ခဲ့ရပါတယ်,

အဲ့ဒီ့မှာတင် သူ့ယောက်ကျားဟာ သူ့ကိုမယုံကြည်တော့ဘဲ ရှာသမျှပိုက်ဆံကို သူ့ဘာသူဘဲ ဘဏ်ထဲမှာစုဆောင်းထားပါတော့တယ်
အိမ်မှာလိုအပ်တဲ့ ဆန်ဆီအပြည့်အစုံဝယ်ထားပေးပြီး သူ့မိန်းမကို ဟင်းချက်စရာဖိုးဆိုရင် တိကာတိုင်းကာပေးပြီး ငွေအပိုကိုလုံးဝမအပ်တော့ပါဘူး,
ယောက်ကျားရဲ့ယုံကြည်မှုကို ဆုံးရှုံးလိုက်ရတဲ့ လောင်းကစားမက်တဲ့ အမျိုးသမီးဟာ နောက်ပိုင်းမှာ ဘာဖြစ်လာလည်းဆိုရင် ပိုက်ဆံလိုရင်တောင်မှ သူ့ယောက်ကျားမသိအောင် ပြန်ခိုးပြီး သုံးစွဲရတဲ့အထိတောင် သရုပ်ပျက်ခဲ့ရပါတယ်,

တကယ်တမ်းစဉ်းစားကြည့်ရင် ယောက်ကျားလုပ်သူအနေနဲ့ တစ်ယောက်တည်းသုံးဖြုံးပစ်ခြင်လို့မဟုတ်ဘဲ သူမိန်းမကိုမယုံလို့သာ ပိုက်ဆံမအပ်တော့တာဖြစ်ပေမယ့် မိသားစုရဲ့ပဲ့ကိုင်ရှင် အိမ်ရှင်မတစ်ယောက်အနေနဲ့ တည်တည်တံ့တံ့နဲ့ မိသားစုကို ထိန်းကွပ်ရမယ့်အစား ခုလို ယောက်ကျားပေးတာယူ ကျွေးတာစားပြီး အရာမရောက်တော့တဲ့လူတစ်ယောက်လို မျက်နှာငယ်နေရတဲ့အဖြစ်ဟာ တွေးကြည့်ရင် အရမ်းရင်နာဖို့ကောင်းလှပါတယ်..,
ဒီလိုဖြစ်အောင် သူကိုယ်တိုင်ဘဲ ယုံကြည်မှုတွေကို အကြိမ်ကြိမ်ချိုးဖျက်ပြီး သူကိုယ်တိုင်ဘဲ ဖန်တီးထားတာဖြစ်တဲ့အတွက် ခုချိန်မှာတော့ သူဘယ်လိုဘဲ ကြိုးစားကြိုးစား အရင်လို ယုံကြည်မှုပြန်ရဖို့ဆိုတာ ခက်ခဲနေပါပြီ,
ခုချိန်ထိကို သူကိုယ်တိုင်ကိုက ၂လုံး၃လုံးကို လစ်ရင်လစ်သလို ထိုးမြဲထိုးဆဲပါဘဲ..,
ယောက်ကျားလုပ်သူက (ပိုက်ဆံမအပ်သော်လည်း )သူနဲ့အပြိုင်မမိုက်ဘဲ မိသားစုရှေ့ရေးအတွက် စဉ်းစားပြီး ချွေတာစုဆောင်းပေးတာဘဲ သူ့အတွက် ကျေးဇူးတင်စရာ ကောင်းနေပါပြီ,

