ဖာပွန်မြို့ရောက်အတွေးတချို့

in #myanmar6 years ago (edited)

IMG_20180508_122448.jpgကျွန်တော့ကိုဖာပွန်တာဝန်နဲ့သွားရတော့မယ်လို့ပြောတော့ ကျွန်တော့ကိုပြောသောသူကိုစိတ်ထဲမှာသိပ်ဘဝင်မကျဖြစ်သွားခဲ့တယ်။ဘာလို့လည်းဆိုတော့ တစ်နေ့ကမှကျိုက်ထိုက အလုပ်ပြီးလို့ပြန်လာတာလေလူကခရီးလည်းအတော်ပန်းထားတယ်။ဒီရက်ထဲခရီးတွေကများတော့ အပြင်တောင်သိပ်မထွက်ချင်တော့ပါ။ကားပေါ်နဲ့ဆိုင်ကယ်ပေါ်နေရတဲ့အချိန်ကများတော့ ခါးတွေကနာ ခေါင်းတွေကလည်းမူးတူးတူးနှင့်ကိုယ်လက်မအီမသာဖြစ်နေပါသည်။ဒီကြားထဲဖာပွန် ကိုခန သွားပေးပါအုံးဆိုတော့ ရင်ပါမောသွားရပါသည်။IMG_20180508_081256.jpg
သို့ပါသော်လည်း သွားရပေအုံးပါတော့မည်
ကျွန်တော်တို့ဘဝသည် ငမိုရိပ်မိချောင်းလိုကြိမ် စင်္ကြာံဖြင့်ရိုက်ထုတ်စရာမလိုပါ။auto သွား လိမ့်မည်ကို ပြောသည့်သူကသိသဖြင့်ပြော ပြော ပြီးပြန်တောင်ပင်လှည့်မကြည့်ဘဲအိမ်ရှေ့ကထွက်ခွာသွားပါသည်။
မနကဖြန်သွားရမည်တဲ့ တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီညကလည်း လေပြင်းတွေ တိုက်ပြီး မီးကပျက် ချစ်ဆုံးကလည်း ပူစီကိုက်နှင့် မနက်ကြ ခရီးသွားဖို့တောင်ဘာမမပြင်လိုက်ရဘဲ မနက်မိုးလင်းသွားခဲ့ရပါသည်။ မနက်လင်းမှပဲပစ္စည်းတွေ အမြန်ထည့်ပြီး ကားဂိတ်ရှိရာသို့အပြေးအလွား နဲ့သွားခဲ့ရပါသည်။ကားဂိတ်ရောက်သည်နှင့်တပည်ကျော်အား ဆိုင်ကယ်အိမ်သို့ပြန်သွားထားခိုင်းပြီး ကားပေါ်တတ်ခဲ့ပါသည်။ဖာပွန်သို့ ဘားအံမှသွားသည့်ကားများသည်။ အဝေးပြေးဝင်း က ကားတွေလို့ ဇိမ်ခံကားတွေမဟုတ်ပါ။ probox များဖြစ်သောကြောင့် ထိုင်ရသည်ကကတ်သိကတ်ဖဲ့ဖြစ်နေပါသည်။ နေရာရွေ့ပေး ဖို့ပြောရန်ပြင်လိုက်သောအခါ ဗမာစကားကိုကောင်းကောင်းနားမလည်သော ကရင် များနှင့်သွားတွေ့တော့ဂွကျနေပါတော့သည်။ ကားကလည်း တစ်အိမ်ဝင်တစ်အိမ်ထွက်နှင့် ဘာအံလွန်မှပဲဖြောင့်ဖြောင့်တန်းတန်းသွားတော့သည်။ ကားပေါ်တွင်ထိုင်နေစဉ် ဖာပွန် မြို့လေးလည်း ဖြစ်နယ်စပ်နဲ့လည်းနီးသောကြောင့် စည်ကားနေလောက်ပါတယ်ဟုထင်မိခဲ့ပါသည်။ ၁၁:၀၀နာရီးထိုးတွင်ကမာမောင်းရောက်ပြီး