အရိပ်

in #myanmar7 years ago

အရိပ်ဆိုသည်မှာ သက်ရှိအားလုံးအတွက် အေးမြခြင်းကို ဆောင်ကျဉ်းပေးသော,မောပန်းနွမ်းနယ်မှုများအား အပန်းဖြေအနားယူရာအဖြစ် ခိုလှုံခွင့်ပေးသောနေရာဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ပူပြင်းလှသော ရာသီဥတုထဲမှာ သွားလာလှုပ်ရှားနေရသည့် သူများအဖို့ အတောင့်တဆုံးအရာသည် အရိပ်တစ်ခုဖြစ်သလို,နေပူမရှောင် မိုးရွာမရှောင် ပင်ပန်းဆင်းရဲမှုများကြား လုပ်ကိုင်နေရသော သူများအတွက် အမက်မောဆုံးအရာသည်လည်း အရိပ်အောက်မှာခေတ္တမျှလောက် နားခိုရခြင်းဖြစ်ပါသည်။အရိပ်သည် ပင်ပန်းနွမ်းနယ်သူများအား စိတ်နှလုံးထဲအေးမြသွားစေရန် စွမ်းဆောင်နိုင်သကဲ့သို့ အရိပ်အောက်တွင်နားခိုခြင်းဖြင့် မောပန်းနွမ်းနယ်မှုများလည်း ပြေပျောက်စေနိုင်ပါသည်။

အေးမြ ငြိမ်းချမ်းခြင်းကို ဆောင်ကျဉ်းပေးသော အရိပ်များထဲတွင် သစ်ရိပ်ဝါးရိပ်အပြင် ရတနာသုံးပါးအရပ်,မိဘ ဆရာသမား အရိပ်,ဆွေမျိုးညာတိ အရိပ်နှင့် မင်းစိုးရာဇာအရိပ်တို့လည်း ပါဝင်ပါသည်။ခရီးသွားရင်း မောပန်းနွမ်းနယ်သူများအဖို့ သစ်ရိပ်ဝါးရိပ်သည် အမောပန်းပြေပျောက်နိုင်စေသလို ဆိုးသွမ်းရမ်းကားပြီး မကောင်းမှုမှန်သမျှနှင့် မိတ်ဆွေလိုဖြစ်နေသည့် သူများအတွက် ရတနာသုံးပါး၏ ဆိုဆုံးမမှု အရိပ်အောက်သို့ ခိုခှုံစေခြင်းသည်လည်း အမှန်တရားကို သိမြင်နိုင်ပြီး အေးချမ်းစေပါသည်။ထို့ပြင် ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်း လောကကြီးထဲတွင် နေ့စဉ်နှင့်အမျှ ပင်ပန်းနွမ်းနယ်မှုများနှင့်ရင်ဆိုင်ကာ ရုန်းကန်ရှာဖွေနေရသော ဘဝသမားများအတွက် မိဘ၏မေတ္တာအရိပ်သည် အေးမြလုံခြုံစေသလို ပူပန်သောကများလည်း ပြေလျော့စေနိုင်ပါသည်။

လူသားများအား နွေးထွေးလုံခြုံမှုကိုပေးစွမ်းသော အရပ်များထဲတွင် အရာဝတ္ထုများ၏ အရိပ်သည်လည်း ပါဝင်နေပါသည်။အရိပ်တစ်ခုအဖြစ် အုပ်မိုးကာကွယ်နေသော အရာဝတ္ထုများထဲမှ အထင်ရှားဆုံး သာဓကတစ်ခုကို ပြရမည်ဆိုရင် နေပူမရှောင် မိုးရွာမရှောင် အသုံးပြု၍ရသော ထီးကို ဖော်ပြရမည်ဖြစ်ပါသည်။ထီးအရိပ်သည် ပူလောင်မှုဒဏ်ကိုကာကွယ်ပေးပြီး အေးမြမှုကိုပေးဆောင်သကဲ့သို့ မိုးရာသီများတွင်ရင်ဆိုင်ရမည့် စိုစွတ်သည့် ရာသီဥတုဒဏ်မှ ကာကွနိုင်စေရန်လည်း အကူအညီပေးပါသည်။

