စံပြဖေဖေ
ကမ္ဘာပေါ်မှာလူတိုင်းလူတိုင်းက များသောအားဖြင့်အမေ ကိုပိုပြီး ချစ်ကြပါသည်။ဟုတ်ပါတယ်သူမက မွေးသမိခင်လေ သူမအသက်နဲ့ရင်းပြီးမွေးခဲ့ တာလေအဲ့ဒါကြောင့်လည်းသူမကို လူသားတိုင်းရဲ့နှလုံးသားမှာ အမေဆိုတဲ့အသိပိုပြီးပြင်းထန်စေခဲ့ခြင်းဖြစ်ပါသည်။ 1+1 မှ=2 ဖြစ်မည်ဆိုတာကိုမေ့နေကြပြီလားဟုတောင်ထင်မိပါသည်။လူတိုင်းရဲ့ရင်ထဲမှာအမေ့ကိုစွဲနေကြပေမဲ့သူဒီနေ့အထိအပြုံးမပျက်ခဲ့ပါဘူး။အမေ့လောက်မချစ် တတ်ပေမဲ့အမေ့နီးပါသူကျွန်တော်တို့ကိုချစ်ခဲ့ပါတယ်။အမေ့လို့အသက်ပေးပြီးမမွေးခဲ့ပေမဲ့ အ မေနဲ့ ကျွန်တော် နှစ်ဦးစလုံး ရှင်လျက်မြင် တွေ့ခွင့်ရဖို့ ဘုရားစင်ရှေ့မှာအကြိမ်ကြိမ် ဆု တောင်းခဲ့ဖူးပါသည်။အမေ့လိုအနီး ကပ်မပြုစုနိုင်ခဲ့ပေမဲ့ အမေနဲ့ကျွန်တော် တို့ ဝမ်း လှဖို့အတွက် နဖူးကချွေး ခြေမ ကျခဲ့ဖူး ပါသည်။အ ဖေ တွေက တကယ်တမ်းတော့ ကျွန်တော်တို့တစ်တွေကိုလျှို့ဝှက်ချစ်ချင်းနဲ့ပေးဆက်နေသူပါ။ အမေ့မှာမွေးကျေးဇူးရှိသလိုအဖေ့ပေါ်မှာလည်းကျွေးကျေးဇူးတွေရှိပါသည်။ဖေဖေဟာကျွန်တော်တို့ငယ်စဉ်တောင်ကျေး ခ လေးဘဝမှယခုအချိန်ထိ မေ့မေ့အပေါ် ခင်ပွန်းကောင်းတစ်ယောက် သားသမီးအပေါ် ဖခင်ကောင်းတစ်ယောက် အဖြစ်ကျင့်ကျံနေထိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါ သည်။အဖေတွေဟာကျွန်တော်တို့သားသမီးတွေ အနာဂတ်လှပဖို့အတွက်အမြဲတမ်း ရုန်းကန်လှုပ်ရှားနေရသူဖြစ်တဲ့အတွက်အမေ့လောက်မချစ်ပြနိုင်ခဲ့ပေမဲ့ အမေတွေထက်တော့လွမ်းခဲ့ရသူတွေပါ။ကလယ်ကာနောက်က ဆိုင်းဆရာတွေလိုပေါ့ ပရိတ်သက်ရဲ့ကြည့်ရှု့အားပေးခြင်းကိုမခံရပေမဲ့ပရိတ်သက် နားဝင်ချိုဖို့အတွက်တီးခတ် ပေးဆပ်ခဲ့ရသူတွေပဲဖြစ်ပါသည်။ ဒါ့ကြောင့်လည်း အဖေများနေ့ လေးကိုကျွန်တော်တို့အားလုံး နှစ်စဉ်နှစ်တိုင်းအလေးနက်ထားဆောင်ရွက်ကြဖို့တိုက်တွန်းလိုပါသည်။ကျွန်တော့အတွက်တော့ အဖေက စံပြဖေဖေ ပဲဖြစ်ပါတယ်။အဖေဘယ်လိုပဲဖြစ်ပါစေအဖေဟာအဖေပါပဲ။ဘယ်လို့အခြေနေမျိုးနဲ့ကြုံတွေ့ပါစေ အဖေနဲ့အမေ့ကိုမပြစ်ပယ်ဖို့တိုက်တွန်းလိုပါသည်။ကျွန်တော်တို့ကိုယ်တိုင်လည်း ဖခင်တစ်ယောက်ဖြစ်သောကြောင့်အဖေ့လို့ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေပါသည်။အားလုံးကိုလေးစားလျှက် -
@sanaung53
creadit, google images
nice pikcer..
@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!
You got a 50% upvote from @aungzawhtwe courtesy of @sanaung53 ! its cool fee free .
ကျေးဇူးတင်ပါတယ်အကို steemit မှာ အောင်မြင်ပါစေ