သပြေညှိ ထမင်းဆိုင်လေးတွင်ခနနားပြီးနေ့လည်စာထမင်းစားခဲ့ပါသည်။ ထိုဆိုင်လေးသည် အခက်အပြုတ်ကောင်းသောထမင်းဆိုင်လေးဖြစ်ပါသည်။ ဆိုင်ဝန်ထမ်းများကလည်းပျူငှာစွာကြိုဆိုကြပါသည်။ကမာမောင်း သို့ လာရောက်ပါက စာဖတ်သူများအာ ထမင်းဆိုင်ကောင်းကောင်းလေးမှာစားသုံးနိုင်ရန်ညွန်ပြလိုက်ရခြင်းဖြစ်ပါသည်။ သပြေညှိထမင်းဆိုင်လေးတွင်နေ့လယ်စာ ထမင်းစားပြီး ခနား၍ ဆက်တက်ခဲ့ပါသည်။၁နာရီခွဲတွင် ကတိုင်တိ သို့ရေက်ရှိပြီး ၁၀ မိနစ်မျှ နားပြီးဆက်တတ်ခဲ့ပါသည်။ ၂ နာရီခွဲတွင် ဖာပွန်မြို့သို့ရောက်ရှိခဲ့ပါသည်။ ဖာ ပွန် တာဝန်ခံ မှလာကြိုသဖြင့် အထုပ်ပိုးများစွာနှင့်ကျွန်တော်အတော်အဆင်ပြေသွားပါသည်။ ဖာပွန်ရောက်သည်နှင့် ဗျူဟာကိုသတင်းပို့ပြီး ကိုယ့်တာဝန်ကိုယ်ထမ်းဆောင် ရပါတော့သည်။ ည ၇နာရီလောက်တွင် အပြင်ထွက်ပြီးလိုက်လယ်ခဲ့ပါသည်။ ဖာပွန်မြို့လေးသည်ထင်သလောက်မစည်ခဲ့ပါ။ထင်နဲ့အမြင်တတ်တတ်စင်လွဲခဲ့ပါသည်။မြို့လို့ပြောရလောက်အောင်ပင် အိမ်ကြီးအိမ်ကောင်း သိပ်မရှိလှပါ။ ဘေးနားတွင်တံခွန်တိုင်ရွားလေးတစ်ရွာရှိပြီး ကျန် အနီးဆုံးရွာများမှာ တရုတ်ဂိုဏ်ရွာ ၊ကုလားဂိုဏ်းရွာတို့ဖြစ်ကြပါသည်။ သေချာပြန်တွေးကြည့်လိုက်ရင်တော့ဒီနေရာလေးသည်ခုမအေးချမ်း ခါစလို့ဆိုနိုင်ပါသည်။ယခင် ဖာပွန်မြို့လေးသည် သေနတ်သံ၊ဗုံသံ တို့ဖြင့် ကျီးလန့်တကြား ပြေးလွားနေရသောနေရာလေးဖြစ်ပါသည်ငြိမ်းချမ်းရေးရဲ့အရသာကိုမခံစားခဲ့ရသည်က နှစ်ပေါင်း ယခုဆိုလျင် လမ်ပန်းဆက်သွယ်ရေး ကလည်းကောင်းဆိုတော့အရင်ကလောက်တော့မဆိုးသေးပါ အရင်ကဆိုလျင် ကမာမောင်းမှစ၍ဒီဘက်ကိုကားလမ်းမရှိသေးပါ ဖာပွန်သို့သွားမည် ဆိုလျင် ခြေလျင်သာလျောက်လိုက်ရပါသည်။ ဒီကြားထဲ ငပွေးကမိုင်းထောင် ထားတာကို ကံဆိုးစွာနဲ့နင်းမိလို့ကတော့ တစ်ချက်ထဲနဲ့ ဘဝပြောင်းသွားနိုင်သည်။ခုအချိန်မာတော့ အဲ့ဒီလိုမဟုတ်တော့ပါ။ခရီးသွားများ တောထွက်ပစ္စည်း ရောင်းသူများ၊ ရောင်းဝယ်ဖောက်ကားသူများ နှင့် အေးချမ်းနေပါသည်။ မြို့လေး၏ အရှေ့ဘက်တွင် နေပူခ့တောင်ကြေားနှင့် ယွန်းစလင်းချောင်းရှိ ပြီး တောတောင်များစိမ်းလမ်း ၍ အေးချမ်းသောမြို့လေးတစ်မြို့ ဖြစ်နေပါသည်။careers-1.jpg