လူတစ်ယောက်၏ ပြုမူလုပ်ဆောင်လိုက်သော အပြုအမူအလိုက် ကိုယ်နှင့်မကွာရှိနေသောအရာသည်လည်း အရိပ်ပင်ဖြစ်ပါသည်။လူသားများပြုလုပ်လိုက်သော ကောင်းခြင်း ဆိုးခြင်းဆိုသော အရာများကိုလိုက်ပြီး အကျိုးရလဒ်သည်လည်း အရိပ်ပမာလိုက်၍ ရှိနေတတ်ပါသည်။မကောင်းမှုအား တိတ်တဆိတ်ပြုလုပ်လိုက်သော လူတစ်ယောက်၏လုပ်ရပ်အား မည်သူမျှမသိလိုက်ဟု ဆိုသော်ငြားလည်း သူပြုမူလိုက်သော အပြုအမူများ၏ အကျိုးဆက်သည် သူ၏စိတ်နှလုံးအား အရိပ်ပမာလိုက်၍ ခြောက်လှန့်နေတတ်ပါသည်။ထို့ကြောင့် အေးချမ်းမှု,သာယာလုံခြုံမှုများပေးစွမ်းတတ်သောအရိပ်အား မိမိကိုအမြဲခြောက်လှန့်နေမည့် ကြောက်မက်ဖွယ်ရာ အရာတစ်ခုအဖြစ် မဖန်တီး မပြောင်းလဲမိစေရန်လည်း လိုအပ်လှပါသည်။

ကိုယ်စိုက်ပျိုးခဲ့သောအပင်၏အရိပ်ကို နောင်တစ်ချိန်တွင် ခိုလှုံခံစားရမည်မှ မလွဲဧကန်ပင်ဖြစ်ပေသည်။သရက်ပင်စိုက်သောသူသည် သရက်ပင်၏အရိပ်ကို ခိုလှုံခွင့်ရနိုင်သလို သရက်သီးများကိုပါ စားသုံးခွင့်ရနိုင်သကဲ့သို့ အဆိပ်ပင်စိုက်ပျိုးသောသူသည်လည်း အဆိပ်ငွေ့အောက်မှ ရုံးထွက်နိုင်မည်မဟုတ်ပေ။ထို့ကြောင့် ကောင်းမွန်မှန်ကန်သော အရိပ်အာဝါသတစ်ခုရနိုင်ဖို့ အဆိပ်ပင် ရေမလောင်းမိစေရန်လည်း လိုအပ်လှပါသည်။

အရိပ်များထဲတွင် မိမိပြုမူလိုက်သော အပြုအမူမှရောင်ပြန်ဟပ်သောအရိပ်၏ အကျိုးကျေးဇူးသညှ်ိလူသားများအတွက် များစွာလက်တွေ့ကျသော အရာတစ်ခုဖြစ်ပေသည်။ငယ်ရွယ်စဉ်အချိန်တွင် နည်းလမ်းတစ်ကျ ကြိုးစားစိုက်ပျိုးခဲ့သော အပင်၏အရိပ်ကို အသက်အရွယ်အိုမင်းချိန်တွင် မလွဲမသွေခိုလှုံရမည်ဖြစ်သောကြောင့် လူသားတိုင်း အချိန်ရှိခိုက် လုံ့လစိုက်ကာ ကြိုးစားမှုသစ်ပင်လေးများအား ဝီရိယများထပ်လောင်းပေါင်းသင်၍ စိုက်ပျိုးကြစေရန် ရည်ရွယ်ကာ ရေးသားတင်ပြလိုက်ပါသည်။

Author:@sandipoe
MSC:035
14.1.2018
ကိုယ်တိုင်ရေးသား ထားကြောင်း အားမခံပါသည်။
received_334285223716460.jpeg

Sort:  

တစ်ဘက်ကကြည့်ရင်လဲ သဘာဝ ထိမ်းပီးသားရတာပေါ့

စိုက်ပျိုးပါ့မယ်အမ

good

Good writing

thanks

thank you

ကြည် ခုချိန်ထိ မိဘ အရိပ်မာ အေးမြနေဆဲ😁😁

Good sis .

Good sis@kyi😊😊

thanks

yes good post

ဟုတ်​ကဲ့

ဟုဟု

ဟုတ်ကဲ့ပါဗျ

ဟု

အရိပ်ပါပဲ

ဟု

ဟုတ်ကဲ့ပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58656.89
ETH 2307.72
USDT 1.00
SBD 2.48