တကယ်တမ်းတော့ လောင်းကစားဆိုတာ ကိုယ့်ကို နည်းနည်းလေးမျှော်လင့်ချက်ပေးပြီး နောက်ဆုံးမှာ ကိုယ့်ဆီကဘဲအကုန်သိမ်းယူသွားတတ်တဲ့ ပြန်ရဖို့ရာခိုင်နှုန်းနည်းပါးလှတဲ့ လှည့်ကွက်တစ်ခုပါဘဲ,
လောင်းကစားကြောင့် ကြီးပွါးသွားတဲ့သူဆိုတာမရှိပါဘူး,
လောင်းကစားကြောင့်ဘဲ လင်ကွဲမယားကွဲနဲ့ တဖြည်းဖြည်း လုံးပါးပါးပြီး စုတ်ချာလာတဲ့ ဘဝတွေကိုဘဲ ပိုင်ဆိုင်နေကြရတာပါ,
အသိခေါက်ခက် အဝင်နက်သူတွေနဲ့ သူများပိုက်ဆံအလကားလိုခြင်နေတဲ့ လောဘသားတွေဘဲ လောင်းကစားရဲ့ ဝါးမျိုမှုအောက်မှာ ကျရှုံးကြရပါတယ်,
ဆိုတော့ကား~~
ယောက်ကျားဖြစ်စေ မိန်းမဖြစ်စေ ကိုယ့်ရဲ့ချွေးစက်တွေနဲ့ရင်းပြီး ရှာဖွေစုဆောင်းထားတဲ့ငွေတွေနဲ့ရင်းပြီး ဖြတ်လမ်းနည်းနဲ့ တိုးပွါးအောင် မလုပ်ကြပါနဲ့,
ဘယ်လိုရည်ရွယ်ချက်နဲ့ဘဲဖြစ်ဖြစ် အလွယ်နည်းကိုမလိုက်ကြပါနဲ့,
လူသားတိုင်း နည်းမှန်လမ်းမှန်နဲ့သာ ငွေရှာတတ်ကြပါစေလို့ ဆန္ဒပြုရင်း ကျမရဲ့ဆောင်းပါးလေးကို နိဂုန်းချုပ်လိုက်ပါတယ်။
Author:@sandipoe
MSC.35
IMG_20180527_104917.jpg

Sort:  

မမလဲ လောင်းကစားနဲ့ပတ်သတ်ပြီး ခံစားချက်ရှိတယ် အလောင်းကစား လုံးဝ no ပဲ ညီမ 😔

ကောင်းတယ်မမ ကိုယ့်ပိုက်ဆံကတော့ အလကားမပေးနက်

လောင်းကစားဆို မည်သည့်လောင်းကစားမှ မကောင်းဘူး အချိန်မီမထိန်းနိုင်ရင် ဘဝပျက်တာကြီးပဲ လောင်းကစားလုပ့် ချမ်းသာသွားတာ မမြင်ဖူးဘူး မွဲသွားတာချည်းပဲ

ဟုတ်တယ်အစ်ကိုရေ

အလောင်းကစားဆိုရင် ဘယ်အလောင်းအစားမှမလုပ်သင့်ပါ။မြည်းစမ်းကြည့်မယ်ဆိုပြီး လက်တည်မစမ်းပါနဲ့။တကယ်လို့ကိုယ်စိတ်နိင်ရင်တော့ ကောင်းတယ်။စိတ်မနိင်ရင်တော့ ဘဝပျက်နိင်တယ်

အမှန်ပါဘဲ အစ်ကိုရေ

ကောင်းပု အာ့​လောင်းကစား​တေ။ ဘဝပျက်​မာ။

လောင်းကစားတော့ မလုပ်တတ်ဖူးမမရေ

မလုပ်တတ်တာကောင်းတယ် ညလေးရေ

လောင်းကစားဟာမကောင်းပါဘူး
လုံဝမလုပ်သင်သင့်တဲ့အရာပါ

အရမ်းဒုက္ခပေးတဲ့ အရာပါ

လောင်းကစားလုပ်တိုင်း အမြဲတမ်းရူံးတာ ခုထိ နိင်ဘူးသေးဘူး😆😆

ဒါဆိုရင် နားလိုက်တော့နော်

၂ လုံး ၃ လုံးကတော့ လက်လန်အောင်ကြောက်စရာကောင်းလွန်းပါတယ်ဗျ

ဘယ်တော့မှ သူတို့ဆီကရလိုက်တယ်ဆိုတာ မရှိလောက်အောင်ကို လှည့်စားလွန်းပါတယ်

ဘယ်လောင်း ကစားမှ မကောင်းတာ အမှန်ဘဲအမရေ
နည်းနည်းပေး များများယူ
အစပိုင်း အ ချို သပ်ပေးသယောင် လုပ် ပြီး
နောက်ဆုံး ပါသ မျှအကုန် ပြန်ယူတာဗျာ
တော်တော်ကြောက်ဖို့ကောင်းတာအမရေ

အဲ့ဒါလေးကို သိစေခြင်တာပါ

၂ လုံး သုံးလုံး မထိုးတော့ပါဘူးဗျ

အရမ်းမှန်တဲ့ ဆုံးဖြတ်ချက်ပါ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63510.75
ETH 3065.54
USDT 1.00
SBD 3.82