စတင်ဖွင့်ဖြိုးကာစ ဖြစ်သောမြို့လေးတစ်မြို့ဖြစ်သည့်အလျောက် ဖွံ့ဖြိုးတိုးတတ်မှုသည်လည်း ပြည်မ ထဲရှိ မြို့ငယ်များနှင့် ယှဉ်ပါက တိုးတတ်မှုသည် ဆယ်စုနှစ်တစ်ခုလောက်ထိနောက်ကျနေခဲ့ပြီးလို့ဆိုရပေတော့မည်။ဖုန်းလိုင်းကလည်း တချို့တာဝါတိုင်တွေဆို ခုမစဆောက်နေကြဆဲပဲဖြစ်ပါသည်။အညိုရောင်သာသာနယ်မြေလည်းဖြစ်တော့ စီးပွားရေးသမားများကလည်း သိပ်မလာရဲကြဘူးထင်မိပါသည်။ ဖာပွန်မြို့လေးကိုရောက်တဲ့ရက်က ပတ်ဝန်းကျင်ကိုလေ့လာကြည့်မိရာ ကျွန်တော်တို့ အထက်တန်းကျောင်းသား ဘဝက တိုးတတ်မှုသိပ်မရှိသေးတဲ့အချိန်လေးကိုပြန်ရောက်သွားသလိုခံစားမိခဲ့ပါသည်။မြို့နဲ့တူအောင်တော့ အစိုးရရုံး၊ဆေးရုံ၊ မြန်မာ့စီးပွားရေးဘဏ်များဖွင့်ထားသော်လည်းသိပ်တော့အလုပ်မဖြစ်လှပါ။ ကျွန်တော်ငွေအရေးပေါ်လိုနေလို့ ဒီအနီးနားမှာ wave money ရှိလားလို့မေးကြည့်ရာ တစ်ဆိုင်မှ မရှိကြောင်းသိလိုက်ရပါသည်။ကျွန်တော်လည်းကျွန်တော့ဆရာကို wave money နဲ့ပတ်သက်လို့လုပ်ပုံလုပ်နည့်းပြပေးပြီ wave money ငွေလွဲ ဝန်ဆောင်မှုလေးလုပ်ကိုင်ကြည့်ရန် အကြံဥဏ်တောင်ပေးခဲ့ပါသေးသည်။ကျွန်တော်ထိုမြို့လေးကိုအရမ်းတိုးတတ်စေချင်မိခဲ့ပါသည်။သို့သော် တစ်ဦးတည်တွန်းလျင်မရွေ့နိုင်ပဲ ပြိုင်တူတွန်းမှသာရွေ့နိုင်မည်ဖြစ်သောကြောင့် လူမူအဖွဲ့စည်းအားလုံးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုပါသည်။ထိုမြို့လေးကိုတိုးတတ်စေခြင်းဖြင့် နိုင်ငံရေး ၊လူမှုရေး၊ စီးပွားရေး စသဖြင့်အဘက်ဘက်မှကောင်းမွန်လာနိုင်ပါသည်။ ထို့ကြောင့်လည်းဒီဆောင်းပါးလေးကိုရေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်။images (1).jpeg

Creadir ,google images

Writing by sanaung

Steemit မှမိသားစုဝင်အားလုံး ကိုယ်စိတ်နှလုံးရွင်လန်းချမ်းမြေ့ကြပါစေ

Sort:  
Loading...

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.034
BTC 62939.93
ETH 3116.22
USDT 1.00
SBD 3.89